အချစ်စစ်၏တည်နေရာ
Season – 1
အပိုင်း (22)
မိုးစက်သည် အိမ်သို့ရောက်သော် သူ့ကိုလည်ပင်းညောင်ရေအိုးဖြစ်အောင်ကို မျှော်နေရသည်။ မိုးစက် ခြံထဲတွင် ထိုင်လိုက်လမ်းလျှောက်လိုက်နှင့် ကနာမငြိမ်အောင်ဖြစ်နေရသည်။ မြတ်လေးပန်း များဖွေးဖွေးလှုပ်အောင်ပွင့်နေသော ပန်းခြုံကို ကြည့်မိတိုင်း အရင်ကသူနှင့်အတူပတ်မိလို့ သူကဲလှ သဲလှသည်ကို ပြန်မြင်ယောင်ကာ ပြုံးမိသေးသည်။
ထိုအချိန်က မိမိသူ့ကို ဒီလောက်ချစ်မိသွားမည်ဟု နည်းနည်းမှ မထင်ထားခဲ့ပေ။ မိမိ အနမ်းဦးများကို ဇွတ်လုယူသည့် ကိုလူဆိုးကို စိတ်လည်းရှုပ်အမြင်လည်းကတ်မိသည်။ ထိုစဉ်က မိမိညီမလေးကြောင့် သူ့ဘေးမှ မခွာနိုင်ပဲ သူ့ရဲ့အချစ်ကျော့ကွင်းထဲ တဖြည်းဖြည်းကျဆင်းခဲ့ရခြင်းဖြစ်သည်။ သူပြောခဲ့ သည့် စကားများကို မိမိမယုံခဲ့ပါ။ မိမိကို သူ့အနားတွင်တသက်လုံးထားခဲ့ခြင်လို့ မိုးပွင့်ကို သူ လက်ထပ်ခဲ့သည်ဆိုသည့် စကားကို မိမိလှောင်ရယ်ခဲ့မိသည်။
လောကတွင် ယောကျ်ားခြင်း ဒီလောက်စွဲစွဲလန်းလန်းချစ်တာ မဖြစ်နိုင်ဟု ထင်ခဲ့မိသည်။ သူက မိမိ ကိုဘယ်လောက်ချစ်သည်ဟု ပြောခဲ့သော်လည်း မိမိမယုံကြည်ခဲ့ပါ။ သူနှင့် ညီမလေး လက်ထပ်ပွဲ ပြီးသည်နှင့် ကိုရန်နိုင်၏ အကူအညီဖြင့် အမေရိကားတွင် အလုပ်သွားလုပ်မည့်သတင်းကို သူသိသွား သောအခါ မိမိကို သူခိုးပြေးရန် ကြိုးစားခဲ့သည်။ မိမိအရမ်းကို သွေးပျက်သွားသည်ကို ဝန်ခံပါသည်။ သူ့လုပ်ရပ်ကို ကြောက်ကာ သူ့ကို ဟန့်တားရန်ကြိုးစားရင်း ကားမှောက်ခဲ့သည်။
ကားမှောက်စဉ်ကို မိမိ တခါတည်းသေသွားခဲ့လျှင် သူနှင့် ညီမလေး လက်ထပ်ဖြစ်ကာ ပျော်ရွှင်သော မိသားစု ဘဝကိုရမည်ဟု ထင်ပါသည်။ သို့သော် ကံကြမ္မာကျီစားချက်က ပြင်းလှသည်။ မိမိက အ ကောင်းအတိုင်းဖြစ်ပြီး သူက မိမိကို ကာကွယ်ပေးထားသောကြောင့် သူ့မျက်လုံးကွယ်သွားခဲ့သည်။
မိမိသတိလစ်နေစဉ်အတွင်း သူက ညီမလေးကို ပြတ်သားစွာပြောကာ မောင်းထုတ်လိုက်သည်ကို မိမိ လုံးဝမသိခဲ့ပါ။
မိမိ သူ့ကို အသည်းအသန်ငြင်းခဲ့ခြင်းက သူ့ကိုစိတ်ဓါတ်ကျသွားစေသည်။ထို့အပြင်မိမိကိုလက်ထပ် ခွင့်မရလျှင် သူဘယ်သူ့ကိုမှ လက်မထပ်ဖို့ဆုံးဖြတ်ကာ မျက်မမြင်ဘဝဖြင့် နေသွားမည်ဟု ဆုံးဖြတ် ခဲ့ပြီး ညီမလေးကို စိတ်နာအောင်ပြောလိုက်သည်။
မိမိကတော့ ဘာမှ မသိခဲ့ပါ။ ဖေဖေ့စကားအရ ညီမလေးက သူနှင့် လက်ထပ်ပွဲကို လက်မခံနိုင်ဟု ပြောကာ စင်္ကာပူကို ထွက်သွားသည်ဆိုသည့် စကားက သတိရစ မိမိကို မူးဝေသွားစေသည်။သွားပြီ။
မိမိကြောင့် လက်ထပ်ပွဲပျက်သည့်အပြင် ဆွေမျိုးများအကြား မိမိတို့ ခေါင်းမဖော်ရဲတော့ဟု တွေးကာ ထူပူသွားသည်။ ထို့ကြောင့် သူ့ကိုတွေ့ကာ တောင်းပန်စဉ် သူက ကိုရန်နိင်ထံမှ အကူအညီမယူပဲ သူ အမေရိကားကို ပို့ပေးမည်ဟုပြောလိုက်သည့်စကားက မိုးစက်၏ ရင်ကို ဘယ်လိုမှ တင်းမခံနိုင် အောင်ဖြစ်သွားစေသည်။
ညီမလေးအစား သူနှင့်လက်ထပ်ကာ သူ့ကို ပြုစုပေးရန် ဆုံးဖြတ်လိုက်သည်။ သူက လုံးဝလက်မခံခဲ့ ပေ။ သူ့ကို အကြိမ်ကြမ်တောင်းဆိုသောအခါ နောက်ဆုံးသူက လက်ထပ်လျှင် တကယ့်လင်မယား လိုနေမှ လက်ခံမည်ဟု ဆိုသဖြင့် မိုးစက် သူ့တောင်းဆိုချက်ကို လက်ခံကာ လက်ထပ်ခဲ့သည်။
မိမိ၏ ပထမဆုံးလူပျိုဘဝကို သူ့ထံသို့ပေးအပ်ခဲ့သည်။ ရှက်သည်၊ ကြောက်သည်ဆိုတာထက် သူ့ကို သနားတာကပိုသောကြောင့် မိုးစက် သူ့အလိုကို အမြဲလိုက်လျောခဲ့သည်။ မိမိ၏ ပြုစုပေးမှု ကြောင့် သူတဖြည်းဖြည်း စိတ်အားပြန်တက်လာပြီးမျက်လုံးပြန်ခွဲစိတ်ရန် သူ့ကို တိုက်တွန်းနိုင်ခဲ့ သည်။
သူမျက်လုံးအမြင်ပြန်ရသည်နှင့် မိုးစက်သူ့အတွက်ကို အလေးအနက်ထားစဉ်းစားရတော့သည်။ မိမိ ကိုသူအရမ်းခင်တွယ်ကာ အလိုလိုက်အကြိုက်ဆောင်ခံရသည်ကို မိမိသဘောကျသော်လည်း မိမိက ယောက်ျားလေး။ သူ့မယားဘဝတွင် သူ့အရိပ်ခိုကာ ညာစားမနေချင်ပေ။ ထို့အပြင် သူ့အတွက်ကို မိမိအလေးနက်ထား စဉ်းစားပေးစရာတွေ ရှိလာသည်။ သူ့အနား နှစ်ပေါင်းတစ်ရာနေပေးသည့်တိုင် သူ့အတွက် မျိုးဆက်သွေးကို မိမိမွေးမပေးနိုင်ပါ။သူက တစ်ဦးတည်းသောသားဖြစ်သဖြင့််သူ့အတွက် သားသမီးများ မွေးဖွားပေးနိုင်သည့် မိန်းကလေးနှင့် သူလက်ထပ်ရန် လိုအပ်ပါသည်။
မိမိကလွဲရင် သူဘယ်သူ့ကိုမှ မယူနိုင်ဟု အပြတ်ပြောထားသဖြင့် လုပ်စရာတစ်ခုသာ ကျန်တော့ သည်။ မိမိနှင့် ရုပ်ချင်းတထေရာတည်းတူသော ညီမလေးနှင့် သူ့ကို မိမိရအောင် ကြံစည်ပေးမှ ဖြစ် မည်ဟု တွေးကာ မိုးပွင့်ကို ရှိခိုးဦးတင်မတတ် တောင်းပန်ကာ ပြန်ခေါ်ပြီး သူ့အနားတွင် ပြန်ပို့ပေးခဲ့ သည်။ မိမိကတော့ နာကျင်သောရင်အစုံဖြင့် သူလိုက်မမှီနိုင်အောင် တိုင်းတပါးသို့ထွက်ပြေးခဲ့ပါ သည်။
ဝသုန်၏ဦးလေးအဆက်အသွယ်ဖြင့် လုပ်ငန်းတစ်ခုတွင် မိမိဝင်လုပ်ကာ ခြေရာဖျောက်နေခဲ့သည်။ အထီးကျန်သော မိမိဘဝတွင်ခမ်းလောင်ဆိုသည့် ရိုးသားလှသောမိန်းကလေးအား ချစ်သူအဖြစ် ရရှိ ခဲ့ပြီး အသက်ဝင်စပြုလာသောအခါမှ သူလွှတ်လိုက်သော မိမိသူငယ်ချင်း ကျော်သက်ထွန်းကြောင့် သူ့လက်ထဲ ပြန်လည်ရောက်ရှိခဲ့သည်။
ခါးခါးသီးသီးငြင်းဆန်နေသော မိမိထံမှ အချစ်ကို ဓါးပြတိုက်ယူူရုံမျှမက သူ့ဘေးတွင်နေရန် မိမိတန်ဖိုး
ချစ်ခင်ရသောသူများနှင့် အကြပ်ကိုင်ကာ မိမိကို မြန်မာပြည်အတင်းပြန်ခေါ်ခဲ့သည်။ ညီမလေးက ကတိဖျက်သော မိမိကို အရမ်းကိုမုန်းတီးသွားခဲ့သည်။ ညီမလေးနှင့် သူ့ကြား တွင်ကြားညှပ်မိပြီး ညီမလေးက သူ့ကို လက်တုန့်ပြန်ရန် သူ့ကိုယ်ကို အနစ်မွန်းခံလိုက်သည်။
သူနှင့်မဟုတ်သည့် ကိုယ်ဝန်ကို ဆောင်လိုက်ပြီး ညီမလေး သူ့ကို လက်တုန့်ပြန်လိုက်ပါသည်။ သူက ရူးနေသည့်လူပမာ မိမိနှင့်မဝေးရလျှင်ပြီးရော ညီမလေး၏ ကိုယ်ဝန်ကို သူလက်ခံခဲ့သည်။ ထို အကြောင်းကို မိမိသိလိုက်ချိန်တွင် မိမိကြောင့် သူဒီလောက်နွားကျသော အလုပ်ကို လက်ခံလိုက် သည်ကို မိမိလုံးဝလက်မခံနိုင်ခဲ့ပါ။
