"မပြီးသေးဘူးလား...."
Luhan က မှန်တစ်ဖက်ခြားကနေ အသံတိတ်စကားဆိုရင်း
လက်ဟန်ခြေဟန်ပြကာ သူ့ကို ပြန်ခေါ်သည်။"ပြန်ချင်ပြီ...."
ပြောပြီးမှ Sehunအရှေ့ က လူကိုကြည့်ကာ
Luhan မသိချင်ယောင်ဆောင် မျက်နှာလွှဲသွားပြန်သည်။"ပြန်ချင်နေပြီထင်တယ်။"
ဆရာက ခပ်ပြုံးပြုံးဆိုရင်း မျက်မှန်ကို လက်နဲ့
ပင့်တင်လိုက်သေး၏။"တစ်လကို စိတ်တစ်ခါပြောင်းနေတယ် ဆရာ။
ဒီတစ်လမှာဒီတစ်ခုကို ဂျစ်တိုက်ရင်
နောက်တစ်လကျ နောက်တစ်မျိုးကို စွဲလန်းပြန်ရောပဲ။""အင်း.....ဆိုးလို့ရလို့ ဆိုးတာပေါ့။"
"ဟုတ်မလားတော့ မသိဘူး။
တစ်လကျ အစပ်စားချင်တယ်...
သွားလေရာလိုက်ချင်တယ်။
အပြင်ခဏခဏ သွားချင်တယ်။
အိပ်မပျော်ဘူး။အိပ်တာများပြန်တယ်။
စိတ်တိုင်းမကျ ဘဲ မလိုလိုစိတ်တိုလွယ်တယ်။
သံသယများတယ်။
နေမကောင်းဖြစ်တယ်လို့ ခဏခဏပြောသေးတယ်။
နောက်ပြီး....."Sehun က Luhan ပြောင်းလဲတတ်တဲ့
စိတ်ထားအမျိုးအမည်တွေကို ရေရွတ်နေရင်း
ခဏရပ်ကာ လည်ကုတ်ကို လက်နဲ့ပွတ်ပြီး ရှက်ဝဲဝဲ။"ကျွန်တော့်ကို....အင်း....အရမ်း ချစ်လာတယ်လို့လည်း
ခံစားရတယ်။"ဆရာဝန်ရဲ့ ရယ်ချင်ပက်ကျိမျက်နှာမှ Sehun က
အမြန် အကြည့်လွှဲလိုက်ပြီး
အပြင်ဘက်ခုံမှာ ငုတ်တုတ်ထိုင်စောင့်နေသော
Luhan အား လှမ်းကြည့်လိုက်၏။"အင်း....ဒါကောင်းတာမဟုတ်ဘူးလား။
သူလိုချင်တာအကုန်လည်း
ခင်ဗျား ဖြည့်ဆည်းပေးနိုင်တာပဲကို။
ဘာပူပင်စရာရှိလို့လဲ။"Sehun က ခေါင်းအသာငုံ့လိုက်ပြီး သက်ပြင်းရှိုက်ယူသည်
"ကျွန်တော့်ကို မုန်းသွားမလားဆိုပြီး....ပူနေတယ်ဆရာ။"
ဆရာမှာ ပြုံးလက်စကိုတောင် ရပ်တန့်လို့
အထိတ်တလန့် ဖြစ်သွားရတယ်။"ဘယ်လို....."
"သူ့စိတ်က အရမ်းပြောင်းလဲလွယ်တယ် ဆရာ။
ဒီတစ်လမှာ ဒီစကားတစ်ခွန်းကို ထပ်ခါတလဲလဲသုံးပေမယ့်
နောက်လကျ နောက်တစ်ခွန်းကို ပြောင်းပြောတာမျိုး။"