Chapter 7

7K 1K 95
                                    

"ဒီမှာ ညလယ်စာတဲ့။"

အဒေါ်ကြီး ပို့ခိုင်းလိုက်သော
အစားအသောက်တွေကို စားပွဲပေါ်တင်ပေးလိုက်သည်။

Sehun ကတော့ Luhan ရောက်လာတာကိုပင် မြင်ရဲ့လားမသိ။

သူ့ဟာသူ စာရွက်တွေ၊စာအုပ်တွေနဲ့ အလုပ်ရှုပ်နေဆဲပဲ။

"ဟယ်လို....ငါ့ကို မနက်ဖြန်ကျ လချုပ်စာရင်းတွေ ပေးအုံး။"

Luhan က ပြန်လှည့်ထွက်မလို့ပေမယ့် Sehun က
ဖုန်းပြောနေရက်ကနေ မျက်နှာအမူအရာနဲ့ မသွားနဲ့ဦးဟု
တားမြစ်လိုက်တာကြောင့် Luhan ထွက်မသွားဖြစ်ပါ။

"အေး...လမကုန်သေးပေမယ့် လိုချင်လို့။"

တော်တော်အလိုက်ကမ်းဆိုးမသိသည့် အထက်လူကြီးဟု
Luhan က စိတ်ထဲကနေ ပျစ်ပျစ်နှစ်နှစ် ဝေဖန်လိုက်ပါသည်။

ဟုတ်သည်လေ။
ဘယ်လောက်ပဲ တစ်ဖက်လူအပေါ်
သူ့အာဏာစက်ကျရောက်နေပါစေပေါ့။
အခုလို ည ၁၁နာရီလောက်ကြီး ဖုန်းဆက်ပြီး
အလုပ်ခိုင်းတာတော့ နည်းနည်းမှ မကောင်းပါဘူး။

သူများလည်း အနားယူချိန်လေးမှာ နားချင်ရှာမှပေါ့။
တစ်နေ့တာလုံး အထက်လူကြီးရဲ့ ခပ်ချေချေမျက်နှာပေးနဲ့
အပေါက်အလမ်းမတည့်မယ့် စကားလုံးတွေကို
ခါးစည်းခံစားသည်းခံပြီးပြီလေ....တော်ရောပေါ့။

ဒီလို ညဘက် အနားယူရမည့် ကိုယ်ပိုင်အချိန်တွေကိုပါ
ထပ်မံနှောက်ယှက်စရာလိုလို့လား။

အဲ့ဒါကြောင့်မလို့ ပြောတာ။
Luhan က ကိုယ်တိုင်ပဲ ချမ်းသာချင်တာ။
သူဌေးတွေကိုဆိုရင် တစ်စက်ကလေးမှ ကြည့်လို့မရဘူး။

"အခု ဘာလုပ်နေလဲ။"

ဖုန်းချပြီးပြီးချင်း မေးလာသည့် စကားကြောင့်
Luhan တွေးလက်စ အတွေးကလေးက
ပြတ်တောက် လွင့်ပြယ်သွားသည်။

"TV ကြည့်နေတာ။"

"သြော်....အားနေတာပဲ။
ဇက်ကြောလေး နည်းနည်းလာဆွဲပေးပါလား။"

"ဘာ"

"လာစမ်းပါ။မုန့်ဖိုးပေးမယ်။"

"အွန်....ဘယ်လောက်ပေးမှာမလို့လဲ။"

Tell Me More Lies [Completed]Onde histórias criam vida. Descubra agora