အချစ်စစ်၏ တည်နေရာ
Season - 1
အပိုင်း (14)
မိုးစက်သတိရလာသောအခါ သန့်ပြန့်သော အိပ်ယာထက်တွင် ရောက်နေသဖြင့် လူးလဲထကာ မိမိကိုယ်ကို အမြန်စစ်ဆေးပြီး ဘာခွဲစိတ်ရာမှ မတွေ့ရမှ သက်ပြင်းချမိ သည်။ အိပ်ယာထက်မှ ထကာ တံခါးကို ဖွင့်ကြည့်သည်။ တံခါးကို သော့ခတ်ထားသဖြင့် ပြတင်းပေါက်မှတဆင့် အပြင်ကိုကြည့်မိသည်။ မိမိရောက်သည်က မိုးမျှော်အဆောက်အဦး၏ အပေါ်ထပ်ဖြစ်နေသဖြင့် ဘယ်လိုမှ ဆင်းပြေးလို့မရနိုင်ပေ။
ဘယ်သူကများ မိမိကို ပြန်ပေးဆွဲလာပြီး ကောင်းကောင်းထားသလဲဟု တွေးနေစဉ် အခန်းတံခါးပွင့်သွားပြီး လူတစ်ဦး ဝင်လာသည်။ မိုးစက် သူ့မျက်နှာကို တွေ့သော် ရင်ခုန်ခြင်းနှင့် ရင်တုန်ခြင်းတို့ တပြိုင်တည်း ခံစားလိုက်ရသည်။ ခေါင်းထဲတွင်လည်း မိုက်ခနဲဲဲဲဲဲဲဲဲ ဖြစ်သွားသည်။ သူ့လက်ထဲ မိမိ ချုပ်မိထားပြန်ပြီ။ သူ့ပုံစံက မိုးစက် အိပ်မက်ထဲ အမြဲမက်သလိုပဲ ကျော့မော့နေသည်။ မိုးစက် ထိုင်ရာမှ ထကာ သူနှင့်မျက်နှာချင်းဆိုင်ပြီး မေးလိုက်သည်။
" အကို ဘာကြောင့် ကျွန်တော့်ကို လူလွှတ်ပြီး ဖမ်းခိုင်းရတာလဲ။ ကျွန်တော့်ကို လွှတ်ပေးပါ။"
"ကဲ..... ကိုယ့်ကို ရှင်းပြပါအုံး။ မင်း မရှိရင် မင်းညီမကို ကျုပ်က ပေါင်းသင်းပါ့မယ်လို့ ဘာကြောင့် အူကြောင်ကြောင်ထင်ရတာလဲ။"
သူက မိုးစက်၏ ရှေ့ရှိထိုင်ခုံတွင် သက်တောင့်သက်သာ ထိုင်ကာ ပြုံးပြီးမေးလိုက်သည်။ မိုးစက် ခေါင်းငုံ့ကာ ဖြေလိုက်သည်။
"ရှင်းနေတာပဲလေ။ မိုးပွင့်က အကိုလက်ထပ်ထားတဲ့ မိန်းမ။ အကို့မိန်းမနဲ့ အတူမနေပဲ ဘာကြောင့် ကျွန်တော်က အတူနေရမှာလဲ။ ပြီးတော့ ကျွန်တော်က ယောက်ျားတန်မယ့် အကို့ မိန်းမဘဝနဲ့ တစ်ဘဝလုံး မနေနိုင်ဘူး။ ကျွန်တော့မှာ ချစ်သူရှိနေပြီ။ သူ့ကို ကျွန်တော်ချစ်တယ်။ သူနဲ့လက်ထပ်တော့မလို့။ ကျွန်တော့်ကို လွှတ်ပေးပါဗျာ."
"ဟုတ်လား။ မိုးပွင့်က ကျုပ်မိန်းမတဲ့လား။ ကျုပ်လက်ထပ်ခဲ့တာ ခင်ဗျားလေးလေ။ သာမှ နားချင်တဲ့ မင်းညီမ စိတ်ဓါတ်ကို ကျုပ်ရွံတယ် မိုးစက်။ ပြီးတော့ ခမ်းလောင်ဆိုတဲ့ ကလေးမနဲ့ ကျုပ်တွေ့ပြီးပြီ။ သူက မင်းနဲ့ တွဲကာစ မိန်းကလေး ဆိုတာကျုပ်သိပြီးုပြီ။ ဒါ့အပြင် သူက တရားမဝင်နေထိုင်တဲ့ မိန်းကလေးဆိုတာရော မင်းသိရဲ့လား။ ကျုပ် ချစ်သူကိုလုတဲ့သူကို ကျုပ်က အလှကြည့်နေမယ် ထင်လား။ အခု သူက ထိုင်းလူဝင်မှုကြီးကြပ်ရေးတွေရဲ့ အဖမ်းခံရနေလောက်ပြီ။ ပြီးတော့ မင်းလုပ်နေတဲ့ အလုပ်ရှင်က ကုန်တချို့ကို တရားမဝင် ခိုးသွင်းပြီး မှောင်ခိုရောင်းနေတာဆိုတော့ အင်း... ထောင်ဒဏ် နဲ့ ငွေဒဏ် မနည်းဘူး ဆောင်ရတော့မယ်။"
မိုးစက်သည် သူ့စကားကြောင့် ဒေါသထွက်လာသည်။ သူ့နားပြန်လာရန် မိမိနှင့် ပတ်သတ်မှုရှိသည့် လူများကို သူဒုက္ခပေးနေ သည်ကို မကျေနပ်သဖြင့် သူ့ကိုပြောလိုက်သည်။
"အကို ခင်ဗျား မယုတ်မာနဲ့ဗျာ။ သူတို့က ကျွန်တော်နဲ့ ပတ်သတ်မိရုံနဲ့ ဒီလောက်ဒုက္ခပေးဖို့မလိုပါဘူူး။ ပြီးတော့ ကျွန်တော် အကို့ကို မချစ်ဘူး။ ဘယ်လိုလုပ်လုပ် အကိုနဲ့ပြန် မလိုက်နိုင်ဘူး။"
"ဒါ မင်းရဲ့ အဖြေလား မိုးစက်။"
"ဟုတ်တယ်။"
"ဒီလိုပြတ်သားတာ ကြိုက်သွားပြီ။"
သူက ထိုင်ရာမှ ထကာ မိုးစက်ဆီလာပြီး မိုးစက်ကို ခုတင်ပေါ်တွန်းလှဲကာ အပြင်းထန်ဆုံး၊ အပူပြင်းဆုံး ၊ အသည်းမည်းဆုံး အနမ်းများဖြင့် ဒဏ်ခတ်တော့သည်။ မိုးစက် သူ့ အနမ်းကိုငြင်းဆန်သော်လည်း သူက ဖိချုပ်ကာ တင်းမာစွာပြောလိုက်သည်။
"မင်းက ကျူပ်ကိုထားသွားချင်တယ်ပေါ့ ဟုတ်လား။ ဒါဆို အစကတည်းက ကျုပ်ကို မင်းလက်မထပ်ခဲ့နဲ့လေ။ မင်းညီမက ထားခဲ့ရုံမကလို့ သေသွားလည်း မင်းအပူပါလို့လား။ကျုပ်ကို လက်ထပ်ပြီး အနားမှာနေပါရစေလို့ပြောခဲ့ပြီးမှ ဒီလိုလွယ်လွယ် လူစားထိုးချင်တိုင်းထိုးရအောင် ကျုပ်ကအရုပ်လား မိုးစက်။ မရဘူး။ မင်းကိုကျုပ်လုံး၀ အလွတ်မပေးနိုင်ဘူး။ မင်းကကျုပ်ချစ်သူ။ မင်းကို ဘယ်မှသွားခွင့်မပြုနိုင်ဘူး။ "
နှင်းထန်သည် ချစ်ခြင်း၊ ပူလောင်ခြင်း၊ ဒေါသထွက်ခြင်းကြောင့် စိတ်ကိုလွှတ်လိုက်တော့သည်။ မိုးစက်၏ ငြင်းဆန်သံ၊ ညည်းသံကို မကြားတော့ပေ။ သူလိုချင်သည်ကို ထပ်တလဲလဲ အရယူနေတော့သည်။ မိုးစက်ကို ချစ်သည်။ မိုးစက်ကို တသက်လုံး အပိုင်လိုချင်သည်။ မိုးစက်အတွက် မိမိ ဘာမဆိုလုပ်ပေးနိုင်သည်။ ဒါပေမယ့် မိုးစက်က မိမိ အချစ်ကို နည်းနည်းမှ အသိမှတ်မပြုသည့်အပြင် အဝေးဆုံးကိုထွက်ပြေးရင်ကြိုးစားနေသည် ဆိုသည့် အချက်က နှင်းထန်၏ အသိစိတ်ကို အမှောင်ဖုံးသွားစေခဲ့သည်။ အသည်းနင့်အောင် ချစ်မိသည့် မိုးစက်ကို နှင်းထန် အကြမ်းဖက်ကာ အရယူနေမိတော့သည်။
နှင်းထန်သည် မဆုံးနိုင်သော ချစ်ခရီးကို အကြိမ်ကြိမ်လျှောက်လှမ်းမိပြီး စိတ်ပြေသွားတော့မှာ မိုးစက်ကို အနိုင်ကျင့်မိပြီဆိုသည့် အသိဝင်လာခဲ့သည်။ မိမိကို ကျောပေးကာ အိပ်နေသောမိုးစက်၏ ကိုယ်လေးကို ငေးကြည့်ကာ ချစ်ခြင်း၊ သနားကြင်နာခြင်းတို့ အတိုင်းဆမရှိ ရင်ဝယ်ဖြစ်ပေါ်လာမိသည်။ စောင်အောက်မှ မိုးစက်၏ ကိုယ်လေးကို နေရာမလပ် အနမ်းပေးခဲ့မိသည်။ မိမိပိုင်ဆိုင် ကြောင်း တံဆိပ်နှိပ်ခဲ့သည်။ ညက မိုးစက်က ရုန်းလေ၊ မိမိစိတ်တို့ ပိုလွတ်ထွက်လေဖြစ်ခဲ့သည်။ မိုးစက်လေး မိမိကို စိတ်ဆိုး နေတော့မည်ကို ယခုမှ တွေးမိသည်။ မိုးစက်ကို သနားကာ အနောက်မှ ကိုယ်လေးကို အသာသိုင်းဖက်ပြီး ပုခုံးလေးကို နမ်းရှိုက် ကာ ပြောလိုက်သည်။ ယောက်ယတ်ခတ်နေသည့် စိတ်တို့ ငြိမ်သက် သွား ပြီး နောက် မိုးစက်နှင့် အတူနေတိုင်းဖြစ်သည့် ငြိမ်းချမ်းသည့် စိတ်တို့ပြန်လည်ရရှိကာ ချစ်သူလေးကို ချော့လိုက်သည်။
"ချာတိတ် ကိုယ့်ဘက်လှည့်ပါအုံး။ ချာတိတ် ရဲ့စိတ်ဆိုးနေတဲ့ မျက်နှာလေးကို ကြည့်ချင်လို့။ ကိုယ့်ချစ်သူလေးက စိတ်ဆိုး တာတောင် ကို့အချစ်စိတ်ကို နှိုးဆွနိုင်အောင် လုပ်နိုင်တယ်။"
"သေလိုက်လေ ခင်ဗျား....အ..."
