Season - 1အပိုင်း (17)

1.1K 67 1
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (17)

မိုးပွင့်၏ အသံစူးစူးဝါးဝါးကြောင့် မိုးစက် ခေါင်းကြီးသွားသည်။ လှည့်ကြည့်လိုက်သောအခါ မီးဝင်းဝင်း တောက်လုမတတ် မျက်လုံးများဖြင့် မုန်းတီးစွာ စိုက်ကြည့်နေသော မိုးပွင့်ကို တွေ့လိုက်စဉ် မိုးစက် မျက်နှာ ဖြူယော်သွားသည်။ ပတ်ဝန်းကျင်မှ လူများကလည်း မိုးပွင့်၏ အသံကြောင့် အာရုံစိုက်မိလာ သည်။

"ဟယ် ရုပ်တူလိုက်တာ။ သူတို့ နှစ်ယောက်က အမွှာတွေလား။."
"Drama ဇာတ်ကားရိုက်နေတာလား..."
"သူတို့က ဘာတွေလဲဟင်..."
"အဲ့ဒါ အဆိုတော် ဝသုန်ရဲ့ သူငယ်ချင်းမဟုတ်လား။ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘာလား။"

မိုးစက်သည် မိုးပွင့်၏ စကားကြောင့် အားလုံးအရှက်ကွဲရမည်ကိုကြောက်သည်။ မိမိကြောင့် ဝသုန့်ပွဲ ပျက်မည်ကို ပိုစိုးရိမ်သည်။ ထို့ကြောင့် မိုးပွင့်၏ လက်ကို ဆွဲကာ အပြင်သို့ အတင်းဆွဲခေါ်ထွက်ခဲ့ သည်။ မိုးပွင့်က မိုးစက်၏လက်ကို ပုတ်ထုတ်ကာ

"နင် ငါ့ အသားကို လာထိစရာမလိုဘူး မိုးစက်။ နင် ငါ့ကွယ်ရာမှာ ငါ့ယောကျ်ားကို ဘာကြောင့် ဖျားယောင်းသွေးဆောင်ရတာလဲ။"

မိုးစက် သည် မိုးပွင့်၏ ပါးစပ်ကိုလက်နှင့် အတင်းပိတ်လိုက်သဖြင့် နောက်ပိုင်း စကားများ ပီပီသသ မထွက်နိုင်တော့ပဲ ဝူးဝါးဝူးဝါးသာ ထွက်နိုင်တော့သည်။

"အကို မိုးပွင့်ကို ကူဆွဲပေးပါဦး။"

မိုးစက်သည် ရပ်ကြည့်နေသော သူ့ထံ အကူညီတောင်းလိုက်စဉ် သူကမိုးစက်၏ လက်ကိုဆွဲဖယ်ကာ မိုးပွင့်ကို ကလေးပမာ ဆတ်ခနဲ ပွေ့ချီကာ ခေါ်ထုတ်သွားလိုက်သည်။

"ရှင် ကျွန်မကို ချပေး။ ကျွန်မ ရှင်းလို့မပြီးသေးဘူး။ မိုးစက် နင် လာခဲ့။"

ပတ်ဝန်းကျင်မှ လူများက တီးတိုးတီးတိုး ပြောနေကြသောအခါ နှင်းထန် ကအားလုံးကို တောင်းပန် လိုက်သည်။

"တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော့် မိန်းမ စိတ်ကျန်းမာရေး နည်းနည်းချို့ယွင်းနေလို့ပါ။ အားလုံးစိတ် အနှောက်အယှက်ဖြစ်အောင်လုပ်မိတာ တောင်းပန်ပါတယ် ခင်ဗျာ။"

ထိုအခါမှ လူအများက ယုံကြည်သွားကြသည်။

"ဟယ် ကောင်မလေးက သနားစရာလေးဟယ်။"
"ဟုတ်ပါ့။ ဘယ်လိုဖြစ်သွားတာပါလိမ့်။"
"သူ့ ကိုပွေ့သွားတာ သူနဲ့ ဘာတော်ပါလိမ့်။"
"သူ့ယောကျ်ားပေါ့ဟဲ့ နင်ကလဲ။"
"အေးပါ။ အရူးမလင်လုပ်ရတာ တော်တော်စိတ်ညစ်ဖို့ကောင်းမှာပဲနော်။ သူ့ကို ငါ သနား လိုက်တာ အေ။"
"ကောင်မ နင်သနားတာ ငါသိတယ်နော်..."

မိုးစက်သည် တယောက်တပေါက်ပြောနေသော စကားများကို ဆက်လက်နားထောင်နိုင်စွမ်းမရှိတော့ ပေ။ ညီမလေးကို အရူးမပမာပြောနေသည်က မိုးစက်ရင်ကိုခွဲနေသလို ခံစားရသည်။

"အကို ... မိုးလေးကို ဘယ်ခေါ်သွားမလို့လဲ။"

သူက မိုးပွင့်ကို ချီကာ မိမိကားထဲအတင်းထည့်နေသည့် နေရာသို့ မိုးစက်စိတ်ပူစွာ လိုက်မေးသည်။ သူက ပြုံးကာ

"ကိုယ့်မိန်းမကို အိမ်ခေါ်သွားမလို့ပါ။ ဘာလဲ။ ချာတိတ် ညီမလေးကို ရိုက်မှာစိုးလို့လား။ စိတ်ချ။ ကိုယ် သူ့အသားကို လက်ဖျားနဲ့တောင် မထိဘူး။ "

မိုးစက်သည် သူ့မျက်နှာထားကြောင့် ပိုလို့စိုးရိမ်သွားသည်။ သူ တကယ်စိတ်ဆိုးသွားလေပြီ။

"အကို ကျွန်တော်လည်း လိုက်ခဲ့မယ်။"

မိုးပွင့်က မိုးစက်ကို မျက်ရည်ခံထိုးကာ အသနားခံသည်။

"မိုးစက် ငါ့ကို ခွင့်လွှတ်ပါ။ ငါ့ကို သူပစ်ထားလို့ ငါပေါက်ကွဲသွားမိတာပါ။ သူ .. သူ ငါ့ကို လုံး၀ ကရုမစိုက်ဘုူး။ ငါ့ ဗိုက်ထဲက ကလေးကို သနားလွန်းလို့ပါ။ နင် ငါ့ကို စိတ်မဆိုးပါနဲ့နော်။"

မိုးစက်သည် တံခါးကို ခပ်ကြမ်းကြမ်းဆောင့်ပိတ်လိုက်သော အကို့လက်ကိုဆွဲကာ ဒေါသဖြင့်

"အကို့ကို ကျွန်တော် အတန်တန်တောင်းပန်လျက်နဲ့ အကိုလုပ်ရက်တယ်နော်။ ကျွန်တော့် ညီမလေးကို စိတ်ဆင်းရဲအောင်လုပ်တာ ကျွန်တော့်ကို စိတ်ဆင်းရဲအောင်လုပ်တာနဲ့ အတူတူပဲ။ ညီမလေးကို ဆက်ပြီး ဒီ်လိုလုပ်နေမယ်ဆိုရင် ကျွန်တေ်ာ့ဆီ လုံး၀ မလာခဲ့နဲ့။"

နှင်းထန်သည် ချာတိတ်လေးကို စူးခနဲကြည့်ကာ

"မင်းက မင်းညီမ စကားကိုပဲ အမြဲယုံတယ်။ မင်းကိုယ့်စကားကို ဘယ်တော့မှ ယုံမှာလဲ ချာတိတ်။"

"ညီမလေး အရမ်းပိန်သွားတာ သက်သေပဲလေ။ အကိုကရုစိုက်ရင် ဒီပုံထွက်စရာလား။ အကို ရက်စက်တယ်။"

နှင်းထန် သက်ပြင်းချကာ ဘာမှ ဆက်မပြောတော့ပဲ ကားပေါ်တက်ကာ မောင်းထွက်လာခဲ့သည်။

"မိုးစက်... မင်းညီမ လိုက်လာပြီးသောင်းကျန်းလို့ဆို။"

မိုးစက် အထဲသို့ပြန်ဝင်လာသော် ဝသုန်က စိုးရိမ်တကြီးမေးလိုက်သည်။ မိုးစက် သူငယ်ချင်းကို အားနာသွားသည်။ မိမိကြောင့် သူလည်းစိတ်အနှောက်အယှက်ဖြစ်ပေါင်းများလှပြီ။

"အင်း။ ဆောရီးကွာ ဝသုန်။ ငါတို့မောင်နှမကြောင့် မင်းပွဲပျက်တော့မလို့။"

"မင်းနဲ့ငါက ညီအစ်ကိုတွေပါကွ။ ဒါနဲ့ မိုးလေး ဘယ်ရောက်သွားပြီလဲ။"

"အကို ခေါ်သွားပြီ။ ငါလည်းပြန်တော့မယ်။ သူနဲ့ ရှင်းစရာလေး ရှိလို့။"

"ငါ မင်းကို လိုက်ပို့ခိုင်းလိုက်မယ်လေ။"

"နေပါစေ။ မင်း ပရိတ်သတ်တွေနဲ့ တိုက်ရိုက် အမေးအဖြေလုပ်ရအုံးမယ် မဟုတ်လား။ ငါ့ဖာသာ ကားဌားပြန်ပါ့မယ်။ သွားတော့။ ဝင်တော့။"

ဝသုန် သူငယ်ချင်းကို စိတ်မချစွာဖြင့် လှမ်းအော်ပြောလိုက်သေးသည်.။

"အိမ်ရောက်ရင် နားလိုက်ကွာ။ ဘာမှ လျှောက်မစဉ်းစားနဲ့။"

မိုးစက် ခေါင်းညိမ့်ပြကာပြန်လာခဲ့သည်။ မိုးစက် စိတ်ပင်ပန်းလှပြီ။ညီမလေးကတဖက်၊ သူကတဖက် နှင့် စိတ်ညစ်လှပြီ ။ သူက မိမိစိုးရိမ်သလို ညီမလေးကို ပစ်ထားသည်ဆိုတော့ မိုးစက် သူ့ကို အရမ်း စိတ်ကုန်သွားသည်။ ရက်စက်တတ်သော ယောကျ်ားကို မိမိ အထင်မကြီးပေ။ ဘယ်လောက်ချစ်ပါစေ အကြင်နာတရားခေါင်းပါးသူနှင့် တော့ ဆက်ပြီး လက်တွဲဖို့ မဖြစ်နိုင်တော့ပါ။

"မိုးစက်... ပြန်တော့မှာလား။ ကိုယ် လိုက်ပို့ပေးမယ်လေ။ တက်..."

