အချစ်စစ်၏ တည်နေရာ
Season - 1
အပိုင်း (18)
ထိုနေ့လည်း သူ အိမ်ပြန်မအိပ်ပဲ မိုးစက်နှင့် အတူအိပ်သည်။ မိုးစက် ဘယ်လိုတိုက်တွန်းလည်း မသွား ပေ။
"မင်းညီမက ကိုယ့်အိမ်မှာ မိဖုရားအဖြစ် ရှိနေရင် ကျေနပ်တော့လေ။ ကိုယ် ဘယ်မှာနေနေ မင်း ဘာမှ ဝင်မပြောနဲ့ ချာတိတ်။ အခုကစပြီး မိုးပွင့်နဲ့ ပတ်သတ်ပြီး မင်းဘာမှ တောင်းဆိုစရာမလိုဘူး။ သူ့ကို ကိုယ် အိမ်ပေါ်က ကန်မချသေးတာ ကျေးဇူးတင်။ ပါးစပ်ပိတ်ပြီး ကိုယ့် ရင်ခွင်ထဲကို အသာတကြည် လာမလား။ မလာဘူးလားပဲ ပြော။"
မိုးစက် သူ့စကားကြောင့် သက်ပြင်းချကာ သူ့ရင်ခွင်ထဲကို အသာဝင်လိုက်သည်။ သူက ချက်ချင်း ပြုံးသွားပြီး
"ဒီလို လိမ္မာမှပေါ့ ကိုယ့်ချစ်သူလေး။"
မိုးစက်သည်လည်း သူ့ရင်ခွင်ဝယ် လုံခြုံအေးချမ်းစွာ အိပ်မောကျသွားသည်။ သို့သော် အိပ်မက်ထဲ တွင် ညီမလေးက ငိုပြီးရန်တွေ့သည်ကိုမြင်မက်တော့ မိုးစက် မျက်ရည်ကျရင်း အဆက်မပြတ် တောင်းပန်နေမိသည်။
"မိုးလေး တောင်းပန်ပါတယ်။ ငါ အကို့ကို ချစ်မိသွားလို့ပါ။ နင် ငါ့ကို မမုန်းပါနဲ့။ မဟုတ်ဘူး။ ငါ့ နင့်ကို ချစ်ပါတယ်။ မိုးလေး... မိုးလေး..."
နှင်းထန်သည်လည်း နိုးလာပြီး မိုးစက် ယောင်ယမ်းစကားပြောရင်း မျက်ရည်ကျနေသည်ကို တွေ့ သော် ခေါင်းလေးကို ပွတ်သပ်ပေးပြီး ချော့သိပ်လိုက်သည်။
"တိတ်ပါ ကလေးရယ်.။ အိပ်မက်မက်နေတာပါ။ အိပ်တော့နော်။ ကိုယ်တယောက်လုံး ဘေးမှာရှိတယ်. အေးအေးချမ်ချမ်း အိပ်ပါကွယ်။"
နှင်းထန် မိုးစက်၏ နားနားကပ်ကာ စကားတီးတိုးပြောက ချော့လိုက်စဉ် မိုးစက် အငိုတိတ်သွားပြီး ပြန်အိပ်ပျော်သွားတော့သည်။
"မင်းညီမနဲ့ မင်းက ဘယ်လို ကျိန်စာများသင့်နေတာလဲကွယ်။ မင်းက မင်းညီမကို ချစ်သလောက် သူက မင်းကို နည်းနည်းလေးမှ သံယောဇဉ်မရှိပါလား။ သူ့အပေါ် သံယောဇဉ်လေး နည်းနည်းလျှော့ ပြီးကိုယ့်အတွက်ကို နည်းနည်းလေး စဉ်းစားပေးပါဦးကွယ်။ "
နှင်းထန် မိုးစက်မကြားနိုင်သော်လည်း တီးတိုးရေရွတ်နေမိသည်။ မျက်ရည်စများကို အနမ်းဖြင့် သုတ် ပေးပြီး ချစ်သူလေးကို စိတ်ချမ်းသာအောင် ထားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
မနက်အိပ်ယာမှ နိုးသောအခါ မိုးစက် သူ့ရင်ခွင်မှ အသာရုန်းထွက်လိုက်သည်။ သူက ချက်ချင်းနိုးလာ ပြီး မိုးစက်ကို ပြန်ဖက်ထားလိုက်သည်။
"မထနဲ့။ အိပ်ဦး။ ကိုယ် ချာတိတ်ကို်ယ်လေးကို ဖက်အိပ်ချင်လို့။"
"အကို ထတော့ဗျာ။ ဒီနေ့ အလုပ်သွားမှာ မဟုတ်လား။ အိမ်ပြန် အဝတ်စားလဲရဦးမယ်လေ။ "
"မသွားဘူး။ ချာတိတ်နားမှာနေမယ်။"
"အကိုကလည်းဗျာ။ ထပါ။ အကို့ ဒယ်ဒီ ခရီးသွားတုန်း company ကိုပို ကရုစိုက်ရမှာလေဗျာ။ "
"ဒါဆို ဒီနေ့အလုပ်သွားဖို့ ခွန်အားလေး ပေးပါဦး။"
"ရော့ အင့်...ရပြီ။ ထတော့။"
မိုးစက် သူ့ပါးကို ဖွဖွ နမ်းကာ ပြောလိုက်သည်။
"ဟေ့ ဒီလောက်နဲ့ မရဘူး။ ကိုယ့်ကို အချစ်ပေးဦး။"
"ဟာ မရဘူး။ အားအားရှိ ဒါပဲ စဉ်းစားနေတယ်။ ဖယ်ဦးဗျ။"
"ဘာပြောတယ်.. ပြန်ပြောလိုက်စမ်း... "
"ဟင့်အင်း ဘာမှ မဟုတ်ဘူး။ အကို ယားတယ်။ ဖယ်ဗျာ.. အား .. ယားတယ်လို့..."
နှင်းထန် အူယားလာပြီး မိုးစက်ကို ကလိကြားထိုးလိုက်သဖြင့် မိုးစက် အတင်းတွန့်လိမ်ရုန်းကန်ကာ ရယ်မောနေသည်။ ထိုစဉ် တံခါး Bell မြည်သံကြားလိုက်ရသဖြင့် မိုးစက် သူ့ကို အတင်းတွန်းဖယ်ကာ ပြေးထွက်သွားတော့သည်။
"သင်းရနံ့ ပန်းဆိုင်ကပါ ခင်ဗျာ။ Delivery လာပို့တာပါ။ ကိုမိုးစက်အတွက် ပန်းစည်းပါခင်ဗျာ။ ဒီမှာ လက်မှတ်လေး တချက်ထိုးပေးပါ။"
တံခါးဖွင့်လိုက်သည်နှင့် ပန်းရောင်ရေမွေးနှင်းဆီ ပန်းရောင် အစည်းကြီးကို ကိုင်ထားသည့် ဝန်ထမ်း လေးက ပန်းစည်းကိုကမ်းပေးပြီး ကဒ်ပြားတစ်ခုကို ကမ်းပေးနေသဖြင့် မိုးစက် အူကြောင်ကြောင်ဖြစ် သွားသည်။
"လူမှားနေသလား ခင်ဗျ။ ကျွန်တော့်ကို ပန်းစည်းပေးမယ့်သူ မရှိပါဘူး။"
"ဘာဖြစ်လို့လဲ မိုးစက်။"
သူ မိုးစက်နောက်တွင် ရောက်လာပြီး မေးလိုက်သည်။ မိုးစက် ဘာမှ မပြောရသေးခင် ဝန်ထမ်းလေးက မှတ်တမ်းကို သေချာပြန်ကြည့်ကာ
"မမှားပါဘူး ခင်ဗျ။ ဒီလိပ်စာအတိုင်းပါပဲ။ လက်ခံမည့်သူက ကိုမိုးစက်။ ပေးပို့သူက ကိုရန်နိုင်ပါ။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ ခင်ဗျ"
"ပေးပို့သူ က ကိုရန်နိုင်တဲ့လား။ "
မိုးစက်သည် သူ့ထံမှ အသက်ရှူထုတ်လိုက်သံပြင်းပြင်းကြောင့် လှည့်ပင်မကြည့်ဝံ့တော့ပဲ အမြန် လက်မှတ်ထိုးပေးကာ ပန်းစည်းကိုလက်ခံထားလိုက်သည်။ မိုးစက် ပန်းစည်းကို ပွေ့ကာ အခန်းထဲ အမြန်ဝင်ခဲ့သည်။ သူက နောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့သည်။