မိုးစက် သူ့စကားကိုကြားသော် ဒေါသထွက်လာပြီး ထထိုင်လိုက်သည်။ သို့သော် သူကြမ်းထားသဖြင့် ထထိုင်လိုက်စဉ် နာကျင် သွားပြီးမိုးစက် မျက်နှာရှုံ့မဲ့ကာ ညည်းလိုက်သည်။မိမိကို ချစ်သည်ပြောပြီး မိမိတောင်းပန်သည့်စကားကို လျစ်လျူရှုပြီး တညလုံး သောင်းကျန်းကာ ယခုမှ ဘာမှမဖြစ်သလို လာချော့နေသဖြင့် စိတ်ဆိုးမိသည်။
နှင်းထန်သည် ထိုအခါမှ မိမိဒေါသဖြင့် သူ့အပေါ်ညင်သာမှုမရှိပဲ ကြမ်းတမ်းခဲ့မိသည့်အတွက် စိတ်မကောင်းဖြစ်သွားသည်။ မိုးစက်ကို ငဲ့ညှာမှုမရှိပဲ အလိုရှိရာကို ဇွတ်လုယူမိသဖြင့် မိုးစက်ဒဏ်ရာရသွားသည်ကို သိသော် ပျာပျာသလဲဖြင့် ထထိုင်ကာ ဆေးထည့်ပေးရန်ကြိုးစားလိုက်သည်။
မိုးစက် သူ့လက်ကို ပုတ်ထုတ်ကာ နာကျင်စွာဖြင့် ပြောလိုက်သည်။ တကယ်လည်း သူ့ကို စိတ်ပျက်မိသည်။ သူက ခါတိုင်း မိမိကို ချစ်လို့ အတူနေစဉ် တစ်ခါမှ ဒီလောက် မကြမ်းတမ်းဖူးပေ။ ယခုမှ ပင်ကိုယ်စိတ်ပေါ်ကာ အကြမ်းကိုင်သဖြင့် စိတ်လည်းနာသည်။
"ကျွန်တော့်ကို မထိနဲ့။ ခင်ဗျား ဘီလူးစီးနေတဲ့အတိုင်းအရမ်းရက်စက်တယ်။ ခင်ဗျားကို မုန်းတယ်။"
နှင်းထန်သည် မိမိဘေးမှလည်း ထွက်သွားသေးသည်။ သူကတပြန် မိမိကို မုန်းသည်ဟု ပြောနေသော ချစ်ရသူလေးကို ဒေါပွသွားကာ သူလေးကိုဖက်နေရာမှ သူ့အပေါ်စီးမိုးကာ နာကျင်စွာမေးလိုက်သည်။ မိမိကို စိတ်ဆိုးသည်ဟုပြောလျှင် ခံနိုင်ရည်ရှိသည်။ သို့သော် ယခုက မုန်းသည်တဲ့။ ထိုစကားလုံးက နှင်းထန်၏ အသိတရားကို အမှောင်နှင့် ဖုံးသွားစေသည်။
"ကိုယ့်ကို မုန်းတယ်ဟုတ်လား။ ကျူပ်ကတော့ မင်းကို ချစ်တယ်။ အရမ်းကိုချစ်တယ်။ ချစ်လွန်းလို့ ရူးတော့မယ်။ ကျုပ်ကို မချစ်ချစ်လာအောင် မင်းပဲ လုပ်ခဲ့တယ်။ ကျုပ်ကို လက်ထပ်ပါ့မယ်လို့ မင်းပဲ ပြောခဲ့တယ်။ မင်းကိုစွဲလန်းတော့ မင်းကထွက်ပြေးခဲ့တယ်။ အခု ကျုပ်ကို မုန်းတယ်လို့ပြောပြန်ပြီ။ ကောင်းပြီလေ .. မင်း ကျုပ်ကို မုန်းမယ့်အတူတူ ကျုပ်လုပ်ချင်တာပဲ လုပ်တော့မယ်။"
မိုးစက် သူ၏နာကျင်စွာပြောနေပုံကို ကြည့်ကာ လန့်သွားသည်။ သူ့လေသံနှင့် မျက်နှာထားအရ မိမိ ပြောတာ လွန်သွားပုံရသည်။ သူထပ်ကြမ်းလျှင် မိမိ မခံနိင်တော့ပေ။
"ခင်ဗျား ဘာလုပ်မလို့လဲ။ "
"ဘာလုပ်ရမှာလဲ။ ၂ လစာ အတိုးချပြီးချစ်မလို့ပေါ့။ အစကတော့ မင်းကို သနားလို့ လွှတ်ပေးမလို့ပဲ။ ခုတော့.."
သူက ပေါက်ကွဲစွာပြောလိုက်သော် မိုးစက် လန့်ကာ ထွက်ပြေးရန် ကြိုးစားသော်လည်း အတင်းဖိထားခံရပြီး လည်ပင်းများကို စုပ်နမ်းနေသဖြင့် မိုးစက် ဉာဏ်ဆင်ကာ ပြောလိုက်သည်။ သူ့ကိုချော့မှ ရမည်ဟု တွေးလိုက်သည်။ မဟုတ်လျှင် ကျော်မကောင်း၊ ကြားမကောင်း ဆေးရုံသို့ရောက်သွားနိုင်သည်။
"အကို... ခဏ... ကျွန်တော် အိမ်သာတက်ချင်လို့။"
"ဟား...ဟား... ဒီလိုဉာဏ်များလို့ရမလား။ လာခဲ့။ပြီးမှသွား"
"ဟာ မရတော့ဘူး။ ကျွန်တော်ပါချလိုက်မှာနော်။"
အသန့်ကြိုက်သောသူ့အကြောင်းသိသဖြင့် မိုးစက် ညစ်ကျယ်ကျယ်ဖြင့် တမင်ပြောလိုက်သည်။ နှင်းထန်သည် မိုးစက်ကို အကဲခတ်ဟန်ကြည့်တော့ မိုးစက်က တမင်ကို မျက်နှာရှုံ့မဲ့ပြနေသဖြင့် လွှတ်လိုက်ရသည်။
"ဒါဆိုလည်းသွား။ မြန်မြန်ပြန်လာနော်။"
မိုးစက် သူလွှတ်လိုက်သည်နှင့် ယုန်လေးလို လှစ်ခနဲပြေးထွက်သွားပြီး တံခါးကိုလော့ခ်ချကာ မိမိကိုယ်ကို သန့်ရှင်းရေးုလုပ်သည်။ ပြီးမှ နာကျင်သည့်ဒဏ်ရာကို သက်သာလိုသက်သာငြား ရေနွေးစိမ်ရန် ဆုံးဖြတ်လိုက်သည်။ ရေကန်ထဲ ရေပူရေအေး စပ်ကာ ကန်ထဲ ဆင်းစိမ်လိုက်စဉ် ရေပူကြောင့် တကိုယ်လုံး နာကျင်နေသည်တို့ နည်းနည်း သက်သာလာသည်။ တညလုံး သူ့အားကြီးနှင့် ဆုပ်ကိုင်ဖျစ်ညစ်ထားသဖြင့် တချို့နေရာ အညိုမည်းစွဲနေသည်။ လည်ပင်းနှင့် ရင်ဘတ်တွင် အနီမှတ်များပွထ လို့နေသည်။ သူနှင့် အတူဖြတ်သန်းခဲ့သည့် မင်္ဂလာဦးညကလို နာကျင်နေသဖြင့် မိုးစက် သက်ပြင်းချမိသည်။ သူနှင့် ကင်းကွာလာသည့် ကာလအတွင်း သက်သာသမျှ ယခုတော့ နာတော့မည်ထင်သည်။ ညီမလေးကို သူဘယ်လိုများဆက်ဆံမလဲဟုတွေးကာ စိတ်ပူလာသည်။ သူ့လက်က လွတ်အောင် ဘယ်လိုလုပ်ရမလဲဟု တွေးရင်း ခေါင်းပါပူလာစဉ် သူက တံခါးကိုခေါက်ကာ ခေါ်နေသည်။
"မိုးစက် .. ကြာလှချည်လား။ ထွက်လာခဲ့တော့။"
'ကျွန်တော် ရေချိုးနေပြီဗျ။'
'တံခါးဖွင့်။ ကိုယ်လည်း အတူချိုးမယ်။'
'မဖွင့်ဘူးဗျာ။ ပြီးတော့မယ်။ '
'ကိုယ်ပြောနေတယ်နော်။ အသာတကြည် မဖွင့်ရင် ပိုနာမယ်။'
မိုးစက် သူ့ခြိမ်းခြောက်စကားကို အမြင်ကတ်သောကြောင့် တမင်မဖွင့်ပဲ နေလိုက်သည်။ ရေချိုးခန်းထဲ သူကဲမည်ကို သိသောကြောင့် ပေကတ်နေလိုက်သည်။သူ့ထံ သော့ရှိမည်လို့လည်း မိမိမထင်ထားပေ။
'အေး.. ကိုယ် ဝင်လာပြီ။ မင်း သေဖို့သာပြင်ပေတော့။'
သူတကယ်သော့ဖွင့် ဝင်လာသောအခါ မိုးစက် မျက်လုံးပြူးကာ ရေကန်ထဲမှ ထထွက်ရန် ပြင်သည်။ သူက မိုးစက်ကို ရေကန်ထဲ ပြန်တွန်းချကာ အဝတ်ချွတ်ပြီး ရေကန်ထဲ လိုက်ဝင်လာသည်။ မိုးစက်ကို ဖိတွန်းကာ ပုခုံးစွန်းကို နမ်းရင်း ကိုက်လိုက်သည်။
'အ.. နာတယ်။ အကို ဘာလို့ကိုက်တာလဲ။'
'စကားနားမထောင်လို့ အပြစ်ပေးတာလေ။'
သူက မိုးစက်၏ ပုခုံးစွန်းကို အရာထင်အောင် အတော်လေးကို ကိုက်လိုက်သည်။ မိုးစက် စကားဆက်မပြောနိုင်တော့ပေ။ သူ့အနမ်း များက အသက်ရှူမရအောင် ဆက်တိုက်ကျလာလေပြီ။ သူ့အနမ်းများကြောင့် မိုးစက်လည်း သူ့အထိအတွေ့ကြောင့် အရာအားလုံး ကိုမေ့သွားပြန်သည်။
