Season - 1အပိုင်း (15)

1.3K 78 0
                                    


အချစ်စစ်၏ တည်နေရာ

Season - 1

အပိုင်း (15)

သူ့ကို မိမိ တကယ်ကို နှစ်နှစ်ကာကာ ချစ်ခဲ့မိသည်။ မိမိချစ်ခဲ့မိသော တစ်ဦးတည်းသောအမျိုးသားက သူဖြစ်သည်။သူ့ကြောင့်မိမိ သည်းခံတတ်ခဲ့သည်။ မိုးစက်ပြောသည့် အတိုင်း အတတ်နိုင်ဆုံး လိုက်နာခဲ့သည်။မိမိ မနှစ်သက်သည့် ပြောအဆို၊ အနေအထိုင် အတိုင်း သူ့အချစ်ကိုရရန် လိုက်လုပ်ခဲ့သည်။ လက်ထပ်ခါနီး မိုးစက် အိမ်သို့ရောက်လာသောအခါ သူများ မိုးစက်ကို စိတ်ဝင်စား သွားမလားဟု စိုးရိမ်ခဲ့သော်လည်း မိမိအကိုရင်းက ဒီလောက် သစ္စာမမဲ့နိုင်ပါ ဟုတွေးကာ စိတ်ချထားခဲ့သည်။ သို့သော် လက်ထပ် ခါနီး ၁၀ ရက်အလို သူနှင့် မိုးစက် ဖိတ်စာဝေဖို့သွားရင်း ကားမှောက်ကာ သူ့မျက်လုံးကွယ်ခဲ့စဉ် မိုးပွင့် တုန်လှုပ်သွားသည်။

ချစ်သောသူ့အတွက် မိုးပွင့် အူလှိုက်သည်းလှိုက် ငိုကြွေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့ အနားတွင် နေမည်ဟု တွေးကာ လက်ထပ်ပွဲကို မဖျက်ပဲ ဆက်လက်ကျင်းပရန် ပြောခဲ့ သည်။ သို့သော် သူက ဆေးရုံတွင် မိမိ နှင့် နှစ်ယောက်တည်း စကားပြောခဲ့သည့် တစ် ခဏ မိုးပွင့် ရင်ကွဲပက်လက်ဖြစ်ခဲ့သည်။

"မင်းကို ကိုယ် မချစ်ဘူး မိုးပွင့်။"

မိမိကို သူလုံးဝမချစ်ကြောင်းပြောသည့် အပြင် မိုးစက်ကို ခိုးပြေးရင်း ကားမှောက်သည့် အကြောင်းကို သူပြောစဉ်ခဏ မိုးပွင့် မေ့လဲမတတ်ခံစားလိုက်ရသည်။

"မိုးစက်ကို ကိုယ်ချစ်တယ်။ သူကလွဲရင် ဘယ်သူ့ကို မှ ကိုယ်လက်မထပ်ချင်ဘူး။ သူ ကိုယ့်ကို ခွဲသွားမယ်ဆိုမှ သူ့ကို ကိုယ် ဘယ်လောက်ချစ်တယ်ဆိုတာ သိတော့တယ်။ မင်းကို ကိုယ်လျော်ကြေးပေးပါ့မယ် မိုးပွင့်။ ကျေးဇူးပြုပြီး ကိုယ့်ဘဝထဲက ထွက်သွားပါ တော့။"

မိုးပွင့်၏ မျက်ဝန်းထဲမှ မျက်ရည်ပူများ စီးကျလာခဲ့သည်။ မိုးပွင့် တကယ့်ကို အူလှိုက်သည်းလှိုက်ကို ငိုရင်း ရင်ဘတ်က အောင့်လာလို့ ဖိထားလိုက်သည်။ ဒါကို မျက်လုံးကွယ် နေသည့် အကိုနှင်းထန်ကတော့ မြင်မည်မဟုတ်ပေ။

"ကိုကို့ ကို ကျွန်မ တကယ်ချစ်ခဲ့တာပါ။ ကျွန်မကို တချက်လောက်ငဲ့ကြည့်ပေးပါဦး။ ကျွန်မကို မချစ်ပေမယ့် ကိုကို့နားမှာ နေပါရစေ။ ကိုကိုမကြိုက်တဲ့ အချက်တွေ အားလုံး ကို ကျွန်မပြင်ပါ့မယ်။ ကိုကို မျက်စိမြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ ကျွန်မ ကိုကို့ ဘေးမှာ သေတဲ့အထိ နေပါရစေ။ "

မိုးပွင့် ငိုရှိုက်ကာ သူ့ခြေထောက်ကို ဖက်ကာ တောင်းဆိုခဲ့သည်။ သူ့စကားများက မိုးပွင့် ရင်ကို ဓါးနှင့်ထိုးသလို နာကျင် သော်လည်း သူနှင့်ဝေးရလျှင် ပိုနာကျင်မည်စိုး သောကြောင့် မိုးပွင့် မိမိ၏မာနအားလုံးကို ခဝါချကာ အထပ်ထပ်အခါခါ အသနားခံခဲ့ သည်။

"မိုးစက်က ယောကျာ်းလေး စစ်စစ်ပါ။ ကိုကို ဘယ်လောက်သူ့ကိုချစ်လည်း သူကိုကို့ကို ပြန်ချစ်မှာ မဟုတ်ဘူး။ "
"သူ ကျုပ်ကို မချစ်လည်း ကျုပ်သူ့ကို ချစ်နေမှာ မိုးပွင့်။"
"ရှင်က gay လား ကိုကို။"

မိုးပွင့် မခံချင်စွာဖြင့် မေးလိုက်သည်။ နှင်းထန်က ရယ်မောလိုက်သည်။ သူ့ရယ်သံက မိုးပွင့်၏ နားထဲ ခါးသီးစွာဝင်လာခဲ့သည်။ သူ့အဖြေက ပိုလို့ပင် ခါးသီးပါသည်။

"မိုးစက်ကို ချစ်လို့ gay လို့သတ်မှတ်ခံရမယ်ဆိုရင်တော့ ကျုပ်ကို gay လို့ မင်းခေါ်နိုင် တယ် မိုးပွင့်။"

မိုးပွင့် ရင်ကွဲရလေပြီ။ သူပြောသည့် အဓိပ္ပါယ်ကို မိမိသိပါသည်။သူ gay မဟုတ်သည်ကို မိမိ အကောင်းစွာသိပါသည်။ယခင် ကတည်းက ယောကျ်ားလေးများနှင့် သတင်းလုံး၀ မထွက်ခဲ့ဖူးသော ယောကျ်ားစစ်စစ်ကြီးဖြစ်သော်လည်း ယခုတော့ မိမိအမွှာအကို မိုးစက်ကြောင့် gay အဖြစ်နာမည်တပ်သည့်တိုင် သူ လုံး၀ မတုန်လှုပ်သည်က မိုးပွင့်၏မာနကို စော်ကားလွန်းသွားလေပြီ။


"ရှင် မိုးစက်နဲ့ အတူနေလည်း ရှင့်အတွက် သားသမီးကို သူမွေးပေးနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ရှင့် ဒယ်ဒီက ဒီကိစ္စကို လက်ခံမှာ မဟုတ်ဘူး။ "
"သားသမီး ဟုတ်လား။ ကျုပ် မိုးစက်ကို ချစ်တာ သားသမီးလိုချင်လို့ပါ ဆိုပြီးပြောခဲ့ဖူးလို့လား မိုးပွင့်။ သူက မိုးစက်ဖြစ်လို့ကို ကျုပ်က ချစ်ခဲ့တာ ရှင်းပြီလား။ တကယ်လို့ နောင်ဘဝဆိုတာ ရှိခဲ့ရင်လည်း မိုးစက်ကို ကျုပ်ဆက်ချစ်နေဦးမှာပဲ။ သူက မိန်းကလေး ဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ကရုမစိုက်ဘူး။"
"ဒါဆို ရှင်ဘာကြောင့် ကျွန်မကို လက်ထပ်ဖို့သဘောတူခဲ့တာလဲ။ ကျွန်မကို ငြင်းခဲ့ပါ တော့လား။"

မိုးပွင့် သူ့စကားကို ကြားသော် ခါးသီးစွာ၊ပေါက်ကွဲစွာ အော်ဟစ်ကာမေးလိုက်သည်ကို ဒီတစ်သက် မိုးပွင့် ကို အိပ်မက်ထဲထိ လိုက်လံနှောက်ယှက်မည့် အရက်စက်ဆုံး၊ အနာကြည်းဆုံး စကားကို မိုးပွင့် ချစ်မိသည့် ကိုကိုက ရက်ရက် စက်စက်ပြောခဲ့သည်။

"မိုးစက်ကိုကျုပ်ဘေးမှာ တစ်သက်လုံးရှိနေအောင်လို့ မင်းကို လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာပဲ မိုးပွင့်။ အခုတော့ မင်းသာ ကျုပ်ဘေးမှာ ရှိရင် မိုးစက် ကျုပ်ဘေးကနေ ထွက်ပြေးသွားမှာဆိုတာ ကျုပ်သိပြီ။ ကျုပ်ဘေးကနေ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ မင်း လိုသလောက်ငွေ ကျုပ်ပေးပါ့မယ်။ "

သူ့စကားများက ရက်စက်ကာ လူစိတ်ကင်းလွန်းလှသဖြင့် မိုးပွင့် သူ့ပါးကို ရိုက်ပစ်လိုက်သည်။ သူကတော့ လုံးဝမဖြုံပေ။