ကိုရန်နိုင်၏ ကား ဘေးတွင် ထိုးဆိုက်လာသဖြင့် မိုးစက် ပြုံးကာ ငြင်းလိုက်သည်။

"ကျေးဇူးတင်ပါတယ် အကို။ ကျွန်တော့်ဖာသာ ပြန်ပါရစေ။ ရိုင်းတယ်လို့တော့မထင်ပါနဲ့"

"မင်း အရမ်းပင်ပန်းတဲ့ပုံ ပေါ်နေလို့ ကိုယ်အိမ်ပြန်ပို့ပေးချင်ရုံပါ။ မင်းကို ဘာမှမမေးပါဘူး။ ကိုယ် ကူညီချင်ရုံသက်သက်ပါ ညီလေး.. တက်ပါ please ကိုယ့်ကို ကူညီခွင့်ပေးပါ။"

မိုးစက် အပိုစကားဆိုရန်ပင် အားမရှိတော့သဖြင့် ကိုရန်နိုင်ဖွင့်ပေးသော ကားပေါ်သို့တက်လိုက်ခဲ့ သည်။ သူက တကယ်ကတိတည်စွာ ကားပေါ်တွင် ဘာတခွန်းမှ မပြောပဲ မိုးစက်ပြောသည့် လိပ်စာ အတိုင်း လိုက်ပို့ပေးခဲ့သည်။ မိုးစက် သူ့ကို ကျေးဇူးတင်စကားပြောကာ ကွန်ဒိုပေါ်သို့ တက်လာခဲ့ သည်။ အခန်းထဲသို့ရောက်သော် မိုးစက် အိပ်ယာထက်တွင် အရုပ်ကြိုးပြတ်လှဲချကာ မျက်လုံးမှိတ် ထားစဉ် မျက်ရည်ပူုများက မျက်ဝန်းထောင့်မှ အလိုလို စီးကျလာခဲ့သည်။

မိုးစက် ငိုရင်း အိပ်ပျော်သွားခဲ့သည်။ မိုးစက် နိုးလာသောအခါ ခုတင်ဘေးရှိခုံပေါ်တွင် သူထိုင်နေပြီး မိမိကို မမှိတ်မသုန် စိုက်ကြည့်နေသော အကို့ကို တွေ့လိုက်စဉ် မိုးစက်၏ ဒေါသများ ထိန်းမရအောင် ထွက်လာခဲ့သည်။ မိုးစက် အိပ်ယာမှ လူးလဲထကာ သူ့ကို ထုရိုက်သည်။

"ခင်ဗျား လူစိတ်မရှိတဲ့သူ။ ကိုယ့်ကလေးကို မချစ်တတ်တဲ့ လူယုတ်မာ။ လူစိတ်မရှိတဲ့လူ။ ခင်ဗျား ကျွန်တော့်ကို လိမ်ပြီး စော်ကားခဲ့တယ်။ ခင်ဗျားကို မုန်းတယ်။ အရမ်းမုန်းတယ။်"

သူက မိုးစက်၏ လက်ကို ဖမ်းချုပ်ကာ ပြောသည်။

"မိုးစက် မင်း ကိုယ့်စကားကို နည်းနည်းလေး နားထောင်ကြည့်ဖို့ စိတ်ကုူူးမရှိဘူးလား။ "

မိုးစက် သူ့စကားကို ခေါင်းခါကာ ခါးခါးသီးသီးငြင်းသည်။

"နားမထောင်ချင်တော့ဘူးဗျာ။အကို့ကို ဒီလောက်ရက်စက်မယ်မှန်း ကျွန်တော် လုံးဝမထင်ခဲ့မိဘူး။ ကျွန်တော် အကို့ကို မုန်းတယ်။ အကိုနဲ့ အတူ ဆက်မနေနိုင်တော့ဘူး။"

သူက စိတ်ထိခိုက်စွာဖြင့် မိုးစက်ကို ကြည့်ကာ ဒေါသဖြင့်ပြောသည်။

"မိုးစက် မင်းကို ကိုယ်ဘယ်လောက်ချစ်တယ်ဆိုတာ မင်းမသိဘူးလား။ ကိုယ်နဲ့ အတူနေလာခဲ့တာ ကိုယ့်စိတ်ရင်းကို မင်းမသိတာလား။ မင်းညီမကြောင့် မင်း အသိဉာဏ်တွေ အမှောင်ဖုံးသွားတာလား။ ကိုယ် မင်းကို တကယ်ချစ်တာပါ။ မင်း ကိုယ့်အချစ်ကို နည်းနည်းလေး ငဲ့ကြည့်ပေးပါဦးကွာ။"

မိုးစက် သူ့စကားကို ကြားသော် ရင်နာစွာရယ်မောရင်း မျက်ရည်စီးကျလာပြီး

"အချစ် ဟုတ်လား။ အကို့အချစ်က ညတိုင်း အတူအိပ်တာလား။ ကျွန်တော့်ကို ချစ်လို့ဆိုပြီး ကိုယ့် ရဲ့ ကိုယ်ဝန်သည်မိန်းမကို ပစ်ပယ်ထားတဲ့သူကို ကျွန်တော်က အထင်ကြီးပြီး ချစ်ရမှာလား။ တော်ပါတော့ အကိုရာ။ ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ စကားကို ထပ်မပြောစမ်းပါနဲ့။ နားခါးလွန်းလို့ ပါ။ ကိုယ်ရင်သွေးကို မချစ်တတ်တဲ့ အကို့ကို ကျွန်တော်ရွံတယ်။ မုန်းတယ်။ "

မိုးစက်၏ စကားကို ကြားသော် သူက ပါးရိုက်ခံလိုက်ရသလို နာကျင်သွားဟန်ဖြင့်

"မိုးစက် တော်တော့...ကိုယ့်ကို ဒီထက် မစော်ကားနဲ့တော့။"

"မစော်ကားစေချင်ရင် ကျွန်တော့်ကို လွှတ်လိုက်။ အကို့ စိတ်အာသာဖြေဖို့ အသုံးမချနဲ့တော့။"

"မင်းကွာ... ပြောရက်လိုက်တာ။ ကိုယ့်စိတ်အာသာဖြေဖို့ မင်းကို အသုံးချတယ်လို့ မင်းထင်တယ် ပေါ.. ကောင်းပြီလေ။ ထင်လက်စ နဲ့ ထင်ချင်သလိုထင်တော့။ ကိုယ်ကတော့ မင်းကို လုပ်ချင်သလို လုပ်တော့မယ်။ "

သူကပေါက်ကွဲစွာပြောပြီး မိုးစက်၏ အဝတ်များအားလုံး ကြမ်းတမ်းစွားဆွဲဆုတ်ကာ ကြမ်းတော့ သည်။

"အ... ခင်ဗျားလွှွတ်။ ကျွန်တေ်ာ့ကို မထိနဲ့။ တဏှာရူးကြီး။ ဖယ်...လွှတ်... အ...အား"

နှင်းထန်သည် မိမိကို အမျိုးမျိုးစွပ်စွဲကာ ငြင်းဆန်ရုံးကန်နေသောချစ်သူလေးကို အချစ်ကြမ်းကြမ်းဖြင့် ဒဏ်ခတ်လိုက်တော့သည်။

"ချစ်တယ်.. မိုးစက် မင်းကို ချစ်လွန်းလို့ ရူးရတော့မယ်။ ကိုယ့်ကို မုန်းတယ် ဆိုတဲ့ မပြောပါနဲ့ကွာ"

"ဟင့်အင်း မုန်းတယ်... ရက်စက်တတ်တဲ့ ခင်ဗျားကို မုန်းတယ်... လွှတ်.."

"မလွှတ်ဘူး။ ကိုယ်သေမှ လွှတ်မယ်။ မင်းကို ဘယ်တော့မှမလွှတ်တော့ဘူး။ ချစ်တယ် ကလေးရယ်။ သိပ်ချစ်တယ်။"

သူ့အချစ်ပင်လယ်ထဲတွင် မိုးစက် ငိုရှိုက်ရင်းပါသွားရတော့သည်။မိုးစက် သူ့အနမ်း၊သူ့အထိအတွေ့ များကို မသာယာပဲ မုန်းတီးစွာ ငြင်းဆန်လို့သာ နေသည်။ သို့သော် အင်အားကြီးသော သူက ဇွတ်ပင် ဆိုးတော့သည်။

နှင်းထန်သည် မိုးစက်၏ မျက်ရည်များကို အနမ်းဖြင့် သုတ်ပေးကာ ချော့သည်။ သို့သော် မိုးစက်က လုံးဝလှည့်မလာပေ။ နှင်းထန် မိုးစက်ကို အမျိုးမျိုးတောင်းပန်ကာ ချော့သော်လည်း မိုးစက်သူ့ကို လုံး၀ စကားမပြောတော့ပေ။ သူ့မျက်နှာကိုလည်း မကြည့်ပေ။သူအကြင်နာကိုလည်း ငြင်းဆန်သည်။

သူ့ကို ကြည်ဖြူစွာ ပြန်မချစ်ပဲ အတင်း ရုန်းကန်နေသဖြင့် နှင်းထန်ကသာ အတင်းလုယူနေရသည်။ ထိုအခါတိုင်း မိုးစက် စိတ်ထိခိုက်စွာ ငိုကြွေးနေသဖြင့် နောက်ဆုံး နှင်းထန်က မိုးစက်ကို အမှန်တိုင်း ဖွင့်ပြောလိုက်တော့သည်။

တညလုံး ကျောခိုင်းကာ အိပ်နေသော ချစ်သူလေး၏ ပုခုံးစွန်းကို နမ်းရင်း

"မိုးပွင့်ရဲ့ ကိုယ်ဝန်က ကိုယ်နဲ့ရတာ မဟုတ်ဘူး။"

မိုးစက် ချက်ချင်းထထိုင်ကာ သူ့မျက်နှာကို စိုက်ကြည့်ပြီး

"အကို ဘာပြောတာလဲ။ မိုးလေးက အခြားလူနဲ့ဖောက်ပြန်တယ်လို့ စွပ်စွဲလိုက်တာလား"

"သူ ဖောက်ပြန်တယ်လို့ ကိုယ်ပြောတာ မဟုတ်ဘူး။ သူ့ကိုယ်ဝန်က ကိုယ်နဲ့ရတာ မဟုတ်ဘူးလို့ ပြောတာ။ မင်းညီမကို ကိုယ် လက်ဖျားနဲ့တောင် မထိခဲ့ဘူး မိုးစက်။ ကိုယ်က ကိုယ်မချစ်တဲ့သူတွေကို အခွင့်ရေးယူတတ်တဲ့ တဏှာရူးမဟုတ်ဘူး။ "