ညီမလေးကလည်း မိမိမရှိမှ သူ့ရင်သွေးကို မွေးဖွားပေးမည်တဲ့၊သူကလည်း မိမိကိုလုံး၀ ထွက်သွား ခွင့်မပြုခဲ့ပေ။ ဒါ့အပြင် သူ့ဒယ်ဒီက အိမ်လိုက်လာပြီး မိမိကို အထင်မြင်လွဲစွာပြောဆိုခဲ့သည်။ မိမိတို့ အကြောင်းကို ဖေဖေ့အား အကြောင်းကြားမည်ဟုဆိုလာသောအခါ မိမိလုပ်စရာ တစ်ခုသာကျန် တော့သည်။ မိမိကိုယ်ကို အဆုံးစီရင်လိုက်လျှင် အားလုံးအတွက်အဆင်ပြေသွားပါလိမ့်မည်။
အဲ့ဒီအခါမှ ပိုဆိုးတော့သည်။ သူနှင့်စကားများပြီး ညီမလေးအိမ်ပေါ်မှဆင်းသွားခဲ့သည်။ မိမိသတိရ လာသောအခါ သူ အိမ်ပေါ်မှဆင်းခဲ့ကာ မိမိကိုခေါ်ပြီး သူ ပင်လယ်ကမ်းခြေကိုထွက်လာခဲ့သည်။ မိမိ နေကောင်းလာသောအခါမှ သူက ညီမလေးအကြောင်းပြောခဲ့သည်။
မိုးစက်၏ ရင်အစုံကွဲကြေရလေပြီ။ ကိုယ်ဝန်နှင့် ညီမလေးကို သူနှင်ချရက်သည်ဟုတွေးကာ အသည်း
ဆတ်ဆတ်ခါနာကျင်ခဲ့ရသည်။ သူ့ကို ရန်လုပ်ကာ ညီမလေးကို ရှာပေးရန် တောင်းဆိုခဲ့သည်။ မိမိ အရမ်းနာကျင်ခံစားခဲ့၇သည်ကို ကြည့်ပြီး သူ လိုက်လျောပေးခဲ့ပါသည်။
ညီမလေးကို လိုက်ရှာရင်း ညီမလေး၏ ချစ်သူကောင်လေးထံမှ မိမိကို ညီမလေး ဘယ်လောက် မုန်းတီးခဲ့သည်ကို သိရပြီး အကြီးအကျယ်စိတ်ညစ်ခဲ့ရသည်။ သြော် မွေးကတည်းက မိမိက ညီမလေး ထံမှ ကံကောင်းခြင်းအားလုံးကို လုယူခဲ့သည်ဟု ညီမလေးက ထင်ခဲ့သည်။
ထိုသို့မဟုတ်ကြောင်း မိုးစက် ညီမလေးကို ရှင်းပြနိုင်ရန် ညီမလေးကို အရမ်းတွေ့ချင်ခဲ့သည်။ ထို့ကြောင့် သူတားသည့်ကြားမှ ကိုရန်နိုင်လာခေါ်သောအခါ မိုးစက်လိုက်သွားခဲ့သည်။ သူ့စကားကို တမင်ဖောက်ဖျက်ခဲ့သည်မဟုတ်ခဲ့ပါ။ ညီမလေး နောက်ဆုံးအခြေအနေတွင် ရောက်နေပြီဆိုသော စကားက မိုးစကိကို အရာအားလုံးကို မေ့သွားစေခဲ့သည်။
နှာခေါင်းပိုက်တန်းလန်းနှင့် နှလုံးပျက်စီးကာ ဘဝနေဝင်ချိန်ကိုရောက်နေသောညီမလေးကို တွေ့ သောအခါ မိုးစက် တင်းထားသောစိတ်အားလုံးပြိုကျသွားခဲ့သည်။
"ညီမလေး အဖြစ်နဲ့ ရှင်သန်ပေးပါ......မိုးပွင့်ဘဝနဲ့ ဆက်နေပေးပါ..."
သေခါနီးညီမလေး၏ ဆန္နကို မိုးစက် ဘယ်လိုမှ မငြင်းနိုင်ခဲ့ပါ။ ညီမလေး၏ အသုဘပြီးသောအခါ ကိုရန်နိုင်ကို တောင်းဆိုပြီး မိန်းမဖြစ်အောင် ခွဲစိတ်ပြုပြင်ခဲ့သည်။ မိမိဘဝကိုလည်း စိတ်နာသည်။ မိမိ သာမရိခဲ့လျှင် အကို ညီမလေးကို သေချာပေါက်ချစ်ခဲ့မည်ဖြစ်သည်။ ဒါဆိုလျှင် ဒီလို အဖြစ်ဆိုးလည်း ညီမလေး ကြုံတွေ့ရမည်မဟုတ်ပေ။ အခုတော့......ငယ်ကတည်းက ပိုးမွေးသလိုမွေးခဲ့ရသော မိမိ ညီမလေးသည် တရပ်တကျေးတွင်း အရှက်ကွဲကာ သေဆုံးခဲ့ရသည်။ ရုပ်ချင်းတထေရာတည်းတူ သည့်တိုင် ညီမလေးကို ကြိုက်ပါဆိုသည့်စကားကို ခေါင်းမာမာနှင့် ငြင်းပယ်ကာ မိမိကိုမှ ချစ်ခဲ့သော သူ့ကိုစိတ်လည်းနာသည်။
ထို့ကြောင့် မိုးစက် ကိုရန်နိုင်အတန်တန်တားသည့်ကြားမှ မိန်းကလေးဖြစ်အောင် ခွဲစိတ်ပြုပြင်ကာ သူ့ကျေးဇူးကိုပြန်ဆပ်ပေးရန် မိတဆိုးမလေး ဆောင်းနှင်းဖြူကို ထိန်းကျောင်းပေးရန် သူနေထိုင် သည့် အမေရိကားသို့လိုက်လာခဲ့သည်။ သို့သော် သူက မိမိကိုရအောင်စုံစမ်းကာ နောက်မှ လိုက်လာ ခဲ့သည်။ သူထင်သည်က မိမိက မိုးပွင့်။ မိမိကလည်း သူမုန်းသွားအောင် တမင်ပြော လိုက်သည်။ သူ မိုးစက်သေပြိဆိုသည့် စကားကိုကြားသည်နှင့် မိမိကို လည်ပင်းညစ်သည်အထိ မုန်းတီးသွားခဲ့သည်။
သူပြန်သွားပြိးနောက် မိမိလည်း နာကျင်စွာငိုကြွေးခဲ့ရသည်။ မိမိကို သူမုန်းသွားပါစေတော့ဟု အတန် တန် ဆုတောင်းခဲ့သည်။ သို့သော် ဆုတောင်း မပြည့်ခဲ့ပါ.။ သူ မိမိကို မိုးစက်မှန်း ရိပ်မိ သွား ခဲ့သည်။ ကစားကွင်းတွင် သူ့နူတ်ခမ်းမှ 'မိုးစက် ' ဟု ခေါ်လိုက်သံကို ကြားလိုက်စဉ် မိုးစက် အံ့သြ ရင်ခုန် သွားခဲ့သည်။ သူနှင့်ဝေးနေသည့်တိုင် မိမိနှလုံးသားက သူ့အသံကြားတိုင်း ဘာလို့ထိန်းမရအောင် ခုန်ရသည်ကို မိုးစက် နားမလည်တော့ပေ။
သူ့ကိုမိုးပွင့်ပုံစံဖြင့် လှောင်ရယ်လိုက်သည့်တိုင် သူကမိမိကိုမိုးစက်မှန်းဘယ်လိုသိသွားမှန်းနားမလည် နိုင်တော့ပေ။ မိမိသိသည်က သူမကြာခင် မိမိကိုရအောင်ပြန်ခေါ်တော့မည်ကိုဖြစ်သည်။ မိုးစက်ထင် သည့်အတိုင်း သူမိမိကို ရအောင်ပြန်ခေါ်ခဲ့ပါသည်။ သူ့ကို အရင်လို မိမိချစ်ဆဲပါ။ သို့သော်ညီမလေး နာကျင်ကြေကွဲပြီး သေဆုံးသွားရသည်ကို မိမိမမေ့နိုင်သေးပါ။ သူ့ရင်ခွင်ထဲမှာ မိမိပျော်နေလျှင် တမလွန်မှ ညီမလေး မကျေမနပ်ဖြစ်နေမည်ကို စိုးရိမ်ရပါသည်။
ထို့ကြောင့် မိုးစက် မိမိနှလုံးသားခံစားချက်ကို တင်းကြပ်စွာထိန်းထားကာ သူ့ကို ပြန်မချစ်မိသွား အောင် ထိန်းထားစဉ် ချောမောလှပသော သူ့ညီမနှစ်ဝမ်းကွဲ စောမြဝတီ ပေါ်လာသောအခါမှ သူ့ကို အခြား မိန်းကလေးနှင့်မဆိုထားနှင့် သူ့ညီမချောလေးနှင့်ပင် မိမိတွဲမတွေ့ချင်လောက်အောင် သူ့အပေါ် မိမိချစ်နေမိပြီကို သိလိုက်ရသည်။
သူနှင့် စောမြဝတီ၏ ဆက်ဆံရေးက မိမိထင်သည်ထက် နက်ရှိုင်းပုံရသည်။ ရောက်ကတည်းက တပူးပူးတတွဲတွဲနှင့် တီးတိုးလုပ်နေသည်များက စူးချွန်ချွန်ဖြင့် ထပ်တလဲလဲဆွနေသလို ခံစားရသည်။ စူးဆူးတာ မသေနိုင်ပေမယ့် ခုလုခုလုနှင့် နေရခက်ပါသည်။ ဒါကြောင့် စကားပုံက 'မျက်စပ်ပိုးဝင်၊ ဆံ တပင်တင်း၊ ချစ်ခြင်းမယား၊ရည်းစားလူလု ၊ အူနုကျွဲခတ်' လို့ပြောခဲ့တာ ဖြစ်မည်။
မိမိနှင့် ကိုရန်နိုင်တပူးပူးတတွဲတွဲ ရှိလျှင် သူလည်းဒီလိုခံစားရတာဖြစ်မည်ဟု မိုးစက် ပထမဆုံး ကိုယ်ချင်းစာလိုက်မိသည်။ မိုးစက် မည်မျှကြာအောင် အတွေးထဲနစ်မျှောနေသည် မသိတော့ပေ။
အေးလာတော့မှ ညဉ့်နက်ပြီမှန်း သိတော့သည်။ သူ့ကိုစောင့်ရင်း မိုးစက် ရင်ပူသည်ထက်ပူလာခဲ့ သည်။ သူဘာလို့ နောက်ကျတာလဲ။ သူ တခုခုများဖြစ်နေလို့လား။ မိုးစက် သူ့လက်ကိုင်ဖုန်းကို ဆက် လိုက်မိပြီးမှ သူနှင့် ဝတီကို မယုံသလို မေးသည်ဟု ထင်မည်စိုးသဖြင့် ဖုန်းဝင်သွားပြီးမှ လိုင်း ဖြတ်ချလိုက်သည်။ မိုးစက် ဖုန်းလေးကို ငိုင်တွေကာ ကြည့်နေစဉ် သူ့ထံမှ ဖုန်းဝင်လာသဖြင့် မိုးစက် ပျော်သွားသည်။
"ဟယ်လို..."
