"အဒေါ်ကြီးရော မနက်စာစားပြီးပြီလား။"
Sehun က ထမင်း စားနေရင်း
ဘေးမှာရပ်နေတဲ့ အဒေါ်ကြီးကို မေးလိုက်တယ်။"မစားရသေးပါဘူး ...သခင်လေး
ကျွန်မ မဆာသေးလို့ပါ။"Luhan ကတော့ ထမင်းတစ်လုပ်မှ မစားရသေးဘဲ
တူကို ကိုက်လျက် Sehun ကို ကြည့်နေတယ်။Sehun ကတော့
ဘေးမှာ အသင့်စောင့်နေတဲ့ အဒေါ်ကြီးကိုပဲ
ရွာက အခြေအနေတွေကို မေးနေရင်း
ထမင်းစားမပျက်ပေ။"ကိုယ့်ကိုပဲ ကြည့်နေတော့မှာလား...."
Luhan ဆတ်ကနဲပင် တုန်လုနီးပါး ထိတ်လန့်သွားရတယ်။
"စားလေ....ဒီဟင်းတွေ မကြိုက်ဘူးလား...
ဘယ်ဟာစားချင်လို့လဲ??"ထမင်းစားနေရာက ရပ်တန့်ပြီး Luhan ကို မေးနေသည့်
Sehun က လုံးဝကို စိတ်ရှည်သည်းခံတတ်သည့်
လူကြီးလူကောင်းတစ်ယောက်ပုံစံအပြည့်နဲ့။"..ကြိုက်တာက ကြိုက်ပါတယ်"
Luhan က တူကိုက်နေရင်းဖြေတယ်။
"ဒါဖြင့် ဘာဖြစ်လို့ မစားတာလဲ??"
Luhan က ဖြေရခက်စွာဖြင့် ဘေးက အဒေါ်ကြီးကို
မဝံ့မရဲ လှမ်းကြည့်နေတယ်။အကဲခတ်နေပုံရတဲ့ အဒေါ်ကြီးက
Luhan လည်းလှမ်းကြည့်ရော
ချက်ချင်းအကြည့်လွှဲပြီး မျက်လုံးကို ပွတ်နေတယ်။သူ မကြည့်ဘူးဆိုတဲ့သဘောပေါ့။
"ဦးလေးကြီးမှ ဟင်းမထည့်ပေးတာ...."
"ဟင်..."
ကြောင်အသွားတဲ့ Sehun ရှေ့ကို
Luhan ထမင်းပန်ကန် မ,ပေးထားလိုက်တယ်။"ဟင်းထည့်ပေး...."
သည်တော့မှ Sehun က သူ့နဖူးသူရိုက်လို့
ခပ်တိုးတိုးရယ်မောလာတယ်။"ဟုတ်သားပဲ...ကိုယ် ဗိုက်ဆာနေတာနဲ့
ကလေးကို ဟင်းထည့်ပေးဖို့ မေ့သွားတယ်...ဆောရီး..."Sehun က Luhan ထမင်းပန်းကန်လေးကို ဆွဲယူလို့
ထည့်ပေးတယ်။ထိုစဉ်မှာပဲ မျက်နှာချင်းခုံမှာ ထိုင်နေတဲ့ Luhan က
Sehun ဘေးနားရှိ ခုံသို့ လှစ်ကနဲ ရောက်လာတယ်။