"အဒေါ်ကြီး......ဆရာ့ကို ဖုန်းဆက်ခေါ်ပေး...မြန်မြန်..။"
အော်သံကျယ်ကျယ်နဲ့အတူ အိမ်ထဲ လှမ်းဝင်လာသူ
Sehunရဲ့ လက်မောင်းတွေထဲမှာ Luhan ကိုယ်လုံးလေး
ပါလာ၏။ဆိုဖာပေါ် ချပေးလိုက်သည့်အခါ ချွေးစေးတွေပျံနေတဲ့
ခန္ဓာကိုယ်ငယ်လေး တုန်ရီနေတာကိုမြင်ရသည်။"ကလေး...ကလေး...Han လေး..."
Sehun က အမည်ခေါ်ကာ ချော့မြူပေမယ့်
Luhan ကတော့ ဗိုက်ကို လက်နဲ့ထိပွေ့ကာ
မျက်လုံးမပွင့်တပွင့်လေးနဲ့ တအီအီညည်းတွားနေသည်။"ဆရာက ချက်ချင်းလာခဲ့မယ်တဲ့ သခင်လေး။"
"အဒေါ်ကြီးတို့ ဘာလုပ်နေကြတာလဲ။
လူတစ်ယောက်လုံး ပျောက်နေတာတောင်
သတိမထားမိကြဘူးလား။"ဒေါသသံစွက်နေကာ မျက်မှောင်တွေ တွန့်ချိုးနေသည့်
သခင်လေးသည် Luhan ကို အလွန်တရာပူပန်နေပုံပင်။သူမတို့ ဆင်ခြေမပေးမိပါ။
သရက်သီးတွေ ဇီးသီးအချဉ်တွေကို ငရုတ်သီးတွေနဲ့
နယ်ဖက်ယူပြီး ပုခက်သွားစီးမယ်ဆိုကာ ထွက်သွားသော Luhan ကို သူမတို့ အလုပ်ရှုပ်နေရင်း
မေ့သွားခဲ့ကြသည်။အရင်နေ့တွေကလို သူ့ဘာသာ ပုခက်ပေါ်မှာ
ဂိမ်းသွားဆော့နေတာဟု စိတ်ချထားမိတာလည်းပါသည်၊"ကျွန်တော်မှာထားတယ် ...
သူ့ကို အစပ်တွေ သိပ်မကျွေးပါနဲ့ဆိုတာ....""သူများကို ဆူမနေပါနဲ့....
ဗိုက်ထဲပူနေပြီ....တစ်ခုခုလုပ်ပေး....""ကလေး....ခဏလေး စောင့်ပေးနော်
ကိုယ်ဆရာဝန်ခေါ်ထားတယ်... ""ဟင့်...မရဘူး....တအား ပူနေပြီ...
ရေခဲတုံးကြီးယူပေး....ရေခဲတုံးကြီးနဲ့ ဖိပေး..."Sehun က Luhan လက်ကလေးကို
ပိုတင်းကြပ်အောင် ဆုပ်ကိုင်လိုက်ပြီး"ကလေးလေးထိသွားမှာပေါ့....ကလေးရဲ့။
ခဏသည်းခံနော်...
ရေသောက်မလား ရေသောက်ချင်လား။""မသောက်ဘူး....ဗိုက်ပြည့်နေပါတယ်ဆို
ရေလာတိုက်နေတယ်....ဗိုက်အေးအောင်ပဲ လုပ်ပေးဟာ"ရေခဲရေနှစ်ဘူးလုံးကုန်အောင် သောက်ထားမှတော့
ဗိုက်ကြီးကယ်နေမှာပေါ့။
Sehun က သနားလည်းပိုရ အသည်းလည်းယားရနဲ့
နဖူးလေးကိုသာ ထုချင်လာပါသည်။