"ချာတိတ် ကိုယ့်ကို ဖုန်းခေါ်ထားလို့။ ဘာဖြစ်လို့လဲ။ ချာတိတ်ဘယ်မှာလဲ။"
"ကျွန်တော် အိမ်မှာပါ။ အကို နောက်ကျနေလို့ စိတ်ပူလို့ ဖုန်းဆက်လိုက်တာပါ။ အကို ပြန်လာတော့ မလား။ "
"ဝတီနေသိပ်မကောင်းလို့ ကိုယ်သူ့ကို ဆေးခန်းပို့နေတာ ချာတိတ်။ မိုးချုပ်နေပြီ.။ ချာတိတ် ကိုယ့် ကို စောင့်မနေနဲ့တော့နော်။ အိပ်နှင့်တော့။ ဝတီ့အခြေအနေကစိုးရိမ်ရလို့ ကိုယ်ဆေးရုံမှာ သူ့ကို စောင့်ပေးဖြစ်ရင် ဒီည ပြန်မအိပ်တော့ဘူးနော်။ "
မိုးစက်သည် သူ့စကားကြောင့် မျက်ရည်များက စီးကျလာခဲ့သည်။ ဘာကြောင့် လူတစ်ယောက်က ကိုယ့်ကိုဒီလောက်နာကျင်စေနိုင်သည်ကို မိုးစက်နားမလည်တော့ပေ။မိမိကိုချစ်တတ်အောင် သင်ပေး
ခဲ့သော သူ့ကို မိုးစက်မုန်းသွားသည်။ သူ့စကားများကို နားထောင်ရင်း အမှတ်တမဲ့ ရှိုက်လိုက်မိစဉ် မိုးစက်လန့်သွားပြီး ပါးစပ်ကို အမြန်ပိတ်လိုက်မိသည်။ သို့သော် တဖက်မှ သူက ကြားဖြစ်အောင် ကြားသွားပြီး
"ချာတိတ် ငိုနေတာလား။"
မိုးစက် လည်ချောင်းရှင်းကာ
"မဟုတ်ဘူး။ နှာစေးနေလို့ နှပ်ရှုံလိုက်တာပါ။ ကောင်းပြီလေ။ ခင်ဗျား ဘာမှ မဖြစ်ရင်ပြီးရော။ ကျွန်တော် အိပ်တော့မယ်။ ဒါပဲ။"
သူ့ဖုန်းကို မိမိဘက်မှ အရင်ချလိုက်ပြီး မိုးစက် ငိုချလိုက်သည်။ အားရအောင်ငိုပြီးမှ မျက်ရည်သုတ် ကာ အိမ်ထဲဝင်ခဲ့သည်။ ဒေါ်ပိုက ဧည့်ခန်းတွင် သူ့ကို စောင့်ပေးနေသဖြင့် မိုးစက် အိမ်ပေါ်သို့တခါ တည်း တန်းတက်ခဲ့သည်။ သူပြန်လာသည်ဖြစ်စေ၊ ပြန်မလာသည်ဖြစ်စေ လင်ကိုစောင့်မျှော်နေရ သော အဖြစ်ကိုသည်းမခံနိုင်သောကြောင့် မိုးစက်ဆေးသောက်ပြီး အိပ်လိုက်သည်။
မိုးစက် နိုးလာသောအခါ မိမိကို စိုက်ကြည့်နေသော သူ့ကိုတွေ့လိုက်ရသဖြင့် မိုးစက် မျက်နှာလွှဲကာ
အိပ်ယာမှ ထလိုက်သည်။ သူက နံဘေးမှ ကွေ့ရှောင်သွားသော မိမိကို လှမ်းဆွဲကာ
"ချာတိတ် ညက ပြန်မလာတော့ဘူး ပြောလို့ ကိုယ့်ကို စိတ်ဆိုးပြီးမှ အိပ်သွားတာမဟုတ်လား။ "
မိုးစက် ဗြောင်ငြင်းလိုက်သည်။
"မဟုတ်ပါဘူး။ အားတိုင်းစိတ်ဆိုးရအောင် ကလေးမှမဟုတ်တာ။ ကျွန်တော့ကိုလွှတ်။ အိမ်သာတက် ချင်တယ်။"
သူလက်ကို လွှတ်ပေးလိုက်သောအခါ အိမ်သာထဲ အမြန်ပြေးဝင်သွားလိုက်သည်။ အထဲရောက်မှ လော့ခ် ချလိုက်ပြီးမျက်နှုာသစ်ရင်း ရေတခါတည်း ချိုးလိုက်သည်။သူ နှင့် မျက်နှာခြင်းမဆိုင်ချင်သောကြောင့် ဇိမ်ဆွဲကာချိုးနေလိုက်သည်။
"ဒေါက်...ဒေါက်... ချာတိတ် ကြာနေပြီနော်..ဘာလဲ... ကိုယ့်ကို ရှောင်နေတာလား.။"
"ခင်ဗျားကို ဘာလို့ရှောင်ရမှာလဲ။ ကိုယ့်ဖာသာ အေးအေးဆေးဆေးတောင် မချိုးရဘူးလားဗျ။"
သူက ရေချိုးခန်းအပြင်ဘက်မှ ရယ်နေသံကိုကြားလိုက်ပြီး
"မလိမ်တတ်ပဲနဲ့ ဘာကြောင့် လိမ်ချင်ရတာလဲ ကလေးရာ။ ကိုယ်က ညကတည်းက ပြန်ရောက်တာ။ ညအိပ်ရင်း ချာတိတ်ငိုနေတာ ကိုယ် တွေ့ပြီးသားပါ။ ချာတိတ်ကို ရှင်းပြစရာရှိလို့ကိုယ်ပြန်လာခဲ့တာ၊ ကဲ ချာတိတ်လေး မြန်မြန်လုပ်နော်။ကိုယ် ချာတိတ်နဲ့ မနက်စာအတူစားချင်လို့ စောင့်နေတာ"
သူ့စကားကြောင့် မိုးစက်ရှက်သွားသည်။ တကယ်ပဲ မိမိအိပ်ရင်း မျက်ရည်ကျနေသလားဟု တွေးကာ သူ့မျက်နှာကိုပင် မကြည့်ရဲတော့ပေ။ ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူကဆီးကြိုဖက်ထားကာ
"ကဲ ချစ်သူလေး...မြန်မြန်လုပ်။ ကျူပ်ခင်ဗျားလေးကို စောင့်ရင်း ဗိုက်ဆာလို့ အူလိမ်နေပြီဗျ။"
"ဆာရင် သွားစားနှင့်ပါလား။ ခင်ဗျားကို ဘယ်သူက စောင့်ခိုင်းနေလို့လဲ။"
နှင်းထန်သည် ရန်တွေ့နေသော ချစ်သူလေ၏ နူတ်ခမ်းလတ်လတ်ဆတ်ဆတ်လေးကို နမ်းလိုက်ပြီး
"ဟား....မနမ်းရတာကြာလို့လားမသိဘူး။ နူတ်ခမ်းလေးက ချိုနေတာပဲကွာ။ချစ်က မစောင့်ခိုင်းပါဘူး၊ ကိုယ်ကိုယ်တိုင်ကိုက စောင့်ချင်လို့စောင့်နေတာပါ ခင်ဗျာ။ကဲ ကျေနပ်ပြီလား။"
သူ့အဖြေကြောင့် မိုးစက် အနည်းငယ်ကျေနပ်သွားသည်။
"အင်း။ ဖယ်ဦးလေ။ အဝတ်စားဝတ်လိုက်ဦးမယ်။"
သူက ရယ်ကျဲကျဲဖြင့်
"ကိုယ်ဝတ်ပေးမယ်လေ။"
"တော်ပါဗျာ။ ဝတ်ပေးစရာလား။ "
"ကိုယ့်မိန်းမကို ဝတ်ပေးတာ ဘယ်သူ့ကို ကရုစိုက်ရမှာလဲ။ ကဲလာ ကိုယ် ဝတ်ပေးမယ်။"
"ဟာ ..မလုပ်နဲ့နော်။ ခင်ဗျား မရှက်ပေမယ့်။ ကျွန်တေ်ာရှက်တယ်ဗျ။ အောက်ကို သွားပါတော့ဗျာ။ တောင်းပန်ပါတယ်။ "
သူက မိုးစက် လန့်သွားပုံလေးကိုကြည့်ကာ သဘောကျစွာရယ်ပြီး မိုးစက်ကို အောက်သို့ချပေးကာ အောက်သို့ဆင်းသွားသည်။ မဆင်းခင် မိုးစက်ကို ခြိမ်းခြောက်လိုက်သေးသည်။
"ငါးမိနစ်အတွင်း ဆင်းခဲ့နော်။ ဆင်းမလာရင် ကိုယ့်ကို အဆိုးမဆိုနဲ့။"
မိုးစက် သူ့ကို နှာခေါင်းတစ်ချက်ရှုံ့ပြလိုက်သည်။ သူက သဘောကျစွာရယ်ရင်း အောက်သို့ဆင်း သွားသည်။ သူထွက်သွားမှ မိုးစက်သည် တဒိတ်ဒိတ်ခုန်နေသော ရင်ဘတ်ကို ဖိလိုက်မိသည်။ သူ့ အပြုံးမျက်နှာက စွဲဆောင်မှုရှိလှချည်လား။ သူ့အပြုံးကိုကြွေသည့် ကောင်မလေးများစွာ ရှိမှာသေချာ သည်။ မိုးစက် အဝတ်မြန်မြန်လဲကာ အောက်သို့ဆင်းလာခဲ့သည်။
ထမင်းစားပွဲတွင် သတင်းစာဖတ်နေသောသူက မိုးစက်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ
