“ ချစ်တယ်...”
မျက်လုံးစုံမှိတ်ပြီးအရဲစွန့်ကာပြောလိုက်တဲ့စကားအဆုံးမှာပတ်ဝန်းကျင်ကနှစ်ဆလောက်ပိုပြီးတိတ်ဆိတ်သွားတယ်ထင်ရသည်...အချိန်အတော်ကြာနေတဲ့အထိကိုကို့ဆီက.ဘာစကားမှပြန်ပြောမလာတာမို့မဝံ့မရဲမျက်စိတစ်ဖက်ဖွင့်ပြီးတော့ကြည့်မိသည်...ဒါဟာသူ့ဘဝမှာပထမဆုံးအကြီမ်ချစ်စကားပြောဖူးခြင်းဘဲ...သူ့ရှေ့ကဒီလူကြီးကလဲသူရင်ခုန်တက်စအရွယ်ကတည်းကသူ့နှလုံးသားကိုအပိုင်သိမ်းထားတဲ့လူကြီး...ချစ်စကားလေးတစ်ခွန်းပြောဖို့ကိုသူတုန်လှုပ်နေရတဲ့အကြောင်းအရင်းအမှန်ကတော့...သူ့ရဲ့အချစ်ဦးဟာ..ယောက်ျားတစ်ယောက်ဖြစ်နေလို့ဘဲ...ဆောင်းရိပ်ကူးဆိုတဲ့သူ့လိုဘဲယောက်ျားတစ်ယောက်...အခုချိန်မှာထွက်သွားဆိုတဲ့အော်သံကိုများသူကြားရမလား...ဒါမှမဟုတ်..သူ့မျက်နှာပေါ်ဘဲကိုကို့ရဲ့လက်သီးပြင်းပြင်းတေရောက်လာမလား...
“ဘာပြောလိုက်တယ်ဆောင်းရိပ်ကူး...”
“ဆောင်း...ဆောင်း..ကိုကို့ကိုချစ်တယ်လို့... ”
“မင်းရူးနေတာလား...ဒါမှမဟုတ်...ငါ့ရဲ့ဘယ်နေရာကများ...မင်းမျက်လုံးထဲမှာမိန်းမနဲ့တူနေလို့လဲ...ငါကယောက်ျားတစ်ယောက်နော်.. ”
“ သိတယ်...ကိုကိုကယောက်ျားလေးမှန်းလဲသိတယ်..ဆောင်းကိုယ်တိုင်လဲယောက်ျားလေးတစ်ယောက်ဆိုတာလဲမမေ့ဘူး...”
“ဒါနဲ့များ...မင်းဦးနှောက်ဘယ်နားရောက်သွားလို့..ငါ့ကိုချစ်တယ်လို့လာပြောနေတာလဲ.. ”
“ချစ်နေလို့..ချစ်တယ်ပြောတာပေါ့လို့...ဦးနှောက်ကမရှိတော့ဘူး...နှလုံးသားနောက်ပါသွားပြီ... ”
ဆောင်းရိပ်ကြောက်တာကကြောက်တာ...မကျေနပ်တာကမကျေနပ်တာမို့...ကိုကို့ကိုနှုတ်ခမ်းဆူပြီးပြန်ပတ်လိုက်မိသည်...ဟုတ်တယ်...ဒီလူကြီးကိုစတွေ့ကတည်းကသူ့ကမ္ဘာကြီးမှာနေနှစ်စင်းသာနေခဲ့တာ...ဆောင်းအချစ်ရူးရူးသွားအာင်ကိုကိုဘဲပြုစားခဲ့ပြီးတော့...ကိုကိုတာဝန်ယူသင့်တယ်...
“မင်း...မင်း...ကျစ်...နေစမ်းပါအုံး...မင်းကအခြောက်လား...ယောက်ျားတေကိုဘဲစိတ်ဝင်စားတယ်ဆိုလဲတစ်ခြားလူသွားကြိုက်... ”