အချစ်စစ်၏ တည်နေရာ
Season - 1
အပိုင်း (16)
"ဘာလဲ။ သူရှိတာနဲ့ ငါက ရှောင်ထွက်သွားရမှာလား။ ဝေးသေးတယ်။"
မိုးစက် သည် သက်ပြင်းချကာ သူမကို အတင်းအပြင်ဆွဲခေါ်သောအခါ မိုးပွင့် မိုးစက်၏ ပါးကို နောက် တဖက်ထပ်ရိုက်လိုက်ပြန်သည်။ တချက်နှင့် အားမရသောကြောင့် နောက်တဖက်ကို ထပ်ရိုက်မည် အပြု လက်တဖက်က မိုးပွင့်၏ လက်ကိုဆုပ်ကိုင် တားဆီးကာ နောက်ကိုတွန်းလွှတ်လိုက်သဖြင့် မိုးပွင့် ယိုင်သွားသည်။
"မိုးပွင့် ... တော်လောက်ပြီ။ မင်း အကိုကို ဘာကြောင့်ရိုက်ရတာလဲ။"
မိုးပွင့်သည် ခက်ထန်မာကြောစွာဖြင့် မိမိကို စိုက်ကြည့်ကာ တင်းမာစွာပြောနေသော ကိုကို့ကို ကြည့်ကာ ရင်ဝယ် နာကျင်ခြင်း၊ ခံပြင်းခြင်းတို့ တားဆီးမရ ထွက်လာသဖြင့် အရွဲ့တိုက်ကာ ပြော လိုက်သည်။
"ကျွန်မ ယောက်ျားမှာ တိတ်တိတ်ပုန်းရှိလို့ လိုက်ချောင်းတာလေ။ အခု လက်ပူးလက်ကြပ်မိလို့ လင်ခိုးတဲ့သူကို ဆုံးမနေတာ။"
"မင်း ဘာစကားပြောတာလဲ မိုးပွင့်။ မိုးစက် က မင်းလင်ကို ခိုးတယ် ဟုတ်လား။"
မိုးစက်သည် ညီမ၏ ရင့်သီးသော စကားကိုကြားသော် ရင်ကိုခွဲကာ ဆားနှင့်ပက်ခံရသည့်ပမာ ခံစား လိုက်ရသည်။ ပြီးတော့ သူမ၏ စကားများက အကိုနှင်းထန်၏ ဒေါသကိုဆွပေးရာကျသဖြင့် မိုးစက် ဝင်တားရန်ကြိုးစားလိုက်သည်။
"အကို တော်ပါတော့။ မိုးလေး.....တော်ပါတော့။ အိမ်ပြန်ပါတော့။ ငါ တောင်းပန်ပါတယ်။"
"နင် ပါးစပ်ပိတ်ထား မိုးစက်။ ငါ့ကို ဘာလုပ်ပါလို့် နင်ပြောစရာမလိုဘူး။"
နှင်းထန်သည် မိုးပွင့်ကို စိုက်ကြည့်ကာ
"မင်းပြန်တော့ မိုးပွင့်၊ ကျုပ်ဒီည ဒီမှာအိပ်မှာ။ မင်းကို ကျုပ်အပြတ်ပြောလိုက်မယ်။ မင်း ကျုပ်ချစ်သူ ကို နောက်တခါ လက်ဖျားနဲ့ ထိရဲရင် ထိကြည့်လိုက်။ မင်းကို ကျုပ်လုံး၀ မညှာဘူး။ အခု ကျုပ်ရှေ့ ကနေ ထွက်သွားတော့။ "
"ကိုကို မပါရင် ကျွန်မ မပြန်နိုင်ဘူး။ "
နှင်းထန်၏ နားထင်သွေးကြောမှာ သွေးတဒိတ်ဒိတ်တိုးလာသလို ခံစားလိုက်ရသည်။ မိုးစက်က နှင်းထန်၏ လက်ကိုဆွဲကာ သတိပေးလိုက်သည်။ နှင်းထန် မိုးစက်၏ အသနားခံနေသော မျက်နှာ လေးကိုငုံ့ကြည့်ကာ စိတ်ကို ထိန်းလိုက်သည်။
"မင်းပြန်တော့ မိုးပွင့်။ ပြီးရင် ကျုပ်လာခဲ့မယ်။ အေး မင်း ကျုပ်စကားကို နားမထောင်ရင် ဘယ်သူက ကျုပ်တရားဝင်လက်ထပ်ခဲ့တဲ့သူလဲ ဆိုတာ တလောကလုံးကို သိအောင် ကြေငြာပြလိုက်မယ်။ "
သူ့မျက်နှာထားနှင့် လေသံကြောင့် မိုးပွင့် နူတ်ခမ်းကို သွားနှင့်ဖိကိုက်ကာ စိတ်ကိုထိန်းပြီး မိုးစက်ကို နာကြည်းစွာကြည့်ကာ လှည့်ထွက်သွားတော့သည်။
"အကို... ပြန်တော့နော်။"
နှင်းထန်က မိုးစက်၏ လက်ကိုဆွဲကာ အိမ်ထဲခေါ်သွင်းပြီး နူတ်ခမ်းလေးကို ကြမ်းတမ်းစွာနမ်းကာ
"မင်းရဲ့ ပါးကို ရိုက်လိုက်တဲ့ မင်းညီမကို ကိုယ်အရမ်းမုန်းတယ် မိုးစက်။ ပြီးတော့ မင်းညီမအတွက် ဘာမဆို ပေးနိုင်တဲ့မင်းကိုလည်း မုန်းတယ်။ မင်းကို အရမ်းချစ်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်။."
မိုးစက် သူ့စကားကြောင့် မျက်ရည်များစီးကျလာသည်။ နှင်းထန်၏ ဒေါသများသည် မိုးစက်၏ မျက်ရည်ကို တွေ့သည်နှင့် ငြိမ်းသွားပြီး မိုးစက်၏ မျက်ရည်များကို အနမ်းဖြင့်ဖယ်ရှားကာ
"မငိုပါနဲ့... ချာတိတ် ကိုယ့်ကြောင့် မငိုပါနဲ့။ ကိုယ် ချာတိတ် စိတ်ညစ်အောင် မပြောတော့ဘူး... လာ ပါးက ဒဏ်ရာကို ပြပါအုံး။ ပါးနှစ်ဖက်လုံး နီသွားပြီ။ တောင်းပန်ပါတယ်။ကိုယ့်ကြောင့် ချာတိတ် အရိုက်ခံရတာ တောင်းပန်ပါတယ်ကွယ်။"
မိုးစက်သည် သူ့လည်ပင်းကို သိုင်းဖက်ကာ
"အကို ညီမလေးကို အပြစ်မတင်ပါနဲ့နော်။ သူ အကို့ကိုချစ်လွန်းလို့ အသိစိတ်လွတ်သွားတာပါ။ အိမ်ရောက်ရင် ညီမလေးကို မရိုက်ပါနဲ့နော်။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် ညီမလေး ကိုနာကျင်အောင် မလုပ်ပါနဲ့ဗျာ။"
မိုးစက်၏ ကိုယ်လေးကို သိုင်းဖက်ကာ နှင်းထန် ချော့လိုက်သည်။
"စိတ်ချပါ။ ကလေးရဲ့ ညီမလေးကို ကိုယ်လက်ဖျားနဲ့တောင် မထိပါဘူး။ တိတ်တော့နော်။ "
"အကို တကယ်ပြောတာနော်။"
"အင်း။ ကိုယ် ဘယ်တုန်းက လိမ်ဖူးလို့လဲ။ ချာတိတ်သာ ကိုယ့်ကို ခဏခဏလိမ်တာ။ "
သူ့စကားကြောင့် မိုးစက် မျက်ရည်များစဲသွားသည်။ မိုးစက် သူ့မျက်နှာကို မော့ကြည့်လိုက်စဉ် သူက မိမိကို ကြင်နာစွာငုံ့ကြည့်နေသည်ကိုတွေ့သော် သူ့ပါးပြင်ကို နမ်းလိုက်ပြီး
"ကျေးဇူးတင်ပါတယ် အကို။ အကို့ အချစ်တွေ အတွက်ကော၊ ကြင်နာမှုအတွက်ကော ကျေးဇူးပါ။"
"ချာတိတ် စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်ဘာမဆို လုပ်ပေးမှာပါ။ ချာတိတ်သာ ကိုယ့်ဘေးမှာ နေပေး ပါ။ မိုးပွင့် ဘာတောင်းဆိုသည်ဖြစ်စေ ကိုယ်လိုက်လျောပေးမှာပါ။ "
"အကို ပြန်တော့နော်။ ညီမလေးကို ကောင်းကောင်းရှင်းပြပေးပါ။ အကိုတို့ အိမ်ထောင်ရေးကို အထိခိုက် မခံရဘူးနော်။"
နှင်းထန် ပြုံးကာ မိုးစက်၏ ခေါင်းလေးကိုပွတ်ပြီး
"ကောင်းပါပြီ။ ကလေး အိပ်ပျော်အောင် အိပ်နော်။ မနက်စာ အတူတူ စားကြမယ်။ ကိုယ့်ကိုစောင့်။"
"ဟုတ်ကဲ့"
နှင်းထန်သည် မိုးစက်စိတ်ချမ်းသာစေရန် အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်သော် မိုးပွင့်၏ အိပ်ခန်းထဲ ဝင်သွားပြီး မိုးပွင့်၏ ကိုယ်ကို ဆွဲထူကာ နံရံနှင့် ဖိကပ်ထားပြီး သူမမျက်ဝန်းကို စိုက်ကြည့်ကာ