"သူက မင်းကို အတော် အလေးထားတာပဲ။ ပန်းရောင်နှင်းဆီက ချစ်ခြင်းကို ကိုယ်စားပြုတယ်။ ဒါ ပန်းစည်းနဲ့ မင်းကို ချစ်ခွင့်ပန်လိုက်တာပဲကွ။ ပန်းတစ်ပွင့်ခြင်းက သူ့အချစ်ကို ကိုယ်စားပြုတာပဲကွ"
မိုးစက် ပန်းစည်းကို စားပွဲပေါ်တင်ကာ သူ့ဘက်လှည့်ကြည့်ပြီး ဒေါပွကာ အော်လိုက်သည်။
"အကို တော်ပါတော့။ သူ့ဖာသာ ဘာကြောင့်ပို့ပို့ ကျွန်တော်နဲ့ မဆိုင်ဘူး။ ဘာမှ လာမပြောနဲ့။"
ဒါတောင် သူက ပြုံးကာ ရိသဲ့သဲ့ပြောနေပြန်သည်။
"ချာတိတ်က မျှော်လင့်ချက်ပေးထားလို့နေမှာပေါ့။"
မိုးစက် သူ့ကို မကျေမနပ်ကြည့်ကာ
"အကိုနော်။ ကျွန်တေ်ာ့ကို ရန်လာမစနဲ့။ ကျွန်တော် ဘယ်တုန်းကမှ ကိုရန်နိုင်ကို မျှော်လင့်ချက် မပေးဖူးဘူး။ သူ့ကို အစကတည်းက ခါးခါးသီးသီး ငြင်းထားတာ။ သူ့ကို ငြင်းပြီးမှ အခုကျတော့ ကျွန်တော် အရှက်ကွဲတာပေ့ါ။ နောက်တခါ တွေ့ရင် သူကျွန်တော့်ကို ရိတော့မှာပဲ။"
နှင်းထန်က မိုးစက်၏ မေးကိုပင့်မကာ
"ချာတိတ်က ဘာကြောင့် အရှက်ကွဲရတာလဲ ပြောစမ်းပါဦး။"
မိုးစက် သူ့လက်ကို တွန်းဖယ်ကာ
"အကိုနဲ့ ကျွန်တော် ချစ်နေတာ၊အတူနေနေတာ သူသိသွားတော့ ကျွန်တော် အရှက်ရတာပေါ့။"
"ဒါ ဘာရှက်စရာရှိလို့လဲ။ ချစ်တဲ့သူချင်း အတူနေတာ သဘာဝပဲ။"
"အကိုကလည်းဗျာ.. မသိချင်ယောင်ဆောင်နေပြီ။ ယောကျ်ားခြင်း ချစ်ပြီးအတူနေတာ ဘယ်လိုလုပ် သဘာ၀ ဖြစ်မှာလဲ။ တကယ်ပဲ။ သိပ်ပြောရခက်တာပဲ ဗျာ။"
"အေးပါကွာ ။ကိုရန်နိုင်လောက်တော့ စကားပြောဘယ်ကောင်းပါ့မလဲ။"
မိုးစက် သူ့မျက်နှာကို ဆတ်ခနဲမော့ကြည့်ကာ
"အကို ဘာစကား ပြောတာလဲ။"
"သဝန်တိုတဲ့စကားပြောတာပေါ့ကွ... ဒါလေးတောင် မသိဘူးလား။ ကိုယ့်ချစ်သူကို တခြားကောင်က ချစ်သက်လက်ဆောင်ပို့တာ ဘယ်နွားက ကြည်ဖြူနေမှာလဲ။"
"အကို တော်ပါတော့ဗျာ။ စိတ်ရှုပ်လာပြီ။ လူကြီးတန်မယ့် သဝန်တိုနေတယ်။"
"လူကြီးဖြစ်ရင် သဝန်မတိုရတော့ဘူးလား။ "
"ကျွန်တော်ဆိုရင် သဝန်မတိုပေါင်ဗျာ။"
မိုးစက် ပြောကာ သူ့ဘေးမှ လှည့်ထွက်သွားစဉ် သူကဖမ်းဆွဲပြီး ဖက်ထားကာ
"ချာတိတ် ကိုယ့်ကို နမ်းစမ်းပါ။"
"ဘာလို့နမ်းရမှာလဲ။ ဘလိုင်းကြီး။"
မိုးစက် ရှက်ရှက်နှင့် ငြင်းလိုက်သည်။ သို့သော် သူ့လက်က လုံးဝမလွတ်ပဲ သူခေါ်ရာသို့ပါသွားရပြန် သည်။
မိုးစက်နှင့် သူ၏ အချစ်ကမ္ဘာလေးက သိပ်မကြာလိုက်ပါ။ မိမိတို့ တိုက်ခန်းထဲ မထင်မှတ်ထားသော ဧည့်သည် ရောက်လာသောအခါ ပြီးဆုံးသွားတော့သည်။
----------------------------
မိုးစက်တို့ အချစ်ကမ္ဘာလေးသည် တပတ်သာကြာလိုက်သည်။ မိမိတို့ ကွန်ဒိုခန်းထဲ ဦးမင်းထန် ရောက်လာခဲ့သောအခါ မိုးစက်မျက်နှာဘယ်လိုထားရမှန်း မသိတော့ပေ။ ဦးမင်းထန်ကို မိမိ အသိပေး ကာ ညီမလေးနှင့် လူလဲခဲ့ခြင်းဖြစ်သည်။ မိမိကို ဦးမင်းထန်ကမ်းလှမ်းသော ငွေကြေးများကိုငြင်းကာ မိမိထွက်လာခဲ့ပြီးမှ ယခုတော့ ဦးမင်းထန် အထင်လွဲမှာကို စိုးရိမ်နေမိသည်။
"မောင်မိုးစက် မတွေ့တာကြာပြီနော်။"
"အန်ကယ် .."
"မိုးစက် အန်ကယ်ပေးတဲ့ ငွေကို ဘာကြောင့် ငြင်းခဲ့တယ်ဆိုတာ အခု သဘောပေါက် သွားြ့ပီကွဲ့။"
"ကျွန်တော်ရှင်းပြပါရစေ အန်ကယ်။"
"မင်း အဖေနဲ့ပဲ ရှင်းလိုက်တော့ သား။"
ဦးမင်းထန်၏ စကားကြောင့် မိုးစက် မျက်နှာပျက်သွားသည်။ မိမိတို့ကြောင့် ဖေဖေ မျက်နှာပျက်ရ မည်ကို မိုးစက် စိုးရိမ်သွားသည်။ ထိုစဉ် အိပ်ခန်းထဲမှ အကိုနှင်းထန် ထွက်လာရင်းမေးလိုက်သည်။
"ချာတိတ်... ဘယ်သူနဲ့ စကားပြောနေတာလဲ... ဟင်..ဒယ်ဒီ ဘယ်တုန်းက ပြန်ရောက်တာလဲ။ ကျွန်တော့်ကို ဖုန်းလည်း မဆက်ပါလား။"
နှင်းထန် ဖခင်ကို တွေ့သော် အံ့သြကာ နူတ်ဆက်လိုက်သည်။ မိုးစက် မျက်နှာပျက်နေသည်ကို တွေ့သော် ဒယ်ဒီနှင့် မိုးစက် တစုံတခု သိထားမည်ကို ရိပ်မိလိုက်သည်။
ဦးမင်းထန်သည် သားကို တင်းမာစွာကြည့်ကာ
"မင်းနဲ့ မိုးစက်က ဘာတွေလဲ သား။ မိုးပွင့် ပြောသလိုပဲလား။ "
မိုးစက်၏ မျက်နှာနီသွားပြီး ခေါင်းငုံ့သွားသည်။ ရှက်ခြင်း၊ ကြောက်ခြင်းကြောင့် လက်ဖျားများ အေးစက် လာသည်။
"ဟုတ်တယ် ဒယ်ဒီ။ ကျွန်တော်နဲ့ မိုးစက်က ချစ်သူတွေပါ။"
ဦးမင်းထန်၏ မျက်နှာမည်းခနဲဖြစ်သွားသည်။ နှင်းထန်ကို ဒေါသဖြင့်ကြည့်ကာ
"မင်းကို ငါမွေးထားတာ ယောကျ်ားအစစ်ပါ နှင်းထန်။ ဘယ်လိုလုပ်ပြီး လိင်တူချစ်သူ တစ်ယောက် ဖြစ်သွားတာလဲ။ မင်း အစား ငါ ရှက်လိုက်တာကွာ."
