Unicode 🍑Episode 11🍑

3.2K 216 0
                                    

      အိမ်အကူအဒေါ်ကြီးကယူဂျင်းကိုကြောင်ကြည့်နေကာ
   "အ.အကိုလေးယူအခုဘာပြောလိုက်တာလဲ"
   ယူဂျင်းပိုရှက်လာမိသည်။
   "အဒေါ်ကျွန်တော်တကယ်ပြောနေတာပါ။"
    "ဒါပေမဲ့အကိုလေးကယောင်္ကျားလေးလေ။ဒီလိုဖြစ်စရာ.."
     "နောက်မှရှင်းပြပါ့မယ်အဒေါ်ညဉ့်မနက်ခင်လေးအဲ့ဒါသွားဝယ်ပေးပါနော်။"
    သူမကယူဂျင်းကိုမယုံနိုင်စွာကြည့်ရင်း "ဟုတ်.ဟုတ်ကဲ့ကောင်းပါပြီ"
      ဟုဆိုကာထွက်သွားမှသက်ပြင်းချနိုင်တော့သည်။ငါနော်..ရှက်ဖို့ကောင်းလိုက်တာ
       ယောင်္ကျားလေး၁ယောက်အတွက်ဒါကမဖြစ်နိုင်သလိုရှက်စရလည်းကောင်းပါတယ်။အဲ့ဒါကယူဂျင်းရဲ့ထူးခြားတဲ့ကိုယ်ခနွာကိုယ်ကြောင့်ပါ။
      ယောင်္ကျားလေးဆိုပေမဲ့ရှက်စရာကောင်းစွာနဲ့သားအိမ်ပါနေတယ်လေ😮😮အခုလည်းသိတယ်မှလား။အဲ့ဒါကြောင့်အမိန့်ရှင်ကိုမထိစေချင်တာပါ။
   (သာသာကတော့ထိအောင်လုပ်မှာ😁😁)
     
        *******

       "အမိန့်ရှင်ရယ်ကျေးဇူးပြုပြီးဒီတစ်ခါပဲကူညီပေးပါ။"
    မှန်နံရံတွေမှတဆင့်မြို့ကိုအထက်စီးမှကြည့်ရင်းစီးကရက်သောကာနေသောအမိန့်ရှင်ကမျက်ခုံးပင့်ရင်း။
    "ဒီProjectအတွက်ကျုပ်ကရှယ်ယာဝင်လိုက်ပြီပဲထားဦးအကျိုးအမြတ်ကသေချာရဲ့လား"
    "သေချာစေရပါမယ်။ကျုပ်တကယ်ခက်ခဲနေလို့ပါ။ဒီတစ်ခေါက်ပဲ"
    ပြောပြောဆိုဆိုနှင့်ချွေးစေးတွေပျံလာသည်။
    "အကျိုးအမြတ်မသေချာတဲ့အရာကိုလုပ်ရအောင်ကျုပ်ကအရူးလား။"
    "အဲ့ဒီ့လိုမဟုတ်ပါဘူးကျုပ်ကရှုံးခဲ့ရင်တောင်ခင်ဗျားရဲ့ပိုက်ဆံတော့ပြန်ပေးမှာပါ။"
    "ရပြီ။ရှင်းရှင်းပြောမယ် ခင်ဗျားရဲ့projectကိုကျုပ်စိတ်မဝင်စားဘူး။သွားလို့ရပြီ။"
    "နေပါ.."
     အမိန့်ရှင်ကစားပွဲပေါ်ကဖုန်းကိုခလုတ်နှိပ်ပြီး
"ဂျွန် ဧည့်သည်ပြန်တော့မယ်။"
      ထိုသူကချက်ချင်းထရပ်ပြီး
  "အမိန့်ရှင် မင်းနောင်တမရစေနဲ့"
   အမိန့်ရှင်တို့ကခပ်ချေချေအပြုံးမပျက်ဘဲ
    "သေချာတာပေါ့ အမိန့်ရှင်ဆိုတဲ့ကျုပ်ကနောင်တဘယ်တော့မှမရဘူး။"
    ထိုသူကမျက်နှာကြီးနီရဲလျှက်ထွက်သွားတော့သည်။
    ထွက်သွားတော့မှဒေါသတွေထွက်လာသည်။ရာရာစစငါ့ကိုများနောင်တမရစေနဲ့ဟုတ်လား။
      ရုတ်တရက်အမိန့်ရှင်ထံဖုန်းဝင်လာသည်။သူငယ်ချင်းဖြစ်သူ
    "ပြော."
    "ဟ.ဟ ဘယ်လိုတွေဖြစ်တာလဲအသံကြီးကငါတောင်လန့်တယ်။"
   အမိန့်ရှင်ကစိတ်လျော့ရင်း
  "Sorry တိုနီ ငါစိတ်ရှုပ်နေလို့။"
  "ဟုတ်လား ငါပြောရင်ပိုဆိုးသွားမယ်ထင်တယ်။"
"ပြောစရာရှိတာပြောစမ်းပါ။"
   "အင်း။ငါအခုGolden Mallကိုရောက်နေတာ။မင်းရဲ့ဟာလေးကိုတွေ့လိုက်လို့"
     "ငါ့ဟာလေး ဘာကိုပြောတာလဲ။"
အမိန့်ရှင်ရဲ့စကားကြောင့်တိုနီကရယ်ပြီး
    "ဟား.ဟား.ဟားယူဂျင်းကိုပြောနေတာ။"
    "သြော် နေပါဦးသူကဘာလို့အဲ့ဒီ့မှာရှိနေရတာလဲ။"
    "ဘယ်သိမလဲခပ်ချောချောကောင်လေးတစ်ယောက်နဲ့ပဲတော်တော်ပျော်နေပုံရတယ်။"
    နဂိုကတည်းကထွက်နေသောဒေါသတွေကပိုဆိုးလာတော့သည်။
    "မင်းသိသင့်တယ်ထင်လို့။ဓာတ်ပုံပို့လိုက်မယ်။"
    "အေး ကျေးဇူးပဲ။"