"မင်း ငါနဲ့ မိုးစက်ကြားကို ထပ်ပြီး ရှုပ်ဖို့ မစဉ်းစားနဲ့။ ဒါ နောက်ဆုံးဖြစ်ပါစေ။ ပြီးတော့ မိုးစက် အသားကို မင်းနောက်တခါ ထိရဲရင် ကျုပ်ကို အဆိုးမဆိုနဲ့။ မင်းကို အမှုန့်ချေလိုက်မယ်။ မိုးစက်က မင်း ယောကျ်ားကို ခိုးနေတာ မဟုတ်ဘူး။ မင်းကသာ မင်းအကိုရဲ့ ချစ်သူကို လုဖို့ကြိုးစားနေတာ။ မင်းကို ကျုပ်လုံး၀ မချစ်ခဲ့ဘူး မိုးပွင့်။ ကျုူပ်ချစ်တဲ့သူက မိုးစက်ပဲ။ မင်းကို ကျုူပ်ဘေးမှာထားနေတာ မင်းအကို ကျုပ်ကို လိုက်လျောအောင်လို့ဆိုတာ စိတ်ထဲမှာ မြဲမြဲမှတ်ထားပါ။ မဟုတ်ရင် မင်းကို ကျုပ်ကန်ထုတ်ပစ်တာ ကြာပြီ၊ မင်းက ကျုပ်အတွက် အမှိုက်ပဲ မိုးပွင့်။ မင်း ပါးစပ်ပိတ်ပြီး ကျုပ်ဘေး မှာ ငြိမ်ငြိမ်နေရင် ကျုပ်ရဲ့ မယားဆိုတဲ့ ဂုဏ်နဲ့ ငွေကို စိတ်ကြိုက်သုံးလို့ရမယ်။ အေး... ပါးစပ်ပိတ် မထားရင် မင်းကို မြောင်းထဲ ကန်ချလိုက်မယ်။"
နှင်းထန် သူမကို ကြမ်းတမ်းစွာ သတိပေးကာ အခန်းပြင်သို့ထွက်လာခဲ့သည်။
မိုးပွင့်သည် သူ လွှတ်လိုက်သည်နှင့် ကြမ်းပြင်ပေါ် ပြိုလဲကျသွားပြီး တုန်တခိုက်ခိုက်ဖြစ်ကာ ကြမ်းပေါ် တွင် မှောက်အိပ်ကာ လူးလိမ့်ပြီး ငိုလို့သာ နေတော့သည်။
အားရအောင် ငိုပြီး မိုးပွင့် ကြမ်းပေါ်တွင် အိပ်ပျော်သွားတော့သည်။ မနက်လင်းလို့ နိုးလာသော အခါ အခန်းအောင်းပြီး ငြိမ်သက်စွာ နေတော့သည်။
--------------------------
မိုးစက်ကို မိမိလုံးဝရှုံးနိမ့်ရသည်ကို မိုးပွင့်လုံး၀ မကျေနပ်ပေ။ ငယ်ကတည်းက အကြိမ်ကြိမ်ရှူံးနိမ့်ခဲ့ သည်။ တခါရှူံးတိုင်း တကြိမ်နာကျင်ရသည်။ ယခုတခါကတော့ မိုးပွင့် နာကြည်းသွားမိသည်။ မိမိ ကိုယ်တိုင်က လက်နက်ချ အရှုံးပေးသည့်တိုင် ကိုကိုက မိမိကို ရက်စက်စွာ ပစ်ပယ်ခဲ့သည်။ မိမိ မာန ကို ချိုးကာ ခြေတွင် ချနင်းခဲ့သည်။မိန်းမတစ်ယောက်ကို စိတ်နာအောင်လုပ်လျှင် ကျားနာတစ်ကောင် ထက် ကြောက်ဖို့ကောင်းသည်ကို ကိုကို ကြိုသိသင့်ပါသည်။
မိုးပွင့်သည် ငြိမ်သက်စွာဖြင့် အခွင့်အရေးကို စောင့်နေခဲ့သည်။ ကိုကို မိုးစက်ထံသွားသည်ကို လုံး၀ ရန်မရှာပဲ နေသဖြင့် သူ့ဒယ်ဒီပင် မိုးစက်ကို ခေါ်လာခဲ့သည်ကို လုံးဝမရိပ်မိခဲ့ပေ။
မနက်တိုင်း သူ မနက်စာ မစားပဲ အိမ်မှစောစောထွက်သွားသည်။ ညနေတိုင်းလည်း နောက်ကျပြီးမှ အိမ်သို့ပြန်လာသည်။ သူ မိုးစက်ထံသွားသည်ကို မိမိသိသော်လည်း ခံစားချက်မရှိသည့် အတုံး၊အအ လို နေရသည့် ဘဝက ဘယ်လောက်ခါးသီးစရာကောင်းသည်ကို ကိုကိုနှင့် မိုးစက် သိအောင် မိမိ လုပ်ပြမည်။ ယခုတော့ မိမိ သူလုပ်သမျှကို ကြောင်တောင်ကန်း ကြည့်နေရသည်။
သူ့ဒယ်ဒီရှေ့တွင် မိုးပွင့်ကို ယုယကြင်နာပြသော်လည်း ကွယ်ရာရောက်သည်နှင့် လက်တွဲဖြုတ်ကာ ကျောခိုင်းထွက်သွားသော သူ့ကျောပြင်ကို မိုးပွင့် နာကျင်စွာ ပြုံးကြည့်နေမိသည်။ သို့သော် မိုးပွင့် သည်းခံပါသည်။ သူ မိုးစက်ထံ ထွက်သွားသည်နှင့် မိုးပွင့် ဘားကို ထွက်လာခဲ့သည်။ အထီးကျန် ဝေဒနာကို ကော့တေးခွက်ထဲတွင် စိမ်ထားလိုက်လျှင် ခံသာပါသေးသည်။ လောလောဆယ် သူ့ဇနီး ဟူသော ဂုဏ်ကိုသုံးပြီး ညတိုင်းနီးပါး မိုးပွင့် ဘားကို ပုံမှန်သွားနေသည်။
ကော့တေးကို တခွက်ပြီးတခွက်သောက်ကာ အချိန်ဖြုန်းနေစဉ် မိုးပွင့်၏ ရှေ့ခုံဝယ် လူတစ်ယောက် လာထိုင်သည်။
'နေကောင်းလား မိုးပွင့်။'
မိုးပွင့် သူမရှေ့မှ လူကို မော့ကြည့်လိုက်ပြီး အကြောင်းမဲ့ရယ်မောကာ နူတ်ဆက်လိုက်သည်။
'သြော် ... အရှုံးသမားကြီး ကိုရန်နိုင်ကိုး။ ရှင့်ကို ခါးခါးသီးသီး ငြင်းခဲ့တဲ့ မိုးစက်က အခု အခြားလူကို လက်ခံသွားပြီလေ။ ဘယ်လိုလဲ.... ရှင်သူ့ကို လက်လွှတ်ရတာ ဘယ်လိုခံစားရသလဲ။'
'မင်း မူးနေပြီ မိုးပွင့်။ မင်းကို တွေ့လို့ ကိုယ်လာနူတ်ဆက်တာ။ မင်း ရဲ့ ဒရိုင်ဘာ ပါလာသလား။ ကိုယ်မင်းကားဆီ လိုက်ပို့ပေးပါ့မယ်။ မင်းအိမ်ပြန်ပါတော့။'
ကိုရန်နိုင်က မိုးပွင့်ကို ဖြောင့်ဖြသည်။ မိုးပွင့်က ကော့တေးခွက်ကို မော့သောက်ကာ
'ရတယ်။ အိမ်မပြန်ချင်လို့ ဘားမှာကျွန်မ အချိန်ဖြုန်းနေတာ။ ရှင်သာ ရှင့်မိန်းမဆီပြန်ပါ။ '
ကိုရန်နိုင် မိုးပွင့်၏ ညှိုုးငယ်နေသောပုံကြောင့် ပြန်ရန် ထလိုက်ပြီးမှ ပြန်ထိုင်ကာ
'မင်း တို့ အိမ်ထောင်ရေး အဆင်မပြေဘူးလား မိုးပွင့်။'
'ရှင်ဘာကြောင့်မေးတာလဲ ကိုရန်နိုင်. ကျွန်မ အိမ်ထောင်ရေး အဆင်ပြေ၊မပြေ ရှင့်ကို ဘာကြောင့် ပြောပြရမှာလဲ။ ရှင်ကြိုက်တာက မိုးစက်ပါ။ ဘာလဲ။မိုးစက်နေရာမှာ ကျွန်မကို အစားထိုးချင်လို့လား။ ဆောရီးပဲ ကိုရန်နိုင်။ ကျွန်မ အဖြည့်ခံ မလုပ်နိုင်ဘူး။'
ကိုရန်နိင်သည် မိုးပွင့် နားကိုယ်ကို ကိုင်းကာ ဘေးဝိုင်းမှ မကြားအောင် တီးတိုးပြောလိုက်သည်။
'ကိုယ် မိုးစက်ကို လိုချင်တယ်။ မင်း ကိုယ်နဲ့ ပူးပေါင်းရင် မင်းယောက်ျားကို မင်းပြန်ရနိုင်တယ်။'
မိုးပွင့် အမူးပင်ပြေသွားသည်။
'ရှင့်ကို ဘာကြောင့် ယုံရမှာလဲ။ ရှင့် မိန်းမရှိတယ်မဟုတ်လား။ '
ကိုရန်နိုင်က ပြုံးကာ
'ကိုယ် ကွာရှင်းထားပြီးပြီ။ကိုယ် မိုးစက်ကို လိုချင်တယ်။ ဘယ်လိုလဲ။ မင်းစိတ်ဝင်စားရင် ကိုယ့်ဆီ မမူးတဲ့အချိန်ဆက်သွယ်လိုက်ပါ။ အခုတော့ ကိုယ့်ကို ခွင့်ပြုပါအုံး။'
မိုးပွင့်သည် ကိုရန်နိုင်ချထားသော ကဒ်ကို ကောက်ကာ ပိုက်ဆံအိတ်ထဲ ထည့်ထားလိုက်ပြိး ဆက် သောက်နေခဲ့သည်။ အမူးကတော့ တော်တော်ပြေသွားသည်။ ကိုရန်နိုင်ပြောသွားသည့် စကားများက မိုးပွင့်ကို မျှော်လင့်ချက်ရောင်ခြည်သန်းစေပါသည်။
ထိုည မိုးပွင့် စိတ်ချမ်းသာစွာဖြင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်သော် ရေနွေးပူဖြင့် စိမ်ကာ ချိုးပြီးအိပ်လိုက်သည်။ မိမိရင်ကိုခွဲ အသည်းကိုချနင်းခဲ့သူများကို လက်တုန့်ပြန်မည့် အခွင့်အရေး ပေါ် လာပြီဖြစ်သောကြောင့် ပထမဆုံး စိတ်ချမ်းသာစွာအိပ်စက်နိုင်ခြင်းဖြစ်သည်။
