"ကိုကို...ဘာတွေ ဝယ်လာတာလဲ။"
Luhan က စားပွဲပေါ်ရှိ အထုပ်တွေကို
ဖြေဖောက်ထုတ်ကာ မွှေနောက်နေ၏။"နေဦး....မုန့်က နောက်မှစား...အင်္ကျီအရင်ဝတ်....လာ။"
အဝတ်ဗီဒိုထဲက အဝတ်တွေကို ထုတ်ယူလိုက်ပြီးနောက်
Sehun က Luhan အနားရောက်လာသည်။"ဟေ...ဟေ..အချဉ်ထုပ်လေး....အိ....သွားရည်ကျ..."
တဘက်အကြီးကြီးနဲ့ သူတစ်ကိုယ်လုံးလုံအောင်
Sehun ပတ်ထားပေးပေမယ့်
Luhan က မုန့်ထုပ်ကိုပဲ အားရှိပါးရှိမွှေနှောက်နေတာမလို့
တဘက်က ပြေလျော့ကျသွားကာ ပခုံးတွေ ရင်ဘတ်တွေ
ပေါ်နေတော့၏။"နောက်မှ သွားရည်ကျ...လာ...
ရေပြောင်အောင်သုတ်မယ်....ပြီးမှစား....""ကိုကို့ ...ဒါလေးဖောက်ပေး...."
Sehun ပြောတာ တစ်ခြား သူလုပ်ခိုင်းတာတစ်ခြား။
တဘက်ကို လက်တစ်ဖက်နဲ့ထိန်းကိုင်ပြီး
Sehun ဆီကို အချဉ်ထုပ်တစ်ထုပ် ကမ်းပေးလာသည်။"လုပ်ပါ...ကိုကို့ရဲ့....စားချင်နေလို့ပါနော်...."
လျှာလေးသပ် ပါးစပ်လေးတပြင်ပြင်နဲ့
မျက်နှာလေးငယ်ပြလာတော့
Sehun က တောင့်မခံထားနိုင်ပါ။မုန့်ထုပ်ကို ဆွဲယူလိုက်ပြီး
"ကိုယ့်ကို Ageyo လုပ်ပြ...."
"Ok....ok..."
အသံကလေးကို ပဲသံလေးဖြစ်အောင်လုပ်ပြောပြီး
ပါးလေးကို လက်နဲ့အုပ်လို့ ချစ်စရာအမူအရာလုပ်ပြလေလာရဲ့။"ရော့....."
အထဲက သရက်ပြားကို အဆင်သင့်
တွန်းထုတ်ပေးလိုက်တော့
Luhan က ငုံ့စားသည်။"ကောင်းလိုက်တာ....ချိုချဉ်လေး...."
Luhan ကိုယ်ပေါ်က တဘက်ကို
Sehun ဆွဲချွတ်ချပေးလိုက်သည့်အခါ
ဖြူနုဝင်းမွတ်သည့် ခန္ဓာကိုယ်လေးက
သူ့မျက်လုံးရှေ့မှာ အတိုင်းသား။သိသိသာသာ စူထွက်နေသော ဗိုက်လုံးလေးကို
Sehun လက်နဲ့ ထိကြည့်လိုက်သည်။"တော်တော်ပူလာပြီပဲ....."
"အွန်း.....ပူတယ်...."