"ကိုကို့....ပြင်ဆင်တာမပြီးသေးဘူးလား။"
"ခဏလေး...ခဏလေးပါ မီးရ။"
ခုတင်ပေါ်က အင်္ကျီအထပ်လိုက်ကြားမှာ
ခေါင်းစိုက်မတတ် ရွေးချယ်ရာက Luhan ပြန်ဖြေတယ်။"အပြင်လေး သွားမယ့်ဟာကို....ဘာတွေကြာနေတာလဲ
ကိုကိုရဲ့။"မီးမီးက အိပ်ယာစွန်းလေးမှာ အသာ ကပ်ထိုင်ပြီး
Luhan ကို ထပ်မေးတယ်။Luhan ကတော့ အင်္ကျီတစ်တည်ပြီးတစ်ထည်
သူ့ကိုယ်မှာ ကပ်ကြည့်နေရင် အလုပ်ရှုပ်နေတာများ
မျက်မှောင်တွေတောင် ကျုံ့လို့။ဝတ်ထားတဲ့ Bathrobe အဖြူကလေးကတောင်
သူလှုပ်ရှားနေလွန်းလို့ လျော့ရဲနေလေပြီ။"မီး...ကိုကို ဘာဝတ်သွားရမလဲ ပြောပါဦး။
ဒါလား....ဒါလား...."မီးမီးက ဆရာမကြီးစတိုင်လ်နဲ့ လက်ကိုပိုက်ကာ
ခြေထောက်တွေကိုပါ ချိတ်ပြီး ထိုင်လိုက်တယ်။"အင်း ..... ကိုကိုက အသားဖြူတာပဲ
ဘာဝတ်ဝတ်လှပြီးသားပါ။
ဒီဘက်က အစိမ်းနုလေးဆိုရင်ရော..."Luhan က အင်္ကျီအစိမ်းနုလေးကို ကိုယ်မှာကပ်ပြီး
မှန်ဘက်ပြန်လှည့်ကြည့်တယ်။"တအား ကလေးဆန်သွားမလားဟင် မီး...."
မီးမီးတစ်ယောက် ခိုးရယ်မိလိုက်တယ်။
ကလေးဆန်တယ်မဆန်ဘူးဆိုတာ
အဝတ်အစားပြောင်းဝတ်ရုံနဲ့ ရတာမှမဟုတ်တာ။ကိုကိုတစ်ယောက်က လူကြီးလိုဝတ်ရင်တောင်
ကလေးက လူကြီးစတိုင်လ်ဖမ်းနေသလိုမျိုးပဲဖြစ်မှာကို။"ချစ်စရာလေးပါ ကိုကိုရဲ့။ဝတ်သွား....လှတယ်။"
Luhan က မှန်ကိုကြည့်ပြီး
မျက်နှာပုံစံအမျိုးမျိုး လုပ်ယူတယ်။ခဏနေမှ မီးမီးဘက်ကို ခေါင်းချည့်ပဲ ပြန်လှည့်လာပြီး
"ဒါဆို ဒါပဲ ဝတ်လိုက်တော့မယ်နော်။"
"ဟုတ်ကဲ့ပါ....ဝတ်ပါတော့...
ပြီးရင် မြန်မြန်သွားပါတော့..
ကိုကိုကြီးကိုတောင် အားနာစရာကောင်းလှပြီ။"Luhan က အင်္ကျီစွပ်နေရင်း မီးမီးကို
လှည့်ကြည့်ပြန်တယ်။"အောင်မယ်....ကလေးလေးကများ...
အားနာတယ် ဘာတယ်နဲ့။
နင့်ကိုကိုကြီးကဖြင့် ငါ့ကို စောင့်ရလို့
ပျော်တောင် ပျော်နေဦးမှာကို။"