မိုးစက် ရေချိုးခန်းထဲမှ သူ့အရင်ထွက်လာခဲ့ပြီး အဝတ်အစားများအမြန်လဲထားလိုက်သည်။ ထရော်လီဖြင့် လာပို့သော အစားအစာများကို မစားနိုင်သေးပဲ တံခါးများကို လိုက်စစ်ဆေးနေပြန်သည်။ တံခါးမခတ်ထားလျှင် ထွက်ပြေးနိုင်ရန်ဖြစ်သည်။
'အလကားပဲ.. မိုးစက်။ မင်း ဘယ်လိုမှ ထွက်ပြေးလို့မရအောင် ကိုယ်စီမံထားတာ။ ကဲ စားစရာရှိတာစား။ ပြီးရင် စကား ပြောစရာရှိတယ်။'
မိုးစက် သူ့ကို မကျေမနပ်ကြည့်ကာ စားစရာများကို အမြန်စားလိုက်သည်။သူက အဝတ်အစားလဲပြီး ဘေးတွင်ဝင်ထိုင်ကာ စီးကရက်သောက်ရင်း မိမိကို ကြည့်နေသည်။
'အကို မစားဘူးလား။ တခါတည်းစားလိုက်လေ။'
'ကိုယ် စားထားပြီးပြီ။ စားပါ။'
နှင်းထန်သည် မိမိအပေါ် သံယောဇဉ်ရှိစွာမေးသော ချာတိတ်လေးကို ချစ်မြတ်နိုးစွာ ကြည့်ကာဖြေသည်။မိုးစက် အစားကို လက်စသတ်ပြီးနောက် သူ့ကိုကြည့်ကာ မိုးပွင့်ကို စိုးရိမ်စွာမေးလိုက်သည်။
'အကို... ကျွန်တော့် ညီမလေး ဘယ်မှာလဲ။'
'ကိုယ့်အိမ်မှာပဲပေါ့။ ဒယ်ဒီက သူနဲ့ ကလေးယူဖို့ တိုက်တွန်းနေတယ်။ ဒီနှစ်အတွင်း ကလေး တစ်ယောက်ရအောင်မွေးဖို့ အမိန့်ထုတ်ထားတယ်။'
မိုးစက် သူ့ကို မော့ကြည့်ကာပြောလိုက်သည်။
'မွေးလိုက်လေ။ '
'လွယ်လှချည်လား မိုးစက်ရဲ့။ ကိုယ်မချစ်တဲ့ သူနဲ့ ကလေးဘာကြောင့်ယူရမှာလဲ။ ကိုယ်က မင်းရဲ့ ကလေးကိုပဲ လိုချင်တာ။'
မိုးစက်က လှောင်ရယ်ရယ်ကာ သူ့ကိုအမှန်တရားကို ပြောလိုက်သည်။
'ဟား..ဟား.. ယောက်ျားကနေ ကလေးမွေးနိုင်အောင် သိပ္ပံပညာက ဖန်တီးနိုင်ရင် ကျွန်တော် မွေးပေးပါ့မယ်ဗျာ။ ခုတော့ အကို့ ဒယ်ဒီပြောသလို မိုးပွင့်နဲ့ ကလေး တစ်ယောက်မွေးလိုက်ပါ။ကလေးရရင် အကို မိသားစု ပျော်ရွှင်မှုကို ရလိမ့်မယ်။ ကျွန်တော့် ညီမလေးက အကို့ကို တကယ်ချစ်ရှာတာပါဗျာ။ သူ့ကို အခွင့်အရေးတခါ လောက်ပေးလိုက်ပါ။ အကို့အတွက် ချစ်စရာ ကလေးလေးတွေ မွေးပေးလိမ့်မယ်။'
သူက စီးကရက်ကို ပြာခွက်ထဲ ထိုးချေကာ လိုရင်းကို ပြောလိုက်သည်။ ယခု မိုးစက်နှင့် အတူရှိချိန် မိုးပွင့်အကြောင်း မပြောချင်ပါ။
'ကလေး ကိစ္စထားလိုက်ပါ။ ကိုယ်စိတ်မဝင်စားဘူး။ ကိုယ်မင်းကို ပြန်ခေါ်ဖို့လာတာ။ ဒီတခါ ဘယ်မှပြေးဖို့မကြိုးစားနဲ့တော့။'
'ကျွန်တော် ဘာကြောင့် လိုက်ရမှာလဲ။'
'ခမ်းလောင်နဲ့ လက်ရှိ မင်းအလုပ်ရှင် ဒုက္ခရောက်အောင် ကိုယ်လုပ်လိုက်ရုံပေါ့။'
'လုပ်ချင်တာ လုပ်ဗျာ။ ကရုမစိုက်ဘူး။'
မိုးစက် သည် မိမိပြောသည်ကို ကရုမစိုက်ပဲ သူလိုချင်သည်ကိုဇွတ်ပြောနေသောကြောင့် စိတ်ပေါက်ပေါက်နှင့် ဘုတောလိုက်သည်။ သူကပြုံးကာ ခြိမ်းခြောက်လိုက်သည်။
'ဝသုန်ရဲ့ တက်လမ်းက ကိုယ့်လက်ထဲမှာရှိတယ် မိုးစက်။ အသံသွင်း company မှာ ကိုယ် share ထည့်ထားတယ်။ ဆုံးဖြတ်ခွင့်က ကိုယ့်မှာလည်းရှိတယ်။ ပြီးတော့ မိုးပွင့်ကို ကိုယ် ကန်ထုတ်လိုက်မယ်။ သူ့အကြောင်း အားလုံးဖွင့်ချလိုက်ရင် ဒယ်ဒီလည်း သူ့ကို လက်ခံပါ့မလား မင်းစဉ်းစားကြည့်လေ။'
မိုးစက် လေသံလျော့ကာ သူ့ကို အကျိုးသင့် အကြောင်းသင့် ပြောရန် ကြိုးစားလိုက်သည်။ အချစ်သာ ပဓါန ဆိုသည် စိတ်ကူးယဉ် အချစ်မှ အကို့ကို နိုူးထစေချင်ပြီ။
'ကျွန်တော့်ကို တသက်လုံး အကြပ်ကိုင်ပြီး ခေါ်ထားလို့မရဘူး အကို။ ကျွန်တော် အကြောင်းရှာပြီး ထွက်သွားဦးမှာပဲ။ ကျွန်တော် တသက်လုံး အကို့ဘေးမှာနေပြီး အကို့ အာသာဆန္ဒကိုဖြည့်ပေးတဲ့ ဘဝမှာမနေနိုင်ဘူး။ ကျွန်တော်လည်း ယောကျာ်းလေးပဲ။ အိမ်ထောင်ပြုချင်တယ်။ သား၊သမီးမွေးချင်တယ်။ မိသားစုဘဝကို လိုချင်တယ် အကို။'
'အိမ်ထောင်က ကိုယ်နဲ့ပြုလေ။ မင်းသားသမီးလိုချင်တာများ မိန်းမယူဖို့မလိုပါဘူး။ အဌားကိုယ်ဝန်နဲ့မင်းရဲ့ရင်သွေးကို ယူလို့ ရတာပဲလေ။ကိုယ်ပြောတာလည်း ဒီအချက် ပဲ။ မင်းရဲ့ရင်သွေးဆိုရင် ကိုယ်လိုချင်တယ်။ ပြီးတော့ ကိုယ့်နဲ့နေရတာကို မင်း ကြိုက် ပါတယ်။ အမှန်တိုင်းဝန်ခံလိုက်စမ်းပါ။မင်းကိုယ့်အပြုအစုကို လွမ်းနေတယ် မဟုတ်လား။ ခဏက မင်းလည်း သာယာမှုရခဲ့တာပဲ။ ဝန်ခံလိုက်စမ်းပါ မိုးစက်။ '
မိုးစက် မိမိပုခုံးကို ဖက်ကာ နားနားကပ်ကာ တိုးတိုးပြောနေသော သူ့စကားကြောင့် မျက်နှာနီရဲကာ ထိုင်ရာမှ ဝုန်းခနဲထရပ်လိုက်ပြီး
'ကျွန်တော်က ဘာကြောင့် သာယာရမှာလဲ။ လုံးဝပဲ။ ပြီးတော့ တွေ့ရာမိန်းမရဲ့ မျိုးဥနဲ့ မျိုးစပ်ပြီး ကျွန်တော့်ကလေးကို မွေးရ မှာလား။ ကျွန်တော် ချစ်တဲ့ မိန်းကလေးကို လက်ထပ်ပြီး သဘာဝအတိုင်း သားသမီးမွေးမှာ။ အကို တော်ပါတော့ဗျာ။ကျွန်တော့် ကြောင့် အကိုလည်း လူဆိုးကြီး မလုပ်ပါနဲ့တော့။ ကျွန်တော့်ကို မေ့လိုက်ပါတော့။ ကျွန်တော် အကို့ကို မချစ်ဘူး။ အကို့စည်းစိမ် ကို မက်လို့ ကျွန်တော် အကို့ဘေးကို လာခဲ့တာပါ။ ကျွန်တော့်ကို လွှတ်ပေးပါတော့။'
'ဒါ မင်းအဖြေလား။ '
'ဟုတ်တယ်။ ကျွန်တော့်နောက် တကောက်ကောက်လိုက်နေတဲ့ အကို့ကို ကျွန်တော် စိတ်ညစ်လှပြီ။ '
'ကောင်းပြီ။ ကိုယ်ဘာဆက်လုပ်ရမလဲ ဆိုတာ သိပြီ။'
နှင်းထန်က အေးစက်စွာဖြင့်ပြောလိုက်သည်။ ဒီကောင်လေး ဒီလောက် အကြောမာနေတာ မိမိသူ့ထက် နှစ်ဆကြမ်းမှဖြစ်တော့ မည်ကို နှင်းထန်ကောင်းကောင်းသိလိုက်သည်။ ပြီးတော့ ဒီကောင်လေး သူ့ညီမအတွက် သူချစ်နေရင်တောင် ဘယ်တော့မှ ဝန်ခံ လာမည့်သူ မဟုတ်ပေ။
'ကျွန်တော့်ကို လွှတ်ပေးတော့မှာလား။'