"မင်းသာ ကျုပ်ဘေးက ထွက်သွားမယ်ဆိုရင် နောက်ထပ် ၁၀ ချက်ရိုက်လည်း ခံနိုင်ပါ တယ်။ မင်းစိတ်တိုင်းကျ ရိုက်ပါ။ ပြီးရင် ကျုပ်ဘေးကနေ ထွက်သွားပေးပါ။"

မိုးပွင့် သူ့ရှေ့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်ပြီး ကလေးပမာ ရှိုက်ကြီးတငင် ငိုနေလိုက် သည်။

"မိုးစက်က ရှင့်ကို ဘယ်လို မြူဆွယ်လိုက်လို့ ရှင်ဒီစကားကို ပြောလာရတာလဲ ဒေါက်တာနှင်းထန်။ ရှင့်ကို သူ့ကိုယ်ကို ပေးခဲ့လို့လား။ "
"မင်း အကိုကို မင်း အထင်သေးလှချည်လား မိုးပွင့်။ သူ ကအရှက်မဲ့တဲ့ အလုပ်ကို လုပ်မယ်လို့ မင်းဘယ်လို ထင်ရင်တာလဲ။ သူက ကျုပ်ကို ခါးခါးသီးသီးငြင်းတဲ့ကြားက ကျုပ် သူ့ကို ဇွတ်ချစ်ခဲ့တာ။ သူ့ ပါးကို နမ်းရဖို့ ကျူပ်ဘယ်လောက် ကြိုးစားရတယ် ဆိုတာ မင်းမသိပါဘူး။ မင်းကို လက်ထပ်ဖို့ သူက အနားမှာနေရင်း ကျု့ပ်ရဲ့ အဖက်၊ အနမ်းကို ခံနေရတယ်ဆိုတာ မင်းသိရဲ့လား။ "

မိုးစက်ကို သူပွေ့ဖက်နမ်းနေသည့် မြင်ကွင်းကို မြင်ယောင်လာရင်း မိုးပွင့် နားကို လက်နှင့်ပိတ်ထားကာ အာခေါင်ခြစ်အော် လိုက်သည်။

"မပြောနဲ့။ ရှင် ဆက်မပြောနဲ့တော့။"
"ဒါဆို မင်းကျုပ်ဘေးကနေ ထွက်သွားပေးပါ မိုးပွင့်။ မင်းကို မချစ်တဲ့ ယောက်ျား တယောက်ကို အတင်းတွယ်ကပ်နေရအောင် မင်းရုပ်ရည်လေးကို အားနာပါဦး။ မင်း ကျုပ်ထက်သာတဲ့ သူကို အချိန်မရွေး ရနိုင်ပါတယ်။"

"မသွားနိုင်ဘူး။ ကျွန်မရှင် နားမှာပဲနေမယ်။ ကျွန်မကို ရင်နာအောင်လုပ်သလို ရှင်ကို လည်း ရင်နာအောင်လုပ်မယ်။"

မိုးပွင့်သည် မျက်နှာကို လက်နှင့်အုပ်ကာ ရှိုက်ကြီးတငင် ငိုချပြီးမှ မာနကို ခဝါချကာ ဇွတ်ကိုပြောလိုက်သည်။ တကယ်တမ်းခွဲ ရမည်ဆိုလျှင် မိုးပွင့် ကိုကို့ကို မခွဲနိုင်ပါ။ ယခုကလည်း လက်ထပ်ဖို့ တစ်ပတ်ပဲ လိုတော့သည် မဟုတ်လား။ ဘယ်နည်းနှင့်မှ မိုးပွင့် နောက်မဆုတ်နိုင်ပါ။

"မင်းသဘောပဲလေ။ ကျုပ် အကန်းဘဝနဲ့ တသက်လုံးနေသွားမယ်။ အကန်းမယားဘ၀ နဲ့ မင်း ဘယ်လောက်နေနိုင်မလဲ။ ကျုပ်မျက်လုံး မမြင်ရရင် ကျုပ်ဒယ်ဒီက နောက် အိမ်ထောင်ပြုပြီး သူ့လုပ်ငန်းကို ဆက်ခံဖို့ သားတစ်ယောက်ထပ်မွေးမှာပဲ။ မျက်ကန်းလင်ဘေးမှာ တသက်လုံးနေနိုင်ရင် နေပေါ့။"

"ရှင့် ဒယ်ဒီကို ကျွန်မ အားလုံးဖွင့်ပြောလိုက်ပြီ အတင်းဆေးကုခိုင်းမယ် ဆိုရင် ရှင် ဘာတတ်နိုင်မှာလဲ"
"မျက်လုံးပြန်မြင်ရရင်လည်း ကျုပ်အဲ့ဒီ မျက်လုံးကို ပြန်ထိုဖောက်လိုက်မယ်။"
"ရှင်ရူးနေပြီ ။ရှင် တကယ်ကို ရူးသွားပြီ။"
"ဟုတ်တယ်။ ကျုပ်က ရူးနေပြီး။ မင်းသာ ကျုပ်ဘေးမှာ တွယ်ကပ်နေရင် မင်း တသက် လုံး နောင်တရသွားအောင် ကျုပ်နှိပ်စက်ပြမယ်။"

မိုးပွင့် မယုံကြည်နိုင်အောင်ဖြစ်သွားမိသည်။ သူတကယ်ပဲ သူ့အမြင်အာရုံကို အဆုံးရှုံးခံ နိုင်လောက်အောင် မိုးစက်ကို စွဲလန်းသည် ဆိုမှတော့ သူ့ဘေးတွင် မိမိ ကပ်နေလည်း ဘာမှ မထူးတော့ပေ။ တကယ်တန်း ကိုယ့်ကို မချစ်သောလင် အကန်းတယောက်ကို မိမိ ချီးသေးကစ မပြုစုပေးနိုင်ပေ။ ပြီးတော့ သူက အငြိုးဖြင့် မိမိကို သူနှိပ်စက်မည်လို့လည်း ပြောနေသေးသည်။ ထို့ကြောင့် မိုးပွင့် တွက်ချက်ရတော့သည်။

"မင်း လိုချင်တဲ့ကိန်းကဏာန်းကိုပြောပါ။ ကျုပ်ပေးပါ့မယ်။ ဒီငွေနဲ့ မင်းချစ်တဲ့သူကို မင်းရှာနိုင်တယ်။ "

မိုးပွင့် အတော်များသာ ငွေပမာဏကို ပြောလိုက်သည်။ သူက မတွန့်တိုပဲ အလွယ်တကူ သဘောတူလိုက်သဖြင့် မိုးပွင့် ထိုငွေကို ယူကာ ပြည်ပသို့ထွက်ခွာလာခဲ့သည်။ မိမိ ရည်းစား ကောင်လေး ရှိရာသို့ ငွေထုပ်ပိုက်ကာ သူနှင့်ဝေးရာကို လာခဲ့သည်။ မိန်းကလေး မာနကို စော်ကားလွန်းသော သူ့ကို မေ့ဖျောက်နိုင်အောင် ပျော်သလိုနေခဲ့သည်။ သူ့ကိုတော့ လုံးဝအခဲမကျေပါ။ စိတ်ထဲတေးမှတ်ထားကာ အသာငြိမ်ပြီးစောင့် နေခဲ့သည်။ မိမိကို ရင်နာအောင်လုပ်ခဲ့သော သူ့ကို ကလဲ့စားမချေရမခြင်း မိမိလုံး၀ အခဲမကြေနိုင်ပါ။

ဖေဖေ့ကို မိုးပွင့် အားလုံးမပြောတော့ပဲ အကန်းတဦးကို လင်မတော်နိင်ဟု ပြောကာ ထွက်လာခဲ့သည်။ မထင်မှတ်ပဲ မိုးစက်က မိမိအဖြစ်ဟန်ဆောင်ကာ သူနှင့် လက်ထပ် လိုက်သည်ကို ကြားသော် မိုးပွင့် မဲ့ပြုံးပြုံးမိသည်။ သူက မိုးစက်၏သနား အားနာတတ် သောစိတ်ကို ကောင်းစွာသိပုံရသည်။ ဖေဖေကတော့ မိမိကို အိမ်ပြန်မလာရန် တင်းမာစွာပြောခဲ့သည်။ မိုးပွင့် ဟားတိုက်သာ ရယ်လိုက်ချင်သည်။

လူတိုင်းက မိုးစက်လုပ်သမျှကိုတော့ အကောင်းမြင်ကာ မိမိကို နားမလည်ပေးတာကို လုံးဝမကျေနပ်ပါ။ ဖေဖေကအစ ငယ်ကတည်းက မိမိထက် မိုးစက်ကိုသာ ယုံကြည်ပြီး အကောင်းမြင်သည်။ ဆရာ၊ဆရာမများကလည်း စာတော်သော မိုးစက်သာ ပိုချစ် သည်။ သူငယ်ချင်းများကလည်း နွားကျသော မိုးစက်ကို ပိုခင်သည်။ မိမိကတော့ အမြဲတစ်ယောက်တည်းပင်။ တကယ်လို့ ဒီလောကမှာ မိမိ တယောက်တည်း မွေးဖွားလာခဲ့ရင် ဒီလောက် အပယ်ခံရမည် မဟုတ်ပေ။ ယခုတော့ မျက်နှာ တစ်ခုတည်းကို မိုးစက် နှင့် မိမိ အတူတူ သုံးရတော့ လူတွေ၏ ဦးစားပေးမှုကို မခံရတော့ပေ။ မိုးပွင်သည် မိုးစက်ကို ချစ်လည်းချစ်၊ မုန်းလည်းမုန်း နေရာမှ အကိုနှင်းထန် ကြောင့် ရင်ထဲ အမုန်းတို့က ပိုပြီး နက်ရှိုင်းလာခဲ့သည်။

"နေနှင့်ဦးပေါ့။ မိန်းမတစ်ယောက်ကို စိတ်နာအောင်လုပ်ရင် ဘယ်လို အကျိုးဆက်တွေ ခံစားရမယ်ဆိုတာ ရှင်သိစေရမယ် ကိုကို.."