မိုးပွင့် ကိုရန်နိုင်နှင့်သွားတွေ့ကာ လက်တုန့်ပြန်ခွင့်ရမည်ဆိုတော့ အရာအားလုံးကို သဘောတူကာ လုပ်ဆောင်ခဲ့သည်။ ထို့နောက် အချိန်ကိုစောင့်ကာ ငြိမ်နေလိုက်ပြန်သည်။ မိုးပွင့်သည် ကိုကို့ကို အရယူချင်သည်က ချစ်လွန်းလို့ထက် မိမိရင်ကွဲသလို သူတို့ချစ်ခြင်းကိုခွဲကာ ရင်ကွဲစေချင်သော ကြောင့်ဖြစ်သည်။
မိုးစက်သည် သူနှင့် အတူဘောလုံးပွဲထိုင်ကြည့်ရင်း ညဉ့်နက်လာသောအခါ သူ့ကို အိမ်ပြန်ရန်ပြော သည်။ နှင်းထန်က မိုးစက်၏ ပုခုံးလေးကို ပွတ်သပ်ကာ လည်ပင်းကို နမ်းလိုက်ပြီး
'ဒီည ကိုယ်ချာတိတ်နဲ့ အတူအိပ်ချင်တယ်။ '
မိုးစက် သူ့ကို မျက်လုံးစွေကြည့်ကာ
'အကိုနော်....ဘာဖောက်တာလဲ။ မရဘူး။ အိမ်ပြန်။ ညီမလေး မျှော်နေမယ်။ ဒေါ်ပိုတို့ သိသွားရင် ညီမလေး မျက်နှာငယ်ရမယ်။'
'တခါလာ ညီမလေးနဲ့ ချာတိတ်ကိုယ့်အတွက် စဉ်းစားဖူးရဲ့လားကွယ်။'
'စဉ်းစားတာပေါ့ဗျာ။ အကို့ကို စဉ်းစားပေးလို့ ကျွန်တော် ဒီလောက်သည်းခံနေတာပေါ့။ အကို ကျွန်တော့်ကို ချစ်ရင် ကျွန်တော် စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့နော်။ အကို တောင်းဆိုတာ မှန်သမျှ ကျွန်တေ်ာ ငြင်းဖူးလို့လား။ '
နှင်းထန်သည် မိုးစက်၏ စကားကြောင့် ဇွတ်မိုက်ချင်သည့်စိတ်ကို ထိန်းကာ သက်ပြင်းရှိုက်လိုက်မိ သည်။
'ကောင်းပြီ။ ကိုယ် ချာတိတ်ကို ချစ်လို့ အိမ်ပြန်တယ်ဆိုတာ ချာတိတ်ဘယ်တော့မှ မမေ့ပါနဲ့။ ကိုယ့် အချစ်ကို လေးစားသောအားဖြင့် ကိုယ့်ဘေးကနေ ဘယ်တော့မှ ထွက်ပြေးဖို့ မကြိုးစားနဲ့နော်။'
မိုးစက် သူ့ပါးပြင်ကို ဖွဖွနမ်းကာ
'ဟုတ်ကဲ့ပါ ခင်ဗျာ။ '
နှင်းထန် အိမ်သို့ပြန်လာသောအခါ မိုးပွင့် အိမ်သို့ရောက်နှင့်လေပြီ။ မိုးပွင့် ညတိုင်း ဘားတွင်သွား သောက်သည်ကို မိမိသိသော်လည်း လျစ်လျူရျူထားသည်။ မိမိခြိမ်းခြောက်ပြီးကတည်းက သူမ ငြိမ် သွားသဖြင့် စိတ်ချမ်းသာသွားသည်။
တရက် ဖေဖေကခေါ်တွေ့ကာ မိုးပွင့် နှင့် မိမိအကြောင်းကို မေးသည်။ မိုးပွင့် ညတိုင်းဘားကို သွား သည့်အကြောင်းရင်းကို မေးသဖြင့် နှင်းထန် ပွင့်ပွင့်လင်းလင်းဖြေလိုက်သည်။
'ကျွန်တော်တို့က တယောက်ကို တယောက်မချုပ်ချယ်ပဲ နေကြဖို့ သဘောတူထားတယ် ဒယ်ဒီ။ မိုးပွင့် ဘားကိုသွားတာ ကျွန်တော် ခွင့်ပြုထားလို့ပါ။ သူ့ကို ကျွန်တော် လွတ်လွတ်လပ်လပ် နေခွင့် ပြုထားတာပါ။'
'မင်းတို့ လင်မယား ဘယ်လိုနေနေ ဒယ်ဒီ ကရုမစိုက်ဘူး။ အေး... ဒယ်ဒီမြေးချီချင်ပြီ။ မင်း ဒီတစ်လ ထဲမှာ အကြောင်းမထူးရင် ငါကိုယ်တိုင် မင်းတို့နှစ်ယောက်ကို ပြည်ပခေါ်ပြီးဆေးစစ်မယ်.'
နှင်းထန် ထိုအကြောင်း မိုးစက်ပြောပြသောအခါ ချက်ချင်းမေးသည်က
'အကို ...ညီမလေးနဲ့ လင်မယားလို မနေဘူးလား။'
'နေစရာလား ချာတိတ်ရဲ့။ကိုယ်က မင်းကိုပဲ ချစ်တာ.။ မင်းနဲ့ပဲ အတူနေချင်တာ။'
နှင်းထန်၏ စကားကို ကြားသော် မိုးစက် ထိုင်ရာမှ ဝုန်းခနဲ ထရပ်ကာ ဒေါသဖြင့်
'အကို ဘာစကားပြောတာလဲ။ တကယ်လား.။ကျွန်တေ်ာ့ ညီမလေးကို ပစ်ထားတယ်ဆိုတာ။ မိုးလေး ကျွန်တေ်ာ့ကို မုန်းနေတော့မယ်။ သူ့ ယောကျ်ားကို ခိုးထားတယ်ဆိုပြီး စိတ်နာသွားတော့မယ်။ အကို ကျွန်တော့်ကို ကတိပေးထားတယ်လေ။ဘာကြောင့် ကတိဖျက်ရတာလဲ။အကို ရက်စက်တယ်။'
နှင်းထန်သည် ပေါက်ကွဲစွာ အော်ဟစ်နေသော မိုးစက်ကို စချင်သဖြင့် ဆက်ပြောလိုက်သည်။
'အေး... ချာတိတ်ပဲ မိုးပွင့်ကို ဘာမှ မလုပ်ပါနဲ့လို့ ကိုယ့်ကို ပြောခဲ့တာ မှတ်မိသေးလား။ '
'ကျွန်တော် ပြောတာ မိုးလေးကို အကို မရိုက်နှက်ဖို့ပြောတာ။ '
'ဘယ်လိုပဲပြောပြောလေ မင်းညီမကို ကိုယ်လက်ဖျားနဲ့တောင် မထိပါဘူးလို့ ကတိပေးခဲ့တုန်းက မင်း ဘာလို့ သဘောတူခဲ့တာလဲ။ ကိုယ်ကတိတည်တော့လည်း ကိုယ့်အပြစ်ဖြစ်ရောလား မိုးစက်။'
မိုးစက် မျက်နှာရဲလာသည်အထိ စိတ်တိုသွားသည်။ သူ သက်သက် စကားကို ကပ်ပြောနေခြင်းဖြစ် သည်။ ဒါဆို သူ မိုးလေးကို ပစ်ထားကာ မိမိထံလာခဲ့သည်မှာ တစ်လခန့်ရှိလေပြီ။ မိမိကတော့ ညီမလေးနှင့် အဆင်ပြေပါစေဆိုပြီး သူတောင်းဆိုတိုင်း မငြိုမငြင် လိုက်လျောခဲ့ရတာ အလကားဖြစ် ရလေပြီ။
'အကို ရက်စက်တယ်။ ကျွန်တော့်ကို လှည့်စားတယ်။'
မိုးစက် သူ့ကိုဒေါသနှင့်ကြည့်ကာ အိပ်ခန်းထဲ ဝင်ကာ လော့ခ်ချထားလိုက်သည်။ နှင်းထန် သည် မိုးစက် တကယ်စိတ်ဆိုးသွားသည်ကို သိသော် အခန်းပြင်မှ ချော့သည်။ သို့သော မိုးစက် တံခါးကို လုံးဝဖွင့်မပေးချေ။ နောက်ဆုံး နှင်းထန် မပြန်တော့ပဲ ဧည့်ခန်းတွင် အိပ်လိုက်သည်။
နှင်းထန် အိပ်ယာမှ နိုးလာသောအခါ မျက်လုံးဖွင့်လိုက်သည်နှင့် မိုးစက်၏ မျက်နှာကို အရင်တွေ့ လိုက်ရသည်။ နှင်းထန် ပြုံးကာ နူတ်ဆက်လိုက်သည်။
'မောနင်း ချာတိတ်'
'အကို ကျွန်တော် ဘယ်လိုလုပ်မှ ညီမလေးကို လက်ခံမှာလဲ။ အကိုကြိုးရှည်ရှည်နဲ့ မလှန်ပါနဲ့တော့။ တခါတည်း အပြတ်ပြောလိုက်ပါ။'
နှင်းထန်သည် မိုးစက်၏ စိတ်ထိခိုက်နေသော အမူအယာကြောင့် မစရက်တော့ပဲ ချာတိတ်လေးကို ရင်ခွင်ထဲ ဖက်ထားကာ
'မင်း ကိုယ့်ကို မချစ်ပဲ အနားမှာ နေခဲ့တာ ဒီအတွက်ပဲလား ချာတိတ်လေးရာ။ အချစ်ဆိုတဲ့ အရာကို မင်းတကယ် မသိသေးပါဘူးကွာ။ ကောင်းပါပြီ။ကိုယ် မင်း ဆန္နကို အတတ်နိုင်ဆုံးလိုက်လျောပေးပါ့ မယ်။ ကိုယ့်ကိုတော့ မမုန်း လိုက်ပါနဲ့ကွယ်နော်။'
'အကို တကယ်ပြောတာလား.'