မိုးစက်သည် အန်ကယ့်မျက်နှာကို လုံးဝမကြည့်ဝံ့တော့ပေ။ မျက်ရည်များက အလိုလို ရစ်ဝိုင်းလာ သည်။ ရှက်လို့၊ ဝမ်းနည်းလို့ ဖြစ်သည်။
"ကျွန်တော့်ဖာသာ ဂေးဖြစ်တာ ဘယ်သူ့ကို နစ်နာအောင်လုပ်နေလို့လဲ။ သူများကို မတရားလုပ်နေ တာ မဟုတ်ဘူး။ ကျွန်တော်တော့ လုံးဝမရှက်ဘူး ဒယ်ဒီ။ ဒယ်ဒီလည်း နိုင်ငံတကာကို သွားနေတဲ့ သူပဲ။ ဒါတွေကို ဒယ်ဒီသိပါတယ်။ ပြီးတော့ ကျွန်တော်က မိုးစက်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပါ။ အဲ့ဒီအတွက် ကျွန်တော် ဘယ်တော့မှ နောင်တမရဘူး။ စစ်မှန်တဲ့ ချစ်ခြင်းကဂုဏ်သိက္ခာရှိပါတယ်။"
ဦးမင်းထန် သည် နှင်းထန်၏ မျက်နှာကို စေ့စေ့ကြည့်ကာ
"မင်း မိုးပွင့်ကို ဘာကြောင့်လက်ထပ်ခဲ့တာလဲ နှင်းထန်။ မင်းဂေးသာဆိုရင် ဘာကြောင့် မိုးပွင့်ကို ပွင့်ပွင်းလင်းလင်း မငြင်းခဲ့တာလဲ။အခုတော့ မင်းက ညီမနဲ့လက်ထပ်ပြီး အကိုနဲ့အတူနေတယ်။ မင်းငါ့ကို အရမ်းစော်ကားနေပြီ နှင်းထန်။ "
မိုးစက် အံကြိတ်ထားမိသည်။ မျက်နှာက မည်မျှပူနေလဲ မသိတော့ပေ။ အပူငွေ့ တရှိန်းရှိန်းထွက်နေ သည်ကိုသာ သိတော့သည်။
နှင်းထန်သည် ဖခင်ကြီးကို မကြောက်မရွံစိုက်ကြည့်ကာ အမှန်တိုင်းပြောလိုက်သည်။
"ကျွန်တော် မိုးစက်ကို အရင်တွေ့ပြီး ချစ်ခဲ့တာပါ။ မိုးစက်က ငြင်းလို့ သူ့ကို ကျွန်တော့်ဘေး တသက်လုံး ခေါ်ထားနိုင်အောင်လို့ မိုးပွင့်ကို လက်ထပ်ခဲ့တာပါ။"
ဦးမင်းထန်သည် သားကို နှမျောစွာကြည့်ကာ
"မိုက်လိုက်တာ နှင်းထန်ရာ။ မိုးစက်နဲ့ မင်းအတူနေလို့ ဘယ်ဖြစ်မှာလဲ။ ပြီးတော့ မိုးပွင့်က မင်း ရင်သွေးကို လွယ်ထားရပြီ။ မိန်းမ ကိုယ်ဝန်ရှိတုန်း ယောကျ်ားနဲဖြစ်ဖြစ်၊ မိန်းမနဲ့ ဖြစ်ဖြစ် အတူနေတာ ဖောက်ပြန်တာပဲ။ မိုးပွင့်အပေါ်ကို အရမ်းကို ရက်စက်ရာရောက်ပါတယ်။မောင်မိုးစက်လည်း မင်းညီမ အတွက် ပြန်စဉ်းစားပါအုံး။မင်းညီမအိမ်ထောင်ရေးကို ဘယ်လိုကြောင့် ဖျက်ဆီးရက်တာလဲ။ ငွေ အတွက် အန်ကယ့်သားကိုတွဲတာဆိုရင် မင်းလိုသလောက် ပေးပါ့မယ်။သားနဲ့ဝေးဝေးနေပေးပါ။"
"ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျာ။"
မိုးစက် နာကျင်စွာဖြင့် တောင်းပန်လိုက်သည်။ သူက မိုးစက်၏ မျက်နှာကို တင်းမာစွာကြည့်ကာ
"မင်းက ဘာအပြစ်ရှိလို့်တောင်းပန်ရတာလဲ မိုးစက်။ "
ဦးမင်းထန် က သား၏ အမှုအယာကိုကြည့်ကာ မိုးစက်အပေါ်မည်မျှ လေးနက်သည်ကို သိသွားပြီး အခု ရအောင်မခွဲနိုင်လျှင် ဘယ်တော့မှ ခွဲလို့ရတော့မည် မဟုတ်တော့သည်ကို သိလိုက်ပြီး မိုးစက် ကိုဖိအားပေးရန် ဆုံးဖြတ်လိုက်သည်။
"မင်း အန်ကယ့်ကို လာတွေ့တုန်းကပြောခဲ့တာကို အန်ကယ် တကယ်ယုံကြည်ခဲ့မိတယ် မိုးစက်။ မင်းအဖေ မျက်နှာကို မထောက် မင်းမို့လုပ်ရက်တယ်။"
နှင်းထန်သည် ဖခင်၏ပြောစကားအရ အရင်က မိုးစက်နှင့် ဖခင်ဖြစ်သူဆုံဖူးသည်ကို သိလိုက်သည်။
"ဒါ ဘာသဘောလဲ မိုးစက်။ မင်း ဒယ်ဒီ့ကို ဘယ်တုန်းက သွားတွေ့လိုက်တာလဲ။'
ဦးမင်းထန် ဖိပြောလိုက်သည်။
"မိုးစက်က မင်းကို မချစ်လို့ထွက်ပြေးနိုင်ဖို့ ဒယ်ဒီ့ဆီ အကူအညီလာတောင်းခဲ့တယ် သား။"
"ဒါတကယ်လား မိုးစက်။ မင်းညီမနဲ့ လူစားထိုးတာ ဒယ်ဒီကို အသိပေးခဲ့တယ်ပေါ့ ဟုတ်လား။"
မိုးစက်သည် သူ၏ မျက်နှာထားကို သိသော် မျက်ရည်စီးကျလာခဲ့သည်။ အကို့မျက်နှာက စားမလို ၊ဝါးမလို တင်းမာနေသည်။ မိုးစက်၏ မျက်ရည်ကိုတွေ့သော် သူက မိုးစက်လက်ကို ဆွဲကာစိတ်ဆိုးစွာ ပြောသည်။
"အကို ကျွန်တော်...."
မိုးစက် သူ့ကို ထိတ်လန့်စွာကြည့်ကာ ထစ်အစွာပြောစဉ် ဦးမင်းထန်က ဖြတ်ပြောလိုက်သည်။
"မောင်မိုးစက်လည်း စဉ်းစားကြည့်ပေါ့။ သားကို မင်းတကယ်ချစ်ရင် သူ့မိသားစုကို ပျက်စီးအောင် မလုပ်သင့်ပါဘူး။ မင်းညီမ အခု အရမ်းစိတ်ဆင်းရဲနေရပြီ။ မင်းတို့ ရှေ့ရေးကို အလေးနက်ထား စဉ်းစားသင့်ပြီ။"
"ဘာမှ ပြန်စဉ်းစားစရာ မလိုပါဘူး ဒယ်ဒီ။ မိုးပွင့် နဲ့ ကျွန်တော် သဘောတူထားတာ ရှိပါတယ်။ သူက....."
မိုးစက်သည် ညီမလေးအကြောင်းကို ဖွင့်ပြောမည်စိုးသဖြင့် ဖြတ်ပြောလိုက်သည်။
"အကို တော်ပါတော့။ ကျွန်တော့်ကို သနားရင် ဆက်မပြောပါနဲ့တော့။ အကို ဆက်ပြောရင် အကို့ကို ကျွန်တော် မုန်းလိုက်မှာ။"
နှင်းထန်သည် မိုးစက်၏ မျက်နှာထားနှင့် လေသံကြောင့် ပြောမည့်စကားကို မျိုသိပ်လိုက်သည်။
"ခွင့်ပြုပါ ဒယ်ဒီ။ ကျွန်တော်တို့ အပြင်သွားစရာရှိလို့ ဒယ်ဒီ့ကို ဆက်ဧည့်မခံနိုင်တော့ဘူး။"
သူက မိုးစက်၏ လက်ကို ဆွဲကာ ကားသော့ကိုယူပြီး ထွက်လာခဲ့သည်။ မိုးစက်သည် သူ့ အပြုအမှု ကြောင့် ဦးမင်းထန်ကို အားနာသွားသည်။
"အကို..."
ဦးမင်းထန်သည် သားကို လှမ်းမေးလိုက်သည်။
"သား မင်းဆုံးဖြတ်ချက်ကို မပြင်တော့ဘူးလား။"
"ကျွန်တော် ဘယ်လို အကြောင်းနဲ့မှ မိုးစက်ကို လက်လွှတ်ခံမှာမဟုတ်ဘူး ဒယ်ဒီ။"
နှင်းထန် ချာတိတ်လေးကို တရွတ်တိုက်ဆွဲခေါ်လာခဲ့သည်။ ဦးမင်းထန်သည် မိမိကို ဆန့်ကျင်သည့် သားကို ပြတ်သားစွာပြောလိုက်သည်။
"မင်း ဒီည အိမ်ပြန်မလာရင် မင်းကို အမွေပြတ်စွန့်လွှတ်မယ် နှင်းထန်။"
မိုးစက်သည် ဦးမင်းထန်၏ စကားကြောင့် အကို့အတွက် စိတ်ပူသွားသည်။ သူ့လက်ကို ပြန်ဆွဲကာ တီးတိုးပြောလိုက်သည်။
"အကို ... ဒီလိုမလုပ်ပါနဲ့။"
နှင်းထန် သည် မိမိကို စိုးရိမ်စွာကြည့်နေသော ချာတိတ်လေး၏ စိတ်ရင်းကို သိသူပီပီ ဖခင်ကို အပြတ်တခါတည်းပြောလိုက်သည်။
"ဒါကတော့ ဒယ်ဒီ့သဘောပါ။ ကျွန်တော်ကတော့ စည်းစိမ်ချမ်းသာအတွက် မိုးစက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး။ မိုးစက်မရှိရင် ကျွန်တော် အသက်မရှင်နိင်ဘူး။"
ထိုစကားကိုကြားသော် မိုးစက် ရှက်ခြင်းတစ်ဝက်၊ ကြည်နူးခြင်းတစ်ဝက် ခံစားလိုက်ရသည်။ မိမိကို အကို တကယ့်ကို လေးနက်စွာချစ်သည်ဆိုသော အသိက တကိုယ်လုံးကို နွေးသွားစေသည်။ သူ့ အချစ်ကို မိမိရမှတော့ သေပျော်ပြီဟု တွေးရင်း သူ ဆွဲခေါ်ရာသို့ ပါလာခဲ့သည်။
"အကို ဘယ်သွားမလို့လဲ။"
မိုးစက် ကားထဲဆွဲသွင်းခံရပြီး သူ့ကို မေးလိုက်သည်။ သူက ကားကို တရှိန်ထိုးမောင်းထွက်လာရင်း
"အနှောက်အယှက်ကင်းတဲ့နေရာပေ့ါ။ မင်းနဲ့ကိုယ် အေးအေးဆေးဆေး နေလို့ရမယ့်နေရာ ကိုသွား မယ်။"
မိုးစက် သည် စတီယာတိုင်ပေါ်မှ သူ့လက်ကို ဆုပ်ကိုင်ကာ ညင်သာစွာပြောလိုက်သည်။
"အကို့ ဒယ်ဒီပြောတာ မှန်တယ်။ အကို အိမ်ကိုပြန်ပါ။"
"မင်း ဘာပြောတယ်။ မင်းအတွက် ကိုယ် အရာအားလုံးစွန့်လွှတ်ဖို့ အသင့်ဖြစ်နေတာတောင် မင်းက ကိုယ့်ကို အိမ်ပြန်ခိုင်းရသလား။"
"အဖြစ်မှန်ကို လက်ခံလိုက်ရအောင် အကို။ ကျွန်တော်နဲ့နေတာ အကို့အတွက် ဘာမှ မထူးပါဘူး။ ပြီးတော့... ကျွန်တော် အကိုနဲ့အတူ ရှေ့ဆက်ဖို့ စိတ်ညစ်လာပြီ။ လူတွေရဲ့ အထင်မြင်သေးတဲ့ အကြည့်ကို မခံနိုင်တော့ဘူး။ လူတွေ ဝိုင်းပြီးအပြစ်ပြောမှာကို မခံနိုင်ဘူး။ အကိုနဲ့ တရားဝင် တွဲသွားရမှာကို ရှက်တယ်။ ကျွန်တော့်ဖာသာ နေပါရစေတော့။"
မိုးစက်ပြောပြီး သူ့ကို ကျောခိုင်းလိုက်ကာ မျက်ရည်ကို တိတ်တိတ်ခိုးသုတ်နေလိုက်သည်။
နှင်းထန်သည် ကားကို လမ်းဘေးထိုးရပ်ကာ မိုးစက်ကိုဆွဲလှည့်ကာ ကိုယ်လေးကို ရင်ခွင်ထဲဆွဲဖက် ထားပြီး
"ချာတိတ်ရာ... ဒယ်ဒီပြောတဲ့စကားတွေကြောင့် မင်းဖာသာ တစ်ဖက်သတ် ဆုံးဖြတ်တာ ကိုယ်လုံး၀ လက်မခံနိုင်ဘူး။ မင်းကို ကိုယ်ချစ်တယ်။ကိုယ့်ကိုမင်းချစ်တာကိုလည်း ကိုယ်သိတယ်။ မင်း တစ်ကြိမ် လောက် တကိုယ်ကောင်းဆန်ကြည့်လိုက်စမ်းပါကွာ။ သူများအတွက်ချည်းပဲ လိုက်ခံစားပြီး နစ်နာခံ မနေနဲ့ဦး။ ဘုရားဖြစ်မယ့် အုတ်နီခဲလေး။"
"ကျွန်တော် အကိုနဲ့လမ်းခွဲချင်ပြီ။"
"ကိုယ်လက်မခံဘူး။ "
နှင်းထန် ဒေါသနှင့်ပြောကာ ကားကို မြို့ပြင်သို့ တရကြမ်းမောင်းထွက်လာခဲ့သည်။
"အကို ဘယ်သွားမလို့လဲ။ ပြန်ကြစို့ဗျာ.."