      ********

   ယူဂျင်းအ်ိမ်ထဲရောက်ရောက်ချင်းတမျိုးကြီးခံစားလိုက်ရသည်။တ်ခုခုဖြစ်တော့မယ့်အခြေအနေမျိုး။
    အိမ်အကူအဒေါ်ကြီးကအမြန်ရောက်လာပြီး 
    "သခင်လေးကစာဖတ်ခန်းထဲကိုလာခိုင်းနေပါတယ်။"
    "ဟုတ်ကဲ့ကျွန်တော်သွားလိုက်ပါ့မယ်"
      ခါတိုင်းလိုမဟုတ်ဘဲအစောကြီးပြန်ရောက်နေသောကြောင့်ယူဂျင်းအဲ့သြနေမိသည်။
    "အရှင်.ကျွန်တော်.."
    " အေး ဝင်လာခဲ့"
    လေသံကမာနေသည်။နည်းနည်းတော့လန့်သွားမိသည်။အထဲဝင်လာတော့အမိန့်ရှင်ကခုံမှာအရက်သောက်နေသည်။အခန်းမီးရောင်ကခပ်ဖျော့ဖျော့နှင့်
"ကျွန်တော်ဘာလုပ်ပေးရမလဲ"
    အမိန့်ရှင်ကဓာတ်ပုံအချို့ကိုစားပွဲပေါ်ပစ်တင်လိုက်ပြီး
     "ဒါကဘာလဲ"

        ********

      😁😁နောက်တပိုင်းမှာယူဂျင်းကိုနည်းနည်းထိပါတော့မယ်။updateမတင်တာကြာလို့အများကြီးတင်ပေးလိုက်ပါ့မယ်စိတ်ဆိုးကြပါနဲ့🙏🙏ကိုယ်အရမ်းအလုပ်များသွားလို့ပါ။
Uniနဲ့Zawgyiကြားမှာသာသာလည်းကြောင်နေပါတယ်။အကယ်၍ဖတ်မရတဲ့အပိုင်းရှိရင်CbလာပြောပါSSရိုက်ပြီးပို့ပေးပါ့မယ်။Fb accက LavanderJoneပါ။😘😘

The LordWhere stories live. Discover now