'မင်း မိန်းမယူလို့မရအောင် သင်းခိုင်းလိုက်မှာ။ ပြီးရင် ကိုယ့်ဘေးမှာ တသက်လုံးနေ ခိုင်းမယ်။'
မိုးစက် မျှော်လင့်ချက်ဖြင့် သူ့ကို မေးလိုက်သော်လည်း တည်တင်းကာဖြေလိုက်သည့် အဖြေကြောင့် မိုးစက် ရင်ထိတ်သွားသည်။ အတည်ပြောနေပုံပေါက်သဖြင့် လန့်လည်းလန့်သွားသည်။
'အကို ရူးသွားပြီလား။'
'ဟုတ်တယ်။ ရူးသွားပြီ။ ပြီးတော့ မင်း ကိုယ့်ကို မချစ်ဘူးဆိုတာ သေချာပြီလား။'
မိုးစက် ခေါင်းငြိမ့်လိုက်စဉ် သူက မိုးစက်ကို ပွေ့ချီကာ မွေ့ယာပေါ် ပစ်တင်လိုက်ပြီး ကြောက်မက်ဖွယ်ရာပြောတော့သည်။
'ကိုယ့်ကို မချစ်တော့တဲ့မင်းကို ကိုယ်က ဘာမှငဲ့စရာမလိုတော့ဘူး။ မင်းကို ကိုယ်ကြိုက် သလို ဆက်ဆံမယ်။ မင်းသတိလစ်သွားတဲ့ အထိကို ဆက်ဆံမယ်။ ချစ်လို့ ဆက်ဆံတာ နဲ့ ရမ္မက်သက်သက် ဆက်ဆံတာ ဘယ်လိုကွာသလဲ ဆိုတာ မင်းကိုလက်တွေ့ပြမယ်။'
မိုးစက် ကိုသူပြောသည့် အတိုင်း သူတကယ်ကို ကြမ်းတော့သည်။ မိုးစက် သူ့ကို ထုရိုက်သော်လည်း ဒေါကန်သွားသော သူက မိုးစက်ကို နှိပ်စက်တော့သည်။ မိုးစက်၏ စကားကို မကြားသည့်အလား မပြီးဆုံးနိုင်သော ချစ်ခရီးကို အကြိမ်ကြိမ်လျှောက်လှမ်း နေသည့် သူ့ကို မိုးစက် ကြောက်လာသည်။
' မင်း လက်မခံမခြင်း ကိုယ်နေ့တိုင်း နှိပ်စက်မယ်။ ပြီးရင် မင်းကို သင်းပစ်မယ်။ မင်းသူငယ်ချင်းကို သီချင်း ခွေဆက်တိုက် မထွက်နိုင်အောင်လုပ်မယ်။ ပြီးတော့ မင်းကောင်မလေးကို ထောင်ကျ အောင်လုပ်မယ်ကွာ....ဒါတွေအားလုံးက မင်းကြောင့် ကျုပ်လုပ်တာ။ အားလုံး မင်းအပြစ်ပဲ။'
မိုးစက် သူ့စကားကြောင့် စိတ်ညစ်သွားရပြန်သည်။ မိမိသူငယ်ချင်း နှင့် ဦးလေးကို ဘယ်လိုနည်းနှင့်မှ အထိခိုက်မခံနိုင်ပေ။ သူက ပြောလျှင် ပြောသည့်အတိုင်း လုပ်မည့် သူဖြစ်သောကြောင့် မိုးစက် တပတ်တိတိတင်းခံပြီးမှ သူနှင့်ညှိနှိုင်းရတော့သည်။
'အကို ကျွန်တော် ပြန်လိုက်ခဲ့မယ်။ ဒါပေမယ့် အကို မိုးလေးနဲ့ သားသမီးယူရမယ်။ '
'ဆောရီး ။ လက်မခံနိုင်ဘူး။ ကလေးရလာရင် မင်းက အကြောင်းပြချက်ပေးပြီး ပြေးသွားဦးမယ်။ ကိုယ် မအဘူး မိုးစက်။ မင်းဘာကြံနေတယ် ဆိုတာ ကိုယ်သိတယ်။ '
'ကျွန်တော့ တူလေး၊တူမလေးတွေရလာရင် ကျွန်တော် အကို့ဘေးမှာ တသက်လုံးနေ ပါ့မယ်ဗျာ...နော်။ ပြီးတော့ အကို့စိတ်တိုင်းကျလည်း ပြုစုပေးပါ့မယ်။ ကျွန်တော် ကျိန်ဆိုကျိန်ရဲပါတယ်။'
နှင်းထန်သည် မိုးစက်၏ စကားကြောင့် ပြုံးသွားပြီး သူလိုချင်သည့်ပုံစံအတိုင်း မိုးစက်ကို ပုံသွင်းတော့သည်။
'ဒါဆို မြန်မာပြည်ပြန်မယ်။ မင်းကိုယ့်ကို ပြုစုပေးတာကို ကြည့်ပြီးမှ မိုးပွင့်နဲ့ ကလေးယူ ဖို့ စဉ်းစားမယ်။ '
'မရဘူး။ အကို အရင်သဘောတူမှ ပြန်လိုက်မယ်။'
'မင်း ကိုယ့်ကို ပြန်တောင်းဆိုခွင့် ရှိလို့လား မိုးစက်။ ဝသုန်ကို ဖုန်းဆက်ပြီး သူ့လက်ရှိ အခွေကိစ္စကို မေးကြည့်လိုက်လေ။'
မိုးစက် သူ့စကားကြောင့် စိတ်ပူပြီး ဝသုန်ထံသို့ ဖုန်းခေါ်လိုက်သည်။
'သူငယ်ချင်း မင်း အခွေကိစ္စ အဆင်ပြေရဲ့လား။'
'မိုးစက်လား။ မင်း သေချာပုန်းနေတော့။ အကို နှင်းထန် မင်းကို သည်းသည်းမည်းမည်း လိုက်ရှာနေတယ်။ ငါ့အခွေက ထွက်မလာ နိုင်ဘူးဖြစ်နေတယ်။ company ကလည်း သွေးအေးနေသလိုပဲ။ ဘာကြောင့်လည်းဆိုတာ သေသေချာချာ မပြောဘူး။ ငါလည်း နည်းနည်း ဦးနှောက်စားနေတယ်။ ပွဲတွေလည်း သိပ်မစီစဉ်ပေးဘူး။ တခုခုတော့ တခုခု ပဲ။ငါ့နောက်မှ စာချုပ်ချုပ်တဲ့ သူတွေတောင် ခွေထွက်ပြီလေ။ စိတ်တော့ပူတယ်ကွာ။'
ဝသုန်နှင့် ဖုန်းပြောပြီးနောက်ပိုင်း မိုးစက် စိတ်ဒုန်းဒုန်းချလိုက်သည်။
'အကို ကျွန်တော် အရှုံးပေးပါပြီ။ ကျွန်တော် ပြန်လိုက်ခဲ့ပါ့မယ်။ အကို့စိတ်တိုင်းကျနေပြီး ပြုစုပေးပါ့မယ်။ ညီမလေးကို ကြင်ကြင် နာနာ ဆက်ဆံပေးပါ။တူလေးတွေ၊တူမလေးတွေ မွေးပေးပါ။ ကျွန်တော်နဲ့ ပတ်သတ်တဲ့သူတွေကို ဒုက္ခမပေးပါနဲ့။ '
နှင်းထန် အောင်မြင်သူအပြုံးဖြင့် မိုးစက်ကို ပွေ့ဖက်ကာ ပြောလိုက်သည်။ သူလိုချင်တာကိုရတော့မည်ဖြစ်လို့ ပျော်နေသည်။ သို့သော် ဒါကို မိုးစက်သိအောင် ထုတ်မပြရဲပေ။ ယခု မိမိ တကယ်ရက်စက်သည်ဆိုသည့် အသိကြောင့် မိုးစက် အလျော့ပေး တာဖြစ်လို့ မိမိကို လန့်လက်စနှင့် လန့်အောင်သာ ထားလိုက်တော့မည်။
'ဒီလိုမှပေါ့။ မိုးစက် ကိုယ့်စကားနားထောင်ရင် ကိုယ်ချာတိတ် ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးဖို့ စဉ်းစားထားပါတယ်။ ကိုယ့်ကို စွန့်ပစ်ရင် ကိုယ်က အားလုံးကို ဖျက်စီးပစ်ဖို့ ဝန်မလေးဘူး မိုးစက်။ '
'အကိုက ရက်စက်တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော့်ကို မခြိမ်းခြောက်ပါနဲ့။'
'မင်းက ရက်စက်တတ်သူနဲ့မှ အဆင်ပြေတာ။မင်းကိုကြင်နာနေရင် ကိုယ့်ကို ရင်နာ အောင်အမြဲလုပ်တယ်။ ဘယ်တော့မှ ကိုယ့်အချစ်ကို မလေးစားဘူး။အသိအမှတ်မပြုဘူး'
'အဲ့လို မဟုတ်ပါဘူး အကိုရာ။ ကျွန်တော်က အစကတည်းက ညီမလေး နေရာကို အစားဝင်ခဲ့တဲ့သူလေ။ အားလုံးကို ပုံမှန်အတိုင်း ပြန်လုပ်ပေးချင်တာပါ။ အခု အကိုက အတင်းအကျပ်ကိုင်မှတော့ ကျွန်တော် လိုက်လျောရတော့မှာပေါ့။ ဒါကြေင့် အကို ကျွန်တော်နဲ့ အတူနေတာ ညီမလေးကို မပြောရဘူး။ ညီမလေး သိရင် အရမ်းကြေကွဲသွားလိမ့်မယ်။'
'မိုးပွင့် သိပြီးသားပါ။ကိုယ့်အကို ကိုပြိုင်ပြီး လုရဲတဲ့ သူ့စိတ်ဓါတ်ကို ကိုယ်အံ့သြတယ်။'