မိုးစက် သူ့ကို မယုံကြည်စွာ ငေးကြည့်ကာ

"အကို ...ဘာကြောင့် ဒီလိုလုပ်တာလဲ။ သူက အကို့ မိန်းမလေ။"

"ကိုယ်လက်ထပ်ခဲ့တာ မင်းနဲ့ပါ မိုးစက်။ မျက်စိကန်းနေတဲ့ ကိုယ့်ကို လက်ထပ်ပြီး ပြုစုခဲ့တဲ့သူကိုပဲ ကိုယ်ချစ်တယ်။ သူ့ကိုပဲ ကိုယ့်ဇနီးလို့သတ်မှတ်တယ်။ သာမှ လာနားတဲ့သူကို ကိုယ် ဘာကြောင့် အတူနေရမှာလဲ။ ကိုယ်ချစ်တာ မင်းပဲ။ မင်းကလွဲရင် ဘယ်သူနဲ့မှ ကိုယ် အတူမနေနိုင်ဘူး။ ဒါ ကိုယ့်ရဲ့ သစ္ခ္စာတရားပဲ။"

မိုးစက်သည် နှင်းထန်၏ စကားကိုကြားသော် မယုံကြည်စွာဖြင့် ခေါင်းကိုယမ်းကာ
"အကိုပြောတာကို ကျွန်တော်ဘယ်လို ယုံရမှာလဲ။ အကိုလိမ်ပြောတာ ဆိုရင် ဘယ်လိုလုပ်မလဲ။"

နှင်းထန် သူ့ကို ဝမ်းနည်းစွာ ငေးကြည့်ကာ

"မိုးပွင့်က လိမ်တာလည်းဖြစ်နိုင်တယ်ဆိုတာ မင်းဘာကြောင့် နည်းနည်းလေးမှ မတွေးမိတာလဲ ကွယ်။ ဘာကြောင့် ကိုယ်လိမ်တယ်လို့တွေးရတာလဲ မိုးစက်ရယ်။ ကိုယ်ပြောတဲ့ စကားမှန်မမှန် ဆို တာ ကလေး မွေးလာရင် DNA စစ်ကြည့်လို့ရနေတာပဲ။ အဲ့ဒီအခါ မင်းသိရလိမ့်မယ် မိုးစက်။ "

မိုးစက် သူ့မျက်လုံးများကိုကြည့်ကာ သူအမှန်ပြောသည်ကို သိလိုက်သည်။
"ဒါဆို မိုးလေးက ဘာကြောင့် အကို့ ကလေး မဟုတ်ပဲနဲ့ အကို့ကို ပြောတာလဲ။ အကို အစကတည်းက သိနေသလား။ အကိုသိတယ် မဟုတ်လား။"

နှင်းထန် သူ့မျက်နှာကို စိုက်ကြည့်ကာ ခေါင်းကို အသာငြိမ့်လိုက်သည်။ မိုးစက် သိလိုက်ပြီ။ သူ့ကို မိုးပွင့် ဘာနှင့် အပေးအယူလုပ်သည်ကို သိလိုက်ကာ မျက်နှာပျက်သွားသည်။

"အကို ဘာကြောင့် လက်ခံခဲ့တာလဲ။ အကို ဘာကြောင့် မငြင်းလိုက်တာလဲ။ ကိုယ့်သွေးသား မဟုတ်ပဲ အကို ဘာကြောင့် လက်ခံလိုက်ရတာလဲ။ ကျွန်တေ်ာက ဒီလို ရည်ရွယ်ခဲ့တာ မဟုတ်ဘူး။ အကို့အတွက် သွေးသားရင်းနဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်စေချင်ခဲ့တာပ့ါ။ ကျွန်တော် အကို့ကို ပျော်စေချင်ခဲ့တာပါ။ ကျွန်တော့် ညီမ လုပ်သမျှ ငြိမ်ခံနေဖို့ မဟုတ်ပါဘူး။ ကျွန်တော်..... အကို့ကို ... ပျော်.. စေ.. ချင်လို့...ပါ....ဟီး...ဟီး...ဟီး...."

မိုးစက်ပြောရင်း ကလေးပမာ တဟီးဟီးနှင့် ငိုချလိုက်သည်။ နှင်းထန်က ချစ်သူလေးကို ထွေးပွေ့ကာ ကလေးပမာ ချော့ရင်း နှစ်သိမ့်လိုက်သည်။

"ရှူး.. ရှူး... မငိုနဲ့တော့လေ။ ကိုယ် သိသိကြီးနဲ့ လက်ခံခဲ့တာပါ။ တိတ်တော့။ ချာတိတ်က မိုးပွင့်ကို ကလေး အရမ်းရစေချင်တာ မဟုတ်လား။ ဒါကြောင့် ဘယ်သူ့ ကလေးဖြစ်ဖြစ် ကိုယ်လက်ခံ ပေးနိုင် ပါတယ်။ အဓိက ကတော့ ချာတိတ်နဲ့ ကိုယ် အတူနေနိုင်ဖို့ အရေးကြီးတယ်လေ.။ ကျန်တာဘာမှ အရေးမကြီးဘူး။ တိတ်တော့နော်။ "

မိုးစက် သူ့ရင်ခွင်ထဲ ခေါင်းတိုးကာ တအီးအီးနှင့် ငိုကြွေးနေတော့သည်။ မိမိကို ဒီလောက်ချစ်သည့် အကို့ကို ရိုင်းပြစွာ စွပ်စွဲမိလေခြင်းဆိုသည့်စိတ်က မိုးစက်ကို ပိုလို့ဝမ်းနည်းစေသည်။

"အကို ကျွန်တော်ပြောမိတာ တောင်းပန်ပါတယ်။ ကျွန်တော် တကယ့်ကို မသိခဲ့တာပါ။ ကျွန်တော့် ညီမလေး ကိုယ်စား တောင်းပန်ပါတယ်။ သူ့ကို မရိုက်ပါနဲ့နော်။ ညီမလေး မကောင်းတာ သိပေမယ့် ကိုယ်ဝန်နဲ့ဆိုတော့ သူ့ကို ခွင့်လွှတ်ပေးပါ။ "

"စိတ်ချပါ။ ချာတိတ်သာ ကိုယ့်အနားမှာ နေမယ်ဆိုရင် မိုးပွင့်ရဲ့ ကလေးက ဘယ်သူနဲ့ ရပါစေ..

ကိုယ့် ကလေးလို့ ကိုယ်သတ်မှတ်ပေးပါ့မယ်။"

"ကျွန်တော်က အဲ့လို မဖြစ်စေချင်တာပါ။ ကျွန်တော် မိုးပွင့်ကို သွားမေးမယ်။ ကလေး အဖေက ဘယ်သူလဲဆိုတာ ကျွန်တော် ရအောင်မေးမယ်."

နှင်းထန်က ထဟန်ပြင်သော မိုးစက်ကိုယ်လေးကို ရင်ခွင်ထဲ ပြန်ဆွဲယူထားပြီး

"ကလေး အဖေသိတော့ကော ဘာလုပ်မှာလဲ။ ထားလိုက်ပါ။ မိုးပွင့်ကို မေးလဲ အပိုပဲ။ သူက ဖြေမှာ မဟုတ်ဘူး။ သူက မင်းနဲ့ ကိုယ့်အကြား စိတ်ဝမ်းကွဲစေချင်လို့ တမင် ကိုယ်ဝန်ဆောင်လိုက်တာနေ မှာ။ သူဘာပြောပြော ကိုယ်စိတ်မဝင်စားဘူး.။ကိုယ့်ဘေးမှာ မင်းရှိနေရင် ပြည့်စုံပြီ။ ကဲ မျက်ရည်တွေ သုတ်လိုက်ပါဦး။ ကိုယ့်အပေါ် သံသယရှင်းသွားပြီဆိုရင် ဒါတွေကို မေ့လိုက်တော့နော်.။ "

မိုးစက် သူ့စကားကို လက်မခံနိုင်ပါ။ မိမိကြောင့် သူနစ်နာဆုံးရှုံးမည်ကို လုံးဝလက်မခံနိုင်ပါ။ ပထမဆုံး မိုးပွင့် ၏ စိတ်ဓါတ်ကို ထိတ်လန့်သွားမိသည်။ မိုးပွင့်က မိမိကို တကယ်မုန်းနေပါလား

ဟု တွေးလိုက်မိသည်.။ မိမိကြောင့် အကို သူများသားသမီးကို သူ့သားသမီးလို ပြုစုပျိုးထောင်ရ တော့မည်။ မိုးစက် သက်ပြင်းချကာ

"အကို ကျွန်တော့်ကိုလက်လွှတ်လိုက်ပါတော့။ကျွန်တော့်ကြောင့် အကို မိုးလေးပြောသမျှ သဘောတူ လိုက်တာမဟုတ်လား။ ကျွန်တော် အကို့ဘေးမှာ ဆက်မနေနိင်တော့ဘူး။ အကို့ကို မျက်နှာပူလှ ပြီ။"

"ဘာလဲ။ ကိုယ့်ဘေးကနေ ထပ်ပြေးသွားချင်ပြန်ပြီလား။ ဆောရီး။ ကိုယ်လှည်းကျိုးထမ်းထားတာ ချာတိတ် ကို လက်လွှတ်ဖို့မဟုတ်ဘူး။ ဒီစကား ဒီတင်ပဲရပ်လိုက်တော့။ ထပ်ပြောရင် ဟိုတခါလို အခန်းထဲ ပိတ်လှောင်ထားမှာ။ မင်းကို ပိုင်ဆိုင်ရဖို့ ကိုယ်ဘာမဆိုလုပ်မှာပဲ မိုးစက်။ ဒါကို မင်းဘယ် တော့မှ မမေ့နဲ့။ ကဲ လာပါဦး ချစ်သူလေးရယ်.. ကိုယ့်အပေါ် သံသယရှင်းသွားရင် ကိုယ့်ကို ကြည်ဖြူ လိုက်လျောပါဦး။ ချာတိတ်ထဲက တဖက်သတ်ပဲ လုနေရတာ ကိုယ်တကယ် စိတ်ကုန်လာပြီ။ ကိုယ့်ကိုယ်ကို မုဒိန်းကောင်ကြီးလို ခံစားနေရပြီ။ "

မိုးစက် သူ့ကိုယ်ပေါ်တက်ခွထိုင်ပြီး သူ့နူတ်ခမ်းကို စပြီးနမ်းလိုက်သည်။ နှင်းထန် အံ့သြသွားသည်။ မိုးစက် သူ့ကို စနမ်းတာ ပထမဆုံးဖြစ်သည်။ ချစ်သူလေး၏ အိထွေးသော နူတ်ခမ်းများကို မက်မက် မောမော နမ်းရှိုက်ပြီး အချစ်စိတ်တို့ တရှိန်းရှိန်းနှင့် တက်လာသည်။ မိုးစက် သူ့ကို စိတ်တိုင်းကျ ပြုစု ပေးလိုက်သည်။ ပထမဆုံး သူ့ကို အစွမ်းကုန်ပြုစုပေးခြင်းဖြစ်သည်။ မိမိကို အစွမ်းကုန်ချစ်တတ် လွန်းသော သူ့ကို မိမိကလည်း အစွမ်းကုန်ပြန်ပေးဆပ်လိုက်ခြင်းဖြစ်သည်။

"မိုးစက်... ချစ်တယ်.. အရမ်းချစ်တယ်ကွာ..."