မိုးစက်ပြုံးပျော်နေသည်ကိုတွေ့သော ်နှင်းထန် ရင်ဝယ် တိတ်တိတ်ကြေကွဲမိသည်။ သူ့ညီမလောက် ကိုယ့်ကို အလေးမထားပါလား ဟူသော အသိက တကယ်ချစ်သူကို နာကျင်စေပါသည်။ နောက်ဆုံး မိုးစက် စိတ်ညစ်သည်ကို မကြည့်ရက်သောကြောင့် မိုးပွင့်နှင့် ကလေးယူရန် မျက်စိမှိတ်ကာ ဆုံးဖြတ် လိုက်တော့သည်။
နှင်းထန် အိမ်ပြန်ရောက်သော် ထူးထူးဆန်းဆန်း မိုးပွင့် မိမိကို ဧည့်ခန်းတွင် ထိုင်စောင့်နေသည်။
'မိုး ကိုကို့ကို သတင်းကောင်းပြောမလို့စောင့်နေတာ ကိုကို'
'ဘာလဲ'
နှင်းထန် သူမကို တိုတိုပြတ်ပြတ်မေးလိုက်သည်။
'ကိုကို ရင်သွေးကို မိုးလွယ်ထားရပြီ။ မိုး ကိုယ်ဝန် တစ်လရှိနေပြီ ကိုကို။ ဆေးရုံမှာ သွားစစ်ခဲ့တာ အဖြေရခဲ့ပြီ။ ဒယ်ဒီ့ကိုလည်း သတင်း ကောင်းပြောပြလိုက်ပြီ။'
နှင်းထန်သည်ပြုံးနေသော မိုးပွင့်၏ ပုခုံးကို ဆုပ်ကိုင်ကာ ခါယမ်းလိုက်ပြီး တင်းမာစွာပြောလိုက်သည်။
'ဒါ ကျုပ်ကလေး မဟုတ်ဘူး။'
မိုးပွင့်က အရယ်မပျက်ပဲ
'ကိုကို့ ကလေးပါ။ မိုးစက်ကို ကိုကို အနားခေါ်ထားမှတော့ ဒီကလေးက ကိုကို့ကလေးပဲပေါ့။ ဒီကလေးက ကိုကိုရဲ့ စီးပွာရေး အင်ပါယာကို ဆက်ခံမယ့်သူဖြစ်ရမယ်။ မိုးစက်လည်း ဝမ်းသာ မှာပဲ။ သူက ကိုကို့ ကလေးကို ထိန်းပေးချင်နေတာ မဟုတ်လား။'
နှင်းထန် မိုးပွင့် ဆိုလိုသည်ကို နားလည်သွားသည်။ မိုးစက်ကို မိမိခေါ်ထားသောကြောင့် အခြားလူ ၏ ကလေးကို မိမိလက်ခံရမည်ဆိုသည့် သဘောဖြစ်သည်။
'ကောင်းပြီ။ မိုးစက် ကို မင်းမထိရင် မင်းရဲ့ ကလေးက ကျုပ်ရဲ့ ကလေးဖြစ်ရစေမယ် မိုးပွင့်။ ကဲ မင်းပြောချင်တာ ဒါပဲ မဟုတ်လား။ ကျုပ်နားချင်ပြီ။'
'ရှင် လူမှ ဟုတ်သေးရဲ့လား ဒေါက်တာ။'
မိုးပွင့် သူ့ကိုနာကျင်စွာမေးလိုက်သည်။သူကလှည့်ပင်မကြည့်ပဲ အပေါ်ထပ်ကိုတက်သွားတော့ သည်။
နှင်းထန်သည် မိုးပွင့်၏ လုပ်ရပ်ကို လုံး၀ ကရုမစိုက်ပါ။ သူမနှင့် ကလေးယူရန်မလိုသောကြောင့် စိတ်ချမ်းသာသွားသည်။ မိုးစက်ကို မိမိ သတင်းကောင်းပြောနိုင်တော့မည်။ ချာတိတ်လေး မိမိဘေး တွင် ကြည်ဖြူစွာနေမည်ဟု မျှော်လင့်မိသည်။
နှင်းထန်သည် အိပ်ယာထက်တွင်လှဲပြီး ချစ်သူလေးကို သတိရကာ ပြေးသွားချင်စိတ်ကို မနည်း အောင့်ထားရသည်။ သွားလည်း ချာတိတ်လေးက လက်ခံမည် မဟုတ်ပေ။ မနက်မိုးလင်းသည် အထိ ကြိတ်မှိတ်ကာ အိပ်နေရသည်။ မိုးပွင့် မိမိအပေါ် ယုတ်မာသည်ကို ကရုမစိုက်ပါ။ မိမိဘေးတွင် ချစ်သူ လေးသာရှိမည်ဆိုပါက ဘာမဆို သည်းခံနိုင်ပါသည်။
မိုးလင်းသည်နှင် နှင်းထန် မိုးစက်ကြိုက်တတ်သည့် မနက်စာကို ဝယ်ပြိး အပြေးလေးလာခဲ့သည်။ ကလေးပမာ အပြစ်ကင်းစွာအိပ်နေသည့် ချစ်သူလေးကို အနမ်းများဖြင့် နိုးလိုက်ပြီး ညက လွမ်းသမျှ အတိုးချကာ ချစ်တော့သည်။
မိုးစက်သည် မနက်စောစော ရောက်လာပြိး အချစ်သည်းနေသော သူ့ကြောင့် စိတ်ညစ်လာသည်။ သူ့ကိုငြင်းဆန်မရပဲ အချစ်ပင်လယ်ထဲ ရောက်သွားရတော့သည်။ သူ လွှတ်လိုက်တော့ ရေချိုးခန်းထဲ ဝင်ပြိး ကိုယ်လက်သန့်စင်ရင်း တခါတည်းရေချိုးလိုက်ရတော့သည်။ ယခုတလော သူ အရမ်းထန်နေ သည်။ မိုးလေးနှင့် ဘာများဖြစ်ခဲ့သလဲဟု တွေးကာ စိတ်ပူနေမိသည်။
'အကို မိုးလေး ကိုကြင်နာရဲ့လား။ သူနဲ့ အတူနေရဲ့လား။'
နှင်းထန်သည် စစ်ဆေးမေးမြန်းနေသော ချာတိတ်လေးကို ဖက်နမ်းကာ
'မိုးပွင့် ကိုယ်ဝန် တစ်လရှိပြိ။ ကဲ... ကျေနပ်ပြိလား။'
'တကယ်လား။ အကို တကယ်ပြောတာလား။ မိုးလေး အကို့ကလေးကို လွယ်ထားရပြိ'
နှင်းထန် အမှန်အတိုင်းပြောမည်ပြုပြိးမှ စိတ်ကိုထိန်းကာ အလိုက်သင့်ေြ့ဖလိုက်သည်။
'အင်း... ဆိုပါတော့'
မိုးစက် ပျော်သွားသည်။ ပျော်လွန်းလို့ အကို့ကို ဖက်နမ်းလိုက်မိသည်။ မိမိ အနစ်နာခံရကြိုးနပ် လေပြိ။ မိမိတောင်းဆိုသမျှကို လိုက်လျောသည့် သူ့ကိုလည်းကျေးဇူတင်မိသည်။
-------------------------
မိုးစက်သည် မိုးပွင့် ကိုယ်ဝန်ရှိပြီဆိုကတည်းက နှင်းထန်ကို မိုးချုပ်သည်အထိ နေခွင့်မပြုတော့ပေ။ ရုံးက ပြန်လာပြီး မိုးစက်ထံဝင်လိုက်သည်နှင့် အရင်မေးသည့် မေးခွန်းက ညီမလေး နေလို့ကောင်းရဲ့ လား။ အစာစားလို့ဝင်ရဲ့လား။ မနက်အန်သေးလား။ ညအိပ်လို့ပျော်ရဲ့လား စသည့် မေးခွန်းများကို သာ ဆက်တိုက်မေးနေတော့သည်။
နှင်းထန်သည် မိုးစက်ကိုယ်လေးကို ဖက်ကာ ကြင်နာသနားကာ ခွင့်လွှတ်နားလည်ပေးတတ်လွန်း သော ချစ်သူလေးကို မြတ်နိုးခြင်းဖြင့် နမ်းရှိုက်လေတိုင်း သူက ငြိမ်ငြိမ်မနေပဲ ရုန်းကာ
'အကို...ငြိမ်ငြိမ်နေပါ။ ကျွန်တော်မေးတာကို ကောင်းကောင်းဖြေပါအုံး။ လက်က ဘယ်တွေလျှောက် ကိုင်နေတာလဲ။ အကို လွှတ်ဗျာ။'
မိုးစက် သည် မိမိအဝတ်ထဲ ဝင်လာသော သူ့လက်ကို ဆွဲဖယ်ပြစ်ကာ မကြိုက်သလို ပြောလိုက် သည်။ မိမိကတော့ ညီမလေးအတွက် စိတ်ပူကာ မေးနေသော်လည်း ကလေးအဖေက ကလေး အကြောင်း စိတ်ဝင်စားပုံမပေါ်ပဲ မိမိကို ကိုယ်တွယ်နမ်းရှုပ်နေသဖြင့် မိုးစက် သူ့ကို တကယ်စိတ်ဆိုး မိသည်။ ညီမလေး ၏ ကလေးကို ကရုစိုက်သည့်ပုံ မပေါ်သဖြင့် မိုးစက် သူ့ကို စိတ်ပျက်မိသည်။ သူက ကလေးမချစ်တတ်သူလား။ ထိုသို့လည်း မဟုတ်ပါ။ မိမိနှင့် မိဘမဲ့ကလေး ဂေဟာသို့သွား ရောက်လှူဒါန်းစဉ် သူကလေးများကို သနားကြင်နာစွာ စိုက်ကြည့်ခဲ့ပါသည်။ သူ့ အသည်းနှလုံးက ဒီလောက်မမာသည်ကို မိမိအသိဆုံးဖြစ်သည်။ ယခု ဘာကြောင့် ဒီလိုဖြစ်သည်ကို မိုးစက် မသိတော့ ပေ။ ညီမလေးကို မကျေနပ်သောကြောင့် သူ့သွေးသားရင်းကို ပစ်ပယ်သည်အထိ သူလူစိတ်ကင်းမဲ့ မည့်သူ မဟုတ်ပါ။
နှင်းထန်သည် မိမိကို စိုက်ကြည့်ကာ အတွေးပွားနေသော မိုးစက်ကို နောက်မှ သိုင်းဖက်ကာ လည်ပင်းကို နမ်းလိုက်ပြီး
"ချာတိတ် ကိုယ်လေးက မွှေးလိုက်တာကွာ။ ကိုယ် ကိုက်စားချင်လာပြီ။ လာပါဦး။ မျက်နှာကို ပြုံးပြုံး လေးထားပါဦး။ လာလို့ ခုတလော မျက်နှာပုပ်နေတာလဲ ကွာ။ ကိုယ်က ကလေးမျက်နှာကို မြင်ချင် လွန်းလို့ ပြေးလာရတာ။"
မိုးစက်သည် သူ့အနမ်းကို ခေါင်းခါယမ်းကာ ငြင်းနေသဖြင့် နှင်းထန် စိတ်တိုလာသည်။
'ချာတိတ် ဘယ်လိုဖြစ်နေတာလဲ။ ခုတလော ဘာလို့ ကိုယ့်ကို ငြင်းနေတာလဲ။'
မိုးစက် သူ့ကို မကျေမနပ်ကြည့်ကာ
'ဘာဖြစ်ရမှာလဲ။ အကို့ကလေး အကြောင်းကိုမေးတာ။ အကိုက ကရုမှမစိုက်တာ ကျွန်တော် စိတ်ဆိုးတယ်။ '
သူက မျက်မှောင်တွန့်ကာ
'ကလေးအကြောင်းမေးတော့ ကိုယ် ဘာသိမှလဲ။ကိုယ်က ကိုယ်ဝန်သည်မှ မဟုတ်တာ။ မိုးပွင့်ပဲ သိမှာပေါ့။'
မိုးစက်၏ မျက်နှာ နီသွားသည်။ အကို့အဖြေက အတော်ကို ရင့်သီးကာ ရက်စက်လွန်းလှပြီ။
'အကိုက ဘာလဲ။ လုပ်ပြီးတာနဲ့ပြီးပြီပေါ့ ဟုတ်လား။ အဖေစိတ်ကိုမရှိဘူး။ ကိုယ့် ရင်သွေးဆိုပြီး နည်းနည်းလေးတောင် သံယောဇဉ် မရှိဘူးလားဗျာ။ ကျွန်တော့်တူလေးကို ဒီလို အပယ်ခံ ကလေး အဖြစ် မကြီးပြင်းစေချင်ဘူး။ '
နှင်းထန် သက်ပြင်းကို ချလိုက်မိသည်။ ဘယ်ဥကပေါက်သည်မှန်းမသိသော ကလေးကို ချာတိတ် လေးကြောင့် အဖေအမည်ခံကာ မိမိသားအဖြစ်လက်ခံခဲ့သည်ကပင် လွန်လွန်းလှပြီ။ မိမိကလေး လိုတော့ ချစ်နိုင်မည်တော့မဟုတ်ပေ။ အမှန်တိုင်းပြောလျှင် မိဘမဲ့ကလေး တစ်ဦးကို မွေးစားခဲ့လျှင် မိုးပွင့်၏ ကလေးထက်တော့ မိမိသံယောဇဉ်ဖြစ်ဦးမှာသေချာသည်။ ယခုတော့ နှင်းထန် ပုခုံးတွန့်
လိုက်သည်။ ကလေးလည်း သူ့ထိုက်နှင့်သူပင်။ ယုတ်မာသော မိန်းကလေး၏ ဝမ်းဗိုက်တွင် ဝင်စား မိမှတော့ အကြင်နာမဲ့ခံရမည်ဖြစ်သည်။
'ချာတိတ် စိတ်နည်းနည်းတော့ လျှော့ကွာ။ ဟုတ်ပြီလား။ ကိုယ်ပြောတာကို တချက်နားထောင်ဦး။ အခု ကိုယ် မိုးပွင့်ကို ပါရဂူတွေနဲ့ အပ်ပေးထားတယ်။ သူ့ကို ရွှေအပြည့်၊ ငွေအပြည့် ထားပေးတယ်။ ပြီးတော့ ကိုယ့် ဒယ်ဒီက သူ့ကို bank account တခု ဖွင့်ပေးထားတယ်။ အိမ်မှာ အိမ်ဖော် အပြည့် ထားပေးထားတယ်။ ဘာလိုသေးလဲကွာ။'
မိုးစက် မျက်ရည်ဝဲကာ
'ခင်ပွန်းရဲ့ ကရုစိုက်မှုလိုသေးတယ် အကိုရဲ့။ကိုယ်ဝန်ဆောင်နေတဲ့အချိန်က မိန်းကလေး တယောက် အတွက် သနားစရာ အကောင်းဆုံးအချိန်ပဲ။ ဟိုမုန်း အပြောင်းအလဲကြောင့် စိတ်အားငယ် တတ် တယ်။ ပြီးတော့ အကို ကျွန်တော့်ဆီလာလာနေတာ သူသိနေတော့ မိုးလေး ဘယ်လောက်တောင် ခံစားလိုက်ရမလဲ ကျွန်တော ်တွေးတောင် မတွေးးဝံ့ဘူး။ အကိုရယ ်ကျွန်တော် ရှိခိုးဆိုခိုးပါ့မယ်။ မိုးလေး ကို ကရုစိုက်ပေးပါနော်...နေုာ်လို့....'