"ကိုယ် မြို့နေထွက်ခဲ့တာ လုံးဝပြန်မသွားနိုင်တော့ဘူး။ ဒယ်ဒီ့ဖာသာ အမွေဖြတ်ရုံမက ဘာလုပ်လုပ်။ ကရုမစိုက်ဘူး။ မင်းကိုယ့်ဘေးမှာ ဆက်နေပါ့မယ်ဆိုတဲ့ ကတိမရမချင်း ကိုယ် ပြန်မသွားဘူး။ "
မိုးစက် မျက်ရည်ဝဲလာပြီး
"ကျွန်တော့်ကြောင့် အကို အမွေဖြတ်ခံရလိမ့်မယ်။"
သူက ရယ်ကာ
"ကိုယ်သင်ထားတဲ့ ပညာက မင်းကို တင့်တင့်တယ်တယ် ထားနိုင်ပါတယ်။ ပြီးတော့ ကိုယ့် မေမေ ဘက် လုပ်ငန်းတွေလည်း ရှိသေးတယ်။ ဘာမှမပူပါနဲ့။ ဒယ်ဒီက ကိုယ့်ကိုခြိမ်းခြောက်တာပါ။ သူ့ လုပ်ငန်းတွေကို ဆက်ခံမယ့် တခြားသားလည်း မရှိပါဘူး။ ဒယ်ဒီ့အမွေတွေကိုလည်း ကိုယ်မမက် ပါဘူး။ ကဲ ကိုယ့်ဘေးမှာ ဆက်နေမယ်လို့ ကတိပေးနော်။"
"အကို ကျွန်တော့်ကို ဘယ်လိုအကြပ်ကိုင်လည်း ဆက်မနေနိုင်တော့ဘူူး။"
"တကယ်လား။ ဒါဆိုလည်း ရတယ်။ ကိုယ် ဘာလုပ်ရမလဲ သိပြီ။"
သူက ကားကို တရကြမ်းပြန်လှည့်ကာ မောင်းလာသဖြင့် မိုးစက် သူ့ကို မေးလိုက်သည်။
"အကို.. ဘာလုပ်မလို့လဲ။"
သူက နူတ်ခမ်းတွန့်ရုံပြုံးကာ လေအေးလေးဖြင့်ဖြေလိုက်သည်။
"မိုးပွင့်ရဲ့ ကိုယ်ဝန်အကြောင်း ဒယ်ဒီသိအောင် တခါတည်းဖွင့်ပြောမလို့။ အာလုံးရှင်းပြီးမှ မင်းဆီပြန်လာမယ်။"
မိုးစက် သူ့ကို ကြေကွဲစွာကြည့်ကာ
"အကို ကျွန်တော့် ညီမလေးကို ဒုက္ခမပေးဘူးလို့ ကတိပေးထားတယ် မဟုတ်လား။"
"ဒါဆို မင်းက ဘာကြောင့် ကိုယ့်ဘေးကထွက်သွားဖို့ ပြောနေရတာလဲ။"
သူ့အမေးကို မိုးစက်ပြန်မဖြေနိုင်တော့ပဲ ခေါင်းငုံ့လိုက်စဉ် မျက်ရည်များက ပေါင်ပေါ် အတားအဆီးမရှိ ခုန်ဆင်းလာခဲ့သည်။
နှင်းထန်သည် ချစ်သူုလေး၏မျက်ရည်များကိုတွေ့သော် ရင်ဝယ်နာကျင်ရသော်လည်း သူ့ထံမှ ကတိ ကို လိုချင်သောကြောင့် ကားကို လမ်းဘေးထိုးရပ်ကာ သူ့ထံမှကတိ မရမချင်း စိုက်ကြည့်နေလိုက် သည်။
မိုးစက် သူ့ကို ကူကယ်ရာမဲ့စွာဖြင့်လှမ်းကြည့်ကာ ရှိုက်ရင်းပြောသည်။
"ကျွန်..ကျွန်တော်... ဘယ်လို ..လုပ်ရမလဲ။ အကိုက ..ကျွန်..တော့်ကို .. နေခိုင်းတယ်။ အကို့.. ဒယ်ဒီနဲ့ ..မိုးပွင့်က ..ကျွန်တော့်ကို ထွက်သွားခိုင်းတယ်။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော် အရမ်းစိတ်ညစ်တယ်။ ကျွန်တော့်ကြောင့် အကို အမွေဖြတ်ခံ ရမှာလည်း ကြောက်တယ်။ "
နှင်းထန်သည် ချာတိတ်လေး၏ ကိုယ်လေးကို ရင်ခွင်ထဲဖက်ကာ ကလေးပမာ ပုခုံးလေးကို ပုတ်ကာ ချော့ပေးပြီး
"ကိုယ့်စကားကိုသာ နားထောင်လိုက်ပါ။ ချာတိတ် ကိုယ့်ကို ချစ်တယ် မဟုတ်လား။"
မိုးစက်က သူ့ရင်ခွင်ထဲ ခေါင်းတိုးကာ တအိအိငိုပြီး
"အကို့ကို ချစ်လို့ ထွက်သွားချင်တာပေါ့။ ကျွန်တော့်ကြောင့် ကျွန်တော် ချစ်ရတဲ့သူတွေကို စိတ်ဝမ်း မကွဲ စေချင်ဘူး။ ဒါကြောင့် ကျွန်တော့်ကို လက်လွှွတ်လိုက်ပါတော့။ကျွန်တော် တောင်းပန်ပါတယ်။"
နှင်းထန်က မိုးစက်၏ ခေါင်းလေးကိုပွတ်သပ်ပေးပြီး
"အဲ့လောက်လည်း အတွေးမခေါင်ပါနဲ့ကွယ်။ ကိုယ့် ဒယ်ဒီ ခြိမ်းခြောက်တာ တကယ်မထင်ပါနဲ့။ ကိုယ် အားလုံး အဆင်ပြေအောင် လုပ်ပေးပါ့မယ်။ ကိုယ့်ဘေးမှာသာ နေပေးပါ။ "
"အကို ကျွန်တော့် ညီမလေးကို ဒုက္ခမပေးရဘူးနော်။"
"အင်း။ ဒါဆို မင်း ကိုယ့်အနားမှာနေပေး။"
မိုးစက် သူ့မျက်နှာကို ငေးကြည့်ကာ
"အကို ဘယ်တော့မှ ကျွန်တော့်ကို လက်လွှတ်မှာလဲဟင်။ "
"ကိုယ်သေသွားမှ..."
မိုးစက် သူ့ရင်ဘတ်ကိုထုကာ
"ဒီလို မပြောပါနဲ့။ ကျွန်တော်က အဲ့လောက် ချစ်ရအောင် မတန်ပါဘူး။"
"မင်းက ကိုယ့်အသက်နဲ့ ရင်းပြီး ချစ်ရလောက်အောင်ကို ထိုက်တန် ပါတယ်ကွယ်။"
မိုးစက် သူ့စကားကြောင့် မျက်ရည်ကို သုတ်လိုက်ပြီးသူ့ကို မော့ကြည့်ကာ
"အကို ဘာကြောင့် ကျွန်တော့်ကို ဒီလောက်ချစ်ရတာလဲ ဟင်.."
