ပျင်းရိစရာကောင်းတဲ့သီချင်းသံဖွင့်ထားတဲ့အရက်Barမှာထိုင်သောက်နေတဲ့ ဘန်။စဉ်းစားနေမိတာကယူဂျင်းအကြောင်း။သနားစရာထိုကောင်လေးကနာမည်ကြီးစီးပွားရေးသမားအမိန့်ရှင်ရဲ့လူလား။
ထိုအချိန်...
"တစ်ယောက်တည်းသောက်နေတာမပျင်းဘူးလား"
ပြောပြောဆိုဆိုနှင်ခပ်ချောချောမိန်းကလေးတစ်ယောက်ကလာထိုင်သည်။ဘန်ကအသောက်မပျက်
"ဘာလာလုပ်တာလဲဆယ်ရာ"
"အတူလာသောက်ပေးတာလေ။မကြိုက်ဘူးလား"
ထထွက်မည်အပြုဘန်ကလက်ကိုဖမ်းဆွဲပြီး
"ထိုင်စမ်းပါအပိုတွေလုပ်မနေနဲ့" ဆယ်ရာကမဲ့ပြုံးပြုံးပြီး
"ပြီးရောလေ.."
"နင့်အကိုအကြောင်းကြားပြီးပြီလား။"
"ဘယ်သူ.အဲရစ်လား။"
"အင်း"
"သူကဘာဖြစ်လို့လဲ။"
"CharliGroupပိုင်ရှင်ရောဘတ်ကိုသိလား။"
"အင်း။လောင်းကစားအရမ်းလုပ်တဲ့အဘိုးကြီးလေ"
"သူကအဲရစ်ဆီမှာအကြွေးတွေတင်နေတာ။မဆပ်နိုင်တော့လို့သားကိုပေးလိုက်ရတယ်တဲ့။"
"ဟမ်..သား။အဲရစ်ကိုပေးလိုက်တာလား။"
"ဟုတ်တယ်။နာမည်ကယူဂျင်းတဲ့"
"သူရူးနေတာလား။"
"ဘယ်သိမလဲ။နောက်လဆိုအဲ့ကောင်လေးက၁၈နှစ်ပြည့်ပြီလက်ထပ်ရတော့မှာ။"
"မရဘူး။မဖြစ်စေရဘူး။အဲရစ်ကငါ့အပိုင်ပဲ။"
"နင်ကဘာလုပ်မလို့လဲ။လူတိုင်းကနင်တို့ကိုမောင်နှမလို့ပဲသိနေတာလေ။"
"အဲ့ဒါအမှန်မဟုတ်မှန်းသူလည်းသိနေတာပဲ။သူသာလက်ထပ်လိုက်ရင်ငါဘဝမြောင်းထဲရောက်မှာ"
"ဒါနဲ့ နင်တို့အဖေကအမွေကိုဘယ်လိုတွေပေးသွားတာလဲ။"
"အဲ့အဘိုးကြီးကအလကားပါဟာ။အဲရစ်လက်ထဲမှာပဲသေသွားတာ။ငါကြားတာတော့အဲရစ်ကသူ့ကိုအကြပ်ကိုင်ပြီးအမွေတွေအကုန်လွဲခိုင်းတာဆိုလားပဲ"
"စိတ်ပျက်စရာ.."
"ဒါနဲ့နင်ကဘာလို့ငါ့ကိုဒါတွေလာပြောနေတာလဲ။"
"နင်သိသင့်တယ်ထင်လို့။"
"ငါတော့အဲ့လိုမထင်ဘူး နင်အဲ့ကောင်လေးကိုစိတ်ဝင်စားနေတာမဟုတ်ဘူးလား။"
"မဟုတ်ဘူးဆိုလိမ်ရာကျတာပေါ့။"
"ဟား အဲ့လိုလား။"
ထိုအချိန်..
"ဘန် ငါနဲ့စကားပြောရအောင်။"
ရောက်လာသူကဂျွန်ဖြစ်သည်။
"ဘာပြောမလို့လဲ အကို။"
ဆယ်ရာကပြုံပြရင်း
"မတွေ့တာကြာပြီနော် အကိုဂျွန်။"
ဆယ်ရာ့စကားကိုဂျွန်ကမသိယောင်ဆောင်ပြီး
"ဘန် လိုက်လာခဲ့။"
ရှေ့ကထွက်သွားသည်။ဘန်ကနောက်မှလိုက်လာရင်းလူရှင်းသည့်နေရာရောက်မှ
"မင်း ယူဂျင်းနဲ့ဝေးဝေးနေ"
ဘန်က ဟက်ကနဲရယ်ပြီး
"ဘယ်လိုဖြစ်လို့လဲ။သူကခင်ဖို့ကောင်းပါတယ်။"
"ခင်ဖို့ကောင်းတာတွေဘာတွေလုပ်မနေနဲ့။အမိန့်ရှင်ကသဘောမကျဘူး။"
"အကို့သူဌေးကဘာလား။ယူဂျင်းကိုအပိုင်သိမ်းရအောင်သူကအရုပ်လား"
"အပိုတွေပြောမနေနဲ့ အမိန့်ရှင်ဝင်မပါခင်မင်းရပ်လိုက်တော့။"
"ယူဂျင်းကအတင်းလိုက်ခင်နေရင်ရော။ကျွန်တော်လည်းမတက်နိုင်ဘူးလေ။ပြီးတော့"
"ဘာဖြစ်လဲ.."
"အမိန့်ရှင်မပေးနိုင်တဲ့ပျော်ရွှင်မှုကိုကျွန်တော်ကပေးနိုင်ရင်ရော။"
"တော်စမ်း။မင်းဖယ်နေလိုက်တော့။ငါမင်းကိုကာကွယ်နိုင်မှာမဟုတ်ဘူး။"
"မလိုပါဘူး အကို။ပြီးတော့ယူဂျင်းကိုကျွန်တော်သဘောကျတယ်။ဒါပဲ"
ပြောပြောချင်ရာပြောပြီးနောက်ထွက်သွားတော့သည်။
"ဟား...အရူးကောင်။"
မတက်နိုင်ဘူးငါစကားကုန်ပြောပြီးနေပြီပဲ။ငါမင်းကိုအမိန့်ရှင်လောက်သံယောဇဉ်မရှိဘူး။ဒါ့ကြောင့်ငါမင်းကိုရွေးချယ်မှာမဟုတ်ဘူး။*******
ဟုတ်ကဲ့။အဆင်မပြေတာလေးတွေရှိရင်Cb မှာလာပြောနိုင်ပါတယ်။ဖတ်မရတဲ့အပိုင်းတွေရှိရင်လည်းလာပြောပါSSရိုက်ပို့ပေးပါ့မယ်။Fb accကLavanderJoneပါ
ဖတ်ရှုသူတစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်။😘😘
YOU ARE READING
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း