"ခွေးကောင်လေး ထပ်ပြေးရင်ငါတကယ်ပစ်သတ်မှာ" "အင့်..အား။" တစ်ကိုယ်လုံးမထနိုင်လောက်အောင်ကိုက်ခဲနေပြီးကိုယ်တွေကလည်းအရမ်းပူနေပြီ။ဗိုက်ထဲကကလေးလေးကြောင့် ငိုလိုက်ရတာလည်းမျက်လုံးတွေဖောင်းရဲနေပြီ။
" ကလေးလေး နေရတာအဆင်ပြေရဲ့လား။ဖေဖေတောင်းပန်ပါတယ်နော်။"
" မင်းလေးရှိနေတာကိုဖေဖေလုံးဝမသိခဲ့ဘူး။စိတ်မဆိုးပါနဲ့ကွာ။"
ဝမ်းနည်းစွာရေရွတ်ရင်းမျက်ရည်တွေကကျလာပြန်ပြီ။မဖြစ်သေးပါဘူး ငါပျော့ညံ့လို့မဖြစ်ဘူး။ကလေးလေးအတွက်ပဲဖြစ်ဖြစ်။ဒီမှာထပ်နေလို့လုံးဝမဖြစ်တော့ဘူး၊အခွင့်အရေးရင်ရသလိုထွက်ပြေးမှရမယ်။
"ဟေ့ ဟိုကောင်လေး.!"
ခပ်မာမာအော်ခေါ်သံနှင့်အတူဝင်လာတဲ့ထိုသူ။ချက်ချင်းပဲအကြံရသွားတာက...။
"ဟို.ဟိုလေ ကျွန်တော်အိမ်သာတက်ချင်လို့ အဲ့ဒါ .."
" ဟင်း မဟုတ်တာလုပ်ဖို့တော့မစဉ်းစားနဲ့ ။"
"ဟုတ် .ဟုတ်ကဲ့ပါ။အိမ်သာပဲလိုက်ပြပေးပါ။"
"လာ.နောက်ကလိုက်ခဲ့။"
ယူဂျင်းလည်းထိုသူ့နောက်မှငြိမ်ကုပ်စွာလိုက်လာမိသည်။ကြည့်ရတာဒီဂိုထောင်ထဲတွင်ယူဂျင်းအပါအဝင်ဆယ်ရာနှင့်တခြားလူ၂ယောက်သာရှိပုံပေါ်သည်။
ခပ်ခွာခွာမှလိုက်ရင်း ဆတ်ခနဲနောက်ကိုလှည့်ကာပြေးထွက်လာရင်း...။
" ဟား မင်း ပြန်လာခဲ့စမ်း သောက်ကလေး.."
ရှိသမျှအားအကုန်သုံးကာဂိုထောင်ဝင်ပေါက်ကိုမှန်းကာအပြေးရောက်လာတော့။
" ဒိုင်း.!"
"အား...။"
"ခွေးကောင်လေး ထပ်ပြေးရင်ငါတကယ်ပစ်သတ်မှာ"
ကျယ်လောင်လှသောသေနတ်သံကြောင့်လန့်ပြီးလဲကျသွားမိသည်။ခပ်လှမ်းလှမ်းမှာဂိုထောင်တံခါးကိုတွေ့နေရပြီ။
ငါ.ငါပြေးရမယ် ကျေးဇူးပြုပြီးအားအင်လေးနည်းနည်းလောက်ပေးကြပါ။ကျွန်တော်အရမ်းပင်ပန်းနေလို့ပါ။အရှင် ကျွန်တော်အရှင်နဲ့တွေ့ရဦးမယ်။ကျွန်တော့်ဗိုက်ထဲက ကလေးလေးအကြောင်းအရှင့်ကိုပြောပြရဦးမယ်။အရှင်အရမ်းဝမ်းသာသွားမှာ။
" ဝုန်း..! " အသံကျယ်ကြီးနှင့်အတူပွင့်သွားတဲ့ တံခါးကြီး။စူးရှရှအလင်းရောင်ကြောင့်မျက်စိကျိန်းသော်လည်း ကျွန်တော်အမြင်မှားတာလား။
အ.အရှင်။အရှင်ရောက်လာပြီ။ဟုတ်တယ် ရောက်လာပြီ။ကလေးလေးရေ ဖေဖေတို့အဆင်ပြေသွားပြီ။
"ဒိုင်း..!!"
"ယူဂျင်း....။"
ပစ်ခတ်နေတဲ့သေနတ်သံတွေကိုကျွန်တော်မကြားတော့ပါ။ဒါပေမဲ့စိုးရိမ်နေတဲ့အရှင့်အသံလေးကိုတော့ကြားလိုက်ပါတယ်။ကျေးဇူးတင်ပါတယ် အရှင်။ကျွန်တော့်ကိုမစွန့်ပစ်ခဲ့လိုအရမ်းကိုကျေးဇူးတင်ပါတယ်။
" ဂျွန် ငါအဲ့ဒီ့ကောင်ကိုအရှင်လိုချင်တယ်။"
"ဟုတ်ကဲ့ဆရာ။"
ကြမ်းပြင်ပေါ်မှာလဲကျနေတဲ့ယူဂျင်းကိုယ်လေးကိုတင်းကြပ်စွာပွေ့ဖတ်ရင်း " တောင်းပန်ပါတယ် ကလေးရယ် ကိုယ်နောက်ကျသွားတယ်။"
" အခု အဆင်ပြေသွားပြီ မင်းလေးဘေးကင်းပါပြီ။ "
ကျွန်တော်အရမ်းပင်ပန်းနေပြီ။ဒါပေမဲ့ပင်ပန်းရကျိုးတော့နပ်ခဲ့တယ်။အရှင့်ရင်ခွင်ထဲမှာအိပ်စက်ခွင့်ရခဲ့ပြီ။
![](https://img.wattpad.com/cover/221708533-288-k929140.jpg)
ŞİMDİ OKUDUĞUN
The Lord
RomantizmUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း