⚜ONE⚜

15K 530 10
                                    

"ကျွန်တော်သည် ကျွန်တော်၏တစ်ဦးတည်းသောခင်ပွန်းကို အသက်တမျှ ချစ်ပါသည်။"


Taehyung ဖတ်ပြီးပြီးချင်း ဒိုင်ယာရီ စာအုပ်လေးကိုပိတ်ကာ သက်ပြင်းရဲ့ရဲ့ချလိုက်သည်။

"သား အကုန်ဖတ်ပြီးသွားပြီလား"

ကုတင်ပေါ်ထိုင်နေသောသူ့အား တံခါးဝမှမေမေကလှမ်းမေးသည်။

"ဟုတ်မေမေ သားအကုန်ဖတ်ပြီးပါပြီ"

မေမေကသူ့ဘေးနားလာထိုင်ရင်း ခေါင်းလေးကိုပွတ်ကာပြောသည်။

"သား ဘာမှမစိုးရိမ်ပါနဲ့ မေမေတို့ကမျိုးရိုးရှိခဲ့လို့ သားမှာရှိလာတာ ဒီစာအုပ်ကလည်း မေမေတို့မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့စာအုပ်လေး သားဘိုးဘေးတွေလိုလူမျိုးရှိလာခဲ့ရင် သိလို့ရအောင် အခုအဲ့သူက သားပေါ့"

ဟောင်နွမ်းကာအနားသတ်ပြဲနေသော စာအုပ်လေးကိုကြည့်ရင်းမေးလိုက်သည်။

"မေမေ ဒါဆိုဒါက ဖြစ်ရပ်မှန်ကိုရေးထားတာပေါ့"

"ဒါပေါ့ သားရဲ့ ကဲဒါဆို မေမေသွားလိုက်ဦးမယ် ဒီစာအုပ်ကိုခုချိန်ကစ သားပိုင်သွားပြီ"

မေမေ အခန်းထဲကထွက်သွားခဲ့တယ်။
ဒီစာအုပ်က ဖြစ်ရပ်မှန် ဆိုရင် ဒီထဲ ကမိသားစုဟာနောက်ဆုံးမှာ Happyending မဖြစ်ခဲ့ဘူး။
ဒါဆိုသူကရော Happyending ဖြစ်ပါ့မလား။

Taehyung သူဗိုက်လေးကို ကိုင်ရင်း တွေးဆဆနှင့်ဆိုလိုက်သည်။

"ဘာလို့ ဒီလို မျိုးရိုးကြီးကရှိနေပြီး ငါကဆက်ခံရတာလဲ ဘာလို့ငါဖြစ်နေရတာလဲ ဘာလို့ငါ့ကိုရွေးချယ်ရတာလဲ ခင်ဗျားတို့မကောင်းဘူး!!!!!!"

သူ့ဘိုးဘေးတွေကို တိုင်တန်းကာအပြစ်တင်လိုက်သည်။ တကယ်တော့သူ့စိတ်ထဲတွင် ဒီလို ကြေကွဲ စရာအဖြစ်မျိုးကြုံတွေ့ရမှာကို ခံနိုင်ရည်မရှိဘဲ ကြောက်နေခြင်းသာ။ ပြီးတော့ကော ဒီလို့ချစ်တတ်တဲ့ သူမျိုး သူ့တွင် ရှိလာပါ့မလား။ဒီလောကမှာကောရှိပါ့မလား။

"ကိုကို ဘာတွေ အော်နေတာလဲ"

ကျွန်တော်ပေါက်ကွဲနေသည်ကိုကြားသွားလို့ထင်သည်။ လွယ်အိတ်လေးနဲ့ကျောင်းကပြန်လာသော တစ်ဦးတည်းသော ညီလေး Kim jimin
(သူလည်း Kim jimin ဖြစ်လိုက် jeon jiminဖြစ်လိုက်နဲ့ နေစရာကိုမရှိဘူး, :") )

Marriage Knot {My Husband 2} Where stories live. Discover now