" အင်း.... ကျွန်တော်လည်း အကို့ကိုချစ်တယ်။ အရမ်းကို ချစ်မိသွားပြီ။"

နှစ်ဦးသာ အချစ်တိုက်ပွဲကို တက်ညီလက်ညီ ဆင်နွဲကြတော့သည်။ နှင်းထန် စိတ်ရှည်စွာ ချစ်ရကြိုး နပ်သွားလေပြီ။ ချာတိတ်လေး၏ ပူပြင်းသည့် အချစ်များကို ပိုင်ဆိုင်ရလေပြီ။

------------------------

မိုးစက်ကို အားလုံးရှင်းပြပြီးနောက် နှင်းထန် ချစ်သူလေး၏စိတ်ထားကိုသိသူပီပီ မိမိဘေးမှ ပြေးထွက်

မသွားစေရန် ထောင်မှုးလို စောင့်ကြပ်နေလိုက်သည်။ မိုးစက်သည် အကိုမိမိကို စောင့်ကြည့်နေသည် ကိုသိသော် ခဏငြိမ်နေလိုက်သည်။ သို့သော် ရင်ထဲဝယ် လုပ်ရက်သည့် မိုးပွင့်ကိုစိတ်ဆိုးခြင်းနှင့် စိတ်ပူခြင်းက တွဲလို့်နေသဖြင့် တနေ့၊တရက်မှ စိတ်ထဲဝယ် မအေးချမ်းနိုင်ပါ။

နှင်းထန်သည် မိုးစက်၏ ကိုယ်လေးကို ထွေးပွေ့ကာ နှစ်သိမ့်ပေးသည်။ မိုးစက်၏ ခေါင်းကိုပွတ်သပ် ပေးစဉ် မိမိရင်ခွင်ထဲ မျက်နှာအပ်ကာ တိတ်တိတ်ငိုကြွေးနေသဖြင့် နှင်းထန် ချာတိတ်လေး၏ မျက်နှာကို ပင့်မကာ

'မိုးပွင့် ကိုယ်ဝန်ကို ကိုယ်တောင်လက်ခံနိုင်သေးတာ ချာတိတ်က ဘာလို့ ဒီလောက်ကြေကွဲနေရ တာလဲ။ ကိုယ်က ချာတိတ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေချင်တာနော်။ ချာတိတ် ဒီလောက်စိတ်ထိခိုက် နေမယ်ဆိုရင် ကိုယ် မိုးပွင့်ကို အရှက်ခွဲပြီး ကန်ထုတ်လိုက်တော့မယ်။ '

မိုးစက် သူ့လည်ပင်းကို ဖက်ကာ ပုခုံးပေါ် မျက်နှာအပ်ပြီး သနားစဖွယ်တောင်းဆိုရှာသည်။

'ဟင့်အင်း ... အကို ကျွန်တော့်ကို တကယ်ချစ်ရင် ညီမလေးကို မရက်စက်ပါနဲ့နော်။ '

နှင်းထန်က လေသံတင်းတင်းဖြင့်

"မရက်စက်စေချင်ရင် ချာတိတ် ကိုယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေပါ။ ကိုယ်က ချာတိတ်ပျော်နေတာ ပဲမြင်ချင်တယ်။ ချာတိတ်မျက်နှာ ညှိုးနေရင် ကိုယ်စိတ်တိုတယ်။"

မိုးစက် သူ့ကို မော့ကြည့်ကာ စိတ်ထဲရှိသည့်အတိုင်းပြောလိုက်သည်။

"ကျွန်တော် စိတ်မကောင်းတာက သူ ကျွန်တော့်အပေါ် မုန်းနေတာကို သိရလို့ ပြီးတော့ အကို့ကို ဒုက္ခပေးလို့ပါ။ကျွန်တော်လေ ညီမလေးကို စိတ်ထားသိမ်မွေ့နူးညံ့တဲ့သူဖြစ်စေချင်တယ်။ အကို့ အတွက် ဇနီး ကောင်း၊ အကို့ရင်သွေးလေးတွေအတွက် မိခင်ကောင်းဖြစ်စေချင်တယ်။ အကို့အချစ် ကို ပိုင်ဆိုင်ပြီး ပျော်ရွှင်နေတဲ့ အိမ်ရှင်မလေး ဖြစ်စေချင်တယ်။ အကို့ကိုလည်း သားသမီး၊ ဇနီး မယားနဲ့ ပုံမှန် မိသားစု ဘဝကိုပိုင်ဆိုင်စေချင်တယ်။ "

နှင်းထန် မိုးစက်၏ ပါးလေးကို နမ်းပြီး ရယ်မောကာပြောလိုက်သည်။

"ချာတိတ်က ဘာဖြစ်နေလို့လဲ။ ချာတိတ်က ကိုယ့်ရဲ့ မိသားစုပဲ။ ဘာမှလျှောက်မတွေးနဲ့။ ကိုယ့်ကို ချစ်တယ်ဆိုရင် ပျော်ပျော်နေ ဒါပဲ။"

မိုးစက် သည်သူ့ကို ကြည့်ကာ သက်ပြင်းရှိုက်မိသည်။

"အကို့ ဒယ်ဒီ သိရင် အကို့ကို အပြစ်တင်လိမ့်မယ်။"


"တင်လဲ ဘာဖြစ်လဲ။ သူ မသိနိုင်ပါဘူး။ မိုးပွင့်က ဒယ်ဒီ့ကို သွားတိုင်မှာ မဟုတ်ဘူးလေ။ ထားလိုက် ပါ။ ကဲ ချာတိတ် စကားအရမ်းများနေပြီ။ လာခဲ့ပါဦး။ ဖက်အိပ်ပါရစေ။"

"အကို အိမ်ပြန်လေ။ "

"ဟင့်အင်း ချာတိတ်ကို ဖက်အိပ်ချင်တယ်။ ဒီနေ့ ဒီမှာ အိပ်မယ်။"

"အကိုရာ... မသင့်တော်ပါဘူး။ ဒေါ်ပိုတို့က အကိုညပြန်မအိပ်ရင် အကို့ ဒယ်ဒီကို တိုင်မှာပေါ့။"


"မတိုင်ပါဘူး။ ကဲ စကားများတဲ့ ကိုယ်တော်ချော လာခဲ့တော့။"

သူက မိုးစက် ကို အတင်းဆွဲကာ စောင်ခြုံထဲ သွင်းနေပြီး Air-con ကို အအေးဆုံး တင်လိုက်သည်။

"အကို သွေးခဲ သေကုန်လိမ့်မယ်။ လျှော့ဦးဗျ။"

"တိတ်နေ။ အေးမှ ချာတိတ်က ကိုယ့်ရင်ခွင်ထဲ ကောင်းကောင်းအိပ်မှာ။ မဟုတ်ရင် ခင်ဗျားလေးက ပူတယ်ဆိုပြီး အဝေးကို တိုးသွားတာ။ လာ အိပ်တော့။ တော်ကြာ ဟိုကောင် နိုးလာလို့ အိပ်ခါနီး ချော့သိပ်နေရမယ်နော်။"

"ညစ်ပတ်တဲ့ လူကြီး။ တော်ပြီ။ ဘာမှမပြောနဲ့တော့။ အိပ်ပြီ။"

မိုးစက် ဘာမှဆက်မပြောရဲတော့ပဲ သူ့ရင်ခွင်ထဲ အသာဝင်အိပ်လိုက်တော့သည်။ သူ့ရေမွှေးနံ့၊ ခေါင်းလျှော်ရည်နံ့ သင်းသော သူ့ရင်ခွင်သည် မိုးစက်အတွက် နွေးထွေးကာ မွှေးပျံ့နေသည်။ ထိုရင်ခွင်တွင် တသက်လုံး နားခိုချင်စိတ်တို့က ထိန်းမရအောင် ဖြစ်လာခဲ့သည်။ မိုးစက်သည် ညီမလေးနှင့် သူ့ အကြောင်းတွေးကာ အိပ်ပျော်သွားတော့သည်။

မိုးပွင့်သည် သူ၏ပြင်းထန်သောသတိပေးစကားကြောင့် ငြိမ်ကာ မိုးစက် ဆက်သွယ်လာမည့် အချိန် ကို စောင့်နေလိုက်သည်။ မိုးစက်သည် ကိုကို့ရင်သွေးမဟုတ်သူကိုမိမိလွယ်ထားလျှင် မိုးစက်သေချာ ပေါက် တစုံတခု ပြောပါလိမ့်မည်။ ကိုကို့ကို မိုးစက် ချစ်မိသွားသည်ကို မိမိ အသိဆုံးဖြစ်သည်။

မိုးပွင့် ကျေနပ်စွာ ရယ်ရင်း ရင်ဘတ်က အောင့်လာသဖြင့် အံကြိတ်ထားမိသည်။

"ငါ သေလို့မဖြစ်သေးဘူုး။ သူတို့ကို လက်တုန့်ပြန်လို့ မပြီးမချင်း ငါလုံး၀ သေလို့မဖြစ်ဘူး။ မိုးစက်ရေ နင် အတိုးနဲ့ အရင်း ပြန်ဆပ်ဖို့သာပြင်ပေတော့...ဟား..ဟား...ဟား.."


