ယူဂျင်းတစ်ယောက်ကိုယ့်နားတောင်ကိုယ်မယုံနိုင်...။ငါဘာတွေကြားလိုက်တာလဲ။အမိန့်ရှင်လိုလူကြီးလူကောင်းတစ်ယောက်ကငါ့ကိုလက်ထပ်ချင်တယ်တဲ့လား။
"ဒါ.ဒါပေမဲ့ကျွန်တော်ကယောင်္ကျားလေးလေ။"
ယူဂျင်းစကားကြောင့်အမိန့်ရှင်ကလေးနက်စွာပြုံးပြီး
"အဲ့ဒါကပြသနာလား"
"ဗျာ..."
မျက်လုံးတောက်တောက်ဝိုင်းဝိုင်းလေးတွေနဲ့ကြောင်ပြီးကြည့်နေတဲ့ယူဂျင်းကြောင့်အမိန့်ရှင်ရယ်ချင်လာသည်။သို့သော်ရုပ်တည်နှင့်ခပ်ချေချေသာကြည့်နေမိသည်။
"နောက်.နောက်နေတာလား။"
"စဉ်းစားပေါ့ကွာ၊ကိုယ့်ကိုလက်ထပ်ပြီးအရင်ထက်ပိုကောင်းတဲ့ဘဝနဲ့နေမလား။"
"ဒါမှမဟုတ်လမ်းမပေါ်မှာပဲအေးခဲပြီးသေသွားချင်လား။"
ထိုစကားကြောင့်ယူဂျင်းခေါင်းလေးငုံ့သွားသည်။အမိန့်ရှင်ကထရပ်ကာနက်ကတိုင်ကိုသေချာလေးပြန်ပြင်ရင်း
"ဒါဆိုသွားလိုက်ဦးမယ်။"
စမတ်ကျကျလေးထွက်သွားသောအမိန့်ရှင်ရဲ့နောက်ကျောကိုကြည့်ရင်းယူဂျင်းမှင်တက်နေမိသည်။
ပုံမှန်ထက်ပိုမြန်နေတဲ့ရင်ခုန်သံတွေ။ငါဘာဖြစ်နေတာလဲ။ဘာလို့မျက်လုံးထဲမှာအမိန့်ရှင်ကခန့်ညားလွန်းနေရတာလဲ။
မြင့်မားတဲ့အရပ်မျက်လုံးစူးရှရှတွေ၊မိန်းကလေးတွေဝိုင်းဝိုင်းလည်နေမည့်သူမျိုးမဟုတ်လား။ဒါပေမဲ့ဘာလို့
ငါ့လိုဘာပိုင်ဆိုင်မှုမှမရှိတော့တဲ့လူကိုဘာလို့လဲ။*******
"မစ္စတာရောဘတ်.ခင်ဗျားကဒီမှာအေးအေးဆေးဆေးအနားယူနေတာပဲ။"
ခပ်ရွဲ့ရွဲ့လေသံကြောင့်ရောဘတ်လှည့်ကြည့်လိုက်မိသည်။
"ဟင်.ဝီလျံ မင်းကဒီကိုဘယ်လိုရောက်လာတာလဲ။"
"ရှာလိုက်ရတာဗျာ။ကျုပ်အကြွေးတွေကိုလိမ်ပြေးပြီထင်နေတာ။"
"အာ..ဖြစ်.ဖြစ်စရာလား။ကျုပ်ပြန်ဆပ်မှာပါဗျ။"
"ဘယ်လိုဆပ်မှာလဲ။အိမ်ကလည်းအမိန့်ရှင်ဆီမှာဆုံးပြီဆို...။"
ရောဘတ်ဖြေရှင်းရကျပ်သွားသည်။ဝီလျံဆိုသူကရောဘတ်ရဲ့ကော်လံစကိုဆောင့်ဆွဲပြီး
"ဆပ်စရာမရှိတော့ရင်လည်းခင်ဗျားကလီစာတွေကျုပ်ဆီရောင်းလိုက်ပေါ့။ဟား..ဟား...ဟား.."
