မျက်လုံးတွေကို မဖွင့်ရသေးခင်မှာပင် အာရုံထဲသို့
နစ်နစ်ခဲခဲ ဝင်လာတဲ့ ရနံ့မွှေးကြိုင်ကြောင့်
Sehun မျက်ခုံးတို့ စုကုပ်သွားသည်။"နိုးပြီလား...."
အသံချိုချိုကြောင့် မျက်လုံးဖွင့်ကြည့်မိချိန်တွင်
အပြုံးချိုချိုနဲ့ မျက်နှာလေးတစ်ခုကို မြင်ရသည်။အိပ်မက်မက်နေတာများလားဟု
သံသယဝင်မိသေးပေမယ့်
ပိုမိုသေချာလာသည့် စိတ်အနေအထားကြောင့်
Luhan က Sehun အိပ်ယာနား မတ်တပ်ရပ်ကာ
ငုံ့ကိုင်းကြည့်နေမှန်း သဘောပေါက်လေ၏။"ဦးလေးကြီး....အောက်ထပ်မဆင်းလာသေးလို့
လာကြည့်တာ။"Sehun က ထိုင်လိုက်ပြီး ဘေးစားပွဲပေါ်က နာရီကို
ဆွဲကြည့်လိုက်သည်။"မနက် ကိုးနာရီတောင် ထိုးတော့မယ်။
ဦးလေးကြီး တအားအိပ်တာပဲ။"Sehun က Luhan လက်ဖျားလေးကို
လှမ်းဆွဲယူလိုက်သည်။ပိုငုံ့ကျလာသည့် မျက်နှာနုနုလေးထက်က အံ့အားသင့်သလို အပြုံးတွေအား Sehun က မမြင်သလိုပင်။
Luhan နဖူးလေးထက်ကို လက်ဖဝါးအုပ်လို့
အပူအအေး အဖျားသွေးစမ်းယူလိုက်ပါသည်။"တော်သေးတယ်...မဖျားလို့။ နေလို့ရောကောင်းရဲ့လား။"
"..မဖျားပါဘူး....အဲ့လောက်လေးနဲ့။"
ခေါင်းလေးတခါခါ ဆိုသည်ကို Sehun က ပြုံးကြည့်ပြီး
ဆုပ်ကိုင်ထားမိသည့် လက်ဖျားလေးအား
ဆွဲညှစ်လိုက်၏။"ဘာတွေလိမ်းထားတာလဲ။"
Luhan က ခေါင်းလေးကုတ်ကာ ရယ်သည်။
"ပေါင်ဒါမှုန့်တွေ လိမ်းထားတာ။
မွှေးကြိုင်နေတော့ ကောင်းတယ်မဟုတ်ဘူးလား။"ပါးမို့မို့လေးမှာတောင် အမှုန့်ကလေးတွေဖွေးနေ၏။
"အင်း....ကောင်းပါတယ်။ကိုယ်ရေးချိုးဦးမယ်။
မနက်စာမစားရသေးဘူးမလား။"Sehun က ခုတင်ပေါ်က ဆင်းပြီး ဝတ်ထားသည့်အင်္ကျီကို
ဆွဲလှန်ချွတ်လိုက်ရင် Luhan က မျက်နှာကလေးနီလာလို့
ချက်ချင်းအကြည့်လွှဲလိုက်ရလေသည်။