Chapter 41(Final)

9K 891 132
                                    

"သားသားက....TV ကြည့်နေတာလားကွ။"

Sehun အိမ်ထဲရောက်ရောက်ချင်း တန်းတွေ့ရတာကတော့
ဆိုဖာခုံအသေးစားလေးပေါ်တွင် နို့ဘူးစို့ရင်း
ဇိမ်ကျနေသော သားသားပင်။

"Daddy .....ပြန်...လာ...ပြီ။"

တစ်ချက်သာမော့ကြည့်ပြီး အဖက်မလုပ်တော့တဲ့သား။
Sehun က ဘေးနားတွင် ဒူးတစ်ဖက်ထောက်ချလိုက်ကာ
ဆိုဖာလေးကို ရွှေ့ယူလို့ သားနဲ့ မျက်နှာချင်းဆိုင်ဖြစ်စေ၏။

"သားဖေဖေရော.....ဖေဖေ ဘာလုပ်နေလဲ။"

သားက Sehun ကို စိတ်မဝင်စားဘဲ
ခေါင်းလေးတစ်ဖက်စောင်းကြည့်လို့
TV ထဲက ကားရောင်စုံတွေရွေ့လျားနေတာကိုပဲ
ပိုသဘောကျနေတယ်။

"သားသား....Daddy မေးနေတာဖြေဦးလေ။"

လက်မောင်းသေးသေးလေးနှစ်ဖက်ကို
အသာကလေး ဆုပ်ကိုင်ရမ်းကာ မေးပါမှ
သားက TV ကြည့်နေလျက်ကနေ
Sehun ဘက်ကို ကြည့်လာပြီး
မျက်ခုံးလေးနှစ်ဖက်ပင့်ပြတယ်။

"ဟင်....ဟင်....ဘာမေးတာလဲ။"

Sehun က သားရဲ့ ပါးဖောင်းဖောင်းလေးကို
တစ်ချက် ငုံ့နမ်းပစ်လိုက်တယ်။

"မင်းကို စိတ်ဆိုးသွားပြီကွာ...မခေါ်တော့ဘူး။"

ခုံလေးကို TV ဘက်တည့်သွားအောင် ပြန်ရွှေ့လှည့်ပေးပြီး
Sehun လှည့်ထွက်ခဲ့တယ်။

အပေါ်ထပ် အတက်အဆင်းမှာ သားချော်ကျမှာစိုးလို့
အိပ်ခန်းအဖြစ် ပြောင်းသုံးလိုက်ရတဲ့
အိမ်အောက်ထပ်က အခန်းဆီ တစ်လှမ်းချင်း။

"Daddy .....Daddy...."

နောက်က ပြေးလိုက်လာတဲ့ သားသားက
ခြေလှမ်းနှေးနှေးလျှောက်နေသော Sehun ခြေသလုံးကို
လာဖက်ဆွဲထားတယ်။

"Daddy ချီ....."

"Daddy ကို ချစ်လား....."

"အွန်း ....ချစ်တယ်။"

Sehun က သားသားကို ကောက်ပွေ့ချီကာ
တိုးဝှေ့နမ်းရှုံ့လိုက်တော့ နို့နံ့ သင်းသင်းကို ရတယ်။

"ရေမချိုးရသေးဘူးလား သား။"

"သခင်လေးနဲ့အတူတူမှ ချိုးမယ်ဆိုပြီး ဂျီနေလို့
မချိုးပေးရသေးပါဘူး သခင်လေး။"

Tell Me More Lies [Completed]Where stories live. Discover now