မိုးစက်သည် အဖြစ်မှန်ကို ဝသုန့်ကိုပင် ဖွင့်မပြောဝံ့ပဲ တယောက်တည်း ကျိတ်ကာ ခံစားနေရသည်။ ယုတ်မာအောက်တန်းကျသူမှာ မိမိညီမအရင်းဖြစ်သောကြောင့် မိုးစက် အချစ်ဆုံး သူငယ်ချင်းကို ပြောရမည်ကို ရှက်မိသည်။ အကို့ကို အားနာသည်။ အကိုက လုံး၀ အလစ်မပေးသဖြင့် မိုးပွင့်ကို မိမိ သွားရောက်ဆက်သွယ်ဖို့ အခွင့်ရေးမရပေ။ ယခုဆိုလျှင် အကိုက မိမိကို သူ့အပါး ခေါ်ထားကာ သူ့ အလုပ်များကိုကူခိုင်းထားသည်။ company နှစ်ကုန် ဝန်ထမ်း ညစာစားပွဲ ရှိသဖြင့် မိုးစက် သူ့ကို ကူ ပေးနေရသည်။

ညစာစားပွဲညတွင် သူ့ဒယ်ဒီ ခရီးလွန်နေသဖြင့် သူ့ဒယ်ဒီကိုယ်စား မိန့်ခွန်းပြောရန် စင်ပေါ်တက် သွားစဉ် မိုးစက် သည် မိုးပွင့်၏ ဖုန်းကို ကပျာကယာ ဆက်လိုက်သည်။ သူက တချက်တချက် လှမ်း လှမ်း ကြည့်နေသဖြင့် မိုးစက် ဟန်မပျက် ရယ်ပြနေရသည်။စင်ပေါ်တွင် ခန့်ညားချောမောသော သူ့ ကို ကြည့်ရင်း မိုးစက် ရင်ခုန်လာသည်။ သူက မိမိကို ညှို့ငင် နေသလို ခံစားရသည်။

ဖြစ်နိုင်လျှင် သူ့ဘေးမှာ မိမိ တသက်လုံးနေသွားချင်သည်။ သို့သော် စိတ်ခံစားချက်ကို အဓိကထား ရမည့် အရွယ်မဟုတ်တော့သဖြင့် မိုးစက် သက်ပြင်းမောကို ကျိတ်ချမိသည်။ သူမြင်အောင်လည်း သက်ပြင်း မချရဲပါ။ သူမြင်လျှင် မိမိကို ရစ်နေဦးမည်။ သူ့စေတနာကို သိသော်လည်း မိမိဘယ်လို မျက်နာဖြင့် သူ့ဘေးမှာ နေရမှန်းမသိအောင် စိတ်ညစ်မိပါသည်။ တကယ်လို့ မိမိသာ မိန်းကလေး ဆိုလျှင် မျက်စိမှိတ်ပြီး သူ့ကို လက်ထပ်လိုက်မည်ဖြစ်သည်။ ယခုတော့....

"ဟယ်လို...."

မိုးလေး၏ ထူးသံကို ကြားသော် မိုးစက် သတိဝင်လာသည်။

"မိုးလေး.. ငါပါ။ နင် XXX Hotel ရှေ့ကို လာခဲ့ပါ။ ငါစောင့်နေတယ်။ အချိန်မရှိဘူး။ နင့်ကို ငါ ပြောစရာ ရှိလို့။ ခုချက်ချင်းလာခဲ့နော်။"

မိုးပွင့် ကျေနပ်စွာပြုံးလိုက်သော်လည်း

"ငါ မလာရဲဘူး မိုးစက်။ ကိုကိုက နင့် အနားကပ်ရင် ငါ့ကို သတ်မယ်လို့ ပြောထားတယ်။ "

မိုးစက် စင်ပေါ်မှ သူ့ကို တချက်ပြန်ပြုံးပြကာ ဖုန်းထဲမှ မိုးလေးကို အမြန်လာရန် လောလိုက်သည်။

"မိုးလေး ... နင်တို့ နှစ်ယောက်အဆင်ပြေအောင် လုပ်ပေးမလို့ နင်လာမလား၊ မလာဘူးလားပြော။ ငါ အချိန်မရှိဘူး။ သူ့ စင်ပေါ်မှာ မိန့်ခွန်းပြောနေတုန်း ဆက်လိုက်တာ။ငါ အချိန် နာရီဝက်ပဲရတယ်။"

မိုးပွင့် ဆက်ပြီး မူမနေတော့ပဲ ကပျာကယာပြန်ဖြေလိုက်ရသည်။

"ကောင်းပြီလေ။ ငါလာခဲ့ပါ့မယ်။"

မိုးစက် ညီမလေးထံမှ ဖုန်းချပြီးသည်နှင့် သူ ဝန်ထမ်းများကို ဂုဏ်ပြုဆုများပေးနေစဉ် အပြင်သို့ အမြန်ထွက်လာခဲ့သည်။ ဟိုတယ်ရှေ့တွင် စောင့်နေစဉ် သူ့တပည့် တစ်ဦးထွက်လာသည်ကိုတွေ့ သော် မိုးစက် လန့်သွားပြီး လမ်းတဖက်ကို ကူးကာ Taxi ကို တားလိုက်သည်။ ကံဆိုးချင်တော့ ကားအားလုံး ခရီးသည်အပြည့်နှင့်ဖြစ်သောကြောင့် ရပ်မပေးပဲဖြစ်နေသည်။

"ကိုမိုးစက် သူဌေးခေါ်ခိုင်းလိုက်လို့။ ကိုမိုးစက်..."

မိုးစက်သည် သူ့ကို အော်ခေါ်နေသော အကိုနှင်းထန်၏ တပည့်လေးကြောင့် ထူပူသွားသည်။ မိမိထွက်သွားသည်ကိုတွေ့လို့ လိုက်ခေါ်ခိုင်းပုံရသည်။ ထိုစဉ်ကားတစ်စီး မိုးစက်ရှေ့ထိုးဆိုက်လာ သဖြင့် မိုးစက် ဘာမှ မစဉ်းစားနိုင်တော့ပဲ ကားတံခါးကို ဖွင့်ကာ အပြေးလေးတက်ကာ

"ကျေးဇူးပြုပြီး ဒီကနေ အမြန်မောင်းထွက်သွားပေးပါ ခင်ဗျာ။ မြန်မြန်လေး ကူညီပါ။"

မိုးစက် အလောတကြီးတောင်းပန်လိုက်သဖြင့် ကားလေးက တရှိန်ထိုးမောင်းထွက်သွားသည်။ ဟိုတယ်ကို မမြင်ရတော့မှ မိုးစက် သက်ပြင်းချလိုက်မိပြီး ကားမောင်းသူကို လှည့်ကြည့်လိုက်သော အခါ အံ့အားသင့်ကာ ပါးစပ် အဟောင်းသားဖြစ်သွားသည်။

"အကို ရန်နိုင်"

ကိုရန်နိုင်က ပြုံးကာ

"ဘယ်သူ့လက်ကနေ သေပြေးရှင်ပြေး ပြေးလာခဲ့တာလဲ မိုးစက်။"

မိုးစက် မျက်နှာနီသွားသည်။ အကိုနှင်းထန်နှင့် မိမိအတူနေသည်ကို သူ ရိပ်မိသွားပြီလားဟု အကဲခတ်စဉ် သူက ရယ်ကာ

"ချာတိတ်ပုံကြည့်ရတာ နောက်ကလူလိုက်လာသလိုဖြစ်နေလို့ မေးလိုက်တာပါ။ ချာတိတ်ကို ဘယ်လိုက်ပို့ပေးရမလဲ။"

"ဟို ခဏလေး အကို။ ကျွန်တော့် ညီမနဲ့ အေးအေးဆေးဆေး စကားပြောစရာရှိလို့်ပါ။ အေးဆေးတဲ့ နေရာလေး တခုကို ပို့ပေးပါလားခင်ဗျာ။ အကို့ကို အကူအညီတောင်းတာပါ။ ခိုင်းတယ်လို့ မထင်ပါနဲ့နော်။"

သူက ခေါင်းညိမ့်ကာ

"မထင်ပါဘူး။ ကိုယ် အေးဆေးတဲ့ စားသောက်ဆိုင်တစ်ခုကို ပို့ပေးမယ်။"

"အကို ဆိုင်နာမည်နဲ့ လိပ်စာ တစ်ချက်လောက်။ ကျွန်တော် မိုးပွင့်ကို လှမ်းခေါ်မလို့ပါ။"

မိုးစက်သည် ကိုရန်နိုင်ပြောသော လိပ်စာနှင့် ဆိုင်အမည်ကို မှတ်သားကာ မိုးပွင့်ကို လိုက်ခဲ့ရန် လှမ်း ခေါ်လိုက်သည်။ ဆိုင်သို့ရောက်သော် ခြံထောင့် လူရှင်းရာတွင် နှစ်ယောက်သား စောင့်နေကြသည်။ မိုးပွင့် ရောက်လာသောအခါ ကိုရန်နိုင်က ရှောင်ပေးရန်ထလိုက်သည်။

"မင်းတို့ မောင်နှစ်မနှစ်ယောက် လွတ်လွတ်လပ်လပ်ပြောကြပါ။ ကိုယ် တခြားနေရာမှာ စောင့်နေ မယ်။"

ကိုရန်နိင်ထွက်သွားသည်နှင့် မိုးစက် မိုးပွင့်ကို တောင်းပန် စကားဆိုသည်။
"မိုးပွင့် ငါတောင်းပန်ပါတယ်။ နင် အကိုနှင်းထန်ကို ဒုက္ခမပေးပါနဲ့။ နင့်ကို ရှိခိုးဆို ရှိခိုးပါ့မယ်။ အကို့ ကို လက်တုန့်ပြန်မယ့် အစီအစဉ်ကို ရပ်လိုက်ပါ။ ကလေး အဖေအစစ်နဲ့ လက်ထပ်လိုက်ပါ။"

မိုးပွင့် နူတ်ခမ်းကိုတွန့်ကွေးကာ လှောင်ပြုံးပြုံးပြီး မေးလိုက်သည်။

"နင် ကိုကို့ကို သိပ်ချစ်တယ်ပေါ့ ဟုတ်လား။"

မိုးပွင့်၏ စကားသံက တိုးသက်ငြင်သာခြင်းမရှိပေ။ သူမ အသံကြောင့် ကိုရန်နိင်ပင် လှမ်းကြည့်လာ သဖြင့် မိုးစက် မျက်နှာ ရဲခနဲဖြစ်သွားသည်။

မိုးစက် သည် ညီမ၏ လေသံနှင့် မျက်နှာပေးကို မကြိုက်သဖြင့် လေသံပြတ်ဖြင့်မေးလိုက်သည်။
"မိုးပွင့် နင်ဘာဖြစ်စေချင်တာလဲ။"

"ငါ သူ့အချစ်ကို လိုချင်တယ်။ နင်ရှိနေလို့ သူ ငါ့ကို လုံးဝလှည့်မကြည့်တာ။ "


"ငါ ထွက်သွားပေးရမှာလား။ "

"နင်ထွက်သွားရုံနဲ့ မရဘူး။ သူစိတ်နာအောင် နင်လုပ်ပေးပါ။ နင့်ကို စိတ်နာပြီး မုန်းသွားမှ သူ့အချစ် ကို ငါရမှာ."


