"ကလေး ထမင်းစားမယ်။"
"ကိုကို စားနှင့်....."
Luhan က သားရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားရင်း
Sehun ကို လှည့်ဖြေတယ်။"ကလေးနဲ့ အတူစားချင်လို့။
သားသားကို အဒေါ်ကြီးနဲ့ ခဏ ထားခဲ့လေကွာ။""ဟင့်အင်း....."
Luhan က သားသားကို အကြည့်မပျက်ဘဲ
ဘေးတစောင်းလှဲလျောင်းလျက်သားပင်။"သွားစားပါ Luhan ရယ်။
နေ့လယ်စာလည်း သိပ်မစားထားဘူးမလား။"အဒေါ်ကြီးရဲ့ တစ်ချက်ခုတ် နှစ်ချက်ပျက် စကားကြောင့်
Luhan မျက်လုံးကလေးပြူးတယ်။
သားသားဆီက အကြည့်ခွာပြီး နောက်ကျောဘက်ကအသံကို မျက်လုံးလေးထောင့်ကပ်လျက် နားစွင့်နေတယ်။Sehun ဘာမှ ပြောမလာသော်လည်း
သူကပဲ အပြစ်မတိုးဖို့အရေး
အလိုက်တသိ အသာကလေး ထထိုင်တယ်။"အွန်း....နေ့လယ်က သိပ်မဆာလို့ မစားထားတာ။
အခုတော့ ကိုကိုနဲ့ ညစာတူတူစားလိုက်မယ်။"Sehun သက်ပြင်းချရတယ်။
Luhan က ခုတင်ပေါ်က မဆင်းခင်
တစ်လသားသာရှိသေးတဲ့
ကိုယ်ခန္ဓာသေးသေးလေးနားကို အသာငုံ့ကိုင်းလိုက်တယ်။"ဖြည်းဖြည်း..."
ဝမ်းဗိုက်ထိခိုက်မှာစိုးတာမို့
Sehun က Luhan ကို သိပ်မကုန်းကွစေချင်။နဖူးသေးသေးလေးထက် Luhan နှုတ်ခမ်းလေးတွေ
အကြိမ်ကြိမ်နားခိုတယ်။"ရပြီ...ရပါပြီ...ထမင်းစားရအောင်ပါ ကလေးရဲ့။"
Luhan က ထပ်မနမ်းတော့ပေမယ့် သူ့သားလေးကို
ကြည့်မဝသလို အထပ်ထပ်ကြည့်တယ်။
မျက်တောင်ထူထူလေးတွေ လှုပ်လှုပ်ရွရွဖြစ်နေတာကပင်
Luhan ရင်ထဲကို ငြိမ့်ကနဲ ငြိမ့်ကနဲ ဖြစ်စေတယ်။
ဖောင်းတုတ်တုတ် ကိုယ်လေးကို Luhan ကြည့်မဝ၊ချစ်မဝ၊"အဒေါ်ကြီး သားသားကို
သေချာလေးကြည့်ထားပေးနော်။""စိတ်ချပါရှင်...."
Luhan က သားသားကို စိတ်မချသလို
လှည့်လှည့်ကြည့်ပြီးမှ အခန်းထဲက တရွေ့ရွေ့။"အဲ့....."
သားသားဆီက အသံကလေးကြားလိုက်ပေမယ့်
Luhan လှည့်ကြည့်ခွင့်မရ။
Sehun လက်က ဆွဲခေါ်တဲ့အတိုင်း ပါသွားရတယ်။