"ကိုယ့်မိန်းမက ပြောလို့ပြောတာ မဟုတ်ဘူး။ အရမ်းချောတာပဲ။"
"တော်ပါ။ အခြားကောင်မလေးတွေကို ချွဲဖို့ချန်ထားလိုက်ဦး။ ကိုယ့်ကိုယ်ကို ချောမှန်းသိပါတယ်။ အခြားသူတွေကလည်း ပြောကြတယ်လေ။"
မိုးစက်၏ ဘုစကားကြောင့် သူက အရယ်မပျက်ပဲ မေးလိုက်သည်။
"ဘယ်သူပြောတာလဲ။ ကိုရန်နိုင်ကလား။"
မိုးစက် သူ့ကို ဒေါသနှင့်ကြည့်ကာ အရွဲ့တိုက်ပြီးပြောလိုက်သည်။
"ဟုတ်တယ်။ ကိုရန်နိုင်ကပြောတာ။"
"ဟုတ်လား။ သူက အဲ့လိုပြောသလား။"
သူ မျက်နှာတည်ကာပြန်မေးလိုက်သဖြင့် မိုးစက် မိမိ လွန်သွားမှန်းသိလိုက်သည်။ ကိုရန်နိုင် နှင့် ပတ်သတ်လာလျှင် သူအမှားမခံမှန်း မိမိသိလျက်နှင့် အမှတ်တမဲ့ ပြောလိုက်မိသည်။ သူမျက်နှာပျက်
သွားသည်ကို တွေ့တော့ မိုးစက် စိတ်မကောင်းဖြစ်သွားပြီး စကားလွှဲလိုက်သည်။
"ဗိုက်ဆာပြီဆို။ စားကြမယ်လေ။"
သူ့ရှေ့ ကော်ဖီခွက်ကို ချပေးလိုက်တေ့ာမှ သူပြုံးသွားတော့သည်။
"ဟဲ..ဟဲ...ဒီလို အလိုက်သိလို့ မိန်းမကို ချစ်နေရတာ။"
မိုးစက်သူ့ကို မျက်စောင်းထိုးမကြည့်မိရန် မနည်းထိန်းထားရသည်။ သူ့ပုံက ဒီနေ့အူးမြူးနေသည် မဟုတ်လား။
"ဘာတွေ လျှောက်ပြောနေမှန်း မသိဘူး။ ဒေါ်လေးပို တို့ရှိတယ်လေ။"
သူက တဟဲဟဲရယ်က
"ဒေါ်လေး...မိုးက ရှက်လို့တဲ့ ရှောင်ပေးစမ်းပါဗျာ။"
"ဟုတ်ကဲ့ပါရှင်။"
ဒေါ်လေးပိုက ပြုံးပြုံးကြီးလုပ်ကာ ရှောင်သွားသဖြင့် မိုးစက် ကပျာကယာလေး တားလိုက်သည်။
"ဟာ...ဒေါ်လေး မသွားနဲ့လေ။ "
ဘယ်သူမှ မရှိလျှင် သူကဲတော့မည်ကိုစိုရိမ်သဖြင့် မိုးစက် လှမ်းအော်သော်လည်း ဒေါ်လေးက ပြန်လှည့် မလာတော့ပေ။
"အဟဲ.. ဒါကြောင့် ဒေါ်လေးကို ချစ်နေရတာ။"
"အကိုနော်။ လူကြီးကို ပြောင်စပ်စပ်နဲ့။"
"ဘာလဲ။ ဒေါ်လေးရှေ့မှာ အယုယခံချင်လို့လား။ ဒါဆိုလည်း ရတယ်လေ။ပြန်ခေါ်လိုက်မယ်။"
"အကိုနော်။ ဒီနေ့ ဘယ်လိုဖြစ်နေတာလဲ။ အရမ်းအူမြူးနေတာလား။"
"အင်း... ကိုယ့်ချစ်သူလေးကို ကိုယ့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိလိုက်ရလို့ အရမ်းဝမ်းသာ နေတာ။"
"ဘယ်သူက သူ့ကို ချစ်လို့လဲ။ ကိုယ်ရည်သွေးနေလိုက်တာဗျာ။ မုန်းစရာကြီး။"
"ကဲ... ညတုန်းက ကိုယ်ပြန်မလာတော့ဘူးထင်ပြီး ငိုပြိး အိပ်ပျော်သွားတာ ဘယ်သူလဲ။"
မိုးစက် သူ့ကို အကြည့်လွှွဲကာ
"ဘယ်သူလဲ။ မသိဘူးလေ။"
သူက မိုးစက် ၏ မေးကိုပင့်မကာ
"ဘာကြောင့် ဝန်မခံချင်သေးတာလဲ မိုးရယ်။ ည မိုးဆီကိုယ်ပြန်လာတော့ မိုးအိပ်ပျော်နေပြီ။ ဒါပေမယ့် မိုးမျက်နှာမှာ မျက်ရည်စီးကြောင်းတောင် မခြောက်သေးဘူး။ ကိုယ့်ကို လွမ်းလို့ ငိုနေ တာလားဟင်။"
မိုးစက ်သူ့လက်ကိုပုတ်ထုတ်ကာ
"ခင်ဗျားကို ဘာလို့လွမ်းရမှာလဲ။ ဝေးသေးတယ်။ ယောကျ်ားတစ်ယောက်ကြောင့် မျက်ရည်ကျရမှာ လား။ ဝေးသေးတယ်။"
မိုးစက်၏ စကားအဆုံးတွင် သူက လိမ်ပြောသောနူတ်ခမ်းလေးကို အနမ်းပေးလိုက်သည်။ မိုးစက်သည် သူ့အနမ်းကြောင့် ရင်ထဲလှုပ်ရှားလာပြီး မျက်ရည်က အလိုလိုရစ်ဝဲလာခဲ့သည်။
"တောင်းပန်ပါတယ် အချစ်ရယ်။ ကိုကို့ ညီမရဲ့ အိမ်ထောင်ရေး ကိစ္စကို လိုက်ကူညီနေရလို့ ခုတ လော ချာတိတ်ကို ပစ်ထားမိသလိုဖြစ်သွားတာ ခွင့်လွှတ်ပေးပါ။ ဝတီ့ ခင်ပွန်းက ကိုယ့်သူငယ်ချင်း လေ။ သူတို့နှစ်ယောက်ကွာရှင်းမယ့်ကိစ္စကို လိုက်ကူညီပေးနေရလို့ပါ။ မနေ့က ဝတီ မူးလဲလို့ ဆေးရုံတင်လိုက်ရသေးတယ်။ ဒါကြောင့် ကိုယ် အိမ်ပြန်နောက်ကျသွားတာပါ။ ချာတိတ် ဖုန်းဆက် လာကတည်းက ကိုယ်ပြန်လာတော့မလို့ပါ။ ချာတိတ်ကို တမင်စလိုက်တာ အဟုတ်ထင်သွားတယ်။"
မိုးစက်၏ မျက်နှာသည် ဟန်မဆောင်နိုင်အောင်ကို ပြုံးသွားမိသည်။
"တကယ်လား"
"တကယ်ပေ့ါ။ ကိုယ်ဘယ်တုန်းက ချာတိတ်ကို လိမ်ဖူးလို့လဲ။ ကြည့်ပါအုံး။ ကိုယ့်ချစ်သူလေး ကို့ကို လွမ်းနေတဲ့မျက်နှာလေး။ ကို ချစ်လွန်းလို့ပါ။"
မိုးစက် ရှက်ရှက်နှင့် သူ့ကို တွန်းဖယ်ကာ
"တော်ပါ။ အခုမှ။ ခင်ဗျား ကျွန်တော့်ကို စိတ်ကုန်သွားရင် ကွာရှင်းဖို့ စဥ်းစားပြီးသားနော်။"
"ကိုယ် ချာတိတ်ကို ဘယ်တော့မှ စိတ်မကုန်ဘူူး။ ကဲ ဒီနေ့ညတော့ တပတ်စာ အတိုးနဲ့ပေးဖို့ ပြင်ထားတော့နော်။ "
"ဟာ...ဘာတွေပြောနေုတာလဲ။ တော်ပြီ။ ခင်ဗျားနော်.။ တော်ရုံပဲကောင်းတယ်။"
"အင်းပါ။. တော်ရုံ တညလုံးပဲ။"
"နားရှက်စရာတွေ မပြောနဲ့ှဗျာ။"
နှင်းထန်သည် အရှက်ကြီးလွန်းသော ချစ်သူလေး၏ စကားသံကို အနမ်းဖြင့် ပိတ်ပေးလိုက်တော့ သည်။ ဒေါ်ပိုက ဘာလိုသေးလဲ လာကြည့်ရင်း ထိုမြင်ကွင်းကို တွေ့သော ် ရှက်ရှက်နှင့် မီးဖိုဘက် သို့ ပြေးထွက်သွားတော့သည်။
----------------------------
မိုးစက်သည် အကိုနှင်းထန်၏ စကားကိုကြားပြီး သံသယတို့ပြေသွားပြီးနောက် သူနှင့် ပိုအဆင်ပြေ လာခဲ့သည်။ သူနှင့်အတူ စောမြဝတီကို သွားကြည့်သောအခါ ဝတီက ပြုံးကာ လက်ချင်းတွဲလာ သော အကိုစုံတွဲကို ကျီစယ်လိုက်သည်။
"ကိုကို့မျက်နှာက အခုမှ ကြည်ကြည်လင်လင် မြင်ရတော့မယ်နော်။ ဘာလဲ မိုးလေးက စိတ်ကောက် ပြေသွားပြီလား.."