မိုးပွင့် တစ်ယောက်တည်း ကြုံးဝါးကာ ချုံထဲမှ ချိုသွေးကာ စောင့်နေလိုက်သည်။ မိုးစက် သူ့ကို ဖြောင့်ဖြပြီး မျက်လုံးကို ခွဲစိတ်စေခဲ့သည်။ သူ့မျက်လုံးပြန်မြင်ခဲ့သည်ကို လည်း မိမိ ကြားခဲ့သည်။ အချိန်ကျပြီဖြစ်သောကြောင့် မိုးပွင့် မိုးစက်ထံ ဖုန်းဆက်ကာ မိမိကို သူမောင်းထုတ်ခဲ့သည်ကို ပြောပြလိုက်စဉ် မိုးစက်က မိမိထင်သည့် အတိုင်း သူ့ချစ်သူ ဘေးတွင် မိမိ ပြန်လာနိုင်စေရန် စီစဉ်ပေးခဲ့သည်။

"အကို ဘယ်လိုမောင်းထုတ် မောင်းထုတ် လုံး၀ ထွက်မသွားရဘူးနော်။ ပြီးရင် အကို့အတွက် ရင်သွေးလေးတွေ မွေးပေးပါ။"

"စိတ်ချပါ။ ဒါပေမယ့် နင် သူ့ရှေ့ လုံးဝပေါ်မလာပါနဲ့။ သူ နင့်ကို ပြန်တွေ့ရင် ငါ့ကို သူမောင်းထုတ်မှာသေချာတယ်။"

"စိတ်ချပါ။ နင် သူပြောခဲ့တာကို မေ့လိုက်ပြီး သူ့အတွက် ဇနီးကောင်း လုပ်ပေးပါ။"

မိုးစက် မိမိထံမှ ကတိ အထပ်ထပ်တောင်းပြီး လူလဲခဲ့ကြသည်။ သို့သော် သူနှင့် အတူ နေစဉ် တွင် သူ မိမိမှန်း ချက်ချင်းသိကာ အခန်းခွဲအိပ်ခဲ့သည်။ မိမိကို လက်ဖျားဖြင့်ပင် မထိပေ။ သို့သော ်မိုးပွင့် ကျေနပ်ပါသည်။ သူ့ဇနီးအဖြစ် မိမိ အရာအားလုံးကို ပိုင်ဆိုင်ရ လေပြီ။ သူ့ဒယ်ဒီက သူ့ကို ကလေးယူရန် အမိန့်ပေးသောအခါ မိမိကျိတ်ပျော်နေ သည်။

မိမိအပျော်များက တာရှည်မခံပေ။ သူ မပြောမဆို ခရီးထွက်သွားခဲ့သည်။ သူ့ ဒယ်ဒီကို လည်း ပြောမသွားခဲ့သောကြောင့် မိုးစက်ရှိသည့် နေရာများ သူသိသွားလေသလားဟု တွေးကာ ရင်တထိတ်ထိတ်ဖြစ်နေမိသည်။၁၀ရက်ခန့်ကြာပြီး ပြန်ရောက်လာသောအခါ ခါတိုင်းလို မှုန်ကုပ်မနေပဲ ပြုံးရွှင်နေသော သူ့မျက်နှာကို တွေ့သော် မိမိ အထင်မှန်နေ ကြောင်းသိကာ ရင်ထဲတင်းကြပ်လာပြီး ဒေါသတို့တရှိန်ရှိန်တက်လာတော့သည်။ သို့သော် သူ့ဖေဖေက သူ့ကို ကလေး အတင်းယူခိုင်းမည်ဟု မိမိကို ခေါ်ပြောထား သောကြောင့် မကျေနပ်စိတ်ကို မျိုသိပ်ကာ သူ့ကို ရန်မတွေ့ပဲ သည်းခံနေလိုက်သည်။

"သား မင်း မိန်းမကိုတောင် မပြောပဲ ဘယ်သွားနေတာလဲ။ သူများသားသမီးကို ယူပြီး ဒီလို အနုနည်းနဲ့ နှိပ်စက်တာ ဒယ်ဒီမကြိုက်ဘူး နှင်းထန်။"

"ကျွန်တော် ခေါင်းနည်းနည်းသွားရှင်းနေတာပါ ဒယ်ဒီ။ မိုးပွင့်ကို ကျွန်တေ်ာ စိန်အပြည့်၊ ငွေအပြည့်ထားပါတယ်။ ကျွန်တော့် မိန်းမကို မနှိပ်စက်ပါဘူး။"

"ဒါဆို မင်းဘယ်သွားတယ်ဆိုတာ မိုးပွင့်ကို ဘာကြောင့် မပြောသွားတာလဲ။ မင်း နောက်တယောက်ရှိနေတာလား နှင်းထန်။ အေး မင်းကို ငါ အပြတ်ပြောထားလိုက်မယ်။ ငါ့ ချွေးမက မိုးပွင့် တစ်ယောက်ပဲရှိတယ်။ "

"မိန်းမ တစ်ယောက်ရှိတာနဲ့တင် ဒီလောက် နားပူနေတာ ဒယ်ဒီရာ။ ကျွန်တော် နောက် တယောက်မထားချင်ပါဘူူး။ စိတ်ချပါ။ ကျွန်တော် အံနည်းနည်းချော်လာလို့ တနေရာကို သွားအနားယူတာပါ။ အခုကစပြီး မိုးပွင့်ဘေးနားကနေ ကျွန်တော် ဘယ်မှမခွာတော့ပါ ဘူး။ ကဲ မိုးလေးလည်း ကိုကို့ကို နားလည်ခွင့်လွှတ်ပေးပါ။"

မိုးပွင့်သည် မိမိကို ပြုံးကြည့်ကာ ပြောနေသော သူ့ကို ကြည့်ကာ မလွှဲသာပဲ ခေါင်းငြိမ့် လိုက်ရသည်။ သူ့မျက်နှာက ပြုံးနေပေမယ့် မျက်လုံးက တင်းမာနေသည် မဟုတ်လား။

သူ့ရင်သွေး မရမချင်း မိမိ သူနှင့် ပြဿနာ မတက်ချင်ပါ။ ထို့ကြောင့် မိုးပွင့် ပြုံးကာ

"ကိုကို ဒီလိုပြောလာမှတော့ မိုး ကိုကို့ကို နားလည်ပေးရမှာပေါ့။ ဒယ်ဒီ ကိုကို့ကိုယ်စား မိုး တောင်းပန်ပါတယ်။ မိုးရဲ့ အပြစ်တွေလည်းပါပါတယ်။ မိုးက ဇနီးတစ်ယောက်ဖြစ်ပြီး ကိုကို့ စိတ်ကို နားမလည်ပေးခဲ့လို့ပါ။ နောင် ကိုကို့ကို အဝေးမသွားအောင် ပြုစုပေးပါ့ မယ် ဒယ်ဒီ။"

"ကဲ... ဒယ်ဒီ ကျေနပ်ပြီလား။ ဒယ်ဒီ့ချွေးမက ကျွန်တော့်ကို ခွင့်လွှွှတ်ပြီတဲ့။"

ဦးမင်းထန် သက်ပြင်းချလိုက်ပြီး
"ကလေး ယူဖို့က ဘယ်လိုလဲ နှင်းထန်။ မထူးခြားသေးဘူးလား။ မင်းအစွမ်းအစ မရှိလို့ လား။ ကလေး တစ်ယောက်ရဖို့ ဒီလောက်ခက်ရလားကွ။"

"ဒယ်ဒီကလည်းဗျာ။ ဒါမျိုးက ရေစက်နဲ့လည်း ဆိုင်သေးတယ်။ လိုချင်တိုင်း ရအောင် လူက စက်မှ မဟုတ်တာဗျာ။"

ဦးမင်းထန်သည် သားဖြစ်သူ၏ အမူအယာကို ကြည့်ကာ မိမိဝင်မှဖြစ်တော့မည်ကို သိ လိုက်သည်။ထို့ကြောင့် ထမင်းစားပြီးသည်နှင့်မိုးပွင့်ကို ပြန်လွှတ်လိုက်ပြီး သားဖြစ်သူကို ခေါ်ကာ ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"သား မင်းဒယ်ဒီ့ကို မှန်မှန်ပြောစမ်း။ မင်းမှာ နောက်တစ်ယောက်ရှိနေလို့လား။ ဘယ်က မိန်းကလေးလဲ။ ဘယ်အခြေအနေထိ ရောက်နေပြီလဲ။"

နှင်းထန် ပြုံးကာ

"ကျွန်တော့်ကို ဒယ်ဒီ မယုံတော့ဘူးလား ဒယ်ဒီ။ ကျွန်တော် ဘယ်တုန်းကမှ မလိမ်တတ် ခဲ့တာ ဒယ်ဒီ အသိဆုံးပါ။ ကျွန်တော့်မှာ နောက်ထပ် မိန်းကလေး မရှိပါဘူး။"

"မင်း မိုးပွင့်ကို ခံစားချက်မရှိသလိုပဲ သား။ မင်းဘယ်လိုဖြစ်သွားတာလဲ။ မိုးပွင့်ကို ချစ်လို့ မင်းပဲ တောင်းခိုင်းခဲ့တာပဲ။ အခု သူများသားသမီးကို ယူပြီးရင် ကြင်နာမှာပေါ့။ ပြီးတော့ မိုးပွင့်က ကိုသက်ထွန်းရဲ့သမီး။ ဒယ်ဒီ့ သမီးဆိုလည်း ဟုတ်တယ်။ မင်း သူ့အပေါ် ဘာ မကျေနပ်တာတွေ ရှိနေလဲ။ "