နှင်းထန် သည် အင်မတန်ကို အ လွန်းလှသည့် ချစ်သူလေး၏ မျက်ရည်ကို ဆက်မကြည့်နိုင်တော့ သဖြင့် လှမ်းဖမ်းကာ ရင်ခွင်အောက်ဆွဲသွင်းကာ အနမ်းကြမ်းကြမ်းပေးကာ အချစ်တိုင်းပြည်ကို ထူ ထောင်ရန် ကြိုးစားလိုက်သည်။
မိုးစက်သည် ညီမလေးအတွက် စိတ်ဆင်းရဲနေသောကြောင့် စိတ်မပါသဖြင့် အတင်းရုန်းသည်။ သူက စိတ်မရှည်တော့ပဲ
'ကဲ ကိုယ်တော်လေး ကျွန်တော်မျိုးကို အိမ်ပြန်ပြီး ဗိုက်စောင့်စေချင်ရင် အသာတကြည်လိုက်လျော ပါ။ ကိုယ် သိပ်ကျေနပ်တာ မဟုတ်ဘူးနော်။ မင်းလေးရဲ့ မျက်ရည်ကို မတွေ့ချင်လို့ ပြန်မှာ။ ဒါကြောင့် ရုန်းမနေနဲ့။ မြန်မြန်ချစ်ပြီးရင် မြန်မြန်ပြန်မယ်။ ဒါပဲ။ '
'အကို ကလည်းဗျာ။ တခါတလေ ဘာမှ မပြုပဲ ပြန်သွားတော့ ဘာဖြစ်မှာလဲ။ အရမ်းနှာဗူးကျ တာပဲ။'
နှင်းထန်သည် နူတ်ခမ်းပါးလေးကို နမ်းကာ
'ကိုယ်ချစ်တဲ့သူကို နှာဗူးတာ ဘာဖြစ်လဲ။ ဗူးမှာပဲ။ တခြား အကောင်တွေကို ဗူးမနေရင် ပြီးတာပဲ မဟုတ်လား။'
မိုးစက်သည် သူ့စကားကြောင့် ရီချင်သွားသည်။
'တကယ် ဟုတ်လို့လား။ '
'ဘာလဲ မယုံတာလား။ မင်းကလွဲရင် ဘယ်သူ့ကိုမှ ကိုယ် မလွန်ကျုးခဲ့ဘူးကွ။ မင်းက ကိုယ့်ရဲ့ ပထမ ဆုံးနဲ့ အချစ်ဆုံးပဲ။'
မိုးစက် သူ့ကို လှောင်ရယ်ရယ်ကာ
'ကျားက ဥပုသ်စောင့်တယ်ဆိုတာ အကိုနဲ့မှ ကြားဖူးတော့တယ်။ အကို့ တော်ကီတွေ တော်ပါဗျာ။'
နှင်းထန် မကျေမနပ်ဖြစ်သွားသည်။ သူက မိမိကို မယုံဘူးပေ့ါ။
'မင်းက ကိုယ့်ကို အထင်သေးလှချည်လား။ တွင်းတွေ့တိုင်း အောင်းရအောင် ကိုယ်က တဏှာရူး ရုပ်ပေါက် နေလို့လား။ ကိုယ် မချစ်တဲ့သူနဲ့ ကိုယ်က sex ဖြစ်စရာလားကွ။ '
'မိုးလေးနဲ့ တော့ sex ဖြစ်ပါတယ်။ အကို မိုးလေးကို မချစ်ပေမယ့်လည်း sex ဖြစ်တာပဲ။ အခြားသူ တွေနဲ့ sex ဖြစ်ခဲ့လည်း ကိစ္စမရှိပါဘူး။ အကိုက အတင်းကြီး ငြင်းနေဖို့ မလိုပါဘူး။ ကျွန်တော် နားလည်ပါတယ်။'
နှင်းထန် မိုးစက်၏ စကားကြောင့် ခွန်းတုန့်ပြန်မည်လုပ်ပြီးမှ စိတ်ကို ထိန်းကာ စကားဆက်မပြော တော့ပဲ မိုးစက်ကို စကားမဆိုနိုင်အောင် လုပ်လိုက်သည်။
'အ... အကိုက အရမ်းပဲ ဗျာ။ ဖြည်းဖြည်းလုပ်ပါ။ လူကို နှိပ်စက်နေတဲ့ အတိုင်းပဲ။'
'ချာတိတ်က ကိုယ်နဲ့ အတူနေတာ ကြာပြီ။ ခုထိ အသားမကျသေးဘူးလားကွာ။ ကိုယ့်ကို ဟိုဟို သည်သည် စွပ်စွဲရင် ကိုယ် ကြမ်းမှာပဲ။ ချာတိတ်က ကိုယ့်ဒေါသကို လာလာ ဆွပေးတာကိုး။'
မိုးစက် သူ့ကြောင့် အိပ်ယာထက် မှောက်ကျသွားသည့်တိုင် သူက အရှိန်မလျှော့ပဲ တရကြမ်း ဆောင့် နေသဖြင့် မိုးစက် သူ့ကိုအော်လိုက်သည်။
'အကို ....အရှိန်လျှော့ပါအုံး။ အ... ဟင့်အင်း ... အကို ....'
နှင်းထန်သည် မိုးစက်ကို တရကြမ်းအပြစ်ပေးကာ နောက်ဆုံး ကျေနပ်စွာဖြင့် ခရီးဆုံးကို အတူ ရောက်သွားခဲ့သဖြင့် မိုးစက်ကို ဖက်ကာ
'ချာတိတ်လည်း ကောင်းနေရဲ့သားနဲ့ ဘာလို့ ငြင်းချင်ရတာလဲကွာ။ ကိုယ့်ကို ဖီးလ်ပျက်အောင်။'
မိုးစက် သူ့ကို တွန်းဖယ်ကာ အဝတ်များပြန်ဝတ်ပြီး
'အကို က စိတ်ဆိုးရင် ဆိုးသလို ကြမ်းတာကိုးဗျ။ ကျွန်တော်က အထဲက အောင့်လို့ပေါ့။ တခါတည်း ဗျာ။ ညင်သာမယ်မရှိဘူူး။ ထစ်ခနဲရှိ ကြမ်းဖို့ပဲ စိတ်ကူးနေတယ်။ ညီမလေးက ကိုယ်ဝန်ဆောင်ထား တာနော်။ သွား မကြမ်းနဲ့ဦး။ ကလေး တခုခု ဖြစ်နေဦးမယ်။'
နှင်းထန် ရယ်ချင်သလို၊ငိုချင်သလိုဖြစ်သွားသည်။ မိုးပွင့် နှင့် မိမိ၏ အိပ်ယာထက်မှ အခြေနေကိုပါ လိုက်ပူပန်ပေးနေသည်။ မိမိကို သဝန်မတိုပဲ ဘယ်လိုနေ၊ ဘယ်လိုထိုင် စသဖြင့် ပြောနေသော ကြောင့် စိတ်ပေါက်လာမိသည်။
'ဟ ကိုယ့် မိန်းမက ကိုယ်ဝန် ဆောင်ထားတာ ။ အတူနေစရာလား။ ကလေး တခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ မိုးလေးကို ကိုယ် ဘေးမဲ့ပေးထားလို့ ချာတိတ်ဆီက ကိုယ် နေ့တိုင်းတောင်းနေ ရတာ်ပေါ.။'
'တကယ် အကို့စိတ်ရင်းနဲ့ပြောတာလား။ ဒါမှ မဟုတ် ကျွန်တော့် ညီမကို ပစ်ထားချင်လို့ အကြောင်း ပြတာလား။'
'တကယ်ပြောတာပေါ့။ ဘာလဲ။ မိုးလေးနဲ့ အတူနေစေချင်တာလား။ ရတယ်။ကလေး တခုခု ဖြစ်သွား ရင် တာဝန် မယူဘူးနော်။ '
'အကို စကားမကပ်နဲ့ဗျာ။ ကိုယ်ဝန်ရှိချိန်ညင်သာ သိမ်မွေ့ရင် ရပါတယ်ဗျ.'
