Chapter 2

9.2K 1.2K 107
                                    

"လောလောဆယ် ရေချိုးသန့်စင်လိုက်အုံး။"

နှာခေါင်းကို အနည်းငယ် ရှုံ့ကာ ဆိုလာတဲ့ စကားကြောင့်
Luhan အနည်းငယ် ခံပြင်းဒေါသထွက်သွားရပါသည်။

မသိရင် Luhan က ညစ်ပတ်နေတာကျလို့။
လူကို မတူသလို မတန်သလိုနဲ့ နှိမ်နေတယ်။

"အဒေါ်ကြီး....သူ့အတွက် သင့်တော်မှာလေး
စီစဉ်ပေးလိုက်ပါ။"

သူတို့နှစ်ဦးရဲ့ အနေအထားကို ရပ်ကြည့် အကဲခတ်နေတဲ့
အဒေါ်ကြီး တစ်ဦးကို သူက လှည့်ကြည့်လို့ မှာကြားသည်၊

"သခင်လေး...မျက်နှာက ..."

အနည်းငယ် ပွန်းပဲနေတဲ့ သူ့မျက်နှာကို
အဒေါ်ကြီးက စိတ်ပူနေပုံရပါသည်။

"ကျွန်တော်က ရတယ်...မပူနဲ့ ...သူ့ကိုပဲ စီစဉ်ပေးလိုက်ပါ။
နောက်ပြီး ထမင်းလေး ဘာလေးကျွေးလိုက်..."

များပြီ...ဒါတော့ များပြီဟု Luhan ထင်သည်။

အသာလေး ဝင်မပြောဘဲ
ရပ်ကြည့်နေလို့ အကောင်းမှတ်နေသလားမသိဘူး။

လူကို ဘယ်လို လာဆက်ဆံနေတာလဲ။

"ဒီမှာဗျ....
ဦးလေးကြီး ကျွန်တော့်ကို ဘယ်လိုထင်နေတာလဲ။
မစားရမသောက်ရမှတ်နေလား....."

လက်သီးလေးကို တင်းနေအောင် ဆုပ်ကာ
Luhan အော်ဟစ်ရန်တွေ့လိုက်သည်။

ပြန်လှည့်ကြည့်လာတဲ့ ကျုံ့နေသော မျက်ခုံးတွေ၊
တင်းစေ့ပိတ်ထားတဲ့ Sehun ရဲ့ နှုတ်ခမ်းတွေ။

ဒါတွေကို Luhan က စေ့စေ့ကြည့်လို့ မျက်နှာလေး
ပင့်မော့မာန်ချီကာ ခပ်တည်တည်ကလေး နေပြလိုက်ပါသည်။

ပြောကြည့်လေ ဆိုတဲ့ မျက်နှာပေးနဲ့။

"ဂြီ.."

ရှိန်ကနဲ ပူသွားတဲ့ မျက်နှာကလေးနှင့်
Luhan ကြံမိကြံရာ မျက်လုံးစုံမှိတ်ချလိုက်မိပါသည်။
အရေးအကြောင်းဆို ဗိုက်က သစ္စာဖောက်သည်လေ။

"ဧည့်သည်လေး .....ဒီဘက်ကြွပါနော်။"

ခေါ်ဆောင်သည့်နောက်ကို Luhan စောဒက မတက်ဖြစ်ဘဲ
ခပ်ကုပ်ကုပ်ကလေး လိုက်ပါသွားမိပါသည်။

Tell Me More Lies [Completed]Where stories live. Discover now