နှင်းထန်ငြိမ်သွားပြီး

"မိုးပွင့်ကို မကျေနပ်တာ မရှိပါဘူး ဒယ်ဒီ။ ကျွန်တော် သူ့ကို အားလုံးကျေနပ်ပါတယ်။"

ဦးမင်းထန်သည် သားကို အရက်စပ်ပေးကာ ကမ်းပေးလိုက်ပြီး

"ကဲ သောက်လိုက်ပါဦး။ ဒယ်ဒီတို့ အတူမသောက်ရတာ ကြာနေပြီ။ သောက်ရင်း အေးအေး ဆေးဆေး စကားပြောကြတာပေါ့။ ဒါကြောင့် မိုးပွင့်ကို ဒယ်ဒီ အရင်ပြန်လွှတ် လိုက်တာပဲ။ "

နှင်းထန် သည် ဒယ်ဒီပေးသော အရက်ကို တရှိန်ထိုးမော့သောက်လိုက်ကာ

"ဒယ်ဒီ မာမီ့ကို ချစ်လို့လက်ထပ်ခဲ့တာ မဟုတ်လား။"
"ဟုတ်တယ်လေကွာ။ ဘာဖြစ်လို့လဲကွ။ "

နှင်းထန် ရယ်မောက

"ဒယ်ဒီ ကံကောင်းတယ်လို့ ပြောမလို့ပါ။ ဒယ်ဒီ့ကို ကျွန်တော် အရမ်း အားကျတယ်။ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းခွင့်ရှိတာ သိပ်ကံကောင်းတယ်။"

"မင်း လည်း ချစ်တဲ့သူနဲ့ လက်ထပ်ထားတာပဲလေ။"

ဦးမင်းထန် မသိယောင်ဆောင်ကာ ပြောလိုက်သည်။ နှင်းထန်က နောက်တခွက် ထပြီး

ဌဲ့ကာ သောက်လိုက်ပြန်သည်။

"ဟုတ်ပါတယ် ဒယ်ဒီ။ မိုးပွင့်ကို ကျွန်တော်ကိုယ်တိုင် ချစ်သွားလို့ လက်ထပ်ဖို့ ဆုံးဖြတ် ခဲ့တာပါ။"

သားဖြစ်သူ၏ ခံစားချက်ကို မိမိသိသော်လည်း ဖခင်တစ်ယောက်ပီပီ ဦးမင်းထန် အတ္တ္တ ကြီး လိုက်သည်။ သားကို ဘယ်လောက်ချစ်ချစ် လိင်တူ့ခြင်း အတူနေရန်အထိ မိမိခွင့် မပြုနိုင်ပါ။ မိမိတို့ မျိုးဆက်ပြတ်မည့် အရေးအထိ သားကို အလိုမလိုက်နိုင်ပါ။ ယခုလည်း သားဖြစ်သူ၏ အရက်ထဲ ထည့်တိုက်လိုက်သည့် ဆေးက တန်ခိုးပြလာလျှင် မိမိ မျှော်မှန်းထားသည့် ကလေးကိစ္စလည်း ပြေလည်လာလိမ့်မည်။ သားသမီးရလာလျှင် နှင်းထန်၏ စိတ်က တဖြည်းဖြည်း တည်ငြိမ်လာလိမ့်မည်။

နှင်းထန် ဒယ်ဒီ့ထံမှ ပြန်လာပြီး မိုးစက်ထံသို့ဝင်လိုက်သည်။ ချစ်သူလေးကို ဒီနေ့မတွေ့ ရသေးပေ။ ဓါတ်လှေကားဖြင့် တက်လာကတည်းက နှင်းထန်၏တကိုယ်လုံး မီးလိုပူလာ သလိုခံစားလိုက်ရသည်။ ရင်တခုလုံး ပွင့်ထွက်လုမတတ် မိုးစက်ကို မိမိ အရမ်းတောင့်တ လာခဲ့သည်။ မိမိ ညီလေးကလည်း ပေါက်ထွက်လုမတတ် တင်းလာပြီး အသက်ရှုနူန်း လည်း မြန်လာသည်။ တခါမှ ဒီလောက် မိုးစက်ကို မလိုချင်ခဲ့ဖူးပေ။

-----------------------------xxxxxxxxxxxxxxxxxxxxxxxxxxxxxx------------------------------------------------

"အကို နောက်ကျလှချည်လား.... အကို ခဏလေး။ တံခါးပိတ်လိုက်ဦးမယ်။"

မိုးစက် တံခါး ပိတ်နေစဉ် သူက အနောက်မှ သိုင်းဖက်ကာ လည်ပင်းများကို အတင်းနမ်း ကာ သူ့လက်များက မိမိကိုယ်ကို ပွတ်သပ်ဆုပ်နယ်နေသဖြင့် မိုးစက် နည်းနည်း လန့် လာသည်။

"အကို ဘာဖြစ်လာတာလဲ။"

"ဘာမှ မဖြစ်ဘူး။ ကိုယ် ချာတိတ်ကို လိုချင်လှပြီ။ လာ..."

နှင်းထန် မိုးစက်ကို ဆွဲခေါ်ကာ အိပ်ယာထက်တွန်းလှဲပြီး အဝတ်အစားများကို ကြယ်သီး မဖြုတ်တော့ပဲ အကြမ်းပတမ်း ဆွဲဆုတ်ကာ ချွတ်လိုက်သည်။

"အကို... ဘာ.. ဖြစ်လို. ....."

မိုးစက်၏ နူတ်ခမ်းကို အနမ်းကြမ်းဖြင့် ပိတ်လိုက်ကာ သူ့အဝတ်များကိုပင် မချွတ်အားတော့ပဲ အချစ်ကြမ်းတော့သည်။သူက မိုးစက်၏ စကားကို မကြား သည့်ပမာ သူလိုချင်သည်ကို ဇွတ်ယူနေတော့သည်။ မိုးစက် သူ့ကို ထုရိုက်သော်လည်း သူ ကရုပင်မစိုက်ပေ။ သူ့အနမ်းများက ခါတိုင်းထက် ပြင်းပြကာ သူ့အထိအတွေ့များက လည်း ပူပြင်းလွန်းလှသည်။ နှင်းထန်သည် မိုးစက်၏ တကိုယ်လုံးကို အငမ်းမရ နမ်းရှိုက်နေမိသည်။ မိုးစက်၏ အသံပျောက်သွားပြီး အခန်းလေးထဲ တွန်းထိုးလှုပ်ရှားသံသာ ဆက်တိုက်ထွက် လာတော့သည်။

နှင်းထန် အိပ်ယာမှနိုးလာသောအခါ အရင်ဆုံး သတိထားမိသည်က မိမိရင်ခွင်ထဲ ကျော ပေးကာ အိပ်မောကျနေသော မိုးစက်ကိုတွေ့လိုက်မှ မိမိ ကွန်ဒိုတွင်ရောက်နေသည်ကို သိတော့သည်။ ညက ဒယ်ဒီနှင့် အရက်အတူသောက်ပြီး မိုးစက်ထံ လာခဲ့စဉ် မိမိ အသိ စိတ်လွတ်သွားသလို ဖြစ်သည်ကိုသာ သိလိုက်သည်။ ညက မိုးစက် မိမိကို တောင်းပန် နေသည်ကို ဝိုးတဝါးသာ မှတ်မိတော့သည်။

ဒယ်ဒီက သားသမီးရရန် အရက်ထဲ မိမိကို ဆေးတခုခု ထည့်တိုက်ခဲ့ပုံရသည်။ တော်သေးသည်။ မိမိအိမ်ကို တန်းမပြန်ပဲ မိုးစက်ထံ အရင်ဝင်ခဲ့မိသည်။ မဟုတ်လျှင် မနေ့ည မိုးပွင့်နှင့် မိမိ ညားနေလောက်ပြီ။ မတော်လို့ မိုးပွင့် ကိုယ်ဝန်ရှိသွားလျှင် သူ့ကို မိမိခါချရခက်နေဦးမည်။

မိုးစက် လူးလွန့်ကာ နိုးလာစဉ် နှင်းထန် ချစ်သူလေးကို နမ်းကာနူတ်ဆက်သော်လည်း မိုးစက် ညည်းတွားကာ တဖက်သို့လှည့်သွားသည်။ အလင်းရောင်အောက်ဝယ် ဖြူဖွေးသော မိုးစက်၏ ကိုယ်လေးမှာ အညိုအမည်းများစွဲနေသည်ကို တွေ့သော် ညက မိမိ မည်မျှအချစ်သည်းခဲ့မည်ကို ရိပ်မိလိုက်မိပြီး မိုးစက်ကို သနားသွားသည်။

ညက မိုးစက်ကို မိမိ ဘယ်လောက်တောင် ကြမ်းခဲ့မိပါလိမ့်ဟုတွေးကာ အညိုအမည်း များကို လက်ဖြင့်ဖွဖွထိကြည့်သည်။ သူလေးကို မိမိ မနာကျင်စေချင်ပါ။ မိမိကြောင့် သူလေးရဲ့ ဘဝအေးချမ်းကာ ပျော်ရွှင်နေသည်ကိုသာ တွေ့ချင်သည်။

"ချစ်လေး... မထသေးဘူးလား။"