ထိုချိန်ရုတ်တရက်ယူဂျင်းကရောက်လာသည်။
"ဟင်..ဖေဖေ။"
မြင်ကွင်းကြောင့်လန့်သွားပြီးရောဘတ်ရဲ့ကော်လံစကိုဆွဲထားတဲ့ဝီလျံရဲ့လက်တွေကိုဆွဲဖြုတ်သည်။
"ခင်ဗျားဖယ်စမ်း...။"
"ဘာလဲဒီကောင်က...။"
ဝီလျံကဒေါသထွက်သွားပြီးယူဂျင်းကိုဆောင့်တွန်းလိုက်တော့...
' ဝုန်း..'ခနဲလဲကျသွားပြီးနှုတ်ခမ်းပါပေါက်သွားသည်။
"သား..."
"ဩော်..ခင်ဗျားရဲ့သားလား။"
ဝီလျံကယူဂျင်းရဲ့ပါးနှစ်ဖက်ကိုလက်နဲ့တင်းကြပ်ဆုပ်ကိုင်ပြီး...
"ချစ်စရာလေးပဲ။ကျုပ်ကိုရောင်းလိုက်မလား။"
ဝီလျံရဲ့လက်ကြောင့်ယူဂျင်းပါးတွေအတော်နာလာသလိုဒေါသလည်းထွက်လာသည်။
ရောင်းရအောင်ငါကအရုပ်လား။
"သူ.သူနဲ့ဘာမှမဆိုင်ပါဘူး။ငါနဲ့ပဲရှင်း။"
"ဘာလို့လဲ။ချစ်စရာလေးပါ။တစ်ရက်လောက်သုံးပြီးရောင်းစားလိုက်လည်းမဆိုးပါဘူး။"
ပြောပြောဆိုဆိုနှင့်ထရပ်ပြီး
"သဘောတူရင်ဖုန်းဆက်လိုက်အကြွေးတွေကိုလျော့ပေးပါ့မယ်။"
ထို့နောက်ဝီလျံထွက်သွားတော့သည်။ကျန်နေခဲ့တဲ့ယူဂျင်းကတော့ပါးလေးနှစ်ဘက်ရဲရဲနီလျက်...။
"သား..ဖေဖေလေ.."
ယူဂျင်းကဂရုမစိုက်ဘဲချက်ချင်းထွက်သွားတော့သည်။*******
အမိန့်ရှင်..ယူဂျင်းရဲ့လူနာခန်းကိုရောက်လာတော့သူကအိပ်နေပြီ။အိပ်မောကျနေတဲ့မျက်နှာလေးကိုကြည့်ရင်းပြုံးလိုက်မိသည်။
"ဟင်.."
နှုတ်ခမ်းကဒဏ်ရာကိုမြင်ပြီးအမိန့်ရှင်ဒေါသထွက်သွားသည်။ချက်ချင်းဂျွန်ကိုလှည့်ကြည့်ပြီး...
"ဒါကဘာဖြစ်ထားတာလဲ။"
"အကြွေးရှင်တွေလာသောင်းကျန်းသွားတဲ့ပုံပါပဲ။"
"တောက်...ရာရာစစ။အဲ့ဒီ့ကောင်ကိုငါအရှင်လိုချင်တယ်.ဂျွန်။"
" ဟုတ်ကဲ့ဆရာ "********
ဟုတ်ကဲ့အပိုင်း၅တောင်ရောက်လပြီနော်။အားနည်းချက်များလွန်းတဲ့သာသာကိုနားလည်ပေးပါနော်🙏🙏first storyဆိုတော့reader လည်းအများကြီးမမျော်လင့်ပါဘူးနော်။ချစ်ပါတယ်😍😍😍
KAMU SEDANG MEMBACA
The Lord
RomansaUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း