"အရင်ဘဝက ချာတိတ်ရဲ့အချစ်ကို မထီမဲ့မြင်ပြုမိလို့ ခုဘ၀ အကြွေးဆပ်ရတာနေမှာပေါ့။ ကဲ အကြွေးဟောင်း ဆပ်ခွင့်ပြုပါနော် ချစ်လေး။ "
သူ့ကို ဘယ်လိုမှ ပြောလို့မရသည်ကို သိသော် မိုးစက် ဆုံးဖြတ်ချတစ်ခုကို ချလိုက်သည်။
"ကောင်းပြီ။ အကို့ဘေးမှာ သေတဲ့အထိ ကျွန်တော်နေသွားမယ်။ ကျွန်တော့် ညီမလေးကို အရှက်တကွဲ မဖြစ်ပါစေနဲ့။ သူ့ကို ကျွန်တော် ချစ်သလို ချစ်ပေးပါ။"
"ညီမလေးလို ချစ်ပေးဖို့ ကိုယ်ကြိုးစားပါ့မယ်။ "
"ကတိနော် အကို။"
"အင်း ကတိ။"
မိုးစက် သူ့ရင်ခွင်ထဲ တိုးဝင်ကာ တီးတိုးပြောလိုက်သည်။
"ကျေးဇူးပါ အကို။ အိမ်ပြန်ကြစို့နော်။ ကျွန်တော် အကို့ဘေးမှာ နေဖို့ဆုံးဖြတ်လိုက်ပြီ၊ ဘယ်မှသွား ဖို့ မလိုတော့ဘုူူး။"
"တကယ်ပြောတာလား ချာတိတ် ဘာတွေ ကြံနေတာလဲ။"
"ကြည့် .. အကိုက အသာတကြည်လက်ခံတော့လည်း မယုံဘူူး။ တော်ပြီဗျာ။ မပြန်ချင်လည်း ကြိုက်တဲ့နေရာ သွားဗျာ။ ကိုယ့်ချစ်သူ သွားတဲ့နေရာကို ကျွန်တော်လိုက်ဖို့ အသင့်ပဲ။"
မိုးစက်၏ အပြောကြောင့် နှင်းထန် စိတ်ချမ်းသာစွာ ပြန်လာခဲ့သည်။ ထိုနေ့ည မိုးစက်သူ့ကို ချစ်ခင် စွာ ပြုစုပေးသည်။ပူနွေးသော သူ့ကိုယ်လုံးလေးက ရင်ခွင်ထဲပျော့ပျောင်းစွာဖြင့် ထက်သန်စွာ တုန့် ပြန် ပေးသည်။ ပြင်းပြသောအနမ်းများဖြင့် နှင်းထန်ကိုနမ်းသဖြင့် နှင်းထန်မှာအံ့သြရသေး သည်။ အရှက်ကြီးလှသော ကောင်လေး၏တုန့်ပြန်မှုက နှင်းထန်ကို တသက်မမေ့နိုင်အောင် ခံစားချက် ကောင်းကို ပေးနိုင်သဖြင့် တညလုံး အချစ်သည်းကာ မိုးလင်းခါနီးမှ နှင်းထန် အိပ်မောကျသွားသည်။
အကိုနှင်းထန် အိပ်ပျော်သွားမှ မိုးစက် သူ့ရင်ခွင်ထဲမှ အသာတိုးထွက်ကာ ခုတင်ပေါ်မှ ထလိုက် သည်။ ခုတင်ခြေရင်းတွင် ကျုံ့ကျုံ့လေးထိုင်ကာ အိပ်ပျော်နေသော သူ့ကို ကန်တော့ကာ ရေချိုးခန်း ထဲဝင်ပြီး လော့ခ် ချလိုက်ပြီး ရေစိမ်သည့် ကြွေကန်ကို ကျောမှီကာ သက်ပြင်းချလိုက်ပြီး ဆုံးဖြတ်ထားသည့် အလုပ်ကိုလုပ်လိုက်တော့သည်။
"အကို ... အကို့ အကြွေးတွေကို နောင်ဘဝမှ မိန်းကလေးဘဝနဲ့ ကျွန်တော်ပြန်ဆပ်ပါ့မယ်။ အကို့ အချစ်ထက်ကို ၂ ဆ ပြန်ချစ်ပါ့မယ်။ ခုတော့ ကျွန်တော့်ကိုခွင့်မလွှတ်ပါနဲ့။အကို့ဘေးမှာ ကျွန်တော် ဆက်မနေနိုင်တော့လို့ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့။ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ဗျာ....မိုးလေး.. နင် ငါ့ကို ထပ်မမုန်းပါနဲ့တော့။ ငါ နင့်ကို ဆက်မချစ်နိုင်တော့လို့ ငါ့ကိုခွင့်လွှတ်ပေးပါ။ ဖေဖေ သား ဖေဖေ့ကို အဖော်မလုပ်ပေးနိုင်တော့လို့ ခွင့်လွှတ်ပေးပါ။ ဝသုန် မင်းကို နူတ်မဆက်ပဲ ထွက်သွားမိလို့ ငါ့ကို မမုန်းပါနဲ့ကွာ...."
မိုးစက် အရူးလေးပမာ တတွတ်တွတ်ရေရွတ်ရင်း တဖြည်းဖြည်း အားနည်းကာ မိန်းမောသွားတော့ သည်။ မိုးစက်သည် မေမေ့ကို မြင်ယောင်ရင်း ပြုံးကာ
"မေမေ .. သား မေမေနဲ့ အတူနေဖို့ လာခဲ့ပြီ။"
နောက်ဆုံး မိုးစက် အမှောင်ကမ္ဘာထဲသို့ ထိုးကျသွားတော့သည်။ အချစ်၊ အမုန်း ၊ပူပန်မှု အားလုံးကို မေ့ကာ တမလွန်ခရီးကို သွားရန်ခြေလှမ်းပြင်လိုက်တော့သည်။
နှင်းထန် အိပ်ယာမှ ဖြတ်ခနဲနိုးလာစဉ် ရင်ခွင်တခုလုံး တဒိတ်ဒိတ်ခုန်ကာ ဘေးဘက်ကို စမ်းလိုက်စဉ် မိုးစက်ကို မစမ်းမိသဖြင့် အိပ်ယာထက်မှ လူးလဲထကာ အခန်းတံခါးကို အမြန်ကြည့်လိုက်စဉ် သော့ ခတ် လျက်သားရှိနေသေးသဖြင့် အနည်းငယ်စိတ်အေးသွားသည်။ မိုးစက် မိမိကိုလိုက်လျောပုံက
ထူးဆန်းနေသောကြောင့် နှင်းထန် သတိနှင့် ညအိပ်တိုင်း တံခါးကို သော့ခတ်ကာ အိပ်စက်ရသည်။ မိမိအိပ်စဉ် မိုးစက်ထွက်ပြေးသွားမည်ကို ကြောက်ရွံနေမိသည်။ ယခုလည်း အိပ်မက်မှ ခြောက်ခြားစွာ နိုးထလာသဖြင့် မိုးစက်ကို သာ အမြန်ရှာနေမိသည်။
"ချာတိတ်... ရေချိုးခန်းထဲမှာလား။ ချာတိတ်..."
နှင်းထန် ရေချိုးခန်းတံခါးကို ထုကာ အော်ခေါ်လိုက်သည်။ အထဲမှ ဘာစကားမှ ထူးမလာသဖြင့် တံခါးကို ဖွင့်လိုက်သော် လော့ခ်ချထားသဖြင့် စိတ်ပူပြီး အတင်းထုကာ အော်ခေါ်သည်။ နှင်းထန် အထပ်ထပ်ခေါ်သည့်တိုင် ပြန်မထူသဖြင့် တံခါးကို ပုခုံးစွန်းဖြင့် တိုက်ကာ ဖွင့်လိုက်သည်။
"မိုးစက်..."
တိတ်ဆိတ်သော အခန်းထဲဝယ် နှင်းထန်၏ အသံသာ ပင့်တင်ထပ်နေသည်။ ဖြူဖွေးသော ကြွေပြား ထက်ဝယ် အနီရောင် သွေးစီးကြောင်းဖြင့် တောက်ပနေသည်။ နှင်းထန် ချစ်ရသော ကောင်လေး သည် နောက်ထပ်တဖန် ထွက်ပြေးရန်ကြိုးစားလိုက်ပြန်ပြီ။ ယခုတခါကတော့ နှင်းထန် သည်းမခံနိုင် တော့ပါ။
"မိုးစက် ... ကလေး.. မျက်လုံးကို ဖွင့်ကြည့်ပါအုံး။ ကိုယ့်အသံကို ကြားရဲ့လား။ မိုးစက်.."
နှင်းထန်သည် မိုးစက်၏ ပါးပြင်ကို ပုတ်ကာ ခေါ်လိုက်သည်။ သို့သော် ချစ်သော မိုးစက်သည် မိမိကို မျက်လုံးဖွင့်ကာ မကြည့်တော့ပါ။ နှင်ထန်သည် မိုးစက်၏ လက်ကောက်ဝတ်ကို တဘက်အသန့်ဖြင့် ပတ်ကာ ပွေ့ချီပြီး ဆေးရုံသို့ တခါတည်းခေါ်ခဲ့တော့သည်။ လမ်းမှာကတည်းက ဆေးရုံအုပ်ကို ဆက်သွယ်ကာ ခွဲခန်းကို အသင့်ပြင်ခိုင်းထားသည်။
"မင်း မသေရဘူး မိုးစက်။ ကြားလား။ မင်းသေသွားရင် တမလွန်အထိ မင်းကို လိုက်သတ်မယ်။ မင်း ဒီလိုမျိုး ကျုပ်ကို ထားသွားတာ လုံး၀ လက်မခံနိုင်ဘူး။ ဒီလို မရက်စက်ပါနဲ့ ချာတိတ်ရာ။ ကိုယ် မင်းကို ဒီလောက်ချစ်လျက်နဲ့ မင်းက ဘာကြောင့် ကိုယ့်အပေါ် ဒီလို လုပ်ရက်တာလဲ မိုးစက်...."