"ငါ.. ငါ... ဘာလုပ်ရမှာလဲ။"

မိုးစက်ထစ်အစွာမေးလိုက်သည်.။ မိုးပွင့်က ရက်စက်စွာပြုံးကာ

"နင် ကိုရန်နိုင်နောက်ကို လိုက်သွားလိုက်ပါ။ ဒါဆို သူ နင့်ကို မုန်းသွားပြီး ငါ့ကို ပြန်ချစ်လာလိမ့်မယ်။"

မိုးစက်၏ မျက်နှာဖြူယော်သွားသည်။ မိမိညီမက မိမိကို ဒီလောက်ရက်ရက် စက်စက် တောင်းဆိုမည် ဟု မထင်ထားခဲ့ပေ။

"ငါ့ ဖာသာ ထွက်သွားပါ့မယ်။ ကိုရန်နိင်ကို ဆွဲမထည့်ပါနဲ့။ သူက သူ့အိမ်ထောင်နဲ့ သူဖြစ်နေပါပြီ။"

"သူက နင့်ကို ချစ်နေတုန်းပဲ မိုးစက်။ ကိုရန်နိုင် အိမ်ထောင်ကွဲထားတာ ၃ လရှိပြီ။ သူ နင့်ကို ချစ်ပြီး စောင့်နေတာပါ။ နင်သူ့နောက်လိုက်သွားရင် အားလုံး အဆင်ပြေသွားပြီ။"

"နင် ဘာတွေ လျှောက်ပြောနေတာလဲ မိုးပွင့်။ ကိုရန်နိုင် ငါ့ကိုမချစ်ပါဘူး။ "

မိုးစက် သွေးရူးသွေးတန်းဖြင့် ငြင်းလိုက်စဉ် ကိုရန်နိုင် နံဘေးကို လျှောက်လာပြီး ပြောလိုက်သည်။

"ကိုယ် မင်းကို ချစ်နေဆဲပါ မိုးစက်။ မင်းနဲ့ ကိုယ်ဝေးခဲ့ပေမယ့် မင်းကို ကိုယ်တနေ့မှ မေ့မရခဲ့ဘူး။ ကိုယ် ဒါကြောင့် အိမ်ထောင်ရေးကို ကွာရှင်းခဲ့တယ်။ ကိုယ်အခု လူလွတ်ဖြစ်သွားပြီ။ မင်းသာ ကိုယ့် နောက်ကို လိုက်ခဲ့ရင် ကိုယ်မင်းကို နေ့တိုင်းပျော်အောင်ထားပါ့မယ်လို့ ကတိပေးပါတယ်။"

ကိုရန်နိုင်၏ ပွင့်လင်းသောစကားကြောင့် မိုးစက် အကြပ်တွေ့သွားသည်း အကိုစိတ်နာအောင် မိမိ မလုပ်ရက်ပါ။

"နင့် ကိုယ်ဝန်က..."

"စိတ်မပူပါနဲ့။ နင် ကိုရန်နိုင်နဲ့လိုက်သွားရင် ဒီကိုယ်ဝန်ကို ငါရှင်းလိုက်ပါ့မယ်။ ပြီးရင် သူ့ကလေး အစစ်ကို ငါလွယ်ပေးမယ်။ ကဲ... နင် ကိုရန်နိုင်နဲ့ လိုက်သွားဖို့ သဘောတူမလား။"

မိုးစက် အသက်ရှုရကြပ်လာသည်။ နောက်ဆုံး ကတိပေးမယ့်ဆဲဆဲ ဒေါက်တာနှင်းထန် ရောက်ချ လာသည်.။

"ကိုယ် သဘောမတူဘူး။"

"ဟင် အကို..."

မိုးစက်တုန်လှုပ်ခြောက်ခြားသွားသည်။ သူ မိမိ ရှိရာကို ဘယ်လိုသိပါလိမ့်ဟု တွေးကာ ကြောင်နေမိ သည်။

"ဒေါက်တာ ရှင်ဘယ်လို ရောက်လာတာလဲ။ မိုးစက် နင် သူ့ကို လှမ်းခေါ်လိုက်တာလား။"


မိုးပွင့် ခက်ထန်စွာဖြင့် မိုးစက်ကို ကြည့်ကာ မေးလိုက်သည်။ ဒေါက်တာနှင်းထန်က မိုးစက် လက်ကို ဆုပ်ကိုင်ကာ

"ကိုယ် မိုးစက်ဖုန်းကို ခြေရာခံပြီးလိုက်လာတာပဲ မိုးပွင့်။မိုးစက်ကို မင်းဒီလေသံနဲ့ ပြောစရာမလိုဘူး။ မင်းရဲ့ စကားအားလုံးကို ကျုပ်အားလုံးကြားပြီးပြီ။ မိုးစက် ရှိရှိမရှိရှိ မင်းကိုကျူပ်ချစ်လာမှာ မဟုတ် ဘူးဆိုတာ မင်းမြဲမြဲ မှတ်ထားစမ်းပါ။ ပြီးတော့ သူငယ်ချင်းကို ကျုပ်တစ်ခု ပြောချင်တယ်။ မိုးပွင့်နဲ့ မင်းကြိုက်သလောက်ရှုပ်လို့ရတယ်။ မိုးစက်ကိုတော့ လုံး၀ ထိဖို့မကြိုးစားနဲ့။ ကျူပ် မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။"

မိုးစက်သည် ကိုရန်နိုင်ကို တင်းမာစွာ ပြောလိုက်သော သူ့စကားကြောင့် အားနာသွားသည်။. တကယ်ဆို ကိုရန်နိုင်နှင့် ဘာမှ မပတ်သတ်ပေ။ မိမိကို လိုက်ပို့ပေးရင်း ကြားညှပ်နေခြင်းဖြစ်သည်။

"အကို ဘာတွေ လျှောက်ပြောနေတာလဲ။ ကိုရန်နိုင်နဲ့ ဘာမှ မဆိုင်ပါဘူူး။"

သူ မိုးစက်၏ စကားကို အလေးမထားပါ။ မိုးစက်သာ ကိုရန်နိုင်ကို တောင်းပန်မည်ပြုစဉ် ကိုရန်နိုင်က အကို့ကိုကြည့်ကာ စိန်ခေါ်ဟန်ဖြင့်မေးလိုက်သည်။

"ဒါက ဘာသဘောလဲ ဒေါက်တာ။"

အကိုနှင်းထန်က ကိုရန်နိုင်ဘက်ကို တင်းမာစွာကြည့်ကာ တိုတိုပြတ်ပြတ်ဖြေလိုက်သည်။

"ဒီသဘောပဲ"

မိုးစက် သူဘာဖြေလိုက်သည်ကို နားမလည်ပဲ အူကြောင်ကြောင်ဖြစ်နေခိုက် မိမိ မထင်သော အပြု အမူကို အကို ပြုလုပ်လိုက်သည်။

"အွန်း .. အကို.."

ကိုရန်နိုင်နှင့် မိုးပွင့်ရှေ့ စားသောက်ဆိုင်ထဲတွင် သူ မိုးစက်၏ နူတ်ခမ်းကို နမ်းလိုက်သည်။

ကိုရန်နိုင်၏ မျက်နှာ မည်းခနဲဖြစ်သွားသည်။ မိုးပွင့်၏ မျက်နှာလည်း ရွာတော့မယ့်မိုးလို့ မှိုင်းညှို့ သွားသည်။ ဒေါက်တာနှင်းထန်က သူတို့နှစ်ဦးလုံးကို စကားဖြင့် မဖြေပဲ အပြုအမှုဖြင့် ဖြေလိုက်သည် မဟုတ်လား။ မိုးစက်သည် ရုတ်တရက် ဆွဲကာ လူရှေ့တွင် နမ်းလိုက်သဖြင့် မိုးစက် အရှက်ကြီးရှက် သွားသည်။

"အကို ဘာလုပ်တာလဲ။"


"ချစ်သူခြင်းလုပ်တဲ့ အလုပ်ကို လုပ်လိုက်တာလေ။ မင်းက ကိုယ့်ချစ်သူ။ကိုယ့်ဆီကနေ ဘယ်မှ သွားဖို့ မကြံနဲ့။ လာ ပြန်ကြမယ်။"

"ကိုကို ရှင် ဘာအချိုးချိုးတာလဲ။ ကျွန်မက ရှင့်မိန်းမပါ။ မိုးစက်က ရှင့်ကို ကလေးမွေးပေးနိုင်မှာ မဟုတ်ဘူး။ "

ဆိုင်ထဲတွင် လူရှင်းနေလို့သာတော်တော့သည်။ စားပွဲထိုးများက ကွက်ကြည့်ကွက်ကြည့် လုပ်နေသ ဖြင့် မိုးစက်အရှက်ကြီးရှက်သွားသည်။

"အကို ကျွန်တော့်ကိုလွှတ်ပါ။ ကျွန်တော့် ဖာသာသွားပါ့မယ်။"


"ပါးစပ်ပိတ်ထား။ မင်းနဲ့ ကျုပ်ရှင်းစရာရှိသေးတယ်။"

မိုးစက်သည် အကို ဆွဲခေါ်သည့်နောက်သို့ ဒရွတ်တိုက်လု နီးပါးပါလာခဲ့သည်။ သူက ကားတံခါးကို ဖွင့်ကာ မိုးစက်ကို ပစ်သွင်းလိုက်သည်။

"အ.. အကိုကလည်း... လူကိုသတ်နေတာလား။"


"အေး မင်းကို သတ်ချင်နေတာ။"

သူ တင်းမာစွာပြောကာ ကားကို တရကြမ်းမောင်းထွက်လာခဲ့သည်။ မိုးစက် သူ့ဒေါသကို သိသဖြင့် ငြိမ်ပြီး လိုက်လာခဲ့သည်။