မိုးစက် သူ့လက်ကို ချက်ချင်းဖြုတ်လိုက်သည်။ သူက အဖြုတ်မခံပဲ တင်းတင်းဆုပ်ထားပြီး ဝတီ့ကို လှမ်းမာန်လိုက်သည်။
"ဝတီ.. ဘာတွေပြောနေတာလဲ။ မိုးလေးကို သိပ်မစနဲ့ ပြောထားရက်နဲ့ကွာ။အခုမှ အခြေနေကောင်း လာတာနော်။"
"ဟုတ်ကဲ့ပါရှင်။ မိုး ဆောရီးနော်။ ဝတီက ကိုကို ပျော်နေတာ တွေ့တော့ မစပဲ မနေနိုင်လို့ပါ။ အရင်ရက်တွေကဆို ကြက်ကြီးလည်လိမ်ဖြစ်နေတာလေ။"
ဝတီက ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။ မိုးစက်သည် ဝတီ့အပြုံးကို ငေးခနဲကြည့်နေမိသော အခါ သူက မိုးစက်၏ မျက်နှာကို သူ့ဘက်ဆွဲလှည့်ကာ အူတိုစွာပြောလိုက်သည်။
"ငေးလိုက်တာကွာ။ မျက်တောင် တောင်ခတ်ရဲ့လား။ ဘာလို့ အဲ့လောက်ကြည့်နေတာလဲ.."
မိုးစက်သူ့မျက်နှာကိုမော့ကြည့်လိုက်သောအခါမှ သူက မိမိ ဝတီ့ကိုငေးကြည့်သည်ကို မနှစ်သက်မှန်း သိတော့သည်။ မိုးစက်အနည်းငယ်ရယ်ချင်သွားသည်။ သူက နည်းနည်းတော့ လွန်ပြီထင်သည်။ မိမိ ကို ယောက်ျားလေးနှင့် စိတ်မချလိုက်၊ မိန်းကလေးနှင့် စိတ်မချလိုက်နှင့် မိမိက ဘယ်လိုနေရတော့ မလဲ ဟုတွေးကာ သူ့ကို မျက်မှောင်ကြုတ်လိုက်သည်။
"အကိုနော်။ မိုးယောင်းမက ချောလွန်းလို့ ကြည့်တာပေါ့။ ဘာလဲ ယောင်းမကိုတောင် ကြည့်ခွင့်မရှိ ဘူးလား။"
ဝတီကလည်း နားမလည်ဟန်ဖြင့် မေးသောအခါ သူက တချက်ရယ်ကာ
"ဘာမှ မဟုတ်ဘူး ဝတီ။ ကိုကိုက မိုးကို စနေတာ။ အခြေနေက ဘယ်လိုလဲဟင်။ သက်သာရဲ့လား။"
"သက်သာပါတယ် ကိုကို။ တော်သေးတယ် ဝတီက မသိပဲ အားကစားလုပ်မိတာရော၊ စိတ်ဖိစီးတာ ရောကြောင့် ပျက်ကျမလိုဖြစ်သွာတာ။ အခု ခုတင်ပေါ် တစ်ပတ်လောက်နားလိုက်ရင် ကောင်းသွားပါ ပြီတဲ့။ "
ဝတီ့စကားကို ကြားမှ သူမ ကိုယ်ဝန်ပျက်ကျမလိုဖြစ်သည်ကို သိတော့သည်။ မိုးစက်သည် ကိုယ်ဝန် သည် မိန်းမချောလေးကို ကြင်နာစွာကြည့်ကာ
"ဝတီ စားချင်တာရှိရင်ပြောပါနော်။မိုး ဟင်းချက်မကောင်းပေမယ့် ဝတီစားချင်တာကို အတတ်နိုင်ဆုံး စီစဉ်ပေးပါ့မယ်။"
ဝတီသည် စိတ်ရင်းကောင်းလှသော ယုန်မလေးကို ချစ်သွားသည်။
"မိုး ဝတီ့နားကို ခဏလေးလာပေးပါနော်.. please"
မိုးစက် သူ့လက်ကိုဖြုတ်ကာ ဝတီ့နားကို ကပ်သွားလိုက်သည်။
"ဝတီ ဘာလိုချင်လို့လဲဟင်..."
စောမြဝတီက အနားကပ်ကာ လာမေးသော မိုးစက်ကို လှမ်းဖက်လိုက်ပြီး ပါးပြင်ကို နမ်းလိုက်သဖြင့် မိုးစက် ပထမကြောင်သွားပြီး သူ့ရှေ့တွင် အင်မတန်ကို စွဲဆောင်မှုရှိသည့် မိန်းကလေး၏ အနမ်းပေး ခြင်းကို ခံလိုက်ရသဖြင့် ရှက်သွားသည်။
"ဝတီ.."
မိုးစက် လန့်ကာ သူမ ကို မော့ကြည့်လိုက်မိစဉ် သူမက ရယ်ကာ ညစ်ကျယ်ကျယ်ဖြင့် သူမအကိုကို လှမ်းကြည့်ကာ
"ဘာလဲ ကိုကိုနော်။ ကိုယ့်ယောင်းမကို ချစ်လို့နမ်းတာ သဝန်တိုမနေနဲ့။ မိုးက အရမ်းချစ်စရာ ကောင်းလို့ပါ။ ဝတီ့မှာ သမီးရှိမယ်ဆိုရင် မိုးလို ချစ်စရာကောင်းတဲ့ သမီးလေးပဲ လိုချင်တယ်။ "
မိုးစက်သည် ရှက်ကိုးရှက်ကန်းနှင့် ဝတီ့ကို မော့ကြည့်ကာ
"ဝတီက ပိုလှတာပါ။ မိုးဆို ဝတီ့ကို အမြဲငေးကြည့်နေမိတာ။"
စောမြဝတီက မနာလိုမှုကင်းကာ ရိုးသားစွာပြောလာသော မိန်းကလေးကို ဖက်လိုက်ကာ
"ဝတီတို့က အလှပြင်ပစ္စည်း အမျိုးမျိုးသုံးပြီး မလှလှအောင်၊ မနုနုအောင် ပြင်ထားလို့ပါကွယ်။ မိုးက မှ သဘာဝအလှရှင်၊ပြီးတော့ မိုးကစိတ်ထားလေးက လှလို့ မျက်နှာကကိုကြည်လင်နေတာ။"
မိုးစက် သဘောကျစွာပြုံးမိသောအခါ သူက မလွှဲသာပဲကြည့်နေပုံဖြင့် ရှိနေသည်။
"ကဲ...ဝတီ... အေးအေး ဆေးဆေးနားလိုက်ဦး။ ကိုကိုတို့ ပြန်လိုက်ဦးမယ်။"
စောမြဝတီကလည်း အကိုဖြစ်သူ အူတိုနေမှန်းသိသဖြင့် မိုးစက် လက်ကိုဆွဲထားကာ
"ကိုကို ကအလုပ်သွားမှာ မဟုတ်လား။ ဝတီ မိုးကို ခေါ်ထားချင်လို့။"
"မိုးကို ခေါ်ပြီး ဘာလုပ်မလို့လဲ။ မထားခဲ့နိုင်ဘူး။"
"ဝတီနဲ့ စကားပြောရအောင်လို့ပေါ့။ မိုးကို ဝတီက ဘာလုပ်ရအုံးမှာလဲ ကိုကိုရဲ့။"
"မိုး အဖော်လုပ်ပေးပါ့မယ်။ အကို ပြန်တော့နော်။"
နှင်းထန် ဇွတ်တားလို့မကောင်းသဖြင့် မိုးစက်ကိုထားခဲ့လိုက်သည်။
"အင်း ..ကိုကို နေ့လည်စာ လာပို့ပေးမယ်။"
"မလာပါနဲ့ ။ လမ်းပိတ်တာနဲ့ အကို့ အလုပ်ပျက်ပါတယ်။ မိုးတို့ဖာသာ ဝယ်စားလိုက်ပါ့မယ်."
"ပြီးရော။ ဒါဆို ညနေလည်း ကိုယ့်ဖာသာ ပြန်လာလိုက်တော့။ ကဲ ဝတီ ကိုကိုပြန်တော့မယ်။ ဝတီ့ ယောင်းမကို စိတ်တိုင်းကျသာ ခေါ်ထားလိုက်တော့ ဟုတ်ပြီလား။"
နှင်းထန်၏ ပြောပုံကို တွေ့သော စောမြဝတီက ခပ်သဲ့သဲ့ရယ်မောကာ
"တကယ်လား။ ဒါဆို ဝတီ ပြင်သစ်ကိုပြန်ရင် တခါတည်းခေါ်သွားလိုက်တော့မယ်.။"
နှင်းထန်က ညီမတော်ကို မျက်မှောင်ကြုတ်ကြည့်ကာ
"ဝတီနော်.. ကြပ်ကြပ်သတိထား. မိုးကို ကိုကို့ ရင်ခွင်ကနေခေါ်သွားမယ့် စကားနောက်တခါ ထပ်ပြောရင် မိုးကို ချက်ချင်းခေါ်ပြန်သွားတော့မယ်။."