ယခုမှ မိုးစက် ကောင်းကောင်းနိုးသွားပြီး အလန့်တကြားဖြင့် အတင်းလူးလဲထကာ ထိတ်လန့်စွာဖြင့်ပြောသည်။

"အကို... မရဘူးနော်။ ကျွန်တော် သေတော့မယ်။ "

"တောင်းပန်ပါတယ်။ ညက ကိုယ် အရမ်းကြမ်းသွားမိတယ်"

နှင်းထန်က မိုးစက်၏ ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲဖက်ထားကာ တောင်းပန်လိုက်သည်။မိုးစက်သည် သူ၏ လေသံနှင့် ကြင်နာသော အပြုအမှုကြောင့် စိုးရိမ်စိတ်ပျယ်သွားပြီး သူ့ရင်ခွင်ထဲ တိုးဝှေ့ကာ မိုးပွင့် အကြောင်းကို မေးလိုက်သည်။

'အကို ..ကျွန်တော့် ညီမလေးကို ကြင်ကြင်နာနာဆက်ဆံရဲ့လား'

'ကိုယ်တို့ နှစ်ယောက်ရှိတဲ့ ရှားရှားပါးပါး အချိန်လေး သူ့အကြောင်း မပြောပဲနေလို့ မရဘူးလား။ '

'သူက ကျွန်တော့် ညီမပါ။ မိုးပွင့် ကိုစိတ်ပူလို့ မေးတာ အကိုမဖြေချင်လည်း ရတယ်။'

နှင်းထန် မိုးစက်အမေးကို လေသံပြတ်ပြတ်ဖြင့် ပြန်ဖြေလိုက်သည်။ မိုးစက် သူ့စကားကြောင့် စိတ်ဆိုးသွားသည်။ သူ့ရင်ခွင်မှ ရုန်းထွက်ကာ စိတ်ဆိုးဆိုးနှင့် ခုတင်ပေါ်မှ ဆင်းလိုက်စဉ် မျက်နှာရှုံှု့မဲ့သွားခဲ့သည်။

'မိုးစက် ဘာဖြစ်လို့လဲ။ အရမ်းနာနေလား။'

နှင်းထန် သူ့ကို သွားတွဲသော်လည်း မိုးစက်က တွန်းလွှတ်သည်။ နှင်းထန်သည် စိတ်ဆိုးနေသော ချစ်သူလေးကိုယ်ကို ကလေးပမာ ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်သွားပေးသည်။

'ရတယ်။ ကိုယ့်ဖာသာသွားမယ်'

'စိတ်မဆိုးပါနဲ့ မိုးစက်လေးရာ။ ချာတိတ်မေးတာ ပြီးရင်ကိုယ်ဖြေပေးပါ့မယ်။ ခုတော့ ငြိမ်ငြိမ်လေးလိုက်ခဲ့နော်။ '

မိုးစက် သူ့ကို မော့ကြည့်ကာ ရန်တွေ့သည်။

'နောက်တခါ ဒီလိုထပ်ကြမ်းရင် ကျွန်တော် ခင်ဗျားကို တံခါးဖွင့်မပေးဘူးနော်။ လူကို အသေသတ်နေတဲ့ အတိုင်းပဲဗျာ။ '

'အင်းပါကွာ။ ခုတော့ ငြိမ်ငြိမ်လေးနေနော်။ '

နှင်းထန်သည် ချစ်သူလေးကို ကြင်နာစွာပြုစုပေးသည်။ မိုးစက်နှင့်အတူရှိသည့် အချိန်လေးတွင် နှင်းထန်၏ ခေါင်းထဲတွင် မိုးစက်နှင့်သာ ပြည့်နေသည်။

---------------------------

14.5.2018

Xxxxxxxxxxxxxxxxxx

နှင်းထန်သည် မီးဖိုချောင်ထဲ မနက်စာပြင်နေသည်ကိုကူပေးရင်း ငြိမ်းချမ်းခြင်းကိုခံစားလိုက်ရသည်။ တစ်စုံတစ်ယောက် အထူးသဖြင့်မိမိချစ်ရသည့်သူနှင့်အတူ မနက်စာအတွက်ကူညီပေးသည့်အလုပ်ကလေးက ဘဝခရီးကို အတူတူဖြတ်သန်းဖို့၊ တနေ့တာကိုအတူနိုးထပေးဖို့ လူတစ်ယောက်ရှိနေသည်ဆိုသည့် ခံစားချက်ကိုရင်ထဲ နူးနူးညံ့ညံ့လေး ခံစားလိုက်ရသည်။ ဘဝရဲ့ကွက်လပ်လေးများ အချစ်နှင့်ပြည့်လာသည်ကို နှင်းထန်တန်ဖိုးထားသဖြင့် မိုးစက်ကိုပိုပိုချစ်လာခြင်းဖြစ်သည်။ စားသောက်ပြီးသည်နှင့် မိုးစက် သူ့ကို အိမ်ပြန်ရန်တိုက်တွန်းသည်။

"အကို အိမ်ပြန်တော့ဗျာ။ ညီမလေး မျှော်နေတော့မယ်။"

"ချာတိတ်က ကိုယ့်ကိုနှင်တာလား။"

မိမိကတော့ တစိမ့်စိမ့်ခံစားလို့မဆုံးသေးခင် ဒင်းကလေးက မိမိကိုချက်ချင်းနှင်လိုက်သဖြင့် စိတ်မကောင်းဖြစ်သွားသလို စိတ်လည်းနည်းနည်းတိုသွားသည်။ တကယ်ဆိုလျှင် မိမိကို မပြန်ပါနဲ့ဦးတောင် တားရမည်မဟုတ်လား။ အခုတော့ ချစ်သူထက် ညီမကိုပိုချစ်သည့် စံပြအကိုကြီးက မိမိကို အချိန်မဆိုင်းပဲနှင်ထုတ်နေပြီ။

"နှင်တာမဟုတ်ပါဘူး။ အကိုနဲ့ကျွန်တော့် ဇာတ်လမ်းက အချိန်တိုမဟုတ်ဘူးလေ။ ဘယ်သူမှမရိပ်မိအောင် နေရမှာမဟုတ်လား။ ပြီးတော့ ညက ကျွန်တော်နဲ့အတူရှိပြီးသွားပြီ။ အခု ညီမလေးကို ပြန်ပြီး မျက်နှာလေးပြပါအုံး။ "

မိုးပွင့်အကြောင်းပါလာသဖြင့် နှင်းထန် မျက်နှာပုပ်သွားသည်။ မိုးစက်က သူ့ရင်ခွင်ထဲတိုးဝင်ကာချော့သည်။

"အကို ကျွန်တော့် မျက်နှာကိုထောက်ပါအုံးနော်။ ညီမလေးကို မချစ်ရင်တောင် သူ့ကိုတွေ့ရင် ကျွန်တော့် မျက်နှာကို မြင်ယောင်ပေးပါ။ ညီမလေးကို ကြင်နာရင် အကိုလိုတာ အားလုံးလိုက်လျောပါ့မယ်.။"

"မိုးပွင့်ကို မကြင်နာရင် ကိုယ့်ဆန္ဒကို မလိုက်လျောနိုင်ဘူးပေါ့.. ဟုတ်လား။"

"အကိုရာ... စကားကို မကပ်ပါနဲ့ဗျာ။"

"ကို်ယ်စကားကပ်တာမဟုတ်ဘူး။ ချာတိတ်ရဲ့ စကားကို အနက်ဖွင့်နေတာ။ ကိုယ်ကချုပ်ကိုင်ထားလို့ ကိုယ့်အလို လိုက်လျောနေတာထက် ချာတိတ်ကိုယ်တိုင်က ချစ်လို့လိုက်လျောတာကိုပဲ လိုချင်တယ်။"

မိုးစက် သူ့စကား၏အဓိပ္ပါယ်ကို သိပါသည်။ မိမိကိုယ်တိုင်ကလည်း သူ့ကို ချစ်စပြုနေပါပြီ။ သူ့ကိုဖွင့်ပြောရမည်ကိုတော့ ရှက်မိသည်။ ယောက်ျားခြင်းချစ်မိသည်က ပုံမမှန်ဟုထင်သဖြင့် မိုးစက် လုံးဝဖွင့်မပြောရဲပါ။ မဖြစ်နိုင်ဟု ငြင်းဆန်သည့်ကြားမှ သူ့ကို ချစ်မိသွားသည်ကိုလည်း စိတ်ညစ်သည်။ သူ့ရင်ခွင်ထဲရောက်တိုင်း ရင်ခုန်ကြည်နူးမိသည်ကိုလည်း အပြစ်ရှိသလို ခံစားရသည်။ ညီမလေးထံမှလင်ခိုးသူဟု စွပ်စွဲမည့်စကားကိုလည်း မကြားဝံ့ပါ။ မိုးစက် သက်ပြင်းသာရှိုက်မိသည်။

နှင်းထန်သည် မိမိအမေးကြောင့်ဖြေရခက်ကာ မျက်နှာညှိုးသွားသော မိုးစက်၏ နူတ်ခမ်းလေးကို နမ်းရှိုက်ကာ တီးတိုးမေးလိုက်သည်။ သူ့စေတနာနှင့်ရည်ရွယ်ချက်ကိုလည်းသိသော်လည်း အနည်းငယ်ဆုံးမိမိကိုချစ်သည်ဆိုသည့် စကားကိုတော့ ကလေးဆန်ဆန်ကြားချင်မိသည်။ စိတ်ထဲတွင်လည်းမရိုးမယွဖြစ်ကာ ခါးလေးကိုဖက်ထားသည့်လက်ကို အောက်လျှောကာ အသားစိုင်လေးများကို အသာညစ်နေမိသည်။