'မရဘူး ။ ကိုယ်က ခပ်ကြမ်းကြမ်းပဲ ကြိုက်တာ သိရက်သားနဲ့။ ချာတိတ်ရဲ့ တူလေး တခုခု ဖြစ်ရင် တော့ ဒုက္ခပဲကွာ။ဘယ်လိုလဲ။ ကိုယ် သူနဲ့ အတူ နေရမလား။'
မိုးစက် စူပွပွဖြင့် သူ့ကို ကြည့်ကာ
'မနေနဲ့ဗျာ။ ကလေးကို အထိခိုက်မခံနိုင်ဘူး။ ခင်ဗျားကြီးက လွယ်တာမဟုတ်ဘူး။ ကျွန်တော်တောင် သေတော့မယ်။ မိုးလေးသာဆိုရင် ဘယ်ခံနိုင်ပါ့မလဲ။ အကို မိုးလေးကို ဘာမှ မလုပ်နဲ့နော်။'
နှင်းထန် ပြုံးသွားပြီး ကတိပေးလိုက်သည်။
'စိတ်ချပါ။ ကိုယ် ချာတိတ်စကားကို နားထောင်ပ့ါ့မယ်။ ဒါပေမယ့် ချာတိတ် ကိုယ့်ကို နေ့တိုင်း ဝအောင် တော့ကျွေးရမယ်နော်။ ဒါမှ ကိုယ်ည ဗိုက်မဆာမှာ။'
'နှာဗူးကြီး။ အားအားရှိ ဒါပဲ တွေးနေတယ်။'
'တွေးရတာပေါ့။ ဘယ်လိုလဲ။ ကိုယ့်ကို ကျွေူးမှာလား'
မိုးစက် စိတ်ရှုပ်ခြင်းတဝက်၊ ရှက်ခြင်းတဝက်ဖြင့် သူ့ကို ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ သူက သဘောကျစွာရယ်မောကာ မိုးစက်၏ ခေါင်းလေးကို ပွတ်သပ်ပေးပြီး
'ကျေးဇူးပါ ချာတိတ်ရာ။ ကိုယ့်ကို ချစ်တဲ့ အတွက် ကျေးဇူးပါ။'
'ကဲ ကျေးဇူးတင်ရင် အိမ်ပြန်တော့။'
'အိုကေ။ မနက်စာ အတူစားမယ်။ စောင့်နေနော်။'
'ဟုတ်ကဲ့။ အကို မိုးလေးကိုလည်း ကရုစိုက်ပေးနော်။'
'စိတ်ချပါခင်ဗျာ။ ချာတိတ်ရဲ့ ချစ်ညီမ ချင်ခြင်းတပ်သမျှ ဝယ်ပေးပါ့မယ်။ ကျေနပ်ပြီလား။'
မိုးစက် ကျေနပ်စွာပြုံးကာ ခေါင်းညိမ့်လိုက်သည်။
မိုးပွင့်သည် ဒေါက်တာနှင်းထန်ကို သူ့ကလေးမဟုတ်သည့် ကိုယ်ဝန်ကို အမည်ခံခိုင်းသည်ကို လက်ခံသဖြင့် မိမိထင်တိုင်းမပေါက်သောအခါ နောက်တဆင့် တက်ရန်ကြံလိုက်သည်။ ဝသုန်၏ သီချင်းခွေအသစ်ထွက်သောအခါ စာနယ်ဇင်းများကို ဖိတ်ပြီး သီချင်းခွေသစ်မိတ်ဆက်ပွဲနှင့် လက်မှတ်ထိုးကာ ရောင်းချသည့်ပွဲတွင် မိုးစက် သေချာပေါက်တက်မည်ကို သိသည်။ ထိုနေ့တွင်
မိမိ နောက်ခြေလှမ်းကို လှမ်းလိုက်မည်။ နှစ်ကိုယ်တူ ဘဝလေးနှင့် သာယာနေသော ချစ်သူနှစ်ဦး၏ ဘဝထဲ မုန်တိုင်းလေး တစ်ခု ထည့်ပေးလိုက်ဦးမည်ဟု တွေးကာ မိုးပွင့် ကျေနပ်စွာပြုံးကာ ကော့တေး တစ်ခွက်ကို မော့ချလိုက်သည်။
၂ ခွက်တည်းနှင့် မိမိ မူးချင်နေပြီ။ ကိုယ်ဝန်ဆောင်ကတည်း မိမိ အားနည်းသလို ခံစားနေရသည်။ သူတို့ ကို လက်တုန့်ပြန်ချင်လို့သာ ကိုယ်ဝန်ဆောင်လိုက်သည်။ကလေးကြောင့် မိုးပွင့် ကျန်းမာရေး သိပ်မကောင်းချင်ပေ။ ညတိုင်းအိပ်မပျော်သဖြင့် ဆေးသောက်ကာ အိပ်နေရသည်။ နှလုံးခုန်မြန်ကာ မောမောနေသည်။ မိုးပွင့် တခါတလေ အိပ်မက်ဆိုးမက်ပြီး နိုုးလာတိုင်း ချစ်သူ့ရင်ခွင်ကို တမ်းတကာ တခါမှ မိမိကို ကြင်ကြင်နာနာ ထွေးပွေ့ခြင်းမရှိသော သူ့ရင်ခွင်ကို တောင့်တကာ ငိုရှိုက်မိသည်။ ပြီးတော့ သူ့ရင်ခွင်ကို အပိုင်စီးထားသော မိုးစက်ကို ကျိန်ဆဲမိသည်။
"မေမေ့ဗိုက်ထဲမှာကတည်းက နင်သေခဲ့ရမှာ မိုးစက်။ နင်က နတ်ဆိုးပဲ။ ငါ့အတွက် ကျိန်စာတစ်ခုပဲ။ နင်မရှိရင် ကိုကို့အချစ်ကို ငါရမှာ ။ အခုတော့ နင့်ကြောင့်.......ငါ ဒီလို အထီးကျန်နေရတယ်။ ဒါတွေ အားလုံး နင့်ကြောင့်။"
မိမိညီမအရင်းဖြစ်သူ မိုးပွင့်က မိမိအပေါ် ဘယ်လောက်မုန်းတီးနေသည်ကို မိုးစက် လုံးဝမသိခဲ့ပေ။
မိုးစက်ကတော့ မိုးပွင့်လေး ကိုယ်ဝန်ဆောင်သောကြောင့် နှလုံးရောဂါပိုဆိုးမည်ကို စိုးရိမ်နေသည်။
ဝသုန် ၏ သီချင်းခွေအသစ် လက်မှတ်ထိုးရောင်းသည့်ပွဲကို မိမိအား ကူရန်ပြောထားသောကြောင့် မိုးစက် သူ့ကို ခွင့်တောင်းကာ သွားရန်ပြင်ဆင်နေသည်။ သူက ကျော့မော့စွာ ပြင်ဆင်နေသော မိုးစက်ကို ကြည့်ကာ မျက်မှောင်ကြုတ်ကာ
"ချာတိတ် အရမ်းပြင်ထားပါလား။ ကောင်မလေးတွေက အဆိုတော်နဲ့မှားပြီး မိတ်ဆက်ရင် ဖုန်းနံပါတ် မပေးရဘူးနော်။ ကောင်လေးတွေလည်း သိပ်မရောနဲ့။"
"ကောင်မလေးတွေက ထားပါတော့။ ကောင်လေးတွေက ဘာဖြစ်လို့လဲဗျ။ အပေါင်းသင်းများတော့ အကူညီလိုတဲ့အခါ ရတာပေါ့။"
နှင်းထန် မျက်နှာထားတင်းကာ
"ကိုယ်တယောက်လုံးရှိနေတာ ဘယ်အကောင်ဆီကမှ အကူညီတောင်းစရာမလိုဘူး."
"သူတို့က ကျွန်တော့ကို အတင်းခင်လို့ ပြန်မခင်ရင် ရိုင်းရာ ကျနေမှပေါ့ဗျာ။ အကိုကလည်း ယောကျ်ားလေးခြင်းတောင် သဝန်လိုက်မတိုနဲ့လေ."
"တိုရတယ်ဟေ့.. တိုရတယ်။အခုခေတ်က လွယ်တာ မဟုတ်ဘူး။ ခင်ဗျားလေးကို ကျုပ်လက်ကနေ ခိုးပြေးတဲ့သူ ပေါ်လာမှာစိုးလို့ ရှင်းပြီလား။"
မိုးစက် ရှက်သွားသည်။
"အကိုကလည်းဗျာ။ ကျွန်တော်က အကို့ကို သစ္စုာဖောက်ပါ့မလားဗျ။ ကျွန်တော့်ကို လူတိုင်းကို လိုက်ကြိုက်တဲ့သူကျနေတာပဲ။ ပြောပုံက...."
နှင်းထန်သည် မိုးစက်၏ ပါးလေးကို နမ်းကာ
"ဆောရီး ကိုယ်က အစိုးရိမ်ကြီးသွားလို့ပါ။ ချာတိတ်ကို စော်ကားတဲ့သဘော မဟုတ်ပါဘူး။ "
မိုးစက်စိတ်ပြေသွားသည်။ သူ့ပါးကိုပြန်နမ်းကာ နူတ်ဆက်လိုက်သည်။
"ဒါဆို သွားပြီနော် အကို။ အကိုလည်း အိမ်တန်းပြန်နော်။ ညီမလေးကိုလည်းကရုစိုက်ပေးပါနော်။"
"အိုကေ..."
မိုးစက် တစ်ယောက်တည်း ဝသုန်၏ လက်မှတ်ထိုးပွဲရှိရာသို့ လာခဲ့သည်။ ဝသုန်က မိုးစက်ကို ဝမ်းသာစွာ ဆီးကြိုလိုက်သည်။
လူငယ်များစွာ စောင့်ကြိုနေသော အဝင်ဝကို ဖြတ်ကာ ဝသုန်နှင့် အတွင်းသို့ဝင်ခဲ့သည်။ ကောင်မလေးများက စတိုင်လန်းကာ ရုပ်ဖြောင့်လှသော မိုးစက်နှင့် ဝသုန်ကို ဖုန်းဖြင့် ဓါတ်ပုံများ ရိုက်ယူကြသည်။
"မိုးစက်.."