မိုးစက် သူ့ပြောဟန်ကြောင့် စောမြဝတီကို အားနာသွားသည်။
"အကိုကလည်း။ ဘယ်လိုပြောလိုက်တာလဲ။ ဝတီက စတာကို သိလျက်နဲ့။"
"ဟုတ်သားပဲ။ ကိုကိုက သည်းလိုက်တာနော်။ "
"အေး သည်းသည်းပဲ။ မကျေနပ်ရင် ချက်ချင်းပြန်လွှတ်လိုက်။"
"ကျေနပ်ပါတယ်ရှင်။ ကဲပါ ကိုကို အလုပ်သွားစရာရှိတာ သွားပါတော့။ သူ့မိန်းမကို ခေါ်မထားတော့ ပါဘူး။ ဟုတ်ပြီလား။"
နှင်းထန် ပြုံးကာ မိုး၏ နဖူးကို နမ်းကာ နူတ်ဆက်လိုက်ပြီး
"OK ညနေမှ လာကြိုတော့မယ်။ Bye ဝတီ။ Bye မိုး။"
မိုးစက်သည် ဝတီရှေ့ဖြစ်သောကြောင့် ရှက်သွားသော်လည်း ကျေနပ်သွားသည်။ မိမိ ချစ်သူက မိမိ ကို ကြင်နာသည်ကို မနှစ်သောသူ မည်သူရှိမည်နည်း။
စောမြဝတီသည် ထွက်သွားသော သူ့ကျောပြင်ကိုလှမ်းကြည့်ကာ
"အခုမှပဲ ကိုကို့အရင်ပုံစံ ကိုပြန်တွေ့ရတော့တယ်။ "
မိုးစက် သူမဘက်သို့ပြန်မေးလိုက်သည်။
"သူက အရင်က ဒီလိုပဲလား။"
"ဟုတ်တယ်။ ကိုကိုက အတည်ပေါက်ကြီးနဲ့ နောက်တတ်တယ်။ ပျော်ပျော်နေတတ်တယ်။ ကြီးကြီး ဆုံးသွားပြီးတဲ့နောက်ပိုင်း အန်ကယ်နဲ့ သူ သိပ်အစေးမကပ်ဘူးလို့ ကြားတယ်။ ဝတီ ကိုကို့ကို ပြန် တွေ့တော့ အခြားလူတယောက်လိုဖြစ်သွားပြီလေ။ မျက်နှာတည်တည်နဲ့။ ကိုယ့်ကိုယ်ကို အလုပ် နဲ့ ဘောင်ခတ်ထားတဲ့ လူတယောက်ဖြစ်သွားတယ်။ တော်သေးတယ်။ မိုးကြောင့် သူ အရင်လိုပြန် တက်ကြွလာခဲ့တယ်။ "
မိုးစက်သည် ဝတီ့ထံမှ သူ့အကြောင်းကိုကြားသော် သက်ပြင်းရှိုက်လိုက်မိသည်။
"သူက ပျော်တတ်သလား။."
"ပျော်တတ်တာပေါ့။သူ လာတော့မှ ဝတီတို့ အိမ်ကဆူညံစည်ကားနေတော့တာလေ။ သူ့သူငယ်ချင်း တွေဆို အိမ်မှာတရုန်းရုန်းနဲ့ပေါ့။ အဲ့ဒီအချိန်ကို ဝတီအမြဲ အမှတ်ရမိတယ်။ "
ဝတီ့မျက်နှာလေးက အတိတ်ကို သတိရဟန်ဖြင့် လွင့်မျောနေသလိုပင်။ ပျော့ပျောင်းသော ဆံနွယ် များက ပုခုံးပေါ်အိအိလေးကျကာ လွမ်းလွမ်းဆွေးဆွေးလေးပြောနေဟန်က ဆွဲဆောင်မှုရှိသည်ဟု မိုးစက်၏ မျက်လုံးထဲ မြင်မိသည်။
"ဝတီ့ ခင်ပွန်းက ဝတီ့ကို အရမ်းချစ်မှာပဲနော်။ "
မိုးစက်၏ စကားကြောင့် ဝတီမျက်ခုံးလေးပင့်ကာ မေးလိုက်သည်။
"ဘာလို့ အဲ့လိုထင်တာလဲဟင်။"
"သြော် မိုးသာ ဝတီ့ခင်ပွန်းဖြစ်ရင် ဝတီ့ကို မျက်စိအောက်က အပျောက်မခံအောင်ကို ချစ်မိမှာပဲ။ ဝတီက အရမ်းလှပြီး ဆွဲဆောင်မှုရှိလို့လေ။"
ဝတီက ကလေးပမာ ခေါင်းကိုမော့ကာ ရယ်မောလိုက်ပြီး မိုးစက်လည်ပင်းကို ဖက်ကာ ပါးနှစ်ဖက်ကို နမ်းလိုက်ပြီး
"မိုးကို ဝတီ အရမ်းချစ်သွားပြီ သိလား။ မိုးက လူတဖက်သားကို စိတ်ချမ်းသာအောင် အမြဲလုပ်တတ် တာပဲ။ ကိုကို ဘာကြောင့် ပြန်ပြီးရွှင်လန်းတက်ကြွလာသလဲဆိုတာ ဝတီသိသွားပြီ။ နောက်တခါ ဝတီ စိတ်ညစ်တိုင်း မိုးကို လာရှာမယ်နော်။ မိုးက ဘေးနားကလူတိုင်းကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင် စွမ်းရှိတယ် သိလား။"
မိုးစက်ကတော့ မိန်းမလှလေး၏ ချီးမွမ်းစကားကြောင့် နားရွက်များရဲလာသည်အထိ နေရခက်နေ သည်။ ပြီးတော့ မိမိကို မိန်းကလေးမှတ်ပြီး ဖက်ထားသောကြောင့် မိုးစက်မှာ မျက်နှာဘယ်နားထား ရမှန်းမသိဖြစ်နေသည်။
"ကြည့်စမ်း မိုးက ဒါလေးပြောတာ ရှက်နေပြီ။ မိုးက ကလေးလေးလို အရမ်းဖြူစင်တာပဲနော်။ ကဲပါ ယောင်းမလေးကို မစတော့ပါဘူး။"
မိုးစက်သူ ဝတီလွှတ်ပေးလိုက်မှ အသက်၀၀ရှူနိုင်တော့သည်။ ဝတီနှင့် စကားပြောပြီး နေ့လည်စာ ထွက်ဝယ်စဉ် ကိုရန်နိုင်ထံမှ ဖုန်းဝင်လာခဲ့သည်။
"မိုး... ဒီနေ့လာမှာလားဟင်။ သမီးလေးက မိုးကို မေးနေတယ်။"
"ဆောရိး အကိုရန်နိုင်။ မိုး အခု လူနာမေးလာနေရလို့မအားလို့ပါ။ "
"ဒါဆို ညနေ ခဏဝင်လာလို့ရလား မိုး။ ကိုယ်ပြောစရာရှိလို့ပါ။"
"မနက်ဖြန်မှ လာလို့ရမလား အကိုရန်နိုင်။ ညနေ သူ မိုးကို ဆေးရုံလာကြိုမှာမို့ ထွက်လို့မရလို့ပါ။"
"ဒါဆိုလည်း ကောင်းပါပြီ။ ကိုယ်တို့ကြောင့် မိုးအလုပ်ရှုပ်သွားတာ တောင်းပန်ပါတယ်ကွာ။"
"ရပါတယ် အကိုရယ်။ ပြောရမယ့်သူတွေမှ မဟုတ်တာ။ ဆောင်းလေးက မိုးရဲ့ သမီးလေးပါပဲ။ ဆောင်းလေးအတွက်လိုအပ်ရင် အချိန်မရွေးခေါ်လိုက်ပါ အကို။"
"ကိုယ့်အတွက်ဆိုရင် မိုးကို ခေါ်လို့ရမလား မိုး။"
"ဒါတော့ မိုးမသေချာဘူး အကို။ တခါတလေ လာချင်ပေမယ့် လာခွင့်မရှိရင်တော့ မိုးလာနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီအတွက် အကို မိုးကို ကျေးဇူးမသိတတ်သူလို့ပြောလည်း မိုးခံရမှာပါ။ မိုးက သူများ ရဲ့ ဇနီးတယောက်ဖြစ်နေပါပြီ အကို။"
နူးညံ့သော်လည်း ခိုင်မာပြတ်သားသည့် မိုးစက်၏ စကားများက ကိုရန်နိုင်ကို ဆွံအသွားစေသည်။ မိုးစက် ဒီလောက်ပြတ်သားမည်ဟု မိမိထင်မထားခဲ့ပေ။ နှင်းထန်ကို မိုးစက် တကယ်ချစ်သွားပြီ ဆိုတာကို ရန်နိုင်သိလိုက်သည်။
"ကောင်းပါပြီ။ မိုးပြောတာကို ကိုယ်နားလည်ပါတယ်။ဒါပေမယ့် ကိုယ် မိုးကို မိတ်ဆွေတစ်ယောက်လို တော့ ဆက်ပြီး ခင်မင်ပါရစေ။"