မိုးပွင့်ကို အပြစ်ပြောသဖြင့် မိုးစက် မခံချင်ဖြစ်သွားသည်။ မိုးပွင့်လေး၏ ခင်ပွန်းလောင်းကို မိမိက လုယူထားနေမိတာကို သူက ဘာကြောင့် ဒီလိုပြောရက်တာလဲဟု တွေးကာ စိတ်မကောင်းဖြစ်မိသည်။
'အစကတည်းက သူ အကို့ကို စိတ်ဝင်စားလို့ ကျွန်တော် အကို့နားကို လာခဲ့တာပါ။ ပြောချင်းပြောရရင် ကျွန်တော်ကမှ သူ့ချစ်သူကို လုယူသူပါ။ ကျွန်တော့်ရှေ့မှာ ကျွန်တော့် ညီမကို အပြစ်မတင်ပါနဲ့။ အားလုံးက ကျွန်တော့် အပြစ်တွေပါ။'
နှင်းထန်သည် မိုးစက်ကို နမ်းလိုက်ပြီး စိတ်မောလူမောနှင့်ပြောလိုက်သည်။
'ကောင်းပါပြီ ချာတိတ်ရာ။ ကိုယ့်ချစ်သူလေး မကြိုက်ရင် မင်းရဲ့ညီမအကြောင်း ဘယ်တော့မှ မဝေဖန်တော့ပါဘူး။ အခုတော့ လာပါဦး။ ကိုယ့်ကို လက်ခံတဲ့ အထိမ်းအမှတ်နဲ့ ချစ်သူလေးဘက်က ကြည်ကြည်ဖြူဖြူနဲ့ပေးတာ လက်ခံပါရစေဦး။'
မိုးစက် မျက်မှောင်ကြုတ်ကာ ငြင်းလိုက်သည်။ သူ မရှက်ပေမယ့် မိမိရှက်သည်။
'အကိုက အခွင့်ရေးယူပြီဗျာ။ တော်ပြီ။ နောက်နေ့မှာ။ '
'မရဘူး။ လာခဲ့။ '
မိုးစက် သူ့ရင်ခွင်အောက်သို့ ရောက်ကာ တဖန်မိန်းမောသွားရပြန်သည်။ သူ့အနမ်းများကိုခံယူရင်း မိမိမြန်မာပြည် ပြန်လာလျှင် ညီမလေး စိတ်ဆိုးမည်ကို တွေးနေမိသည်။
---------------------------
မိုးစက်ထံမှ ကတိကို ရသောအခါနှင်းထန် ပျော်သွားသည်။ သူလေးက မိမိကို ဘယ်လိုကတိပေးသည် ဖြစ်စေ မိမိဘေးတွင် ကြာရှည်နေမည်မဟုတ်ပေ။ အခွင့်ရေးရသည်နှင့် ထွက်ပြေးပြန်ဦးမည်ကို သိသဖြင့် နှင်းထန် စိတ်မချနိုင်ပေ။ ဒါကပင် မိုးစက်ကို မိမိ ပိုပြီး လိုချင်စိတ်ဖြစ်စေသလားတော့ မသိတော့ပေ။ မရတာ ပိုပြီးလိုချင်တာ လူတွေရဲ့ အကျင့်မဟုတ်လား။ မိမိကို မိုးစက် စိတ်ရော ကိုယ်ပါ ချစ်လာအောင် လုပ်ဖို့ဆုံးဖြတ်ထားသည်။ သူ့အသွေး အသားထဲကကို မိမိကို စွဲလမ်း လာဖို့အရေးကြီးသည်။ ထို့ကြောင့် နှင်းထန်သည် မိုးစက် မိမိနှင့် အတူနေသောအခါ ပိုပိုပြီး ခံစားတတ်လာစေရန် လုပ်ပေးနေခြင်းဖြစ်သည်။
မိုးစက်သည် အိပ်ယာမှ ဖြတ်ခနဲနိုးလာသောအခါ အိပ်ပျော်နေသော သူ့မျက်နှာကိုမော့ ကြည့်ကာ တိတ်တိတ်လေး စဉ်းစား နေမိသည်။ သူဒေါသထွက်သောအခါ ကြမ်းတမ်း သော်လည်း မိမိကို တကယ်ချစ်သည်ကို ခံစားမိပါသည်။ သူ့အသက်အရွယ် ၊သူ့ဂုဏ်ကို ပင်မငဲ့ကွက်ပဲ မိမိကို ပြုစုပေးသည်က သူ့အချစ်ကိုဖော်ပြနေသည်။သူ့အထိအတွေ့ များက မိမိကို တဖြည်းဖြည်း စွဲလမ်းလာစေသည်။ မိမိ ယောကျ်ားစစ်စစ်ပါဟု ကိုယ့်ကိုယ်ကို သတိပေးနေသည့်ကြားမှ သူ့ရင်ခွင်ရောက်တိုင်း စိတ်လှုပ်ရှား သာယာမိလာသည့် မိမိအဖြစ်ကိုရွံမုန်းမိသည်။ သူနှင့်ချစ်ရသည်ကို ရှက်သည့်ကြားမှ တဖြည်းဖြည်းနှင့် သူ့ရင်ခွင်ထဲ နေသားကျ လာသည်ကို ထိတ်လန့်လာမိသည်။
ဖြောင့်စင်းသောနှာတံ၊ ထူထဲပေါ်လွင်သော မျက်ခုံးများ၊ တည်နေလျှင် ခက်ထန်သော်လည်း ရယ်လိုက်လျှင် ကလေးလို ဖြူစင်သော မျက်နှာနှင့် သူဌေးသားကိုလူချောက မိမိကိုချစ်ကာ မိမိဘဝကို အပိုင်သိမ်းလိုက်မည်ဟု ယောင်လို့တောင် မစဉ်းစားမိပေ။ကိုရန်နိုင် မိမိကိုလာကြိုက်စဉ်က ပထမကိုရန်နိုင်ကို စိတ်ဆိုးကာ အထင်သေးခဲ့ဖူးသည်။ ယောကျ်ားချင်း အကြိုက်ခံရသည့်အတွက် သူငယ်ချင်း များကြားအရှက်ရခဲ့ဖူးသည်။ ယခုလို ဒေါက်တာနှင်းထန်က မိမိကို ချစ်ရုံမျှမက အပိုင်သိမ်းခံရမည်ကို ကြိုသိခဲ့လျှင် မိုးပွင့် ဘယ်လောက်တောင်းဆိုပါစေ မိမိသူ့ဘေး ယောင်လို့တောင် လာခဲ့မည် မဟုတ်ပေ။ သူ့ကို မိမိ တဖြည်းဖြည်း တွယ်တာ လာမည်ကိုကြိုသိခဲ့လျှင် ရန်ကုန်မြေကိုလည်း နင်းမည် မဟုတ်ပေ။ ယခုတော့ ကြိုမမြင်နိုင်သော အကြောင်းတရားကြောင့် သူ့ အချစ်ပိုက်ကွန်ဝယ် မိမိငြိတွယ်နေမိပြီ။
မိမိ၏ကိုယ်ကို စတေးပြီးမှတော့ သူနှင့် ညီမလေး၏ ရင်သွေးကို ရအောင်ယူရမည်။ ညီမလေးဆိုမှ ယခု မြန်မာပြည်သို့ သူနှင့်အတူ မိမိလိုက်သွားလျှင် ညီမလေး မိမိကိုပင် ရိုက်မလား မသိတော့ပေ။ ငယ်ကတည်းက ချူချာသော ညီမလေးကို သနားပြီး အလိုလိုက် အလျှော့ပေးခဲ့သည်မှာ အရိုးထဲစွဲလို့နေပြီ။ မိမိအပေါ်ကို ညီမလေး သိပ်မချစ်သည်ကို သိသော်လည်း မိုးစက် ညီမလေးကို ခွင့်လွှတ်ပြီး ချစ်နေဆဲ ဖြစ်သည်။
မိမိ စဉ်းစားနေစဉ် သူနိုးလာသည်။ သူက မိုးစက်၏ နုတ်ခမ်းကိုနမ်းကာ ကျီစယ်တော့သည်။ တွေ့စက ဒီလို ကျီစားသည့် စကားကို ပြောတတ်မည်ဟု လုံးဝမထင်ခဲ့ပေ။ သူ စိတ်ချမ်းသာနေရင် ကလေးလိုလည်း ချွဲတတ်သည်။ ပြီးတော့ မိမိရှက်ရလောက်အောင် လည်း မချစ်သည်းတတ်သေးသည်။
"မောနင်း ကိုယ်က အရမ်းချောလို့ စိုက်ကြည့်နေတာလား ချာတိတ်လေး။"
မိုးစက် သူ့ရင်ခွင်မှ ရုန်းထွက်ကာ ရှက်ရှက်နှင့်ပြောလိုက်သည်။
"အကို မကောင်းဘူးဗျာ။ နိုးနေရဲ့သားနဲ့ မထဘူး။ ဖယ်တော့ဗျာ"
"နေပါဦး။ ကိုယ့်ချစ်သူလေးကို ဖက်ပြီး ခဏဇိမ်ယူပါရစေဦး။ မနက်တိုင်း ချစ်သူလေးကို ဖက်ပြီး နိုးထလာရတာ ဘယ်လောက် စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတာ ခင်ဗျားလေး မသိသေးပါဘူးကွာ။"
မိုးစက်သူ့စကားကြောင့် စိတ်မကောင်းဖြစ်သွားသည်။ သူ့ခံစားချက်ကို မိမိကောင်းစွာ သိပါသည်။ သူ့ကိုလည်း မိမိ ဒီလိုခံစားရ သောကြောင့်ဖြစ်သည်။ သူ့အပေါ်ခံစားချက် ရှိလာသည့်အတွက်လည်း မိမိကိုယ်ကို အပြစ်မကင်းသလို ခံစားရသည်။ ညီမလေး၏ ခင်ပွန်းအပေါ် ခံစားချက်ရှိသည်က ညီမလေးကိုသစ္စာဖောက်သည်နှင့် အတူတူဖြစ်သည် ဟု ယူဆမိသောကြောင့်ဖြစ်သည်။