နှင်းထန် ပေါက်ကွဲစွာ အရူးပမာ ပြောနေမိသည်။ မိုးစက်ကတော့ ဘာမှ မသိတော့ပဲ ကားပေါ်တွင် ပျော့ခွေစွာပါလာခဲ့သည်။
နှင်းထန်သည် မိုးစက်ကို မိမိအခွင့်အာဏာအားလုံးသုံးကာ မိုးစက်ကို မရရအောင် ကယ်ခိုင်းသည်။ ထို့နောက် မိုးစက် ခွဲခန်းထဲမှ ထွက်လာပြီး အခြေနေတည်ငြိမ်သွားပြီ ဆိုသည်နှင့် ချာတိတ်လေး ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် ဖြစ်စေသော တရားခံကို အပြတ်ရှင်းရန် အိမ်သို့ထွက် လာခဲ့သည်။
မိုးစက် အိပ်ယာမှ ကြည်လင်စွာ နိုးထလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့်အရင်ဆုံး အကို၏ စိုးရိမ် ပူပင်သည့်မျက်နှာကို တွေ့သော် ရင်ထဲလှိုက်ခနဲဖြစ်သွားသည်။
"အကို...ကျွန်တော်...."
"ရှူး ... မောနေမယ်။ ပြောစရာရှိတာ နောက်မှပြော... ဆရာမ လူနာနိုးပြီ။ လိုအပ်တာ စစ်ဆေးဖို့ ဆရာဝန်ကြီးကို ခေါ်လိုက်ပါ။"
သူက မိုးစက်၏ နူတ်ခမ်းကို လက်နှင့်ပိတ်ကာ သူနာပြုဆရာမကို လှမ်းပြောလိုက်သည်။ သူနာပြု ဆရာမထွက်သွားပြီး ဆရာဝန်ကြီးအဖွဲ့ရောက်လာပြီး အားလုံးစစ်ဆေးပေးသည်။.
"အခြေနေ အားလုံးကောင်းပါတယ် ကိုနှင်းထန်။ ဒဏ်ရာသိပ်မနက်လို့ သွေးဆုံးရှုံးမှု သိပ်မများတာ တော်သေးတယ်။၂ ပတ်လောက်နားလိုက်ရင် လူကောင်းပြန်ဖြစ်ပါပြီ။ခုကတော့ သွေးလည်း သွင်းပေးထားတာ ဆိုတော့ ၃ ရက်လောက်ဆိုရင် ဒဏ်ရာကျက်ပါပြီ။"
ဆရာဝန်ကြီးအဖွဲ့ပြန်သွားသော် သူက မိုးစက်ကို ဘာမှအပြောမခံပဲ နို့တိုက်ကာ ပြန်နားခိုင်းသည်။ ဆေးသောက်ပြီး မိုးစက် ပြန်အိပ်ပျော်သွားတော့သည်။ နောက်တစ်ခါနိုးလာတော့ သူ့ကို မတွေ့ရပဲ သူနာပြုဆရာမကိုသာ တွေ့ရသဖြင့် မိုးစက်ထထိုင်လိုက်သည်။
"အို.. ကိုမိုးစက် ကျွန်မ ထူပေးပါ့မယ်။ "
"ရပါတယ် ဆရာမ။ ကျွန်တော့်ဖာသာ ထလို့ရပါပြီ။ ဒါနဲ့ ကျွန်တော့်ကို ဆေးရုံ ပို့ပေးတဲ့ အကို ဘယ်သွားလဲ မသိဘူူး။"
"သူဌေးလေးက ကိုမိုးစက် စားဖို့တခုခု သွားဝယ်ပါတယ်။ ကိုမိုးစက် ခဏလေးနော်။"
သူနာပြုဆရာမက ခေါင်းရင်းမှ ဖုန်းကို ဆက်ပြီး ဆရာဝန်အဖွဲ့ကို အသိပေးလိုက်သည်။ ဆရာဝန်များ စစ်ဆေးနေခိုက် သူပြန်ရောက်လာသည်။ ဆရာဝန်များပြန်သွားပြီးနောက် သူက မိုးစက်ကိုတွဲကာ အိမ်သာကို ခေါ်လာပေးသည်။ မိုးစက် ကိုယ်လက်သန့်စင်နိုင်ရန် ကူညီပေးသည်။
"ထိုင် ချာတိတ် ကိုယ်ခွံကျွေးမယ်။ ပါးစပ်ဟ.."
သူနုာပြုဆရာမလေးရှိသဖြင့် မိုးစက် ရှက်ကာ သူခွံကျွေးသည်ကို လက်မခံပေ။
"အကို ဆရာမရှိတယ်လေ။"
"အင်း ရှိတော့ ဘာဖြစ်လဲ။ ချာတိတ်နဲ့ ကိုယ့်အကြောင်း အားလုံးသိပြီးပြီ။ ကဲ ပါးစပ် ဟမှာလား။ မဟဘူးလားပြော။ တခါတည်း ဖက်နမ်းလိုက်မယ်။"
မိုးစက် သူပြောမှ မျက်လုံးပြူးသွားသည်။
" ဟာ အကို... ဘာတွေပြောနေတာလဲ.. အရှက်ကို မရှိဘူး။"
မိုးစက် ၏ စကားကြောင့် နှင်းထန် သူ့နူတ်ခမ်းလေးကို အနမ်းဖြင့် ပိတ်လိုက်သည်။
"ထပ်ပြောဦးမှာလား။ ဒီတစ်ခါ ပိုဆိုးမယ်နော်။"
သူနာပြုဆရာမလေးက ကပျာကယာ အခန်းထဲမှ ထွက်သွားတော့သည်။
"ကျွန်မ ဆေးသွားထုတ်လိုက်ပါအုံးမယ်ရှင့်"
မိုးစက်သည် ဆရာမမျက်နှာကိုပင် မကြည့်ဝံ့တော့ပေ။ နှင်းထန်က ချာတိတ်လေး ဖြစ်ပုံကိုကြည့်ကာ တဟားဟားရယ်မိသည်။
"အကိုကလည်းဗျာ။ သူဌေးဖြစ်ပြီး ဘာကြောင့် ဒီလိုနေရတာလဲ။ အကို့ ဒယ်ဒီ သိသွားလိမ့်မယ်။ "
"သိပါစေ။ ကရုမစိုက်ဘူး။ ကဲ ကိုယ်တော်လေး စားမှာဖြင့် စားပါ။ တော်ကြာဆရာမ လာလို့ မစားရဲ ဖြစ်ပြန်ဦးမယ်။ "
"အကို ကျွန်တော့်ကို စိတ်မဆိုးဘူးလားဟင်။"
မိုးစက်မျက်နှာငယ်ဖြင့် မေးလိုက်သည်။ နှင်းထန်က မိုးစက်ကို မရယ်မပြုံးကြည့်ကာ
"အင်း ... စိတ်ဆိုးတယ်။"
"အကိုဘာလို့ ကျွန်တေ်ာ့ကို သေခွင့်မပေးတာလဲ။ အခု အားလုံးသိကုန်ပြီ။ အကုန် ဒုက္ခရောက်ကုန် တော့မှာပဲ။ အကို ဘာတွေ လျှောက်လုပ်နေတာလဲ။"
မိုးစက်ငိုမဲ့မဲ့နှင့် ပြောလိုက်စဉ် သူက မိုးစက်၏ ပါးပြင်ကို လက်နှစ်ဖက်ဖြင့် ညှပ်ကာ
"ဆေးရုံက ဆင်းရင် ချာတိတ်သိမှာပေါ့ကွာ။ခုတော့ အေးအေးဆေးဆေး အားမွေးထားလိုက်ဦး။"
မိုးစက်သူ့အပြောကြောင့် ညီမလေး အတွက် စိုးရိမ်သွားသည်။
"အကို မိုးလေးကို ဘာမှ မလုပ်ပါနဲ့နော်။ ကျွန်တော့်အပြစ်တွေပါ။ မိုးလေးနဲ့ ဘာမှ မပတ်သတ်ပါ ဘူး။ အကို စိတ်ဆိုးရင် ကျွန်တော့် တစ်ယောက်တည်းကို ဆိုးပါနော်။ တောင်းပန်ပါတယ်။"
"ကောင်းပြီလေ။ ဒါဆို ကိုယ့်စကားကို နားထောင်။ အခု ဒါကိုကုန်အောင်စား ။ ဒါပဲ။"
"ဟုတ်ကဲ့"
မိုးစက် မျက်နှာငယ်လေးဖြင့် ပြောသည့် အတိုင်း စားစရာများကို ကုန်အောင်စားနေသည်ကို တွေ့ သော် မိုးစက်ကို အရမ်းသနားသွားပြန်သည်။ အင်မတန်ကို ရိုးအလွန်းသော ချစ်သူလေးကို နှင်းထန် မည်သည့်နည်းနှင့်မှ အဆုံးရှူံးမခံနိုင်တော့ပါ။
မိုးစက် စားပြီးသော် သူ့ကို ထပ်မေးပြန်သည်.