"ဒါကတော့ ပြောစရာမလိုပါဘူး အကိုရယ်။ မိုးအတွက် အကိုက ထာဝရ အကိုတစ်ယောက်ပါ။"
မိုးစက် ဖုန်းချလိုက်ပြီးနောက် သက်ပြင်းလေးချလိုက်မိသည်။ မတတ်နိုင်ပါ။ သူ့ကျေးဇူးကို မိမိ အခြားနည်းဖြင့်သာ ဆပ်လိုက်တော့မည်။ မိမိခန္ဓာကိုယ်ကို ပေးပြီးတော့ ကျေးဇူးမဆပ်နိုင်တော့ပါ။
မိမိတွင်လည်း အသက်တမျှချစ်ရသော အကိုရှိနေပြီမဟုတ်လား။
ညနေသူလာကြိုသောအခါ မိုးစက် အကို့်ကို အမှန်တိုင်းဖွင့်ပြောကာ ခွင့်တောင်းလိုက်သည်။ သူက မိုးစက်၏ လက်လေးကို ဆုပ်ကိုင်ကာ
"ကိုယ်လိုက်ပေးခဲ့ရမလား ချာတိတ်။ "
"ရတယ် အကို။ ကျွန်တော့်ဖာသာ သွားမယ်။ အကိုပါလာရင် နှစ်ယောက်လုံး အနေရခက်သွားလိမ့် မယ်။ ပြီးတော့ ကျွန်တော့်ကို စိတ်ချပါ အကို။ ကျွန်တော် အကို့ကို ပစ်မပြေးတော့ပါဘူး။ "
"ဘာဖြစ်လို့။"
သူ့အမေးကို မိုးစက်က ရှက်ပြုံးလေးနှင့်ဖြေလိုက်သည်။
"အကို့ကို ကျွန်တော်ချစ်လို့။"
မိုးစက်၏ စကားကိုကြားသောအခါ သူ ကားကို လမ်းဘေး ရုတ်တရက် ထိုးရပ်လိုက်ကာ မယုံကြည် နိုင်စွာ မေးလိုက်သည်။
"ဘာ... ဘာပြောလိုက်တယ်။ ကိုယ် နားကြားမှားသလားလို့။"
မိုးစက် သူ့စကားကို လက်တွေ့ပြလိုက်တော့သည်။သူ့လည်ပင်းကိုသိုင်းဖက်ကာ နူတ်ခမ်းကို အနမ်း ပေးလိုက်သည်။ ပြီးမှ ချက်ချင်းပြန်လွှတ်လိုက်ကာ သူလှမ်းဆွဲလို့မရအောင် တံခါးဘက်ကို တိုးကပ် ပြီး ခပ်တည်တည်ပြောလိုက်သည်။
"ကဲ အကို အိမ်ကို မောင်းတော့ဗျာ။ လမ်းဘေးမှာ ကဲဖို့မကြိုးစားနဲ့။ အင်တာနက်ပေါ်ရောက်သွား မယ်။ ဘာမှတ်နေလဲ။ "
သူက ဟက်ဟက်ပက်ပက်ရယ်မောကာ
"ကောင်းပါပြီ ခင်ဗျ။ ကိုယ့်အိမ်ထဲရောက်မှ ကဲပါတော့မယ်။"
မိုးစက် သူ့စကားကို ရှက်ပြုံးနှင့်သာ တုန့်ပြန်လိုက်သည်။ သူ့ကို တကယ်ချစ်မိနေပြီ ဆိုတော့ သူ့ဆန္နကို မိမိ မငြင်းရက်တော့ပေ။ ပြီးတော့ သူကိုလည်း မိမိအရမ်းချစ်မိနေပြီမဟုတ်လား။
နှင်းထန်သည် စိတ်မချသော်လည်း မိုးစက်ကို လေးစားသောအားဖြင့် သူ့ကို တယောက်တည်း လွှတ်လိုက်သည်။ ချစ်သူလေးက မိမိကို တကယ့်ကိုချစ်ခင်စွာ လိုက်လျောခဲ့ပြီဖြစ်သောကြောင့် သူ့ ကိုလည်း မိမိယုံကြည်ပေးမှ တရားမျှတမည်ဖြစ်သည်။
မိုးစက်ကို ကားတစ်စီးနှင့် လွှတ်လိုက်သည်။ မိုးစက်၏ ကားကခြံထဲမှထွက်သွားသည်ကို နှင်းထန် ခြံထဲမှ ရပ်ကြည့်ကာ ရင်ထဲလေးသလိုခံစားလိုက်ရသည်။ ဒီတခါနောက်ဆုံးလွှတ်ခြင်းပဲဟု တွေးကာ အိမ်ထဲသို့ လေးကန်စွာဝင်ခဲ့သည်။ ဘယ်လိုရေစက်ကြောင့်မှန်းမသိတော့ပေ။ မိုးစက်ကိုမှ မိမိချစ်မိ ပြီး အတိုက်အခိုက်များက များလွန်းလှသည်။ အခက်အခဲများစွာကြားမှ မိုးစက်အချစ်ကို ရထားပြီးမှ သူ့ကို ဆုံးရှုံးလိုက်ရလျှင် မိမိဘယ်လိုမှ ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။
မိုးစက်ထွက်သွားပြီး နာရီဝက်အကြာတွင် အိမ်မှ ကားပြန်ရောက်လာသည်။
"မမလေးက နေ့လည်စာ စားပြီးမှပြန်လာမယ်လို့ပြောပြီးပြန်လွှတ်လိုက်လို့ပါ ခင်ဗျ။"
နှင်းထန် စိုးရိမ်သွားပြီး ချက်ချင်း ဖုန်းပြန်ဆက်လိုက်သည်။
"အကို..."
"မိုး မင်း နေ့လည်စာ စားပြီးမှ ပြန်လာမယ်ဆို ဟုတ်လား။"
"ဟုတ်တယ် အကို။ မစိုးရိမ်ပါနဲ့။ ဆောင်းလေးနဲ့ နေ့လည်စာ အတူစားချင်လို့ပါ။ ဆောင်းလေးတို့ သားအဖက နူတ်ဆက်တဲ့အနေနဲ့ အတူစားချင်တယ်လို့ တောင်းဆိုလို့ပါ။ "
"ကိုယ် မိုးကို လာကြိုမယ်လေ။"
"ကိုရန်နိုင်လိုက်ပို့လိမ့်မယ် အကို။ ကျွန်တော့်ကို စိတ်ချပါ။ ကျွန်တော် အကို့စီပြန်လာမှာပါ။"
"ကောင်းပြီလေ။ ကိုယ် မိုးကို စောင့်နေမယ်။"
"ဟုတ်ကဲ့ အကို။ ကျွန်တေ်ာ့ကို ယုံကြည်ပေးလို့ ကျေးဇူးပါ။"
မိုးစက်၏ စကားသံကိုကြားသော် မိုးစက်ကိုယ်တိုင် အနားမှာလာပြောသလို ခံစားလိုက်ရသည်။ နှင်းထန် သက်ပြင်းချလိုက်ပြီး
"အင်း။ ကိုယ် အစိုးရိမ်ကြီးတာကို စိတ်မဆိုးပါနဲ့။ ကိုယ်က မင်းကို ချစ်လွန်းလို့ပါ။"
"ဟုတ်ကဲ့။ ကျွန်တော်သိပါတယ်။ ဒါပဲနော် အကို။ ကျွန်တော်လည်း အကိုနဲ့ အတူတူပါပဲ။"
"ဟေး ...ဘာ အတူတူလဲ။ ရှင်းရှင်းပြောကွ။ ကိုယ်နားမလည်ဘူး။"
မိုးစက် သူရဲ့ သိသိကြီးနှင့် အမေးကြောင့် ဖြေရခက်သွားသည်။ ပေါင်ပေါ်တွင် ဆောင်းလေးကို ပွေ့ထားသဖြင့် သူမေးသည်ကို ဖြေလို့မရပေ။ ထို့ကြောင့်
"မသိဘူးဗျာ။ တော်ပြီ။ အိမ်ကျမှ ပြောတော့မယ်။"
နှင်းထန်သည် မိုးစက်၏ စကားကြောင့် နားထောင်ရင်းပြုံးလိုက်သည်။ နံဘေးတွင် ဟိုသားအဖရှိနေ သောကြောင့် ချာတိတ်လေး မဖြေတာဖြစ်မည်ဟု တွေးမိသည်။
နှင်းထန် ဖုန်းချလိုက်ပြီး နေ့လည်စာကို တယောက်တည်းစားဟန်ပြင်လိုက်စဉ် အလုပ်သမားတစ်ဦး က ဧည့်သည်ရောက်ကြောင်းလာပြောသည်။ နှင်းထန် ထမင်းမစားသေးပဲ ထွက်လာခဲ့သည်။ ဧည့်ခန်းတွင် ထိုင်နေသောသူက မိမိလုံးဝမမျှော်လင့်ထားသော သူတစ်ယောက်ဖြစ်သည်။
"အကို ကျွန်တေ်ာ့ကို မှတ်မိရဲ့လား ခင်ဗျာ။ "
"မင်း ကျော်စွာလင်း.."
