"Luhan.....ရုပ်ရှင်ဆက်မကြည့်တော့ဘူးလား။"
"ဟုတ်ကဲ့......အိပ်တော့မလို့ အဒေါ်ကြီး။
အိမ်တံခါးတွေ သေချာစစ်ဆေးပေးပါနော်။"Luhan က မှာကြားထားခဲ့ကာ
အပေါ်ထပ်ကို တရွေ့ရွေ့တက်လာခဲ့လိုက်သည်။ငါးလကျော်ရှိနေပြီဖြစ်သော ကိုယ်ဝန်ကြောင့်
သွားတာလာတာ အထူးသတိထားနေရသည်။အိပ်ခန်းထဲဝင်လိုက်ကာ ဗီဒိုထဲက Sehun ရဲ့
အင်္ကျီလက်ရှည်တစ်ထည်ကို ထုတ်ဝတ်လိုက်ပြီးမှသာ
လုံခြုံသွားသလို Luhan ခံစားလိုက်ရသည်။
အခန်းမီးပြန်မပိတ်တော့ဘဲ အိပ်ယာပေါ် အသာတက်ကာ
လှဲလျောင်းနေရာယူသည်။Sehun မရှိသည်မလို့ Luhan ဘေးတွင် ဝက်ဝံရုပ်ကြီး
တစ်ရုပ်ကသာ အဖော်ပြုပေးနေသည်။ပြီးတော့ အောက်ထပ်ကအခန်းတွင်
အဒေါ်ကြီးနှင့် ကောင်မလေးအချို့က
လာစောင့်အိပ်ပေးကြသည်။အရင်ညတွေကလိုပဲ အိပ်စက်ဖို့ အားယူပေမယ့်
ချက်ချင်း မှေးမပျော်နိုင်ပါ။
တစ်စုံတစ်ရာကို စိုးရွံ့သလို ထိတ်လန့်သလိုနှင့်
ရင်ဘတ်ထဲမှာ ဆို့ဆို့နင့်နင့်။ဒီညက တစ်ယောက်တည်းအိပ်ရမယ့် နောက်ဆုံးညပါပဲ။
မနက်ဖြန်မနက်ကျ ကိုကို ခရီးက ပြန်လာတော့မယ်ဟု
Luhan ကိုယ့်ဘာသာ အားပေးလိုက်ကာ
မျက်လုံး မှိတ်ချလိုက်သည်။မနက်စောစော ကားမောင်းပြန်လာရမည့်သူကို
အနှောက်အယှက်မပေးချင်တာမလို့
Luhan ဖုန်းမဆက်တော့ပါဘဲ
စိတ်ထဲကနေ ၁ ကနေ ၁၀၀ , ၁၀၀၀ ထိရေတွက်ရင်း
သူအိပ်ပျော်ဖို့ ကြိုးစားရပါတော့သည်။လင်းချင်းနေသည့်အခန်းတွင်းသို့ Sehun ခပ်ဖြည်းဖြည်း
ဝင်သွားလိုက်သည်။အိပ်ယာပေါ်က ကြွေရုပ်ငယ်ကလေးက
ကိုယ်လုံးလေးကို တစ်ဖက်အနည်းငယ်စောင်းကာ
ဝက်ဝံရုပ်အား ကျောမှီလျက်
Sehun ရဲ့ ခောင်းအုံးဖြူဖြူကို လက်နဲ့ ထိပွေ့ထားပြီး
အိပ်မောကျနေသည်။Sehun က ဖြည်းဖြည်းချင်းတိုးသွားလိုက်ကာ
ခုတင်စွန်းမှာ အသာလေး ကပ်ထိုင်လိုက်ပါသည်။ခပ်ဟဟဖြစ်နေသော နှုတ်ခမ်းလေးတွေကို
မြင်သည့်အချိန်မှာတော့ Sehun အလိုလိုပြုံးမိသွားပါ၏။