"ကိုယ့်ကို နည်းနည်းလေးမှ မချစ်ဘူးလား ချာတိတ်လေး။"

"အကို မနက်ကြီးကို လက်က ဘယ်တွေကိုင်နေတာလဲ။ ပြန်တော့ဗျာ။ "

ထိုအခါမှသတိဝင်လာပြီး မိမိတင်ပါးကို ဖျစ်ညစ်နေသော သူ့လက်များကို ဆွဲဖယ်ကာ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။ ဒီလူကြီးဘယ်လိုများဖြစ်နေလည်းမသိတော့။ တညလုံးလည်းသောင်းကျန်းပြီးတာတောင် မနက်တော်တော်နှင့်မပြန်နိုင်ပဲ တစ်စခန်းစလာချင်ပြီထင်သည်။ သူ့စိတ်အရမ်းမထန်လာခင် အမြန်ပြန်ရန်ပြောစဉ် သူက ခါးကိုတိုးကာဖက်ထားပြီး နားရွက်ဖျားကို ဖွဖွကိုက်ကာ တိုးတိုးမေးလိုက်သည်။ သူ့အသံကတိုးညှင်းပြီး လှိုက်ဖိုနေသည်။ မိုးစက်၏ သွေးများဖြန်းခနဲဖြစ်လာအောင်ကို စွမ်းဆောင်နိုင်သည်။

"ချစ်လား... မချစ်ဘူးလားပြော။"
"မချစ်ဘူးဗျာ။"

မိုးစက်သည် မိမိကိုသွေးဆူလာအောင်လွှမ်းမိုးစပြုလာသည့် သူ့ကိုအာခံသည့်အနေဖြင့် ဂျစ်ကန်ကန်ပြန်ဖြေလိုက်သည်။ ဒါပေမယ့် ရဲတက်လာသည့် မျက်နှာကိုကြည့်ကာ နှင်းထန်ကျေနပ်စွာရယ်ပြီး သူ့ကိုဆိုဖာပေါ်တွန်းလှဲ့ကာ ညစ်ကျယ်ကျယ် ပြောလိုက်သည်။

"ဟုတ်လား။ ဒါဆို ချစ်လာအောင်လုပ်ရသေးတာပေါ့။"
"အကို မလုပ်နဲ့။"
"လုပ်မှာပဲ။ ကိုယ့်ကို မချစ်တဲ့သူကို အပြစ်ပေးရမယ်.. လာ။""
"အကို့ကို ချစ်ပါတယ်

မိုးစက် အလန့်တကြားလေးဖြစ်သွားပြီးတားလိုက်သော်လည်း ချစ်လူကြမ်းကြီးက ဇွတ်တရွတ်ပင်ဆိုးမည်ကြံသဖြင့် နောက်ဆုံး

မိုးစက် မျက်နှာကိုလက်နှင့်အုပ်ကာ တိုးတိုးပြောလိုက်သည်။ နှင်းထန်သည် မိုးစက်၏လက်ကို အတင်းဖယ်ပြီးမေးလိုက်သည်။

"ဘာပြောလိုက်တယ်။ ကိုယ်မကြားလိုက်လို့။"

မိုးစက်သည် ပြုံးပျော်မြူးနေသော သူ့မျက်နှာကိုကြည့်ကာ ရှက်သွားပြီးဘုတောလိုက်သည်။ ကြားလိုက်သားနဲ့ ဒီလူကြီး တမင်ကို အသားယူပြီး ဘယ်နှစ်ခါကြားချင်နေလဲမသိတော့ပေ။ မိုးစက်သည် လူကြီးတန်မယ့် တမင်ဆိုးနေသည့် အကိုနှင်းထန်ကို စိတ်တိုသည့်ကြားက ချစ်သည့်စိတ်က တားမရအောင်ဖြစ်လာမိသည်ကို သတိမထားမိလိုက်ပေ။ ညစ်ကျယ်ကျယ်နှင် တမင်ဆိုးနေသည့်လူကြီးက မိုးစက်ကို တဖြည်းဖြည်းရုန်းမရအောင် ညှို့နေပြီထင်သည်။

"ဘာမှ မဟုတ်ဘူး။ အကို့ကို မုန်းတယ်လို့ပြောတာ။"

"ချစ်တယ်လို့ ကြားလိုက်သလိုပဲ။ ချာတိတ်ကိုယ့်ကို ချစ်တယ် ဟုတ်လား။"

သူ့စကားကြောင့် မိုးစက်၏မျက်နှာတစ်ခုလုံး အခိုးတရှိန်ရှိန်ထွက်နေသလို ခံစားရကာသူ့မျက်နှာကို မကြည့်ဝံ့စွာ အကြည့်လွဲထားလိုက်မိစဉ် သူက မိုးစက်၏ နဖူးကို ကြင်ကြင်နာနာနမ်းလိုက်ပြီး တည်ကြည်စွာပြောခဲ့သည်။

"ကိုယ့်ကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ် ချာတိတ်လေး။ မင်းက ကိုယ့်ဘဝရဲ့မီးရှူူးတိုင်ပါ။"

မိုးစက်သည် သူ၏စကားကြောင့် သူ့ရင်ခွင်ထဲတိုးဝင်ကာ ရင်ဘတ်တွင် မျက်နှာအပ်ကာငြိမ်နေလိုက်သည်။ သူများတွေ ပြောသလို ချစ်သူ့ရင်ခွင်သည် လုံခြုံနွေးထွေးသည်ကို မိုးစက် ကောင်းစွာလက်ခံသွားလေပြီ။ သို့သော် ညီမလေး၏ ခင်ပွန်းကိုချစ်ရသညဆိုတော့ ရင်တထိတ်ထိတ်ဖြစ်မိသည်။

"အကို ပြန်တော့နော်။ "

နှင်းထန်သည် တောင်းတောင်းပန်ပန်ပြောနေသော ချာတိတ်လေး၏ မျက်ဝန်းကိုမကြည့်ရက်တော့သဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် မိုးစက်၏အချစ်ကို ပိုင်ဆိုင်ရပြီဖြစ်သောကြောင့် စိတ်ချမ်းသာသွားသည်။ မိမိကို မိုးစက်ချစ်သည်ဟု ပထမဆုံးဝန်ခံလာသဖြင့် နှင်းထန်စိတ်အေးသွားခဲ့သည်။ မဟုတ်လျှင် မိမိကိုဘယ်အချိန်ပစ်ပြေးမလဲဟု တွေးကာပူနေမိသည်မဟုတ်လား။ ယခုလိုဆိုတော့ မိုးပွင့်ကို အပေးအယူသဘောဖြင့် ပြန်လက်ခံရကြိုးနပ်သည်ဟုပြောရမည်။

နှင်းထန်နှင့်ဆန့်ကျင်ဘက်ဖြစ်နေသူက မိုးပွင့်ဖြစ်သည်။ ညစာစားပြီးနောက် မိမိကို သူ့ဒယ်ဒီကအရင်ပြန်လွှတ်

လိုက်စဉ် တီးတိုးမှာကြားလိုက်သည်။

"သမီး။ သားပြန်လာရင် ကောင်းကောင်းပြုစုလိုက်ပါ။ ဒီည သမီးဆီကို သူလာလိမ့်မယ်။"

မိုးပွင့် သဘောပေါက်သွားပြီး အိမ်ကိုချက်ချင်းပြန်လာပြီး ဆွဲဆောင်မှုှုရှိမည်ထင်ရသော ဇာဖြူညအိပ်ဝတ်စုံကို ရွေးဝတ်ကာ သူကြိုက်တတ်သည့် ရေမွှေးကိုဆွတ်ပြီး ရင်ခုန်စွာဖြင့် စောင့်နေခဲ့သည်။ သို့သော် မိုးလင်းသည်အထိ သူအိမ်ပြန်မလာခဲ့ပါ။ မိမိဆီမလာလျှင် မိမိ၏ အမွှာအကိုဆီများရောက်နေပြီလားဟုတွေးကာ ပူလောင်သည့်ရင်အစုံနှင့်စောင့်နေခဲ့သည်။ မိုးစက်၏ဖုန်းကိုခေါ်သော်လည်း မကိုင်၊ သူ့ဖုန်းကိုတော့ မဆက်ရဲသဖြင့် တညလုံးပူလောင်စွာဖြင့် လှောင်ချိုင့်ထဲပိတ်မိသူလို ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း မိုးလင်းခဲ့သည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မနက် ၉ နာရီထိုးတော့သူပြန်လာခဲ့သည်။ လောကကြီးတခုလုံးကို အပိုင်ရ ထားသူလို အောင်မြင်သူ ခြေလှမ်းများဖြင့် မိုးပွင့်မျှော်နေရသော ချစ်လင်ကြီးလာခဲ့ပါပြီ။ မိုးပွင့်သည် သူ့ကို စိုက်ကြည့်နေသော်လည်း သူက ကရုပင်မစိုက်ပဲ အိမ်ပေါ်တန်းတက်သွားသည်။

"ကိုကို ညက ဘယ်မှာအိပ်တာလဲ။ မိုး ကိုကို့ ကို တညလုံး စောင့်နေတာ။"

နှင်းထန်သည် သူမကို အရွဲ့တိုက်ပြောမည်ပြုပြီးမှ မိုးစက်ကို သတိရသွားပြီး ပြုံးကာ

"ဆောရီးမိုး။ ကိုကို ဖုန်းဆက်ဖို့မေ့သွားလို့။ ညက ကိုကို့ မိတ်ဆွေတစ်ယောက်ဆီမှာ ဝင်ရင်း ညဉ့်နက်သွားလို့ အဲ့မှာပဲ အိပ်လိုက်တာ။ မိုးက ဘာလို့စောင့်နေတာလဲကွာ။ အိပ်ရေးပျက်သွားတာ ကိုကို တောင်းပန်ပါတယ် ဟုတ်ပြီလား။ ဒေါ်ပို ကျွန်တော့် မိန်းမကို အားရှိတာလေး ချက်ကျွေးပေး ပါဦး။ မိုးလေးက ကျွန်တော့် မျိုးဆက်ကို မွေးပေးမယ့်သူ။ သေချာကရုစိုက်ပေးပါဗျာ။"