"ဟုတ်ပါတယ် အကို။ ကိုမိုးစက်နဲ့တွေ့ချင်လို့ပါ အကို။"
"မိုးစက် ဆုံးသွားပြီ ညီ။ သူ Accident ဖြစ်လို့ဆုံးသွားတာပါ။"
"ဒါဆို မိုးပွင့်ကို ခေါ်ပေးပါခင်ဗျာ။"
"မိုးပွင့် အပြင်သွားတယ်။"
"အကို မိုးပွင့်ကို အကို ပြန်ခေါ်ထားတယ်နော်။ ကျွန်တော်သိထားတာ ကိုမိုးစက်ကို အကို အရမ်းချစ် တာနော်။ မိုးပွင့်နဲ့တောင် အကို ကအစားမထိုးနိုင်အောင်ကို ချစ်ခဲ့တာနော်။ အခု ဘာကြောင့် မိုးပွင့် ကို အကိုလက်ခံလိုက်တယ်ဆိုတာ ကျွန်တော့်ကို ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျာ။ "
နှင်းထန်သည် ကျော်စွာလင်းကို တည်ငြိမ်စွာကြည့်ကာ
"ညီက ဘာသဘောနဲ့ မေးချင်တာလဲ။"
ကျော်စွာလင်းက တချက်ပြုံးလိုက်ကာ ဒိုင်ယာရီ စာအုပ် အဟောင်းလေးကို ထုတ်ပေးကာ
"ဒီ ဒိုင်ယာရီအရ အခု အကို့နားမှာရှိနေတာက အကို့ချစ်သူ မိုးစက်ဆိုတာကို ကျွန်တော် သိတာပါ။ ဒါ သူသေခါနီး အထိရေးသွားတဲ့ ဒိုင်ယာရီပါ။ သူ ကိုရန်နိုင် အလစ်မှာ ကျွန်တော့်ဆီကို ပို့လိုက်တာ ပါ။ "
နှင်းထန် စိတ်ဝင်စားသွားသည်။ ကောင်လေးပုံ ကြည့်ရတာ မကောင်းသည့် သဘောမပါမှန်းသိ သဖြင့် နှင်းထန် ဗြောင်မေးလိုက်သည်။
"မိုးပွင့်က သူ့ရဲ့ဒိုင်ယာရီကိုဘာကြောင့် မင်းလက်ထဲအရောက် ပို့ခဲ့တယ်ဆိုတာ အရင်ပြောပြသင့် တာပေါ့ ညီလေးရ။ မင်းကို မိုးပွင့် ထားသွားခဲ့တာ မဟုတ်လား။ မင်းကလည်း သူ့ကို မုန်းနေခဲ့တယ် မဟုတ်လား။ ပြီးတော့ ၁ နှစ်ကျော်ကြာမှ မင်းက ဘာကြောင့် ဒီစာအုပ်ကိုင်ပြီး မိုးစက်ကို လာရှာရ တာလဲ။ မင်းရှာချင်ရင် ကိုယ်တို့စင်္ကာပူမှာ ရှိကတည်းက လာရှာရမှာပေါ့။ အဲ့ဒီအချိန်မှာ မင်းဘာလုပ် နေခဲ့တာလဲ။"
"အကိုပြောတာမှန်ပါတယ်။ ကျွန်တော်ချက်ချင်းလာမပေးခဲ့တာက ကျွန်တော် အကိုတို့နဲ့တွေ့ပြီး စိတ်လေလေနဲ့ ကျွန်တော်တို့ အမျိုးရှိတဲ့ သြစတေးလျကို ထွက်သွားရင်း အဲ့မှာ အလုပ်ဝင်လိုက်လို့ ပါ။ ကျွန်တော့် ဆီကိုရောက်လာတဲ့ စာအုပ်ကို ကျွန်တော့် မိတ်ဆွေက သိမ်းထားပေးခဲ့တယ်။ စင်္ကာပူက တိုက်ခန်းကို အခုမှ ပြန်ရောက်လို့ ဒီစာအုပ်ကို ဖတ်မိတာနဲ့ ချက်ချင်း ကျွန်တော် အကို့ ကိုပေးဖို့ ဆုံးဖြတ်ခဲ့တယ်။"
"ဘာကြောင့် ကိုယ်တို့ကို ပေးဖို့ဆုံးဖြတ်ခဲ့တာလဲ ညီ"
ကျော်စွာလင်းက နှင်းထန်မျက်နှာကို စိတ်မကောင်းဟန်ဖြင့်ကြည့်ကာ
"ကျွန်တော့် ချစ်သူမိုးပွင့်ရဲ့ အမည်းစက်ကို ပယ်ဖျက်ပေးချင်လို့ပါ။ ကျွန်တော့်ကို သူရက်စက်သွားခဲ့ ပေမယ့် မိုးပွင့်ကို ကျွန်တေ်ာ မေ့လို့မရဘူး အကို။ ကျွန်တော် သူ့ကို မုန်းတာထက် သူ့ကို ကျွန်တော် ပိုချစ်တယ်။ မိုးပွင့်က သူသေခါနီးမှာ မိုးစက်ကို ခွဲစိတ်ပြီး မိုးပွင့်အဖြစ်ဘာကြောင့် နေ ခိုင်းခဲ့တယ်လို့ အကိုထင်သလဲဗျ။"
"ရှင်းနေတာပဲလေ။ သူက မိုးစက်နဲ့ ကိုယ့်ကို ခွဲချင်လို့ပဲပေါ့။"
ကောင်လေးက မျက်နှာညှီုးငယ်စွာဖြင့်
"မဟုတ်ဘူး။ သူ အကိုတို့ နှစ်ယောက်ကို အတူပေါင်းသင်းနေစေချင်ခဲ့တာပါ။ ပတ်ဝန်းကျင် မေးငေါ့ တာမခံရပဲ အကိုတို့ ချစ်သူနှစ်ယောက်ကို သူ ပေါင်းစေချင်လို့ လုပ်ခဲ့တာပါ။ "
"မဖြစ်နိုင်တာ ညီ။မိုးပွင့်က ဘယ်တုန်းက ဒီလောက်စိတ်ရင်းကောင်းဝင်သွားခဲ့တာလဲ။မင်းသူ့ အညာ မိပြီထင်တယ်။ မိုးစက် က ဒီလိုမထင်ခဲ့ဘူး။ သူကိုယ့်ကို မုန်းပြီး ကိုရန်နိုင်နောက်ကို ပါသွားခဲ့တာ။ အခု ကိုယ် မနည်းရအောင် ပြန်ခေါ်လာခဲ့တာပါ။"
ကျော်စွာလင်းသည် ကိုရန်နိုင်နာမည်ကို ကြားသည်နှင့် ဆတ်ခနဲဖြစ်သွားသည်။
"မိုးပွင့်ရဲ့ ကိုယ်ဝန်က ဘယ်သူနဲ့ရတယ်လို့ အကိုထင်သလဲ"
"မင်းနဲ့ မဟုတ်ဘူးလား။"
ကျော်စွာလင်းက မဲ့ပြုံးပြုံးကာ
"ကျွန်တေ်ာ့ကိုယ်ဝန်သာဆိုရင် ကျွန်တော် မိုးပွင့်ကို လုံးဝလက်မလွှတ်ပဲ ရအောင်လက်ထပ်ခဲ့မှာပဲ။ သူ့ကိုယ်ဝန်က ကိုရန်နိုင်နဲ့ပါ။"
"မဖြစ်နိုင်တာ။ ကိုရန်နိင်က မိုးပွင့်ကို လုံး၀ မချစ်ခဲ့ဘူး။ သူက မိုးစက်ကိုပဲ စွဲလန်းခဲ့သူပါ။"
"မိုးစက်ကိုရဖို့ သူ ဘာမဆိုလုပ်ဝံ့မယ်ဆိုတာ အကို မယုံဘူးလား။ သူ မိုးစက်ကို ရဖို့ မိုးပွင့်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့တယ် အကို။ မိုးပွင့်က အကို့အချစ်ကို ရချင်ဇောနဲ့ မလုပ်သင့်တာကို လုပ်ခဲ့တယ်။ ဒါပေမယ့် သူ့အကိုရဲ့မေတ္တာစူးတယ်လို့ သူပြောခဲ့တယ်။ သူ့ကိုယ်ဝန်ပျက်ကျပြီး နောက် သူအရမ်းကို နောင်တရခဲ့တယ် အကို။ သူ အကိုတို့နှစ်ယောက်ကို ပြန်ပေးဆပ်ဖို့ ကြိုးစား ခဲ့တာပါ အကို။ ဒါကို ကိုရန်နိုင်က လုံး၀ လက်မခံပဲ သူ့ကို ပိတ်လှောင်ထားခဲ့တယ်။ သူ့အခြေအနေ အရမ်းဆိုးလာမှ ဆေးရုံတင်ပေးခဲ့တယ်လို့ပြောတယ် အကို။ သူ့အကို မိုးစက် ရောက်လာချိန်မှာ သူ စကားမပြောနိုင်အောင် အခြေအနေဆိုးလာတော့မှာကို ကြိုသိလို့ သူ့ဒိုင်ယာရီထဲမှာ အားလုံးကိုဖွင့် ဟထားခဲ့ပြီး ကျွန်တေ်ာ့ဆီကိုပို့ခဲ့တာပါ။ "
ကျော်စွာလင်းက စီးကျလာသောမျက်ရည်ကို သုတ်လိုက်ပြီး ဆို့နင့်စွာ ဆက်ပြောပြသည်။
"ဒါပေမယ့် ကျွန်တော်က သူ့စာအုပ်ကို ပြီးခဲ့တဲ့လကမှ ရခဲ့တာပါ။ အကိုတို့သတင်းကိုသေချာအောင် နားစွင့်ပြီးမှ လာတွေ့နိုင်ခဲ့တာပါ။ ကျွန်တော့်ကို သူအားကိုးသလောက် ကျွန်တော် တာဝန်မကျေခဲ့ ဘူးဗျာ။ "
နှင်းထန်သည် ကျော်စွာလင်း၏ စကားကို ကြားသော် မိုးစက်ကို စိုးရိမ်ပြိး ချက်ချင်းဖုန်းခေါ်လိုက် သည်။ သို့သော် စက်ပိတ်ထားသည် ဆိုသော အသံက နှင်းထန်၏ နားထဲ ဗုံးပေါက်သလို ကျယ်လောင်စွာ ကြားလိုက်ရသည်။
နှင်းထန်သည် ချက်ချင်း မိမိတပည့်များနှင့် မိုးစက်သွားသည့် အိမ်လိပ်စာအတိုင်းလိုက်ခဲ့သည်။
သော့ခတ်ထားသော တံခါးက နှင်းထန်၏ ရင်ကို ဆောင့်ကန်လိုက်သလိုခံစားလိုက်ရသည်။
"အား....... မိုးစက် ... မင်း ဘယ်မှာလဲ...."
နှင်းထန် ရဲစခန်းတွင် တိုင်ချက်ဖွင့်သော်လည်း မိုးစက်သည် ကိုရန်နိုင်တို့ သားအဖနှင့်အတူ ပျောက်ချင်းမလှ ပျောက်သွားလေပြီ။ တိုင်းပြည်မှထွက်ခွာမသွားသည်ကို သိသော်လည်း မြန်မာ နိုင်ငံအတွင်း မည်သည့်မြို့တွင် ပုန်းအောင်းနေသည်ကို လုံးဝရှာမရအောင်ဖြစ်ကာ နှင်းထန်မှာ ရူးမတတ် ခံစားနေရသည်။
ဒီတခါတော့ မိုးစက်ကမိမိကို တမင်ခွဲသွားတာ မဟုတ်ပေ။ အလိုမတူပဲ အတင်းခေါ်ဆောင်သွားခြင်းခံ ရသည်ကို သိထားသဖြင့် နှင်းထန် အသည်းကိုခွဲကာ ဆားပက်ခံရသလို ခံစားနေရသည်။
မိမိချစ်သူ၏ အချစ်ကိုရမှ သူ့ကိုဆုံးရှုံးရမည်ဆိုလျှင် ....
နှင်းထန်သည် ရင်ကွဲမတတ် မိုးစက်ကို ရှာတွေ့ရန်သြဇာအရှိန်အဝါ အားလုံးကိုအသုံချကာ အသည်း အသန်ရှာနေတော့သည်။ သို့သော် မိုးစက်၏သတင်းကား ပင်လယ်ထဲကျသွားသော ကျောက်ခဲလေး ပမာ စုံးစုံးမြှုပ်သွားခဲ့လေပြီ။
End season 1
--------------------------------------

YOU ARE READING
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...