"အကို ညီမလေးကို ဘာမှ မလုပ်ဘူးနော်။"
"လက်ဖျားနဲ့တောင် မတို့ဘူး။ သူ့အကြောင်းမပြောနဲ့။ ကိုယ်သူ့ကို စိတ်မဝင်စားဘူး။ ကိုယ်စိတ်ဝင်စားတာ ချာတိတ်ကိုပဲ။"
"ကတိနော် အကို။"
"အင်း ကတိ"
"ကျေးဇူးတင်ပါတယ် အကို"
"ချစ်သူခြင်းကို ကျေးဇူးတင်စရာလား။ ကျေးဇူးတင်ရင် ဆေးရုံကဆင်းရင် ကျေးဇူးဆပ်။ဒါပဲ။"
"အကို ကျွန်တော့်ကို ခွင့်လွှတ်ရဲ့လား။"
"ခွင့်မလွှတ်ရင် ချာတိတ်နားကို ကိုယ်ရောက်နေပါ့မလား။"
"အကို..."
မိုးစက် သူ့လက်ကိုလှမ်းဆုပ်ကိုင်လိုက်စဉ် သူက မိုးစက်၏ လက်ကိုပြန်ဆုပ်ကိုင်ထားပြီး လက်ဖမိုး ကိုအသာနမ်းကာ
"ချာတိတ်ဒဏ်ရာ မြန်မြန်သက်သာလာပါစေ"
သူ့အပြုအမှုကြောင့် မိုးစက် ရင်ထဲနွေးသွားသည်။ မိုးစက်သူ့ကို မြတ်မြတ်နိုးနိုးကြည့်ကာ ပိုပြီး တွယ် တာလာမိသည်။
"ချာတိတ် သိပ်ချစ်တယ်ကွယ်"
သူက ပြောပြီး မိုးစက်၏ နုူတ်ခမ်းကို အသာနမ်းလိုက်စဉ် မိုးစက် သူ့ရင်ဘတ်ကို လက်နှင့် အသာ တွန်းကာ
"အကို ဆေးရုံမှာ လူူတွေမြင်ကုန်လိမ့်မယ်။ ကျွန်တော် ရှက်တယ်။"
"ကောင်းပါပြီ။ ဆေးရုံက ဆင်းမှာ လူမမြင်တဲ့နေရာမှာ အနားသွားယူရင်း အချစ်တိုင်းပြည်ကို ထူထောင်ကြမယ်နော်။"
သူ့စကားကြောင့် မိုးစက် ရှက်ပြုံးပြုံးမိသည်။ သူ့ကိုလည်း ပိုချစ်သွားမိပြီဖြစ်သဖြင့် တုန်လှုပ်သွားမိသည်။
---------------------
မိုးစက်ဆေးရုံမှ ဆင်းသည်နှင့် သူက လေယာဉ်ဖြင့် ငပလီကမ်းခြေသို့ထွက်လာခဲ့သည်။
"အကို အိမ်မပြန်ပဲ ဘယ်တွေသွားနေတာလဲ။"
"ဟန်းနီးမွန်းထွက်တာလေ။ ကမ်းခြေမှာအေးအေးဆေးဆေးနားကြတာပေါ့။"
"အကို့ ဒယ်ဒီဆူမှာပေါ့။"
"မဆူပါဘူး။ ကဲ ပါးစပ်ပိတ်ပြီး ကိုယ့်ကို မှီထားတော့။ ရောက်ရင်နိုးလိုက်မယ်။"
"အိပ်ချင်ပါဘူးဗျာ။"
"ချာတိတ်မအိပ်ရင် ကိုယ်အိပ်တော့မယ်။ ဆေးရုံမှာ ချာတိတ်ကို စောင့်ရင်းကိုယ် အိပ်ရေးပျက်တာ များပြီ။ ချစ်သူလေးကိုယ်ကို မှီပြီး ခဏအိပ်ပါရစေနော်. "
သူ့အပြောကြောင့် မိုးစက် စိတ်မကောင်းဖြစ်သွားသည်။ တကယ်လည်း မိမိနိုးလာတိုင်း မိမိဘေးတွင် သူ အမြဲရှိနေသည် မဟုတ်လား။ မိုးစက် သူ့ပါးကို ဖွဖွနမ်းကာ
"အကိုအိပ်လေ။ ကျွန်တော့်ကို မှီထားပါ။"
သူက ကျေနပ်စွာပြုံးကာ မျက်လုံးမှိတ်လိုက်သည်။ မကြာခင်သူအိပ်ပျော်သွားတော့သည်။ မိုးစက် သည် သူ့မျက်နှာ ချောချောကိုငေးကြည့်ကာ ဘာကြောင့် မိမိကို သူဒီလောက်ချစ်သည်ကို လုံး၀ တွေးလို့မရအောင်ဖြစ်မိသည်။
လေယာဉ်ဆိုက်မှ သူ့ကို အသာနိုးလိုက်သည်။ သူက မျက်လုံးပွင့်လာပြီး ပြုံးကာ ပြောသည်။
"ချာတိတ်ကို မှီအိပ်ရလို့လားမသိဘူး။ သိပ်အိပ်လို့ကောင်းတာပဲကွာ။ ချစ်တယ် မိုးစက်လေး။"
မိုးစက်ထိန်းမရတော့ပဲ ကျေနပ်စွာပြုံးကာ
" အကို ကျွန်တော့်ကို ချစ်တယ်လို့ပြောတိုင်း အရမ်းပျော်တာပဲ။ "
"တကယ်လား။"
"ဟုတ်ကဲ့။ "
"ပျော်ရင် ညကျတော့ ကျေးဇူးဆပ်။"
မိုးစက် ရှက်ပြုံးနှင့် ခေါင်းညိမ့်သဖြင့် သူက ရယ်ကာ
"ဒီလိုလေး လိမ္မာစမ်းပါ။ ခင်ဗျားလေးကိုချစ်မိတဲ့ ကျူပ်ကို နည်းနည်းတော့ စိတ်ချမ်းသာအောင် ထားဦးမှပေါ့ ချစ်သူလေးရဲ့။ ကဲ...ထ... ညနေ ပင်လယ်ရေစိမ်မယ်."
လေဆိပ်တွင်အသင့်လာကြိုသောကားဖြင့် တည်းမည့်ဟိုတယ်သို့ထွက်လာစဉ် မိုးစက်သည် မတွေ့ ဖူးသောရှုခင်းများကို ငေးကြည့်နေစဉ် သူကမိုးစက်၏ ပုခုံးလေးကို သူ့ဘက်ဆွဲယူကာဖက်ထားသဖြင့် မိုးစက် တွန့်သွားကာ သူ့လက်ကို အယာဖယ်ကာ
"အကို Driver ရှိတယ်လေ။ "
"အဲ့ဒီတော့..."
သူက ညစ်ကျယ်ကျယ်မေးသဖြင့် မိုးစက် သူ့ပေါင်ကိုအသာထုကာ
"အကို အရှက်မရှိဘူးနော်.။ လူတွေသိအောင် တော်တော် ကြေငြာချင်တယ် သိလား။"
"ဟ... လူ နှစ်ယောက်ချစ်တာ အပြစ်မှမဟုတ်တာ။ ဘာလဲ ။ ကိုယ်နဲ့မင်းရဲ့ပတ်သတ်မှုကို မသိစေ ချင်တာလား."
သူက မျက်နှာထားတင်းကာ လေသံပြတ်ဖြင့်မေးသောအခါ မိုးစက် မျက်နှာလေး ငယ်သွားပြီး
"အဲ့လိုမဟုတ်ပါဘူး အကို။ ကျွန်တော်က အကို့ဂုဏ်သိက္ခာထိခိုက်မှာစိုးလို့ပါ။ အကိုကလည်း ဒေါသချည်းပဲ။ ဒါလေးတောင် မပြောရတော့ဘူးလားဗျာ။"
နှင်းထန် မိုးစက်၏ ခေါင်းလေးကို မိမိရင်ခွင်တွင် မှီစေပြီး
"မပြောနဲ့၊ ကိုယ် ဘာမှ ကရုမစိုက်ဘူး။ လာ မှီထား။"
မိုးစက်သည် ကားဒရိုင်ဘာ ဦးလေး၏ မျက်နှာကိုပင် မကြည့်ဝံ့တော့ပေ။ စကားနည်း ရန်စဲ သူပြော သလိုနေလိုက်တော့သည်။
ကားဒရိုင်ဘာကတော့ ထူးဆန်းသော အတွဲကို မသိမသာကြည့်ကာ စိတ်ရှုပ်နေတော့သည်။
ဟိုတယ်သို့ရောက်သော် ပင်လယ်ကို မျက်နှာချင်းဆိုင်သည့် ဘန်ဂလို အခန်းကျယ်ဖြစ်သောကြောင့် မိုးစက်သဘောကျသွားသည်။ ဖြူဖွေးသော သဲသောင်ပြင် နှင့် ပြာလဲ့သော ပင်လယ်ရှုခင်းက စိတ်ကို ကြည်လင်လန်းဆန်းစေပါသည်။. ဆားငန်လေက လူကို ခံစားချက်တမျိုးပေးစွမ်းစေပါသည်။ အုန်းပင် သွယ်သွယ်တို့ဖြင့် အနားကွပ်ထားသော အပျိုစင်ကမ်းခြေအလှကို ငေးကြည့်နေဆဲ သူက အနောက် မှ ဆတ်ခနဲပွေ့ချီကာ ကုတင်ပေါ် တင်တော့သည်။ သူူဘာလုပ်တော့မည်ကို သိသောကြောင့် မိုးစက် ကပျာကယာပြောလိုက်သည်။
"အကို နေဦး။ ကျွန်တေ်ာ ရေချိုးချင်သေးတယ်။"
"မချိုးနဲ့ဦး။ညနေမှ ပင်လယ်ရေချိုးမယ်။ခုတော့ ဆေးရုံက တပတ်စာကို အတိုးနှင့်တကွပြန်ဆပ်ပါဦး"
"ဟာ အကိုကလည်းဗျာ...နေပါဦး.."