"ကိုရန်နိုင်... အကို လည်းဒီကို လာတာလားဗျ။"
မိုးးစက် ကိုရန်နိင်ကို တွေ့သော ်အံ့သြစွာ နူတ်ဆက်လိုက်သည်။
----------------------------
မိုးစက်ကို ကိုရန်နိုင်က ရွှမ်းရွှမ်းစားစားကြည့်ကာ ရင်းနှီးစွာ နူတ်ဆက်ရင်း ဖြေသည်။
"ကိုယ့်သူငယ်ချင်းက ဖိတ်လို့ပါ။ ညီ အဆင်ပြေရဲ့လား။ "
မိုးစက်သည် ကိုရန်နိုင်ကို မျက်နှာပူစွာနူတ်ဆက်လိုက်သည်။ မိမိ အမေရိကားသွားရန် သူအားလုံးကို ကူညီ ပေးခဲ့သော်လည်း မိမိက အစီစဉ်ဖျက်ကာ အကိုနှင်းထန်ဘေးတွင် နေခဲ့သည်။ သူ့ကို ခါးခါး သီးသီး ငြင်းခဲ့ပြီးမှ အခြားလူကို ချစ်ခဲ့သည်ဆိုတော့ သူ့မျက်နှာကို ရဲရဲမကြည့်ဝံ့အောင်ဖြစ်မိသည်။
"ဟုတ်ကဲ့အကို။ အကို့မိန်းမလည်း နေကောင်းရဲ့လား အကို။ သမီးလေးလည်း ကြီးပြီထင်တယ်။"
"အင်း ။ သမီးလေးက လမ်းလျှောက်တတ်နေပြီနေ။ စကားအရမ်းတတ်တယ်။ နောက်မှ သမီးလေးကို ခေါ်ပြီး ညီနဲ့တွေ့ပေးဦးမယ်။ အခု သမီးက သူ့အမေနဲ့နေတာလေ။ "
ဝသုန် သည် မန်နေဂျာနှင့်စကားပြောပြီး မိုးစက်ကို လှမ်းကြည့်လိုက်စဉ် ကိုရန်နိုင်ကို တွေ့သဖြင့် အံ့သြသွားသည်။ မန်နေဂျာက ဝသုန်ကြည့်သည့်ဘက်ကို လိုက်ကြည့်ရင်း ကိုရန်နိင်ကိုတွေ့သော် အပြေးလေးသွားနူတ်ဆက်လိုက်သည်။
"အကိုရောက်ပြီလား ခင်ဗျ။ သူဌေးက အကိုလာရင် သူ့ဆီခေါ်လာဖို့မှာထားပါတယ်။ ကျွန်တော့် နောက်ကိုလိုက်ခဲ့ပါ ခင်ဗျာ။ "
ကိုရန်နိင်က မိုးစက်ကို ပြုံးပြီးနူတ်ဆက်ကာ မန်နေဂျာနောက်သို့လိုက်သွားသည်။ မိုးစက် သူ ထွက်သွားသည့်ဘက်ကို ငေးကြည့်နေစဉ် အနောက်နားမှ လူတစ်ယောက်ကပ်လာပြီး ကိုယ်ကိုကိုင်း ကာ တိုးတိုးပြောလိုက်သည်။
"မျက်လုံးကြီး ကျွတ်ပါသွားအုံးမယ် ချာတိတ်။ ကြည့်လည်း ငေးဦး။"
သူ့အသံကြောင့် မိုးစက် မကျေမနပ်ဖြင့် လှည့်ကြည့်ကာ
"အကို ဘာလာလုပ်တာလဲ။ ဒီနေ့ မိုးလေး ဆေးခန်းပြရမှာ မဟုတ်လား။ "
"ကိုယ်ဖုန်းဆက်လိုက်တော့ ဒေါ်ပိုနဲ့သွားပြီဆိုလို့ ကိုယ်လာခဲ့တာ။"
"ဟုတ်လို့လား။ ကျွန်တော့်ကို စိတ်မချလို့ အကို လိုက်ချောင်းတာ မဟုတ်လား။"
နှင်းထန် ပြုံးပြုံးကြီးလုပ်ကာ
"ဟုတ်ပါ့ဗျား။ တခါတည်းတန်းမိတာပဲ။ အဆက်ဟောင်းနဲ့ ကြူနေပြီး ပြုံးနေလိုက်တာ။ ကိုယ့်ကို တောင် မမြင်ဘူး။ ဒါနဲ့စကားမစပ် သူက ချာတိတ်ကို လုံး၀ လက်မလျှော့သေးဘူးနော်။ ကိုယ်
သူ့ကို သတိထားမှဖြစ်မယ်။ သူ့မျက်လုံးထဲမှာ ချာတိတ်ကို အရယူမယ့် အရိပ်တွေတွေ့နေတယ်။"
"အကိုတော်တော့ဗျာ။ သူများက မိန်းမနဲ့ ကလေးနဲ့။ တကယ်လို့ သူ ကျွန်တော့်ကို ကြိုက်နေသေး ရင်လည်း ကျွန်တော်သူ့ကို လုံးဝလက်မခံပါဘူး။ သူများအိမ်ထောင်ကို ဖျက်ဆီးတဲ့ အလုပ်သေ တောင်မလုပ်ဘူး။ "
မိုးစက် စိတ်လက်မာန်ပါပြောပြီးမှ မိုးလေး၏ အိမ်ထောင်ရေးကို ဖျက်ဆီးမိသလိုုဖြစ်နေသော မိမိ အခြေနေကို သတိရသွားကာ မျက်နှာညှိုးသွားသည်။
နှင်းထန်သည် မိုးစက်၏ မျက်နှာအမူအယာကိုတွေ့သော် သူ့စိတ်ထဲ ဘာတွေးမိသည်ကို သိလိုက် ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
"ချာတိတ် ... ဝသုန့်နားသွားချင်သွားလေ။ ကိုယ် သူငယ်ချင်းကို သွားနူတ်ဆက်လိုက်ဦးမယ်။"
မိုးစက် သူ့ကို စိုက်ကြည့်ကာ
"အကိုက company ပိုင်ရှင်ဖိတ်လို့ လာတာပေါ့ ဟုတ်လား။"
"ဟုတ်ပါ့ဗျား"
"ဒါနဲ့များ ကျွန်တော့်ကို တချက်မပြောဘူး။ အတူတူလာမှာပေါ့။"
သူက ပြုံးကာ ခေါင်းပွတ်ပေးပြီး ဘာမှ မပြောပဲ လာကြိုသော မန်နေဂျာနှင့် အတူထွက်သွားလိုက် သည်။ မိုးစက်သည် ကိုရန်နိုင်နှင့် သူတွေ့ရင် ဘာတွေများပြောကြမလဲဟုတွေးကာ ရင်ခုန်သွား သည်။ မိမိ သူနှင့် အတူနေတာ ကိုရန်နိုင် မသိလောက်ပါဘူးဟု တွေးကာ သက်ပြင်းချလိုက်မိသည်။
ယောကျ်ားခြင်းချစ်ရသည့် ဘဝသည် ခိုးကြောင်ခိုးဝှက်နှင့်သိမ်ငယ်ရပုံကို တွေးကာ မိုးစက် သက်ပြင်း ရှိုက်မိသည်။ မိမိတို့ချစ်သည့် အချစ်သည် ယောကျ်ားနှင့် မိန်းမ နှစ်ဦး ချစ်သည့် အချစ်ထက် နည်းနည်း မှ မလျော့သော်လည်း လူ့ဘောင်အသိုင်းအဝိုင်းကြား တရားဝင်ဖွင့်ချမရသည့် အချစ်က ဝမ်းနည်းဖို့ကောင်းပါသည်။ မဖြစ်နိုင်သည့် လမ်းကို မိမိမလျှောက်ချင်သော်လည်း ခေါင်းမာလွန်း သည့်သူ့ကြောင့် မိမိလည်း ထိုလမ်းကို လျှောက်နေမိပြီ။ အဆုံးသတ် ဘာဖြစ်မည်ကို မိမိလည်း မတွေးတတ်တော့ပေ။
ဝသုန်သည် မိုးစက်ကို ဆီးကြိုကာ မေးလိုက်သည်။
"မိုးစက် မင်းဘိုးတော် ဘယ်လိုရောက်နေတာလဲ။ ကိုရန်နိုင်လည်း ရောက်နေတာ ကွိုင်တက်ကုန် မယ်နော်။"
"ငါလည်း မသိတော့ဘူးကွာ။ စိတ်ရှုပ်လာပြီ။ ဖြစ်ချင်တာ ဖြစ်ကြတော့ကွာ။ ခေါင်းစားမခံနိုင်တော့ ဘူး။ အကိုလာမယ်မှန်းသိရင် ငါမလာပါဘူး။ အခုတော့ ကိုရန်နိုင်နဲ့လည်းတိုးပြီ။ အကို ဘာမှ မ
ပြောပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ။ ကိုရန်နိုင်သိသွားရင် သွားပါပြီကွာ။ မျက်နှာပူ လိုက်တာ။"
ဝသုန်က မိုးစက်၏ ပုခုံးကို ဖက်ကာ နှစ်သိမ့်လိုက်သည်။
"သိပ်လည်း စိတ်မပူပါနဲ့။ သူတို့က လုပ်ငန်းရှင်တွေပဲ။ သူတို့က ငါတို့ထက်ကို သိက္ခ္ခာကျမှာ ကြောက်သေးတယ်။ "
"အင်း ဒီလိုဖြစ်ပါစေလို့ဆုတောင်းရမှာပဲ။"
"ဒါနဲ့ ကိုရန်နိုင်က သူ့မိန်းမနဲ့ ကွာရှင်းလိုက်ပြီလို့ ကြားတယ်။ ဘာဖြစ်လို့လဲမသိဘူး။"
"ဟုတ်လား။ ငါ့ကို ဘာမှ မပြောဘူးကွ။ သူ့သမီးလေးအကြောင်းပဲ ပြောသွားတာ။"
ဝသုန်က ပုခုံးတွန့်လိုက်မိသည်။
"အကိုနှင်းထန် သိရင် သဝန်တိုနေတော့မှာပဲ။"
"အင်း အသေအချာပဲ။ ငါတော့ အိမ်ရောက်ရင် အရစ်ခံရတော့မယ်။"
ဝသုန်သည် သူငယ်ချင်း၏ ပုခုံးကို ဖက်ကာ နားနားကပ်ပြီး ပြုံးဖြီးဖြီးဖြင့်မေးလိုက်သည်။
"သူငယ်ချင်း မိုးစက်။ စိတ်တော့မဆိုးနဲ့ကွာ .. ငါ အရမ်းသိချင်လို့ တစ်ခုတော့ မေးပါရစေ။ "
မိုးစက် သူ့ကို မျက်လုံးစွေကြည့်ပြီး
"မင်း ပေါက်ကရတော့ မမေးနဲ့နော်။ "
ဝသုန်တချက်ရယ်လိုက်ပြီး
"မင်းတို့ နေ့တိုင်း ဟိုဟာပြုကြသလား။"
မိုးစက်၏ မျက်နှာ ရဲခနဲဖြစ်သွားပြီး ဝသုန့်ကို တွေတွေကြီးကြည့်ကာ
"မင်း ငါ့ကို ဘာသဘောနဲ့ မေးတာလဲ ဝသုန်။ ငါ့ သူနဲ့ အိပ်တာကို အထင်သေးလို့လား။"
ဝသုန်က မိုးစက် အရမ်းရှက်သွားပြီး စိတ်မကောင်းဖြစ်သွားသည်ကို တွေ့သော် မျက်နှာတည်သွားပြီး
"မိုးစက်ရာ မင်းနဲ့ငါက ညီအစ်ကိုတွေပါ။ ငါ ဒီလိုစိတ်မရှိတာ မင်းအသိဆုံးပါ။ မင်း မဖြေချင်လည်း မဖြေပါနဲ့။ ငါ့ကိုတော့အထင်မလွဲပါနဲ့ကွာ။ ငါ ဒီလိုပဲသိချင်လို့မေးလိုက်တာပါ။ ဆောရီး။ ငါ့မေးခွန်း ကို မေ့လိုက်တေ့ာ။ဟုတ်ပြီလား။ "
