*ကျွန်တော် Oh Sehun သည် Luhan နှင့်
နှစ်ဦးသဘောတူ လက်ထပ်ခဲ့ပါသည်။အကယ်၍ Luhan က ကွာရှင်းပြတ်ဆဲချင်မည်ဆိုပါက
ကြည်ဖြူစွာ ကွာရှင်းပေးမည့်အပြင်
Luhan တောင်းဆိုသည့် ငွေကြေးပမာဏကိုလည်း
နစ်နာကြေးအဖြစ် ပေးလိုက်ပါမည်ဖြစ်ကြောင်း
ကတိသစ္စာပြုပါသည်။*Luhan က စာရွက်ဖြူ ဖြူပေါ်တွင်
စကားလုံးတွေကိုရေး၍ ကိုက်ထားသည့်
ဘောပင်အဖုံးလေးကို ဘောပင်တွင်ပြန်တပ်လိုက်ပြီး
စာကို အခါခါဖတ်ကြည့်သည်။တော်တော် သင့်တင့်ပြည့်စုံသွားပြီလို့တော့ ထင်ပါရဲ့။
ထို့နောက် ဘေးတွင်ချထားသော လက်ထပ်စာချုပ်တွင်ပါ
သူ လက်မှတ်ထိုးထားလိုက်သည်။Luhan က သတို့သားနေရာမှာ
လက်မှတ်ထိုးလိုက်ခြင်းဖြစ်ပြီး
Oh Sehun ကတော့ သတို့သမီးနေရာမှာပဲ ထိုးပါစေ။"အဲ....ဒီနေရာက နည်းနည်း ပြင်ရင်ကောင်းမလားမသိ။"
Luhan က ဘောပင်နဲ့ နားထင်လေးကို ထိုးကုတ်နေရင်း
စာရွက်ကို ထပ်ဖတ်ကြည့်ပြန်သည်။"ကျွန်တော် Oh Sehun သည်
Luhan နှင့် နှစ်ဦး သဘောတူ....."လက်ဟန်ခြေဟန် စကားပြောဟန်နှင့်
Luhan ဆိုကြည့်လိုက်ပြီးနောက်
တစ်ခုခုကို စိတ်တိုင်းမကျသလို ရပ်လိုက်သည်။"နှစ်ဦးသဘောတူလို့ မရေးခင်
Luhan ကို ချစ်ခင်စုံမက်သဖြင့်လို့ထပ်ထည့်ရင်ရော။"Luhan က သူ့ဘာသူတွေးကာ မှောက်ယက်လဲနေရာက
ကုန်းကွလို့ ထလိုက်သည်။ထို့နောက် ခေါင်းအုံးအောက်ထဲ ထိုစာရွက်တွေကို
ထိုးထည့်လိုက်ပြီး အိပ်ခန်းထဲက ထွက်လာပါတော့သည်။"ဒေါက်....ဒေါက်...."
တံခါးခေါက်သံကို Sehun ရေချိုးခန်းထဲကနေ
ကြားလိုက်ရသည်။သို့သော် Luhan ပဲ ဖြစ်နိုင်တာမလို့ ပြန်မထူးတော့ဘဲ
ရေချိုးတာကိုပဲ မြန်မြန်အပြီးသတ်လိုက်သည်။"ဦးလေးကြီး.....ခေါင်းလျှော်နေတာလား။"
Luhan က Sehun ရဲ့ ကုတင်စွန်းလေးမှာ ကပ်ထိုင်နေရင်း
မေးလာ၏။