နှင်းထန်က နံဘေးတွင် အကဲခတ်နေသော ဒေါ်ပိုကိုပါ တခါတည်းမှာကြားလိုက်သည်။ ဒေါ်ပိုက တော့ သဘောရိုးဖြင့်ပြောသည်ထင်ကာ မမလေး မိုးပွင့်ကိုယ်စား ဝမ်းသာသွားပြီး

"စိတ်ချပါ မောင်နှင်းထန်။ မိုးလေးကို ဒေါ်ပို ကရုစိုက်ပြီး ချက်ကျွေးပါ့မယ်.။"

"ကဲ...မိုးလေး။ အေးဆေးနားလိုက်ဦးနော်။ ကိုကို အလုပ်သွားအုံးမယ်။ အားမွေးထားလိုက်နော်။ ကိုကို့အတွက် သားသားမီးမီးလေးတွေ များများမွေးပေး ဟုတ်ပြီလား။"

မိုးပွင့်သည် မိမိကို တမင် အရွဲ့တိုက်ပြောသွားသော သူ့ကို ငေးစိုက်ကြည့်ကာ ဧည့်ခန်းတွင် ကျန်ရစ်

ခဲ့သည်။ ဒေါ်ပိုကတော့ သူ့စကားကို အဟုတ်ထင်ကာ မိမိကို ဘာစားချင်သလဲဟုမေးနေသည်။ မိုးပွင့်သည် သူ ညက မိုးစက်ထံ သွားအိပ်သည်ကို သေချာသိသွားသည်။ သူ့မျက်ဝန်းက သိပ်ကို အားရကျေနပ်ပုံပေါ်နေသည် မဟုတ်လား။ မိုးပွင့်သည် သူ မိုးစက်ကို ဘယ်နေရာတွင် ထားသည်ကို သိအောင် စုံစမ်းမည်ဟု ဆုံးဖြတ်လိုက်သည်။ မိုးစက်ကို တွေ့လျှင် ဘာကြောင့် မိမိနှင့် သူ့ကြား ဝင်ဝင် ရှူပ်သည်ကို သိအောင် တခါတည်းမေးလိုက်မည်။

"မိုးလေး... မောင်နှင်းထန် ကို ဗွေမယူပါနဲ့။ သူက မိုးလေးကို တဖြည်းဖြည်း ကရုစိုက်လာပါပြီ။ သူ က တခုခု စိတ်ညစ်စရာရှိလို့နေမှာပါ။ သူ့အပေါ် စိတ်ရှည်ပေးပါကွယ်။"

မိုးပွင့် ဘာမှ ဆက်မပြောချင်သဖြင့် ခေါင်းညိမ့်ကာ မိမိအခန်းထဲ သို့ဝင်ကာ တရေးအိပ်ရန်ကြိုးစား လိုက်သည်။ မိမိ စိတ်ဓါတ်ကျလို့မဖြစ်ပေ။ အားမွေးထားရမည်။ မိုးစက် လက်ထဲမှ သူ့ကို မိမိရ အောင် ပြန်လုရဦးမည်။ မိုးပွင့်သည် အိပ်ယာထက်တွင် လှဲလိုက်သော်လည်း တော်တော်နှင့် အိပ်မ ပျော်သဖြင့် အိပ်ဆေးသောက်က အိပ်လိုက်သည်။ အိပ်မက်ထဲတွင် မိုးစက် နှင့် မိမိငယ်စဉ် ကလေး ဘဝက စိန်ပြေးတမ်းကစားနေသည်ကို မက်ကာ အိပ်လျက်နှင့် မျက်ရည်များ စီးကျလာသည်။ ငယ်စဉ်ကလေးဘဝကို ပြန်ရချင်သေးသည်။

မိုးစက်သည် ဝသုန်ထံသို့ထွက်လာခဲ့သည်။ ဝသုန်သည် သူငယ်ချင်းကို ပြေးဖက်ကာ ဝမ်းသာ ဝမ်းနည်းဖြစ်ပြီး မျက်ရည်ပင်စို့လာသည်။

"မိုးစက် ... မင်း ငါ့ကြောင့် နွံနစ်ပြန်ပြီ။ ငါ မင်းကို ဘယ်လိုတောင်းပန်ရမှန်း မသိတော့ပါဘူး။"

မိုးစက် သူ့ကို ပြန်ဖက်ထားကာ

"ဒါ ငါ့ ကံကြမ္ပ္မာဖြစ်လိမ့်မယ်ထင်တယ် ဝသုန်။ ငါ သူ့ကို ချစ်မိနေပြီထင်တယ်။"

ဝသုန်လန့်သွားပြီး သူငယ်ချင်းကို တွေတွေကြီးကြည့်ကာ

"မင်း... မင်း ဘယ်လိုဖြစ်သွားတာလဲ မိုးစက်။ မင်းက ယောကျ်ားစစ်စစ်ပါကွာ။"

"အခုလည်း ယောကျ်ားစစ်စစ်ပါ။ ဒါပေမယ့် ဘာကြောင့် သူ့အပေါ် ခံစားချက်ရှိသွားတယ်ဆိုတာ ငါ မသိတော့ဘူူး။ ပြီးတော့ သူက ညီမလေးရဲ့ ယောက်ျားလေ။ ငါ ရူးပြီထင်တယ် ဝသုန်။"

ဝသုန် ဘာမှဆက်မပြောနိုင်တော့ပေ။ သူငယ်ချင်းကိုသာ ဖက်ပြီး မျက်ရည်ကျနေမိသည်။ ဝသုန်၏ မျက်ရည်ကိုတွေ့သော် မိုးစက် ပျာပျာသလဲဖြင့် အာရုံပြောင်းရန် နောက်လိုက်သည်။

"ဟာ... ဟေ့ကောင် မငိုနဲ့လေကွာ။ ငါ မသေသေးပါဘူုး။ အလတ်ကြီးရှိသေးတယ်။ ဘာလဲ။ မင်း ကောင်မလေး လင်နောက်လိုက်ပြေးလို့လား။ ဒါဆို ငါပြန်လိုက်ခိုးပေးပါ့မယ်။"

ဝသုန်သည် မိုးစက် ပေါက်တတ်ကရပြောသည်ကို ကြားသော် မနေနိုင်တော့ပဲ ဆဲကာ မျက်ရည်သုတ် ပြီး ပုခုံးကို မနာအောင်ထိုးကာ

"အေး... လင်နောက်လိုက်ပြီးသား ကောင်မလေးကို မင်းပဲယူ။ မင်းလုပ်တာနဲ့ ငါ့ ဖီးလ်တောင် ဘယ်ပျောက်သွားပြီလဲ မသိဘူူး။ လဒ။ ဒီလို အခြေအနေမှာတောင် ပျော်နေနိုင်သေးလား မိုးစက်ရာ"

"ပျော်တော့ ဘယ်ပျော်မလဲ ဝသုန်ရာ။ ဒါပေမယ့် ငိုနေလို့လည်း ပြီးသွားမယ့် ကိစ္ပ္စမှ မဟုတ်တာ။ ဒီလိုပဲ ပျော်အောင်နေရတော့မှာပေါ့။"

မိုးစက်သည် ဝသုန့်ဘေးတွင် ဝင်ထိုင်ရင်း အကြာကြီး ငြိမ်နေပြီးမှ နောင်တရစွာပြောသည်။

"မင်းပြောတာမှန်တယ် ဝသုန်။ ငါ အစကတည်းက သူ့ဘေးကို မသွားသင့်ဘူး။ ငါ ကိုယ့်ကိုယ်ကို စိတ်ခိုင်မယ် ထင်ထားခဲ့တာ။ ကိုရန်နိင်ကို ပြောခဲ့မိတာ ဝဋ်လည်ပြီထင်တယ်။"

ဝသုန်သည် သူငယ်ချင်းဖြစ်သူ အားငယ်ကာ နောင်တရ ညှိုးငယ်နေပုံကိုတွေ့တော့ စိတ်မကောင်း ဖြစ်မိသည်။ ထို့ကြောင့် မိုးစက်ကို အားပေးလိုက်ရသည်။

"မဆိုင်ပါဘူးကွာ။ မင်းနဲ့ အကိုနှင်းထန်ရဲ့ ဖူးစာလို့ပဲ ပြောရမှာပဲ။ ဒါနဲ့ မင်းညီမ မင်းပြန်ပါလာတာ သိသလား။ "

"မသိဘူးထင်ပါတယ်။ သိရင် သူငါ့ကို လာဆဲပြီပေါ့။ အကို့ကိုတော့ တတ်နိုင်သလောက် ချော့ပြော နေရတယ်။ မိုးလေးနဲ့ ကလေးရရင် ငါကျေနပ်ပါတယ်။ ကလေးရရင် သူ မိုးလေးကို ချစ်သွားမှာပါ။"

"ဒီလိုဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။ ကဲ ဒါတွေထားလိုက်ပါတေ့ာကွာ။ ငါတို့ အပြင်ထွက် တခုခု စားကြတာပေ့ါ။"