"အကို ဟိုတယ်ကို ပြန်သွားလိုက်ပါဦး။ ဝန်ထမ်းတွေရဲ့ ပွဲကို ပစ်ထားလို့ဘယ်ဖြစ်မှာလဲ။"


"ပါးစပ်ပိတ်ထား။ ကျူပ် company ဘာဖြစ်ဖြစ် ကျုပ်ကရုမစိုက်ဘူး။ ကျူပ်ကွယ်တာနဲ့ အလစ်ထွက် ပြေးချင်တဲ့ မင်းကိုပဲ ကျုပ်ကရုစိုက်တယ်။"

မိုးစက် လန့်တော့လန့်နေသည်။ သူ မိမိကို အပြစ်ပေးတော့မည်ကိုသိကာ ရင်ထိတ်နေမိသည်။ ထို့ကြောင့် သူ့ကို လေပြေထိုးရန်ကြိုးစားလိုက်သည်။


"အကို.. ကျွန်တော် ရှင်းပြပါရစေ။"


"အိပ်ယာထဲရောက်မှ ရှင်းတော့... "

မိုးစက် တကယ်ကို စိတ်ညစ်သွားသည်။ သွားပြီ။ ဒီညတော့ အိပ်ရတော့မည် မဟုတ်ပေ။ မနက်ဖြန် လမ်းတောင်လျှောက်နိုင်ပါ့မလားပင် မသေချာတော့ပေ။


ကွန်ဒိုရောက်သည်နှင့် သူကားကို ခပ်ကြမ်းကြမ်းပါကင်ထိုးကာ စကားမဆိုပဲ မိုးစက်လက်ကို တင်းကြပ်စွာဖြင့် တရားခံဖမ်းသလို ဖမ်းလာခဲ့သည်။

"ဝင်..."
တံခါးဖွင့်ပြီး မိုးစက်ကို အထဲတွန်းပို့လိုက်သည်။ မိုးစက် အထဲကိုရောက်သွားပြီး သူ့ကို ရှင်းပြရန် လှည့်လိုက်စဉ် သူက မိုးစက်ကို နံရံတွင် တွန်းကပ်ကာ နူတ်ခမ်းများကို ဒဏ်ခတ်တော့သည်။ သူ့လက်များက မိုးစက်၏ အဝတ်အားလုံးကို ချွတ်ပစ်လိုက်သည်။ မိုးစက် သူ့ အနမ်းများကို ဖယ်ကာ ရှင်းပြရန်ကြိုးစားသေးသည်။ သူက လုံးဝလက်မခံပေ။ သူ အရမ်းတင်းနေလေပြီ။

"အကို.. နေပါဦး"

"ဘာကြောင့် မင်းရဲ့ စကားကို နားထောင်ရမှာလဲ။ မင်းတောင် ကျူပ်စကားကိုဆို ဘယ်တုန်းကမှ နားမထောင်ခဲ့ဘူး။ "

သူ စိတ်ဆိုးဆိုးနှင့် မိုးစက်ကို တညလုံး ဒဏ်ခတ်တော့သည်။ နားလိုက် ဒဏ်ခတ်လိုက်ဖြင့် မိုးစက် နောက်ဆုံး နာလွန်းမက နာသဖြင့် တောင်းပန်သော်လည်း သူက မရပ်ချေ။ မိုးစက် မှာ နောက်ဆုံး မောမောနှင့် အိပ်ပျော်သွားတော့သည်။

မိုးစက်နိုးလာသောအခါ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်တော့ပေ။ သူက မိုးစက်ကို ရေချိုးခန်း ထဲပွေ့ချီကာ ရေနွေးစပ်ကာ ရေချိုးပေးသည်။ထို့နောက် အိပ်ခန်းထဲပြန်ပွေ့လာပြီး ဆေးတိုက်သည်။

ထို့နောက် မိုးစက်ကို ခုတင်တိုင်တွင် လက်ထိပ်ခတ်ထားပြီး အလုပ်သို့ထွက်သွားသည်။

"အကို ကျွန်တော့်ကို လက်ထိပ်ဖြုတ်ပေးပါအုံး။ "

နှင်းထန်က သူ့ကို မျက်နှာထားတင်းတင်းဖြင့်ကြည့်ကာ
"ဘာလဲ ။ နောက်တခါ ထပ်ပြီးထွက်ပြေးနိုင်အောင်လို့ လက်ထိပ်ဖြုတ်ပေးရမှာလား။ ဆောရီးပဲ မိုးစက် ကျုပ် မင်းနောက် ထပ်ပြီးလိုက်ရှာရအောင် မအားဘူး။ကဲ အေးအေးဆေးဆေး အိပ်ပြီး အားမွေးထားလိုက်ဦး။ ညကျရင် မင်းကို အပြစ်ပေးစရာရှိသေးတယ်။"

မိုးစက် သူ့ကို ကြောက်ပင်ကြောက်လာသည်။ သူ မိမိကို ဘယ်လောက်တောင် ဒဏ်ခတ်ဦးမည်

မသိ ပေ။

"အကို တော်တော့နော်။ ကျွန်တော် သေသွားလိမ့်မယ်."

သူက မခိုးမခန့်ပြုံးကာ ပြောလိုက်သည်။ သူ့စကားသံကိုကြားသော် မိုးစက်ကြက်သီးများထောင်ထ လာသည်။
"မင်းသေရင်တောင် ကိုယ့်ရင်ခွင်ထဲမှာပဲ သေရမယ် မိုးစက်။ မင်းက ကျုပ်ပိုင်တဲ့သူဆိုတာ မြဲမြဲမှတ် ထားပါ။"


"အကို... အကို...ကျွန်တော့်ကိုလွှတ်ပေးပါ အကို..."

သူ မိုးစက်အော်သံကို လစ်လျူရှူကာ အခန်းပြင်သို့ထွက်သွားတော့သည်။ မိုးစက် အိပ်ခန်းထဲ တယောက်တည်းကျန်ရစ်ခဲ့သည်။

---------------------


မိုးစက်သည် သူတိုက်ထားသောဆေးအရှိန်နှင့် တနေကုန် အိပ်မောကျနေသည်။ ဘယ်လောက် တောင် အိပ်သွားသည်မသိတော့ပေ မိမိကိုယ်ပေါ် နှင်းဆီပွင့်ဖတ်များ ညင်သာစွာကြွေကျလာသည် ဟု အိပ်မက်မက်ရင်း နိုးလာခဲ့သည်။

"အကို..."


မိုးစက် တိုးညင်းစွာခေါ်လိုက်သည်။ မိမိကိုယ်ပေါ်ကျလာသည့် နှင်းဆီပွင့်များသည် တကယ်တော့ သူ့ရဲ့ ငြင်သာသိမ်မွေ့သော အနမ်းပွင့်များဖြစ်သည်။ မိမိခေါ်သံကြောင့် သူ မိုးပွင့်ကို စိုက်ကြည့်လာ သည်။ သူ့ရဲ့ စိတ်ထိခိုက်သော မျက်ဝန်များက မိုးစက် သူ့အပေါ်စိတ်ဆိုးသည်ကို မေ့သွားစေသည်။

"ဆောရီး ကိုယ့်ကြောင့် ချာတိတ်နိုးသွားပြီ။ သက်သာရဲ့လားဟင်။ ကိုယ် ချာတိတ်ကြိုက်တတ်တဲ့ ရေညှိထမင်းလိပ်ဝယ်လာတယ်။ ထနိုင်လား။ ရေချိုးပြီး စားလိုက်နော်။ကိုယ် ရေနွေးစပ်ပေးထားတယ်။ ပြီးရင် ဆေးထပ်သောက်ရမယ်။ "

"ထနိုင်ပါတယ် အကို။ ကျွန်တော့် ဖာသာ သွားလိုက်ပါ့မယ်။"

ကြင်နာစွာ ပြောနေသော သူက ညတုန်းကနှင့် တခြားစီဖြစ်နေသည်။ မိုးစက် ထထိုင်လိုက်စဉ် နာကျင် မှု အတော်သက်သာနေသဖြင့် အိပ်ယာမှ ဖြည်းဖြည်းထကာ ရေချိုးခန်းထဲ ဝင်ခဲ့သည်။

နှင်းထန်သည် ရေချိုးခန်းထဲ ဝင်သွားသော မိုးစက်ကို ငေးကြည့်ကာ ညစာများကို MicroWave ထဲနွေး

ပြီး စားပွဲပေါ် ခင်းထားလိုက်သည်။ညကဒေါသပေါက်ကွဲပြီး ကြမ်းလိုက်မိသည်ကိုနောင်တရနေမိသည်။

မိုးစက်ကို မိမိနာကျင်အောင် မလုပ်ရက်ပါ။ အခြားလူ လုပ်လျှင်လည်း သည်းမခံနိုင်ပေ။ မိုးစက်သည် မိမိဘဝ၊မိမိအသက်ပင်ဖြစ်သည်။ မိုးစက် ပျော်ရွှင်အောင် မိမိ အရာအားလုံးကိုမျက်စိမှိတ်ကာ သဘော တူ ခဲ့သည်။ နောက်ဆုံး မိမိသွေးသာ မဟုတ်သူကိုပင် ကိုယ့်သွေးသားအဖြစ် လက်ခံရန်အထိ သဘော

တူ ခဲ့သည်။ ဒါတွေ အားလုံး နွားကျကျ ဆုံးဖြတ်ခဲ့တာ မိုးစက် မိမိဘေးမှာ တသက်လုံး ကြင်နာစွာ ချစ် သွားနိုင်ဖို့ဖြစ်သည်။

မိမိဘက်က ချစ်သလောက် မိုးစက်က ပြန်မချစ်သောအခါ နှင်းထန် ရင်နာမိသည်။ မိမိဘေးကနေ အကြိမ်ကြိမ်ပြေးထွက်ရန် ကြိုးစားနေသော ကောင်လေးကို မိမိစိတ်မချစွာ ချစ်ခဲ့ပါသည်။ မိမိ အကြိမ် ကြိမ်ရှင်းပြသည့်တိုင် အဘယ့်ကြောင့် သဘောမပေါက်သည်ကို မိမိလုံးဝနားမလည်နိုင်တော့ပေ။

နောက်ဆုံး နှင်းထန် သက်ပြင်းရှိုက်မိသည်။ မိုးစက်ကို ချစ်မိမှ မိမိဘဝမှာ မကြုံဖူးသည့် ငြင်းပယ်ခံရ ခြင်း၊ ချစ်ရသူကို ဆုံးရှုံးသွားရမည်ကို စိုးရိမ်နေရခြင်း၊ မိမိချစ်သလောက် မိမိကိုပြန်မချစ်သဖြင့် စိတ်ပူ ပန်ရခြင်း ......စသည်တို့ကို တဝကြီးခံစားရတော့သည်။