နှင်းထန်သည် မျက်နှာ ညှိုးသွားသော မိုးစက်လေး၏ ခံစားချက်ကို တမျိုးထင်ကာ သက်ပြင်းရှိုက်လိုက်ပြီး သူ့ကို လွှတ်လိုက်သည်။
"ဒီနေ့ အပြင်သွားလည်မယ်။ မင်းနဲ့ ကိုယ် အတူလျှောက်မလည်ဖူးသေးဘူး။"
"လည်ဖူးပါတယ်။ လက်မထပ်ခင်ကလေ။"
"အဲ့ဒါ မိုးပွင့် အဖြစ်နဲ့လေ။ အခုက မိုးစက်နဲ့ အတူလည်မယ်။ လာ...ရေ အတူချိုးမယ်။"
"ဟာ.. မလာနဲ့နော်။ တယောက်တည်းချိုးမှာ။"
သူ့စကားကြောင့် မိုးစက် တွန့်သွားပြီး အမြန်ထပြေးကာပြောလိုက်သည်။ သူက မိုးစက်လန့်သွားသည့်ပုံလေးကို သဘောကျကာ တဟားဟားရယ်ကာ ကျန်ရစ်ခဲ့သည်။ ထိုအခါမှ သူ မိမိကို စနေမှန်းသိတော့သည်။ ဟက်ဟက်ပက်ပက်ရယ်နေသော သူ့မျက်နှာ ကို ကြည့်မိစဉ် မိုးစက်၏ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည်။
"ဘုရား.. ဘုရား သူ့အပြုံးက မိမိကို ညှို့နိင်လှချည်လား။ ရူးတော့မှာပဲ။ ကျွန်တေ်ာ့ အသည်းကို ချမ်းသာပေးပါ အကိုရာ။"
မိုးစက် ရေချိုးရင်း တီးတိုးပြောနေမိသည်။ သူ့နှင့် နေတာကြာသွားလျှင် သူ့ကို ချစ်မိ သွားမှာကြောက်မိသည်။ သူနှင့် မိမိသေ သည်အထိ ဘဝခရီးကို လျှောက်ဖို့မဖြစ်နိုင်မှန်း သိသဖြင့် သူ့အပေါ် ခံစားချက်ရှိခြင်းသည် ကိုယ့်အသည်းကိုပြန်ခွဲသည်နှင့် အတူတူဖြစ်သည်။ ထို့ကြောင့် မိုးစက် သက်ပြင်းရှိုက်ကာ သူ့အကြောင်းကို ခေါင်းထဲမှ ထုတ်ရန် ကြိုးစားလိုက်သည်။
နှင်းထန်သည် မိုးစက်၏ လက်ကိုတွဲကာ တကယ့်ချစ်သူတွေလို၊ ဟန်းနီးမွန်း ထွက်လာသည့် စုံတွဲတွေလို နေရာအစုံ လျှောက်လည်ပစ်လိုက်သည်။ နာမည်ကြီး စားသောက်ဆိုင်များတွင် အတူစားရင်း မိုးစက်နှင့်အတူရှိသည့် အချိန်လေးကို အဖိုးမဖြတ်နိုင်သည့် ရတနာပမာ တန်ဖိုးထားကာ ခံစားနေလိုက်သည်။ မိုးစက်၏လက်လေး ကို ဆုပ်ကိုင်ထားရစဉ် အားအင် အပြည့်ရှိသလို ခံစားရသည်။ ချစ်သူလေးကို နံဘေးတွင်ထားကာ ကော်ဖီတစ်ခွက်သောက်လျှင်ပင် အရသာက ပိုထူးကဲသလိုပင်။
မိုးစက်သည် လူများသည့်နေရာသို့သွားသောအခါ နှင်းထန်၏ လက်ကို မသိမသာဖြုတ်ချတတ်သည်။ အတူစားသောက်သည့်အခါ နှင်းထန်က ခွံကျွေးသည့်အခါ မျက်နှာနီကာ ငြင်းတတ်သည်။
"အကိုကလည်းဗျာ... ဒီလို မလုပ်ပါနဲ့။ ပုံမှန်လိုပဲ နေရအောင်ဗျာ။"
နှင်းထန်သည် သူ့စကားကို ကြားသော် ရင်နာရပြန်သည်။
"မင်းနဲ့ကိုယ်က လင်မယားလေ။ ခုလို ယုယကြင်နာတာ ပုံမှန်ပဲလေ။ ကိုယ်ခွံကျွေးတာ အေးဆေးစားနော်။ မဟုတ်ရင် ကိုယ် ဖက်နမ်းပြီး ကြေငြာလိုက်မှာ.. ဘာမှတ်နေလဲ။"
"အကိုက ထစ်ခနဲရှိ လူကို သိပ်အနိုင်ကျင့် မနေနဲ့ဗျာ။ ကိုယ့်လက်ခုပ်ထဲက ရေဆိုပြီး အရမ်းနိုင်စားတာပဲ။"
မိုးစက်က သူ့ကို မကျေမနပ်ကြည့်ကာ သူခွံကျွေးသည်ကို အမြန်စားရင်း စူပွပွပြောလိုက်သည်။ နှင်းထန်က သူ့ပုံစံလေးကို အူယားစွာကြည့်ကာ မချင့်မရဲနှင့်ပြောလိုက်သည်။
"အဲ့ဒါ အနိုင်ကျင့်တယ်လို့မခေါ်ဘူး ချာတိတ်။ မင်းလေးကလေ... အခုထိ ကြင်နာတာလား၊ အနိုင်ကျင့်တာလားဆိုတာ ခွဲမသိသေးပါလား။ သေသေချာချာ သိအောင်ပြပေးမှ ထင်တယ်။ ကဲ ညကျရင် အနိုင်ကျင့်ခြင်းရဲ့အဓိပ္ပါယ်ကို သေချာသိအောင် လုပ်ပေးမယ်"
မိုးစက် ညကျရင် သူဘာလုပ်တော့မည်ကို သိသဖြင့် မျက်နှာစူပုပ်ကာ မကြည်မသာဖြင့်ပြောလိုက်သည်။ ယခုလည်း သူ့လက်ထဲ ကိုရောက်ပြီးကတည်းက တညမှ ကောင်းကောင်းမအိပ်ရသေးပေ။
"အကိုနော်.. ထစ်ခနဲရှိ ဒါပဲ ပြောနေတယ်။ ကျွန်တော် ငိုချင်လာပြီ။ တော်ပါပြီ။ အကို့ကို အရှုံးပေးပါပြီ။ စကားမှားသွားတာ တောင်းပန်ပါတယ်ဗျာ။ကျွန်တော်မျိုး အမိုက်အမဲ ကို ဗွေမယူပါနဲ့ ခင်ဗျာ။"
နှင်းထန် သည်မိုးစက်၏ အမူအယာလေးနှင့် စကားပြောဟန်လေးကြောင့် လက်လေးကို တချက်ညစ်ကာ သက်ပြင်းရှိုက် ပြီးပြောလိုက်သည်။
"အရင်ဘဝက မင်းအပေါ် ကိုယ်အချစ်ကြွေးတွေများတင်ခဲ့သလား မသိတော့ပါဘူးကွာ။ မင်းရဲ့ အမူအယာနဲ့ စကားပြောပုံလေး တွေက ကိုယ့်ကို အရမ်းညှို့ငင်တာပဲ၊ ကိုယ့် နှလုံးသားကို တည်ငြိမ်နေတဲ့ ကိုယ့်နှလုံးသားကို ဖမ်းစားပြီး ပြုစားလိုက်တာ.. မင်းက စုန်းထီးလေးပဲ မိုးစက်။ မင်းနဲ့တွေ့မှ ကိုယ့်ရဲ့ဘ၀ ဗြောင်းဆန်သွားတော့တာပဲကွာ။"
အကိုနှင်းထန်၏ တည်ငြိမ်စွာပြောနေသော မျက်နှာအမူအယာနှင့် လေသံကိုကြားသော် မိုးစက် အလိုလို ငိုချင်လာသည်။ မျက်ဝန်း ထဲ မျက်ရည်တို့ဖြင့် လက်လာပြီး သူ့ကို မခံချင်စွာဖြင့် ပြန်ပြောလိုက်သည်။ သူကမှ မိမိကို မချစ်တတ် ချစ်တတ်အောင်ပြုစားခဲ့ သည့် ကဝေကြီးဖြစ်သည်။
"ကျွန်တော် အကို့ကို တခါမှမပြုစားရပါဘူးဗျ။အကို့ကို ဒုက္ခရောက်အောင်လုပ်ဖို့ ဘယ်တုနု်းကမှ စိတ်မကူးခဲ့ဖူးဘူး။ ကျွန်တော် တွေ့ဖူးသမျှ ယောကျ်ားတွေထဲမှာ အကိုက စိတ်ရင်း အကောင်းဆုံး၊အတည်ငြိမ်ဆုံးပါ။ အကို့ကို ကျွန်တော့် အကိုရင်းလို
သဘောကျခဲ့လို့ ယောက်ဖတော်ချင်ခဲ့တာပါ။ကျွန်တော့်ကို စုန်းထီးလေးလို့ မပြောပါနဲ့။"
နှင်းထန်သည် မိုးစက်၏ စကားကြောင့် တိတ်တိတ်လေး ကြိတ်ပျော်သွားသည်။ ဘာပဲပြောပြော သူ့ရင်ထဲ မိမိရှိနေလေပြီ။ နှင်းထန် သည် မိုးစက်၏ မျက်ရည်ဝဲနေသည်ကို ကြည့်ရင်း ရင်ထဲမှ အချစ်တို့က ဒီရေအလားတိုးလာသည်။ ထို့ကြောင့် အစားကို လက်စသတ်ကာ ငွေရှင်းပြီးနောက် မိုးစက်၏ လက်ကိုဆွဲကာ ထွက်လာခဲ့သည်။
"ချာတိတ်... ပြန်ရအောင်။ ကိုယ် အရေးကြီး ကိစ္စရှိလို့ သွားကြစို့...."