မိုးစက် သက်ပြင်းရှိုက်ကာ တီးတိုးဖြေလိုက်သည်။ မျက်နှာကတော့ ရှက်သွေးဖြင့်နီနေသည်။ မျက်လုံးက ဝသုန့်ကို မကြည့်ဝံ့ပေ။
"အင်း။ သူနဲ့ငါ နေ့တိုင်းချစ်ကြတယ်။ "
ဝသုန် ရယ်လည်းရယ်ချင်သည်။ သူငယ်ချင်းကိုလည်းသနားသည်။ သူ့နေရာတွင် မိမိသာဆိုလျှင် တွေးမိရုံနှင့် ကြက်သီးထမိပါသည်။ ယောက်ျားခြင်း ဟိုဟာပြုခံရတာတော့ တွေးပင်မတွေးဝံ့ပေ။
"မင်း သူ့ကို စိတ်ဆိုးလား။"
"အစကတော့ စိတ်ဆိုးတာပေါ့ကွာ။ ခုတော့ သူ့အချစ်ကိုသိတော့ စိတ်မဆိုးရက်တော့ပါဘူး။ သူ ငါ့ကို တကယ်ချစ်တယ်ဆိုတော့ သူလိုချင်တာကို ငါမငြင်းရက်ဘူးဖြစ်သွားတာ။ "
"အင်း ... အရင်ဘဝက ဆုတောင်းမှားခဲ့တယ်လို့ပဲ သဘောထားရတော့မှာပဲကွာ။ ကဲပါကွာ။ လာ...ငါ့နားမှာ လာကူပေးပါဦး။ လက်မှတ်ထိုးပွဲစတော့မယ်။"
မိုးစက်သည် ဝသုန့်ဘေးတွင် လိုအပ်သည်ကိုကူညီလုပ်ဆောင်ပေးရင်း ကိုရန်နိုင်နှင့် အကိုနှင်းထန် နှစ်ယောက်တို့အကြောင်းကို မေ့သွားသည်။ ကောင်မလေး အလန်းဇယား တစ်အုပ်စုက ဝသုန် နှင့် အတူ မိုးစက်ကိုပါ ဓါတ်ပုံ အတူတွဲရိုက်ခွင့် တောင်းသောကြောင့်ဖြစ်သည်။
ခပ်ကဲကဲ တချို့က မိုးစက်နှင့် ဝသုန့်ကြား ဝင်ရပ်ကာ နှစ်ယောက်လုံးကို လက်ချိတ်ပြီး ဓါတ်ပုံရိုက် သဖြင့်မိုးစက်မှာ ရယ်လည်းရယ်ချင်သည်။ သူငယ်ချင်းမျက်နှာဖြင့် မိမိက မော်ဒယ်လိုလို၊ အဆိုတော် လိုလိုဖြင့် ဓါတ်ပုံတွဲရိုက်ခံနေရသည် မဟုတ်လား။
"အကို ညီမတို့လည်း အတူ ဓါတ်ပုံရိုက်ဦးမယ်။"
"အကို ညီမတို့ အရင်ပြောထားတာနော်။"
"အကို ညီမတို့ကို ဖုန်းနံပါတ်လေး ပေးပါဦး။"
"အကို က အရမ်းချောတာပဲနော်။ အကို့သီချင်းခွေက ဘယ်တော့ထွက်မှာလဲဟင်။"
"ကိုကို ညီမလေးတို့ကို လက်မှတ်ထိုးပေးပါဦး။"
ကောင်မလေးများ၏ စကားသံ ကြွပ်ကြွပ်ညံနေသဖြင့် မိုးစက်မှာ မူးပင်မူးလာသည်။ ရေမွှေးနံ့ ပေါင်းစုံက မူးသေဖို့လုံလောက်နေလေပြီ။ ဝသုန်ကို လှမ်းကြည့်မိတော့ ကိုယ်တော်က အပြုံးမပျက် အားလုံးကို လက်မှတ်ထိုးပေးလိုက်၊ ဓါတ်ပုံတွဲရိုက်လိုက်နှင့် အဆင်ပြေနေသည်။
"ကိုကို ဒါ ညလေးရဲ့ ဖုန်းနံပါတ်။ ဖုန်းဆက်လိုက်နော်။ ညလေးက ကိုကို့ကို မြင်မြင်ချင်း စိတ်ဝင်စား သွားပြီ သိလား။"
"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ခင်ဗျ။"
မိုးစက် သူမလေးကို အားနာစွာ အလိုက်သင့်ပြောကာ ကမ်းပေးသော လိပ်စာကဒ်ကို လှမ်းယူစဉ် အနောက်မှ ပုခုံးကိုသိုင်းဖက်ပြီး ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။
"ညီမလေး Execuseနော်။ သည်းလေးက ဒီရောက်နေတာကိုး။ ကိုကို လိုက်ရှာနေတာ ကြာပြီ။ လာ။"
မိုးစက်သူ့အပြောကြောင့် မျက်လုံးပြူးသွားသည်။ မိုးစက်ကို လာကြူနေသော ကောင်မလေးက မျက်နှာပျက်သွားပြီး မိုးစက်ကို အထင်သေးဟန်ဖြင့်ကြည့်ကာ ဝသုန့်ဘက်သို့ ခြေစောင့်ကာ ထွက်သွားတော့သည်။ မိုးစက် ရှက်ရှက်နှင့် သူဆွဲခေါ်ရာသို့ပါလာခဲ့သည်။
"အကို မကောင်းဘူးဗျာ။ ကောင်မလေးက ကျွန်တော့်ကို ဂေးလို့ထင်သွားပြီ။"
"ဘာလဲ။ချာတိတ်က ကိုယ်ဆွဲခေါ်လာလို့ ရှက်တာလား။ကိုယ်မှာ ထားလျက်နဲ့ကွာ။ အဲ့ကောင်မလေး တွေကအလကားပါ။ယောက်ျားတကာနဲ့ကစားနေတဲ့ ငရှုပ်မလေးတွေ။ ချာတိတ်ကိုဝါးစားနိုင်လောက် အောင်ကို ပညာရင့်တယ်နော်။ သူတို့လက်က ကယ်ရသေးတယ်။ ချာတိတ်က ကိုယ့်ကို စိတ်ဆိုးတာလား။ ချာတိတ်က သူတို့ကို စိတ်ဝင်စားလို့လား။"
သူက ပြောရင်းလေသံမာလာသဖြင့် မိုးစက်သူ့ကို စိတ်ညစ်သလိုကြည့်ကာ
"အကို မရစ်နဲ့ဗျာ။ကျွန်တေ်ာ့ကို လူကြားထဲ သည်းလေးခေါ်သေးတယ်။ ပြီးတော့ အကိုကပဲ စိတ်ဆိုး နေသေးတယ်.။တော်ပြီ လွှတ်တော့။ အိမ်ပြန်တော့မယ်."
"ကိုယ်မေးတာဖြေ။ ချာတိတ် ကောင်မလေးတွေကို စိတ်ဝင်စားနေတာလား။"
မိုးစက်သည် သဝန်တိုကာဇွတ်မေးနေသော သူ့ကို စိတ်တိုလာသဖြင့် အရွဲ့တိုက်ကာဖြေလိုက်သည်။
"ဟုတ်တယ်ဗျာ။ ကျွန်တော် ကောင်မလေးတွေကို ကြိုက်တယ်။ သူတို့နဲ့ဇာတ်လမ်းလုပ်မလို့ အကို
ဘာလို့လာရှုပ်တာလဲ။ အခုတော့ သူတို့ ကျွန်တေ်ာ့ကို အထင်လွဲသွားပြီ။ "
နှင်းထန်၏ နားထဲ မိုးစက်၏ အဖြေများက သံရည်ပူများပမာ ပူလောင်စွာ စီးဆင်းသွားသည်။
"မင်း ပြန်ပြောစမ်း။ "
သူ မေးကျောများထောင်ထလာသည်အထိ အံကြိတ်ကာ မေးလိုက်သဖြင့် မိုးစက် စိတ်ညစ်သွား သည်။
"အကိုကလည်းဗျာ။ ကျွန်တော် လျှောက်ပြောတာကို မသိဘူးလား။ အကို တယောက်လုံးရှိတာ ကျွန်တော် ဘယ်သူ့ကို စိတ်ဝင်စားရအုံးမှာလဲ။ ပြန်ကြစို့ဗျာ။"
နှင်းထန်သည် မိုးစက်၏ စကားကြောင့် ဒေါသများ ချက်ချင်းပြေသွားပြီး
"တကယ်ပြောတာ ဟုတ်ရဲ့လားကွာ။ လူကြားထဲ အရှက်ကွဲမှာစိုးလို့ ကိုယ့်ကို ချွေးသိပ်တာလား။"
မိုးစက် သူ့ကို စိတ်တိုလာသည်။ သူက တမင်ကို လာရစ်နေမှန်းသိသာသည်။
"တော်ပြီဗျာ။ ဒီနေ့ အကို ဘာဖြစ်နေတာလဲ။ ပြန်ရအောင်။"
နှင်းထန်သည် မိုးစက်၏ ပုခုံးလေးကို သိုင်းဖက်ကာ ပါးကို ဖြတ်ခနဲနမ်းပြီး
"ဘာဖြစ်သလဲ ဆိုတော့ ရှင်းရှင်းပြောရရင် သဝန်တိုတာပေါ့။ မင်းရဲ့ အဆက်ဟောင်းကြီး နဲ့ ဒီမှာ ဆုံတာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူး။ တမင်ကြံစည်ထားသလိုပဲ။"
မိုးစက်သူ့လက်မှ ဇွတ်ရုန်းကာ မျက်နှာနီနီဖြင့်
"အကို ဘယ်လိုဖြစ်တာလဲ။ လူတွေမြင်ရင် ဒုက္ခ္ခရောက်သွားလိမ့်မယ်။ "
"ဘယ်သူမြင်မှ ကြောက်တာလဲ။ ကိုရန်နိုင်မြင်မှာ ကြောက်တာလား။ မင်းက ကိုယ့်ချစ်သူ ဆိုတာ သူသိအောင် တခါတည်းကြေငြာမှ ထင်တယ်။ လာ သွားမယ်။"
သူကမိုးစက်၏လက်ကိုဆွဲကာ တကယ်သွားဟန်ပြင်နေသဖြင့် မိုးစက်သူ့လက်ကို အတင်းပြန်ဆွဲကာ
"အကိုရာ ကလေးလဲ မဟုတ်ပဲနဲ့ မဆိုးပါနဲ့ဗျာ။ ကျွန်တော် တောင်းပန်ပါတယ်။ ပြန်ကြစို့နော်။"
"သိပ်ကို ကြည်နူးနေတာပေါ့နော်။ လူမြင်ကွင်းမှာတောင် လက်ဆွဲ ဘာဆွဲနဲ့။ မိုးစက် နင့်အတွက် ယောက်ျားရှားသလား။ ငါ့ယောက်ျားကို နင် ဒီလောက်တောင် ဆွဲဆောင်ထားစရာလား။"
YOU ARE READING
Romanceအချစ်စစ်၏တည်နေရာ- Season (1) Author _ May King Genre _ Romance , Boy Love, Family, Couple Both Zawgyi + Unicode font (Zawgyi font chapter အောက်မှာ Unicode font နဲ့ Chapter ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။) ေပးဆပ္အနစ္နာခံတတ္တာ အခ်စ္စစ္လား။...