နှင်းထန် သည် မိမိဒေါသပေါက်ကွဲသွားပြီး မိုးစက်ကို ခပ်ကြမ်းကြမ်း ဒဏ်ခတ်မိသည်ကို ပြန်တွေးကာ စိတ်မကောင်းဖြစ်သဖြင့် ရင်ထဲတဆစ်ဆစ်နာကျင်နေမိသည်။သူ့ကြောင့် မိမိလည်း စိတ်ကြမ်းလူကြမ်း ကြီးကို ဖြစ်ရလေပြီ။ မိမိစိတ်တွေလည်း ပြိုကျလုနီးပါးဖြစ်ရလေပြီ။ ချာတိတ်လေးကိုသာ လက်လွှတ် ဆုံးရှုံးလိုက်ရရင် ဆိုသည့်အတွေးက လူကိုရူးစေလောက်သည်။

မိုးစက် ရေချိုးခန်းကထွက်ပြီး အဝတ်ဝတ်ကာ ထမင်းစားခန်းဘက်သို့ထွက်လာစဉ် စားပွဲပေါ် တံတောင်ဖြင့်ထောက်ကာ မျက်နှာကို လက်နှင့်အုပ်ထားသည့် သူ့ကိုတွေ့သောအခါ ရင်ထဲနစ် သွားသည်။ လိုတရ ရွှေမင်းသားလေးက မိမိကြောင့် စိတ်ညစ်နေရလေပြီ။

မိုးစက် သူ့ပုခုံးကို လက်နှင့် ထိလိုက်စဉ် သူမျက်လုံးဖွင့်လာပြီး မိမိကို စိတ်မကောင်းဟန်ဖြင့် ကြည့်နေ သော ချစ်သူလေးကို တွေ့သော် ခါးလေးကို လှမ်းဖက်ကာ ချာတိတ်လေး၏ ရင်ဘတ်တွင် မျက်နှာ အပ်ကာ

"ချာတိတ်... ညက ကိုယ်ကြမ်းမိတာ တောင်းပန်ပါတယ်။ကိုယ် အသိစိတ်လွတ်သွားလို့ပါ။မင်းကြောင့် ကိုယ် ရူးသွားမလိုဖြစ်သွားမိတာ ဆောရီးပါကွာ။ ကျေးဇူးပြုပြီး ကိုယ့်ကို မမုန်းပါနဲ့။ ကိုယ်မင်းကို ချစ်လွန်းလို့ပါ။"

မိုးစက်သူ့စကားများကြောင့် မျက်ရည်ကျလာသည်။ မိုးစက်၏ မျက်ရည်ကြောင့် သူ ခုံမှချက်ချင်းထ ရပ်ကာ မိုးစက်ကို ရင်ခွင်ထဲ ထွေးပွေ့ပြီး

"ချာတိတ် ဘာဖြစ်လို့လဲ။ ဒဏ်ရာကအရမ်းနာလို့လားဟင်။ ဆေးရုံသွားရအောင်...လာ.."

မိုးစက်သည် သူ့စေတနာနှင့် အချစ်များကို ခံစားမိသောကြောင့် တချက်ရှိုက်လိုက်ကာ

"ဟုတ်တယ်.။ ကျွန်တော် အရမ်းနာလို့။ ခင်ဗျားကြောင့် ကျွန်တော် သေမလိုခံစားနေရလို့..."

မိုးစက်၏ စကားကိုကြားသော် သူ မျက်နှာပျက်သွားပြီး မိုးစက်ကို တွန်းဖယ်ကာ အုတ်နံရံဘက်သို့ ထွက်သွားသဖြင့် မိုးစက်သူ့ ခါးကို လှမ်းဖက်ကာ ကျောပြင်ကို ပါးအပ်ပြီး


"အကို ဘာလုပ်မလို့လဲ။"

"ကိုယ့်ကိုယ်ကို အပြစ်ပေးမလို့လေ။ ပြီးမှ မင်းကို ဆေးရုံလိုက်ပို့ပေးမယ်။ "

မိုးစက် မျက်ရည်ကျရင်း ရယ်လိုက်မိသည်။

"အကို့ကြောင့် ရင်နာရတာကိုပြောနေတာ။ ရင်ထဲကို စူးအောင့်နေအောင်ကို နာတယ်။ ကျွန်တော့် ကြောင့် မိုးပွင့် လုပ်သမျှ အကိုခံရတာ ရင်နာလို့ပါ။ ကျွန်တော့်သာ မရှိရင် ဘယ်သူမှ အကို့ကို ဒီလို အကြပ်ကိုင်လို့ရမှာမဟုတ်ဘူး။ ကျွန်တော့်ကို သွားခွင့်ပေးပါတော့ အကို... "

နှင်းထန်သည် မိုးစက်၏ စကားမဆုံးခင် ခွဲခွါစကားပြောသည့် နူတ်ခမ်းလေးကို အနမ်းဖြင့် ပိတ်လိုက် တော့သည်။ သူ့အနမ်းများကြောင့် မိုးစက်၏ မျက်ရည်များ ရပ်တန့်သွားတော့သည်။ သူ့အနမ်းများ ထဲတွင် အကြင်နာများ ဖြင့် ထုံမွှမ်းနေသည်။ ထိုအနမ်း၊ထိုအပွေ့အဖက်ကို မိုးစက် စွဲလန်းမိနေလေပြီ။

"တော်တော့နော်။ ကိုယ့်ကို ချစ်ရင် ၊သနားရင် ခွဲခွာမယ့် စကားမပြောပါနဲ့လားကွယ်။ ကဲ လာ... စားစရာတွေ အေးကုန်တော့မယ်။ စိတ်ဆင်းရဲ စရာတွေ မေ့ပစ်လိုက်တော့နော်။ "

မိုးစက်သည် သူ့နှင့်အတူ ညစာကို မြိန်ယှက်စွာ စားလိုက်သည်။ သူက မိုးစက်ကို အရိပ်တကြည့် ကြည့်လုပ်နေသောကြောင့် မိုးစက်က သူ့ကို မျက်လွှာပင့်ကြည့်ကာ

"အကို မစားပဲ ကျွန်တော့်ကို ဘာလို့စိုက်ကြည့်နေတာလဲ။ ဘာလဲ။ မျက်နှာတခုခု ပေနေလို့လား။"

"အင်း ကိုယ့်ကို မချစ်ချစ်လာအောင်လုပ်နိုင်တဲ့ မှေုာ်အငွေ့လေးတွေ ပေနေလို့။"

သူ့စကားကြောင့် မိုးစက်မပြုံးပဲ မနေနိုင်တော့ပေ။ သူ့ကို ပြုံးချိုစွာကြည့်ကာ

"အကိုက တဖက်သားစိတ်ချမ်းသာအောင် သိပ်ပြောတတ်တာပဲ။ အကို့ အပြောလေးတွေကို ယောက်ျားလေးတန်မယ့် ကျွန်တော်ကြွေသွားပြီ။"

"ကြွေတယ်ဆိုရင် ကိုယ့်ဘေးကနေ တဖဝါးမှ မခွါနဲ့.. ဒါပဲ။"

မိုးစက်၏ အပြုံးတို့ ဖျော့တော့သွားပြီး သူ့ကို မရွံမရဲ မော့ကြည့်ကာ စိတ်ညစ်စွာပြောသည်။

"အကိုရာ...."

နှင်းထန် မျက်နှာထားတင်းတင်းဖြင့်ကြည့်ကာ

"ဘာ ဆင်ခြေမှ မလိုချင်ဘူး။ အခုစားတော့။ ပြီးရင် ဒဏ်ရာကို ဆေးထည့်ပေးမယ်.။"

မိုးစက်၏ မျက်နှာရဲခနဲ ဖြစ်သွားပြီး ကပျာကယာ ငြင်းလိုက်သည်။

"ရတယ် အကို၊ ကိုယ့်ဖာသာ ထည့်မယ်။ "

သူက ညစ်ကျယ်ကျယ်ပြုံးကာ

"ဒဏ်ရာကို မမြင်ပဲနဲ့ ဘယ်လို ဆေးထည့်မှာလဲ။ စကားမရှည်နဲ့။ အဲ့နေရာက ပိုးဝင်သွားနိုင်တယ်။ ကိုယ်ကိုယ်တိုင် ဆေးထည့်ပေးမယ်။ "

မိုးစက် သူ့ကို နှာခေါင်းရှုံ့ပြကာ တိုးတိုးပြောလိုက်သည်။

"နှာဗူးကြီး"

"ဘာပြောလိုက်တယ်။ ကိုယ်မကြားလိုက်လို့။ ပြန်ပြောပါအုံး။"

"ဘာမှ မပြောပါဘူး။ အကိုလည်း စားလေ။ ကျွန်တော် ဝပြီ။"

"ဘာဝတာလဲ။ ဟင်းတွေကျန်သေးတယ်။ စား.."

"အာ အကိုက အများကြီးဝယ်လာတာကိုး။မကုန်ဘူး။ အကိုလည်း ကူစားပေး။"

"အင်း... ချာတိတ်ခွံကျွေး။"

"ကလေးကျနေတာပဲ အကိုက။"

"ချာတိတ်နဲ့တွေ့ရင် ကိုယ့်ရဲ့ လူကြီးဆန်ဆန်နေတတ်တာတွေ အားလုံးပျောက်သွားတယ်။ ကဲ ခွံမလား ။ မခွံဘူးလား ပြော။ မခွံရင် မစားဘူး။"
"ခွံကျွေးပါ့မယ် ခင်မျာ"

မိုးစက် ခွံကျွေးသည်ကို စားရင်းနှင်းထန် ထိုအချိန်လေးကို ထာဝရ ရပ်တန့်ထားချင်မိသည်။ ယခုလို နှစ်ယောက်တည်း ဘယ်သူမှ မနှောက်ယှက်သော အမြဲတမ်းဘဝကို လိုချင်မိသည်။ နှစ်ယောက်သား စားသောက်ပြီးသည်နှင့် Channel လိုင်းများကို အတူကြည့်သည်။ တကယ့် လက်ထပ်ပြီးစ ဇနီးမောင်နှံ လို အေးဆေးစွာ အချိန်တခုကို အတူမျှဝေကာ ဖြတ်သန်းကြသည်။



အချစ်စစ်၏ တည်နေရာSeason (1)Donde viven las historias. Descúbrelo ahora