မိုးစက်က ဘုမသိ ဘမသိဖြင့် သူဆွဲခေါ်ရာနောက်သို့ပါလာခဲ့သည်။ မိမိတို့ နေသော တိုက်ခန်းကို ရောက်မှ မေးလိုက်မိသည်။
"အကို အလုပ်ကိစ္စလုပ်စရာ ကျန်နေလို့လား။ ကျွန်တော်ကူပေးမယ်လေ။"
"အင်း ချာတိတ်ကူပေးရမှာ။"
"ကျွန်တော် ဘာလုပ်ပေးရမလဲ အကို။ ပြောပါ။"
မိုးစက် တကယ့်ကို ရိုးရိုးသားသားဖြင့် သူ့အလုပ်ကို ကူပေးရန် မေးလိုက်သည်။ သူက မိုးစက်၏ ကိုယ်လေးကို ခုတင်ပေါ်တွန်းလှဲ ကာ အပေါ်မှ ဖိထားပြီး တိုးတိုးပြောလိုက်သည်။
"ကိုယ့်ရင်ထဲက မုန်တိုင်းထန်နေတဲ့အချစ်ကိုငြိမ်အောင် ကူညီပေးပါ။ မင်းဆီက အကူအညီ ဒီတချက်ပဲလိုတယ် မိုးစက်... ချစ်တယ် မိုးစက်ရယ်။ အရမ်းချစ်တယ်။ မင်းကိုယ့်ဘေးမှ နေပေးပါ။ အရာအားလုံးကို ကိုယ်ရင်ဆိုင်ဖြေရှင်းရဲတယ်။ မင်းက ကိုယ့် ရဲ့ ခွန်အားပါ။ ကိုယ့်ဘဝရဲ့ အလင်းရောင်ပါ။ မင်းမရှိရင် ကိုယ်ရူးသွားမှာ သေချာတယ်။"
မိုးစက်သည် သူ့စကားများကို ကြားသော် တင်းမထားနိုင်တော့ပဲ သူ့လည်ပင်းကိုဖက်ကာ သူ့အနမ်းကို တုန့်ပြန်မိတော့သည်။ မိုးစက် သတိဝင်လာချိန်တွင် သူ့မျက်နှာကို မကြည့်ဝံ့အောင် အရှက်သည်းနေတော့သည်။
"ကိုယ့်ဘက်လှည့်ပါအုံး ချစ်လေး။ မိုးစက်လေး ကိုယ့်ကို ချစ်ရဲ့သားနဲ့ ဘာကြောင့် ငြင်း နေချင်ရတာလဲကွာ။ "
"ဟင့်အင်း မချစ်ဘူး။"
"ကိုယ့်မျက်လုံးထဲကြည့်ပြီးပြော။ ကိုယ့်ကို တကယ်မချစ်ဘူးလား။"
သူက မိုးစက်ကို ဆွဲလှည့်ကာ အကြည့်ခြင်းဆုံပြီးမေးသဖြင့် မိုးစက် ခေါင်းအုံးဖြင့် မျက်နှာကို အုပ်ထားပြီးရှက်ရှက်နှင့် အော်လိုက် တော့သည်။
"မချစ်ဘူး။ မချစ်ဘူးဗျာ။ ဘာတွေလာမေးနေတာလဲ။ "
နှင်းထန် သည် အရှက်ကြီးသော ကောင်လေး၏ ခေါင်းအုံးကို ဆွဲဖယ်ကာ နူတ်ခမ်းလေးကို မက်မက်မောမောနမ်းကာ ချစ်သမျှကို အသံတိတ်ဖော်ပြလိုက်သည်။ မိုးစက်သည် သူ၏ ကျွမ်းကျင်သော အနမ်းများအောက် ကျရှုံးသွားရပြန်သည်။
နှင်းထန်သည် ချစ်သောကောင်လေးကို မြန်မာပြည်သို့ အပါပြန်ခေါ်ခဲ့နိုင်သဖြင့် ကျေနပ်လို့ မဆုံးတော့ပေ။ လေယာဉ်ကွင်းမှ အိမ်သို့ပြန်ရန် ကားပေါ်တက်လိုက်စဉ် မိုးစက် မေးလိုက်သည်။
"အကို ... အခု ဘယ်ကို သွားမှာလဲ။"
"ကိုယ့်ရဲ့ အိမ်ပေါ့။ ချာတိတ်က ဘယ်ကို သွားချင်လို့လဲ။"
မိုးစက် လန့်သွားသည်။ သူ တကယ့်ကို ညီမလေးအတွက် ထည့်မတွက်ပါလားဟု တွေးကာ ဝမ်းနည်းသွားသည်။
"အကို.. အိမ်မှာ မိုးလေး ရှိတယ်မဟုတ်လား။ ကျွန်တော် ဘယ်လို မျက်နှာနဲ့ မိုးလေးကို မျက်နှာချင်းဆိုင်ရဲမှာလဲ။"
"သူ့ကို ဘာလို့မျက်နှာချင်း မဆိုင်ရဲရမှာလဲ။ မင်းက ကိုယ့်ချစ်သူလေ။ "
"အကို တော်ပါတော့ဗျာ။ အကိုတို့ အသိုင်းအဝိုင်းမှာ ကျွန်တော်က ညီမယောက်ျားကို ခိုးတဲ့ အခြောက်ဆိုပြီး လူတကာ တံတွေးခွက်မှာ ပက်လက်မျှောစေချင်လို့လား။ ကျွန်တော့် အမျိုးတွေနဲ့ အကို့ ဒက်ဒီက ကျွန်တော်ကို သတ်မှပေါ့။ "
"မင်းကို ပြောတဲ့သူ ရှိရင် အားလုံးကို ကိုယ်ဖြေရှင်းလိုက်မယ်။ မင်းနဲ့ကိုယ် လုံးဝခွဲမနေနိုင်ဘူးနော်။ ကိုယ် အသက်သာ အသေခံလိုက်မယ်။ မင်းကို လုံးဝလက်မလွှတ်ဘူး။"
မိုးစက် ဒေါသထွက်လာသော သူ့ကို အမြန်နှစ်သိမ့်လိုက်ရသည်။
"အကိုကလည်း။ ဒေါသချည်းပဲ။ ကျွန်တော်ပြောတာ နားထောင်ပါအုံး။ အကို နဲ့ ကျွန်တော် သဘောတူထားတယ်လေ။ ညီမလေးကို လုံး၀ မသိစေရပါဘူးဆို။ ပြီးတော့ အကို့ အိမ်မှာဆိုရင် ဒေါ်ပိုတို့ရှိတယ်။ အကိုနဲ့ ကျွန်တော် ဘယ်လိုတွေ့လို့ ရမှာလဲ။ အကိုပိုင်တဲ့ကွန်ဒိုတိုက်ခန်းရှိတာပဲ။ကျွန်တော် အဲ့မှာသွားနေမယ်လေ။ ဒါဆိုကျွန်တော်တို့ကို ဘယ်သူမှ မနှောက်ယှက် နိုင်တော့ဘူး။ "
နှင်းထန်သည် မိုးစက်၏ စကားကြောင့် တစ်ချက်တွေဝေသွားသည်။ မိုးစက် မိမိကို အချိုသတ်ပြီး ထွက်ပြေးပြန်မှဖြင့် ဟုတွေးကာ စိတ်မချနိုင်ဖြစ်သွားသည်။
"နော်.. အကို။ ကျွန်တော် ကွန်ဒို မှာပဲ နေပါရစေ."
"မင်း ထပ်ပြီး ထွက်ပြေးရင် ဘယ်လိုလုပ်မှာလဲ မိုးစက်။"
"အကိုရာ အကို့လက်ထဲမှာ ကျွန်တော့်သူငယ်ချင်းရဲ့ အနာဂါတ်ရှိနေမှတော့ ကျွန်တော့်ကို သံကြိုးနဲ့တုပ်ထားတာထက်တောင် မြဲပါသေးတယ်။ အကို့ဘေးကနေ ကျွန်တော် ဘယ်မှ ထွက်မပြေးပါဘူး။ "
မိုးစက်က ရယ်မောကာ သူစိတ်အေးစေရန် နှစ်သိမ့်လိုက်သည်။ နှင်းထန် မိုးစက်ပြောသည်ကို ခဏစဉ်းစားပြီးမှ လက်ခံသွားသည်။
"ကောင်းပြီလေ။ ဒါဆို ချာတိတ် ကွန်ဒိုမှာပဲ နေပေါ့။ ကိုယ့်ကို ချာတိတ် ညစာကောင်းကောင်း ကျွေးရမယ်နော်။ "
"ကျွန်တော် ဟင်းချက်တော့ မကောင်းဘူးနော်။အကိုစားချင်တာပြောလေ။ အင်တာနက် ကနေရှာပြီး ကျွန်တော် ချက်ထားပါ့မယ်။"
သူရိုးရိုးတန်းတန်းပြောနေသည် အောက်မေ့ပြီး မိုးစက်ပြန်ဖြေလိုက်သည်။ နှင်းထန်သည် မိုးစက်၏ နားရွက်ကို ဖွဖွကိုက်ကာ လှိုက်မောစွာပြောလိုက်သည်။
"ကိုယ် ချာတိတ်ကို စားချင်တယ်။ ကိုယ့်ကို အဝကျွေးရမယ်နော်။ "
မိုးစက်၏ မျက်နှာနီသွားပြီး သူ့ကို တွန်းဖယ်ကာ ခပ်ဆတ်ဆတ်ပြောလိုက်သည်။ တခါတလေ သူကဲလွန်းလှသဖြင့် မိုးစက်မျက်နှာ ရှိန်းခနဲကိုဖြစ်ဖြစ်သွားမိသည်။
"ဟာ အကိုကလည်းဗျာ။ ဒီက စကားအကောင်းပြောနေတာကို ဖောက်လာပြန်ပြီ။ ကဲ.. ကျွန်တော့်ကို ကွန်ဒို လိုက်ပို့တော့ဗျာ။ ပြီးရင် အကို အိမ်ပြန်တော့။ အကို့ဒယ်ဒီ မျှော်နေလိမ့်မယ်။"
"ဒီည ချာတိတ်နဲ့ အတူအိပ်ချင်တယ်။"
"အကို မဆိုးနဲ့ဗျာ။ မကောင်းပါဘူး။ ဒီည အကိုအိမ်ပြန်အိပ်လိုက်ပါ။ ကျွန်တော်တို့မှာ အချိန်တွေ အများကြီးရှိပါသေးတယ်။ အကို မနက်လာရင် ကျွန်တော် ဟင်းချက်ကျွေး မယ်လေ။"
"ဟင်းမစားချင်ဘူး။ ကိုယ်စားချင်တာ ချာတိတ်ကျွေးမှာလား။"
"အင်း.. ကျွေးမယ်ဗျာ။ ဒီည အိမ်ပြန်တော့။ "
မိုးစက် သူသွားရန် ကတိမြန်မြန်ပေးလိုက်သည်။ နှင်းထန်သည် အိမ်ပြန်ကာ မျက်နှာပြရမည်ကို သတိရကာ သက်ပြင်းရှိုက်ပြီး မိုးစက်ကို ပြောလိုက်သည်။
'ပြီးမှ ကတိမဖျက်နဲ့နော်။ '
'မဖျက်ပါဘူး။ အကိုသာ ကျွန်တော်ပါလာတာ ဘယ်သူမှ မရိပ်မိအောင် နေပေးပါ။'