"ဖြစ်ပါ့မလား။ အကိုနှင်းထန်သိရင် မင်းကို ပြောနေဦးမယ်။ သူက မင်းနဲ့ငါ အတူသွားတာကို သိပ် မကြိုက်ဘူးကွ။"

"ရပါတယ်။ ငါ သူ့ကို ပြောထားပြီးသားပါ။ မင်းနဲ့ငါက ညီအစ်ကိုတွေဆိုတာ။ "

ဝသုန် ဘာမှ ဆက်မပြောတော့ပဲ မိုးစက်နှင့်အတူ အပြင်သို့ထွက်လာခဲ့သည်။ သူငယ်ချင်းကို ဝသုန် အဖော်လုပ်ပေးရင်း ကိုနှင်းထန်နှင့် မိုးစက်၏ အချစ်ကို တွေးကာ အံ့သြနေမိသည်။ ယခင်က အကို နှင်းထန်သည် မိန်းကလေးများဖြင့်သာ နာမည်ထွက်သူဖြစ်သည်။ မိုးစက်သည်လည်း မိမိကဲ့သို့ လူငယ်ပီသစွာ မိန်းကလေးများကို ငမ်းရင်း ကြီးပြင်းလာသူဖြစ်သည်။ သူတို့နှစ်ယောက်ဆုံမိမှ ဒီလို ဖြစ်သွားသည်ဆိုတော့ ဖူးစာပဲပြောရတော့မည်။

နှင်းထန်သည် အလုပ်မှပြန်သောအခါ အိမ်သို့တန်းမသွားပဲ မိုးစက်ထံသို့ဝင်ကာ ညစာ အတူစားကြ သည်။ ညစာစားပြီးတော့ သူက ဖောက်လာပြန်သည်။

"ကိုယ် ဒီည ချာတိတ်နဲ့ အတူအိပ်မယ်။"

မိုးစက် သောက်လက်စ ရေပင်သီးသွားသည်။ သူက မိုးစက်၏ ကျောကို နှိပ်ပေးကာ

"ချာတိတ်ကလည်းကွာ။ ကိုယ် ညအိပ်မယ်ပြောတာနဲ့ ရေတောင်သီးရလား။ ဘာလဲ။ကိုယ့်ကို မရှိစေ ချင်တာလား။ "

"အကိုက ဆိုးပြီဗျာ။ ဘာကြောင့်လဲ ဆိုတာ သိလျက်နဲ့။ အိမ်ပြန်အိပ်ပါ။ ကျွန်တော် အကိုနဲ့ အတူ ရှိနေပြီပဲ။"

"ကိုယ် ညတိုင်း ချာတိတ်ကို ဖက်အိပ်ချင်တယ်။"

"အကိုရယ်။ တိတ်တိတ်ပုန်းဇာတ်လမ်းက ဒီလိုနေလို့ ဘယ်ရမလဲ။"

မိုးစက်၏ စကားကြောင့် နှင်းထန် ခံရခက်သွားသည်။ အမှန်တရားက နားခါးလွန်းလှသည်။

"ကိုယ်က တိတ်တိတ်ပုန်း မနေချင်တော့ဘူး။ မင်းကို ပွင့်ပွင့် လင်းလင်းချစ်ချင်တယ်။ ရှုပ်တယ်။ မင်းညီမကို ကွာရှင်းပြီး မင်းကို တရားဝင် လက်ထပ်မယ်ကွာ။"

သူကပြောရင်း ဖောက်လာသဖြင့် မိုးစက်လန့်လာသည်။ သူတကယ်လုပ်လိုက်မှဖြင့် မိမိ သာမက ဖေဖေပါ အရှက်လုံးလုံးကွဲရချေတော့မည်။

"အကိုနော်။ ကျွန်တော် ငိုချင်လာပြီ။ အကို့ကိုချစ်တယ် ပြောမှ အကိုက ဆိုးပြီ။ ကျွန်တော့်ကို မနှိပ် စက် ပါနဲ့ဗျာ။"

"မင်းကို ချစ်တာက နှိပ်စက်ရာကျနေသလား မိုးစက်။"

သူစိတ်ထိခိုက်စွာပြောတော့ မိုးစက် စိတ်မကောင်းဖြစ်ရပြန်သည်။

"မဟုတ်ပါဘူး အကို။ ကျွန်တေ်ာက အားလုံး အဆင်ပြေစေချင်လို့ပြောတာပါ။ အကို့အချစ်ကို ပိုင်ဆိုင်ရတာ ကျွန်တော် အရမ်းပျော်ပါတယ်။ တကယ်ပြောတာပါ။ အကို့ကိုလည်း အကို့ဒယ်ဒီ နဲ့ ပြဿနာ မဖြစ်စေချင်ဘူး။ ဒါကြောင့် အကို အိမ်ကို ပုံမှန်ပြန်ပါလို့ ကျွန်တော် ပြောနေတာပေါ့။"

နှင်းထန် သက်ပြင်းရှိုက်လိုက်မိသည်။ အင်မတန်ကို လိမ္မာကာ တဖက်သားကို စဉ်းစားပေးလွန်းသော ချစ်သူလေးကို မြတ်နိုးစွာ ဖက်ကာ

"အဲ့ဒီစိတ်လေးကြောင့် ချာတိတ်ကို အရမ်းချစ်ရတာပေါ့။ ကဲ.. ကိုယ် ပြန်ပါ့မယ်။ မပြန်ခင် လာပါအုံး။ ချာတိတ်လေးကို ချစ်ပါရစေ။"

"အကိုကလည်းဗျာ။ တခါတလေ ဘာမှ မပြုပဲပြန်ကြည့်ပါအုံး။"

"မရဘူး။ ညစာလေးမှ မစားရရင် ကိုယ် ညဘယ်အိပ်လို့ပျော်ပါ့မလဲ။"

"အကိုနော်။ ည ညီမလေးရှိရဲ့နဲ့၊ နှာဗူးကြီး။ မောင်နှမ နှစ်ယောက်လုံးကို စားချင်နေတယ်ပေါ့။"

"နှာဗူးကြီးလို့ခေါ်တော့ နှာဗူးပြရတာပေါ့.. လာ..."

"ဟာ.. အကို..."

မိုးစက် စကားဆက်မဆိုနိုင်အောင် သူပြုစားလိုက်ပြန်သည်။

ဒီလိုနှင့် သူ့အချစ်ထောင်ထဲ ၁လကြာ ပိတ်မိပြီးနောက် တစ်ညနေတွင် သူနှင့် အတူရှိခိုက် ဘဲလ် မြည်လာသဖြင့် မိုးစက် သူနှင့် အတူဇာတ်ကားကြည့်နေရာမှ တခါးထဖွင့်ပေးလိုက်သည်။ မိမိက ဝသုန် လာသည်ထင်ပြီးဖွင့်ပေးလိုက်စဉ် တံခါးဝတွင် မိုးပွင့်ကို တွေ့လိုက်ရစဉ် မိုးစက် ရင်ထိတ် သွားသည်။

"မိုးလေး .."

"ဖြန်း.."

မိုးစက် ဘာမှ ရှင်းပြချိန်မရသေးခင် မိုးစက်က မိမိပါးကို ရက်ရက်စက်စက် ရိုက်ချလိုက်သဖြင့် ပါးတဖက် ထူပူသွားသည်။ မိုးစက်သည် ညီမရိုက်သဖြင့် အသားနာသွားသည်ထက် အကိုနှင်းထန် ရှိနေသဖြင့် သူသိသွားလျှင် ညီမလေးနှင့် ပြဿနာတက်မည်ကို စိုးရိမ်ကာ သူမလက်ကို ဆွဲကာ အခန်းအပြင်သို့ ထွက်ရန် ကြိုးစားသည်။

မိုးပွင့်သည် မိမိခင်ပွန်းနောက်ကို လိုက်ချောင်းရင်း သူဝင်သွားသည့် ကွန်ဒိုတံခါးဘဲလ်ကို နှိပ်လိုက် စဉ် မိုးစက်ကို တွေ့လိုက်သည်နှင့် စိတ်မထိန်းနိုင်တော့ပဲ ပါးကို ရိုက်ချလိုက်သည်။ မိုးစက်က လာမှ မပြောပဲ မိမိလက်ကို ဆွဲကာ အခန်းပြင်ကို အတင်းခေါ်နေသဖြင့် မိုးပွင့် လက်ကို ခါချကာ

"မိုးစက် နင် အရှက်မဲ့လှချည်လား။ နင် ငါ့ ယောကျ်ားကို ခိုးရဲတယ်။ နင် ကတိဖျက်တယ်။ နင် ငါ့ကို ဘယ်လို ကတိပေးပြီး သူ့ဘေးကို လာခိုင်းခဲ့တာလဲ။ နင် အဲ့လောက် ယောက်ျားရှားနေသလား ဟင် မိုးစက်။ ငါ့ကို ပြောစမ်းပါ။ "

"မိုးလေး.. အပြင်မှာ ပြောရအောင်။"

မိုးစက် သူမပါးစပ်ကို လှမ်းပိတ်ကာ အခန်းပြင်ကို ခေါ်ရန်ကြိုးစားလေ သူမက ခါးခါးသီးသီးဖြစ်ကာ

"နင် ငါ့ အသားကို မထိနဲ့။ နင့်ကို မုန်းတယ်။ နင် လူယုတ်မာ။ ငါ ချစ်တဲ့ယောကျ်ားကို မြူဆွယ် တယ်။ နင့်ကို လုံးဝခွင့်မလွှတ်ဘူး။"

"မိုးလေး.. အထဲမှာ အကိုရှိတယ်။ လာပါ။ သူသိသွားလိမ့်မယ်."




အချစ်စစ်၏ တည်နေရာSeason (1)Where stories live. Discover now