"မနေနိင်တော့ဘူး..."
အခန်းလေးထဲ တွန်းထိုးသံတချို့ထွက်ပေါ်လာပြီး တိတ်ဆိတ်သွားတော့သည်။ ကဲလှ၊သဲလှသော သူ့ အချစ်ဒီလှိုင်းအောက်တွင် မိုးစက် မျှောပါသွားတော့သည်။ မိုးစက် သူနှင့် အတူနေရသည်ကို မနှစ်သက်သော်လည်း မိမိကို ချစ်လွန်းသည့် သူ့အချစ်များကိုသိသောကြောင့် မငြင်းဆန်ရက်သဖြင့် လိုက်လျောလိုက်ရတော့သည်။
"ချာတိတ် .. အရမ်းချစ်တယ်ကွာ.. အရမ်းချစ်တယ်။"
"အကိုရယ်... ကျွန်တေ်ာလည်း အကို့ကိုချစ်ပါတယ်။"
အခန်းလေးထဲ ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
"မင်းကို ချစ်တယ် ချာတိတ် ။ မင်းမရှိရင် ကိုယ် အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး။"
သူခံစားချက်အပြည့်ဖြင့်ပြောသည်ကို ကြားသော် မိုးစက် သူ့ရင်ခွင်တွင် မျက်နှာအပ်ကာ
"အကိုသာ မိုးပွင့ိကို ဒီလိုချစ်လိုက်ရင် အားလုံးအဆင်ပြေပြီဗျာ။ အခုတော့ .."
"တော်တော့။ သူ့နာမည်မကြားချင်ဘူး။ အိပ်တော့။ နိုးလာမှ ရေအတူကူးမယ်။."
နှစ်ယောက်သား ကျေနပ်စွာအိပ်မောကျသွားတော့သည်။ အိပ်ယာမှ နိုးလာသောအခါ နှစ်ယောက် သား ပင်လယ်ရေစိမ်ကာ ကစားကြသည်။ မိုးစက်၏ ဒဏ်ရာရေစိုလို့မရသောကြောင့် သူခဏသာ ကစားခွင့်ပြုသည်။ မိုးစက် ရေထဲမှ မတက်သဖြင့် အတင်းပွေ့ချီကာ ခေါ်ခဲ့သဖြင့် မိုးစက် ရှက်ရသေး သည်။
"အတော်ချစ်တဲ့ ညီအစ်ကိုတွေပဲနော်။ ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ အဖိုးကြီးရယ်။ အိမ်က သားတွေနဲ့ ကွာလိုက်တာ"
အခြားဧည့်သည် အန်တီကြီးက သူ့အမျိုးသားကို လှမ်းပြောလိုက်သံကိုကြားသော ်မိုးစက် ရယ်ချင် သွားသည်။
"အကို ကြားလား။ ညီအစ်ကိုတဲ့ ဟီး..ဟီး.."
"ဟုတ်လား။ ချစ်သူတွေဆိုတာ ကိုယ်သွားရှင်းပြလိုက်မယ်လေ။"
"အာ မလုပ်ပါနဲ့။ တောင်းပန်ပါတယ်ဗျာ။"
မိုးစက် လန့်ဖြန့်ကာပြောသည်ကို သူအဘောကျလို့မဆုံးတော့ပေ။ သူရယ်လိုက်လျှင် ကလေးနှင့် တူလှသဖြင့် မိုးစက် သူ့မျက်နှာကို တိတ်တိတ်လေး ငေးနေမိသည်။ နှစ်ဦးသား တကယ့် ဟန်းနီးမွန်း ထွက်လာသည့် စုံတွဲများပမာ ကြည်နူးစွာ အနားယူကြသည်။
ကမ်းခြေလေကိုရှူရင်း၊ လတ်ဆတ်သော ဒေသစာများစားရင်း မိုးစက် နေပြန်ကောင်းလာခဲ့သည်။ မနက်တိုင်းကမ်းခြေတလျှောက်လမ်းအတူ လျှောက်ကြသည်။ ညနေတိုင်း ရေကူးသည်။ နေ့လည် တိုင်း အုန်းစိမ်းရေသောက်ကာ ပင်လယ်ကို ကြည့်ကြသည်။
အခြားခရီးသွား လူငယ်များလည်းရောက်လာသဖြင့် ကမ်းခြေက စည်ကားလာသည်။ မိုးစက် သူနှင့် အတူ လမ်းလျှောက်ရင်း ကောင်မလေးအုပ်စုက ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်ကို တွေ့သော် မသိမသာပြုံးမိသည်။ မိမိပြုံးသည်ကို သူကမြင်ဖြစ်အောင်မြင်ပြီး ရစ်တော့သည်။
"ဘာလဲ.. ကောင်မလေးတွေ ဝိုင်းကြည့်တာခံရလို့ ကြည်နူးနေတာလား။"
မိုးစက် ရှက်ရယ်ရယ်ကာ
"အကိုကလည်းဗျာ။ ယောက်ျားလေးပဲ ကောင်မလေးတွေ ကြည့်တာခံရတော့ နည်းနည်းတော့ ကျေနပ်တာပေါ့။"
"ဘာပြောတယ်။ မင်းတော့ နာချင်ပြီ ထင်တယ်။"
"အကိုကလည်းဗျာ။ တွန့်တိုလိုက်တာ။ ရူပဒါန လုပ်ကောင်းပါတယ်။"
မိုးစက် ရွှတ်နောက်နောက်လုပ်နေသဖြင့် သူက မျက်မှောင်ကြုတ်ကာ
"အေး...ပိုင်ရှင် ရှိကြောင်းပြရသေးတာပေါ့..."
သူက မိုးစက်၏ လက်ကိုလှမ်းဆွဲသဖြင့် မိုးစက်လန့်သွားသည်။ မတော် ကောင်မလေးတွေရှေ့ နမ်း လိုက်မှဖြင့် အရှက်ဟက်တက်ကွဲရတော့မည်ကိ ုကြောက်သောကြောင့် သူ့ကို အမြန်ပြန်တောင်းပန် လိုက်သည်။
"ဆောရီးပါ အကိုရာ။ကျွန်တေ်ာမျိုးကြီးမှားပါတယ်။ နောင်မလုပ်တော့ပါဘူး။ အမိုက်အမဲလေးကို ခွင့်လွှတ်ပေးပါဗျာ .. နော်..."
ထိုအခါမှ သူကပြုံးကာ
"ဒီလိုမှပေါ့..."
နှစ်ယောက်သားလမ်းဆက်လျှောက်စဉ် ကောင်လေးတစ်သိုက်နှင့် တွေ့ပြန်သည်။ ဒီတခါတော့ မိုးစက်တို့က လှည့်ပင်မကြည့်ပါ။ ကျားကျားခြင်း စိတ်မဝင်စားပေ။ သို့သော် သူက ရုတ်တရက် မိုးစက်၏ ပုခုံးကို လှမ်းဖက်လိုက်သဖြင့် ခေါင်းငဲ့ကြည့်ကာ မေးလိုက်သည်။
"ဘာလဲ အကို.."
"ဟိုအဖွဲ့ထဲက တကောင် မင်းကိုရှိုးနေတယ်ကွ"
"အကိုကလည်းဗျာ။ ယောက်ျားခြင်း ဘယ်သူမှ မကြည့်ဘူး။ အကို့စိတ်ထင်နေလို့ပါ။"
မိုးစက် ပြောရင်း လူငယ် အဖွဲ့ကို လှည့်ကြည့်မိစဉ် တကယ်ပဲ ရုပ်သန့်သန့်နှင့် ကောင်လေးက မိုးစက်ကို မျက်စိမှိတ်ပြလိုက်သဖြင့် မိုးစက် မျက်လုံးပြူးသွားသည်။
"ဟိုက်.."
နှင်းထန် ဒေါသထောင်းခနဲ ထွက်သွားသည်။ မိမိ ဖက်ထာသည့် ချစ်သူကို မျက်စိလှမ်းမှိတ်ပြသည်က တော့ အတော်လွန်လာပြီဟုထင်သည်။
"အကို ဘာလုပ်မလို့လဲ။"
"ဘာလုပ်ရမလဲ။ သူများချစ်သူကို ကြာကူလီလုပ်ဖို့ကြံတဲ့အကောင်ကို ပညာပေးမလို့ပေါ့"
မိုးစက်သူ့လက်ကို အတင်းဆွဲကာ
"ဟာ အကိုကလည်း၊ ကလေးတွေနဲ့ ပြိုင်ပြီး ရန်ဖြစ်မလို့လား။ ရှက်စရာကြီးဗျာ။"
"ကလေး ကလေးနဲ့ မင်းကို ဘာကြောင့် မျက်လုံးမှိတ်ပြရတာလဲ။"
မိုးစက်က တချက်ရယ်ကာ
"ကဲပါ အကိုရယ်။ သူ့ဖာသာ မျက်စိမှိတ်ရုံမက ဘာဖြစ်ဖြစ်ဗျာ။ကျွန်တော့်ချစ်သူက အကို တယောက် တည်းပါ။ကဲ ကျေနပ်ပြီလား။ ပြန်ရအောင်ဗျာ။ လမ်းလျှောက်ထွက်တာ ရန်ဖြစ်ဖို့ကြိုးစားနေတယ်."
နှင်းထန် ကျေနပ်စွာဖြင့် အတူလှည့်ပြန်လာခဲ့တော့သည်။ ချာတိတ်လေးရဲ့ စကားက မိမိဒေါသကို ပြေစေသည် မဟုတ်လား။ နှစ်ဦးသား နောက်ပိုင်း လူရှင်းချိန်မှ လမ်းလျှောက်ထွက်တော့သည်။
YOU ARE READING
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...