'ကိုယ်က အားလုံးကို အသိပေးပြီး ချာတိတ်ကို တရားဝင်တွဲချင်တယ်။ကိုယ်က ချာတိတ်ကို တိတ်တဆိတ်ခြေတော်တင်ချင်တာ မဟုတ်ဘူး။မင်းက ကိုယ့်ချစ်သူဆိုတာ ကိုယ်အားလုံးကို ဖွင့်ပြောရဲတယ်။'
'အကိုရယ် သဘာဝလွန်ကိစ္စကို မြန်မာနိုင်ငံက သိပ်လက်မခံနိုင်ကြသေးဘူး။ လူသိတာ မသိတာထက် အကိုကျွန်တော့်ကို ချစ်ဖို့ က ပိုအဓိကကျပါတယ်။ အခုလိုနေတာ အားလုံးအတွက်လည်း အဆင်ပြေပါတယ်။ '
နှင်းထန် မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြင့်ပြောလိုက်သည်။ ဟုတ်သည်။ သူများသားမယားကိုခိုးတာလည်း မဟုတ်။ ကိုယ်နှင့် တရားဝင်လက်ထပ်ထားသည့်သူနှင့် အတူနေမည်ကို ဟိုဟာငဲ့၊ ဒီဟာငဲ့နှင့် ဆိုတော့ ကြာတော့ နှင်းထန် အသည်းပေါက်လာ ခဲ့သည်။ ထို့ကြောင့် အိမ်ပြန်ရန် အတင်းတိုက်တွန်းနေသည့် ချာတိတ်လေးကို ရစ်နေမိသည်။
'ကိုယ့်အတွက် အဆင်မပြေဘူးလေ။'
'အဆင်ပြေပါတယ် အကိုရယ်။ အကိုနဲ့ကျွန်တော် ဘယ်သူ့အနှောက်အယှက်မှမခံရပဲ အတူနေလို့ရတာပဲလေ။'
'ဒါ ချာတိတ် စိတ်ထဲကပါလို့ပြောတာလား။ ဒါမှမဟုတ် မင်းညီမဆီ ကိုယ်ပြန်သွားအောင် ချွေးသိပ်နေတာလား။'
'အကို မယုံလည်းပြီးရောဗျာ။ ကျွန်တော် ဘာမှမပြောတော့ဘူး။'
မိုးစက် စိတ်ဆိုးချင်ယောင်ဆောင်ကာ တဖက်သို့လှည့်သွားလိုက်သည်။ နှင်းထန် ကထိုအခါမှ တစ်ထစ်လျှော့ကာ မိုးစက်ကို ချော့လိုက်သည်။
'ကဲပါ... ကိုယ် ချာတိတ်ကို မရစ်တော့ပါဘူး။ ခရီးလည်းပန်းနေပြီ။ နားရအောင် ကိုယ် ကွန်ဒိုကို လိုက်ပို့ပေးမယ်။ မနက်ကျရင် တွေ့မယ်နော်။'
မိုးစက် ထိုအခါမှ သက်ပြင်းချမိသည်။ သူ မိုးစက်ကို အခန်းထဲထိလိုက်ပို့ပေးပြီး နူတ်ဆက်ကာ ပြန်သွားသည်။
ဝေးကွာသွားသော သူ့ကျောပြင်ကိုကြည့်ကာ မိုးစက် ရင်ထဲဟာသွားသလို ခံစားလိုက်ရသည်။ ပြီးမှ သက်ပြင်းရှိုက်ကာ ခရီးဆောင်အိတ်ကို ချကာ အဝတ်အစားများကို ဗီရိုထဲထည့်ပြီး ဝသုန်ထံသို့ ဖုန်းဆက်လိုက်သည်။
'ဝသုန်.. ငါ.. ပြန်ရောက်နေပြီ'
'မင်းကို အကိုနှင်းထန် ခေါ်လာခဲ့တာလား'
ဝသုန် ယူကျုံးမရစွာနှင့်ပြောလိုက်သည်။ အကိုနှင်းထန်လက်က လွယ်လွယ်နှင့် မိမိသူငယ်ချင်း မလွတ်နိုင်သည်ကို သိလိုက်ပြီး ရင်ထဲ လေးဆင်းသွားတော့သည်။ မိုးစက်သည် ဝသုန် စိတ်မကောင်းဖြစ်နေသည်ကိုသိတော့ ငြိမ်နေလိုက်သည်။ ဝသုန်က အကြောင်းစုံကို ဆက်ပြောပြလိုက်သည်။ ငွေအတွက် မိမိသူငယ်ချင်းကိုရောင်းစားလိုက်သည့် အကောင်အကြောင်းကို ခံပြင်းစွာ ပြောပြလိုက်သည်။
'သူ့ company ထဲကို ကျော်သက်ထွန်း share ထည့်ခွင့်ရသွားတယ် မိုးစက်။ ကျော်သက်ထွန်းက ငွေအတွက် မင်းကို ရောင်းစား သွားပြီ။ ပြီးတော့ ငါ့သီချင်းခွေထွက် ဖို့ နှောင့်နှေးနေတာ သူ့လက်ချက်ပဲကွ။ တေးထုတ်ဝေဖြန့်ချီရေး company မှာ သူက အဓိကငွေရှင် ဖြစ်သွားပြီလေ။ သူက ငါနဲ့မှ ခြိမ်းခြောက်ရဲ့လား။ '
မိုးစက်သည် ခံပြင်းဒေါသထွက်စွာပြောနေသော ဝသုန်၏ စကားကို ကြားသော် စိတ်ပျက်လက်ပျက်နှင့် တချက်ရယ်လိုက်ပြီး နှစ်သိမ့်လိုက်သည်။ ဝသုန်မိမိအတွက် အရမ်းခံပြင်းနေသည်ကို သိသည်။ သို့သော် မိမိလည်း ညီမလေးအတွက် မထူးဇာတ်ခင်းရုံ ပဲရှိတော့သည်။
'ဝသုန်.... မင်း သီချင်းခွေ ကိစ္စမပူနဲ့တော့။ အားလုံး အဆင်ပြေသွားပြီ။ '
'မင်း ဘာတွေ ကတိပေးလိုက်ပြီလဲ။'
'ထုံးစံ အတိုင်းပေါ့။ သူ့ဘေးမှာနေပေးဖို့ပေါ့ကွာ။ ထားလိုက်ပါ။ ငါ့ကြောင့် အားလုံး ဒုက္ခရောက်ရတာတော့ စိတ်မကောင်းဘူးကွာ။ ဦးလေးနဲ့ခမ်းလောင်တို့ အဆင်ပြေ ရင်ပြီးတာပဲကွာ။ ငါတို့ မနက်ဖြန်တွေ့ရအောင်ကွာ။ '
ဝသုန်သည် မိုးစက်ထံမှဖုန်းရပြီးနောက် သက်ပြင်းရှိုက်ရုံသာရှိတော့သည်။ အစွဲအလမ်းကြီးလှသော အကိုနှင်းထန်ကို လက်မြှောက် လိုက်လေပြီ။ ဘာဆက်ဖြစ်မည်ကို မတွေးတတ်တော့ပေ။ မိမိ သူငယ်ချင်း အချစ်ရေးကံကောင်းသလား၊ ကံဆိုးသလား တောင် မသိတော့ပေ။ မိမိတို့ကြောင့် အချစ်နွံထဲ နှစ်သွားရသော သူငယ်ချင်းအကြောင်းတွေးကာ ဝသုန်စိတ် မကောင်းတော့ ဖြစ်မိသည်။ သူငယ်ချင်းအတွက် လိုအပ်တာ အားလုံးလုပ်ပေးမည်ဟု ဝသုန်ဆုံးဖြတ်ထားသည်။ အင်မတန် စိတ်ထားကောင်းသည့် သူငယ်ချင်းလေးကို တသက်လုံး စိတ်ချမ်းသာစေချင်သည်။ သဘောထားပြည့်ဝသော မိန်းမလှလေးနှင့် လည်းအိမ်ထောင်ကျ စေချင်သည်။ ယခုတော့ အချစ်ကြီးသော သူဌေးသား လူချောဖြင့် အိမ်ထောင်ကျနေသလိုဖြစ်နေသည်။ ဝသုန်ဘာဆက်ဖြစ်မည်ကို မတွေးတတ်တော့ပါ။ ဦးမင်းထန်သိလျှင် ပြဿနာတက်မည်ကိုလည်း စိုးရိမ်ရသေးသည်။
မိုးစက်သည် ဝသုန်နှင့် ဖုန်းပြောပြီးနောက် အသင့်ဝယ်လာသော စားစရာများကို ထုတ်စားကာ သူ မရှိသည့်ညကို အိပ်ရေး၀၀ အိပ်စက် လိုက်သည်။ အိပ်မက်ထဲတွင် ညီမလေး နှင့်တွေ့သဖြင့် မိုးစက် တောင်းပန်နေရသေးသည်။ သြော် အိပ်မက်ထဲမှာတောင် ညီမလေးက မိမိကို မကြည်ဖြူပါလားဟု တွေးကာ စိတ်မကောင်းတော့ ဖြစ်မိသည်။
မိုးစက်ကိုမိမိပိုင်တိုက်ခန်းတွင်ထားပြီး နှင်းထန် အိမ်ပြန်လာခဲ့သည်။ မိုးပွင့်က မိမိပြန်လာသည်ကို တွေ့သော်အိမ်ပေါ်မှ ပြေးဆင်းလာပြီး ပြောခဲ့သည်။ နှင်းထန် သူမကို အေးစက်စက်ပြန်ဖြေလိုက်သည်။
"ကိုကိုပြန်လာပြီလား။ ဒယ်ဒီက ကိုကိုပြန်လာရင် လာတွေ့ဖို့မှာထားပါတယ်။"
"နောက်နေ့မှ သွားတာပေါ့"
မိုးပွင့်သည် မိမိကို လုံးဝအလေးမထားပဲ ဝတ်ကျေတန်းကျေ ဖြေကာ ဘေးမှဖြတ်ပြီး အိမ်ပေါ်တက်သွားသော သူ့ကို ကြည့်ရင်း မခံချင်စိတ်က ပြည့်လျှံလာသည်။ တကယ်ဆို သူ မပြောမဆို ပျောက်သွားသည့် တပတ်တာအတွက် လေးစားသမှုဖြင့် တခုခု ပြောသင့်သည်။ ယခုတော့ မိမိက သက်မဲ့အရုပ်တရုပ်လို သူလုပ်သမျှကိုကြောင်တောင်ကြည့်နေရမည်ကိုတော့ လက်မခံ နိုင်ပါ။
"ကိုကို အလုပ်ကိစ္စအားလုံးပြီးခဲ့ပြီလား ကိုကို"
"အင်း"
မိုးပွင့်သည် မိမိကို ကျောခိုင်းကာ ထွက်သွားသော သူ့ကိုရပ်ကြည့်ကာ ငိုချင်လာသည်။သူ့ကို မိမိချစ်ခဲ့မိတာ မှားပြီထင်သည်။
YOU ARE READING
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...