အမိန့်ရှင်ရဲ့ဒေါသသံကြောင့်ပုခုံးလေးတွန့်သွားပြီးစားပွဲပေါ်မှာပြန့်နေတဲ့ဓာတ်ပုံတစ်ပုံကိုယူကြည့်လိုက်မိသည်။ ဘန်နဲ့သူနဲ့GoldenMallသွားတုန်းကပုံ။နေ့လည်ကမှသွားထားတာ။
"ကျွန်တော့်သူငယ်ချင်းပါဝယ်စရာလေးရှိလို့သွားတာ"
"သူငယ်ချင်း..ခေါင်းပွတ်လိုက်ပုခုံးဖတ်လိုက်နဲ့သိပ်ကိုရင်းနှီးတာပဲ"
"ဒီအတိုင်း..."
"ဒီအတိုင်းဘာဖြစ်လဲ။ဒီအတိုင်းသူငယ်ချင်းလား။"
အမိန့်ရှင်နည်းနည်းမူးနေပုံရသည်။ဒေါသသံနှောနေသောကြောင့်ယူဂျင်းနည်းနည်းတော့လန့်နေမိသည်။
"ဒီမှာနားထောင်။ယူဂျင်းဆိုတဲ့မင်းကငါပဲပိုင်တယ်တွေ့ကရာလူနဲ့ခင်မင်လို့မရဘူး။"
"ငါ့ကိုသိက္ခာလာမချနဲ့"
"ဒါပေမဲ့သူကတခြားသူမှမဟုတ်တာ။"
ဂျွန်ရဲ့ညီဖြစ်ကြောင်းသိပုံမရသောကြောင့်ပြောမည်အပြု
"တော်စမ်း...။"
"ငါ့ကိုတစ်ခွန်းမကျန်ပြန်ပြောဖို့ဘယ်ကတက်လာတာလဲ။"
"အရှင်.ကျွန်တော်အဲ့လို.."
စကားပင်မဆုံးသေးအမိန့်ရှင်ရဲ့ရမက်ဆန်ဆန်အနမ်းကနှုတ်ခမ်းပေါ်ကျရောက်လာသည်။အသက်ရှုဖို့ပင်အချိန်မရှိအောင်အနမ်းတွေက
"အင့်.."
အတင်းတွန်းထုတ်သော်လည်းမလွတ်မြောက်ခဲ့။ဒီလိုလုပ်လို့မဖြစ်ဘူး။ပါးစပ်ထဲကိုအတင်းထိုးဝင်လာသောလျှာကိုတင်းခံနေရာမှအာ့.နှုတ်ခမ်းပေါက်သွားပြီ။
ယူဂျင်းရဲ့ခနွာကိုယ်သေးသေးလေးကိုအတင်းချုပ်ပြီးဖတ်ထားကာနမ်းရှိုက်ရင်းစိတ်ကိုမထိန်းထားချင်တော့ပါ။ဂျယ်လီသားလေးလိုနူးညံ့ပြီးချိုမြိန်နေတဲ့နှုတ်ခမ်းတွေ
'မင်းကငါ့အပိုင်ပဲ'
ယူဂျင်းကသူ့လက်လေးတွေနဲ့ရင်ဘတ်ကိုအတင်းတွန်းထုတ်နေသည်။သူအမိန့်ရှင်နဲ့မဆက်ဆံချင်တာထက် ဆက်ဆံလို့မဖြစ်တဲ့အခြေအနေဖြစ်နေတဲ့အတွက်
(သိတယ်မှလားဟိုဟာလေ🤭)
"အာ့.အ.အရှင်တော်ပါတော့။"
"အာ့..ဟင့်အင်း၊ကျေးဇူးပြုပြီး"
(ငြင်းနေပေမဲ့ခံစားချက်တွေကပြင်းထန်နေပါတယ်☺)
ဒါပေမဲ့...
"ကျွန်တော်မကြိုက်ဘူး"
ထိုစကားကြောင့်ယူဂျင်းအင်္ကျီကိုဆွဲချွတ်ရန်ပြင်နေသောအမိန့်ရှင်လက်တွေတုန့်ခနဲရပ်သွားသည်။
မကြိုက်ဘူးတဲ့လား။ငါကမင်းအမြင်မှာမကောင်းတဲ့လူပေါ့။ရတယ်လေမင်းမကြိုက်ရင်ငါမလုပ်ဘူး။😒
ချက်ချင်းပဲယူဂျင်းကိုတွန်းထုတ်ပြီးကျောခိုင်းပစ်လိုက်သည်။ထို့နောက်
"ထွက်သွား ငါ့မျက်စိရှေ့ထပ်ပေါ်မလာနဲ့။"
စိတ်ပျက်စွာဆိုလာသောစကားကြောင့်ယူဂျင်းအားနာသွားမိသည်။ဒါပေမဲ့သူဒီအချိန်မှာဆက်မနေသင့်တော့ထွက်သွားတာကအကောင်းဆုံးပဲ။
"ဟုတ်ကဲ့..။" ဟုသာပြောပြီးချက်ချင်းထွက်သွားသည်။ကျန်နေခဲ့တဲ့အမိန့်ရင်ကတော့စိတ်ပျက်စွာရယ်ရင်း
"အေးပေါ့လေ။ငါ့အဖေကတောင်ငါ့ကိုသဘောမကျတာတခြားသူကလည်းသဘောမကျတာဖြစ်သင့်တာပဲလေ။"
ဒါပေမဲ့လူတွေရဲ့မျက်လုံးကိုငါဖတ်တက်တယ်ယူဂျင်း။ငါပိုင်တာကိုဝင်လုချင်နေတဲ့ကောင်တွေကိုငါသိတာပေါ့။ငါမွေးကတည်းကအရင်သင်ခဲ့ရတာကငါပိုင်တာတွေကိုတစ်ခြားသူမယူအောင်လုပ်ရမယ်ဆိုတာပဲ။အဲ့ဒီ့လိုလုပ်တာကမင်းအမြင်မှာငါ့ကိုမကောင်းတဲ့လူဖြစ်နေစေတောင်ငါဂရုမစိုက်ဘူး။
ငါကရောလူဆိုးဖြစ်ချင်နေတယ်ထင်လားငါမကြိုက်တဲ့ဘဝနဲ့ရှင်သန်နေရတာမင်းမသိပါဘူး။ဘယ်တော့မှလည်းသိမှာမဟုတ်ဘူး။ဒီလိုလုပ်မှလည်းမင်းအပါအဝင်ငါပိုင်တာတွေကိုစောင့်ရှောက်နိုင်မှာ။
ရုတ်တရက်ဂျွန်ဝင်လာသည်။
"ဆရာကျွန်တော့်ကိုခေါ်ထားလို့ပါ။"
"အေး အဲ့ဓာတ်ပုံထဲကကောင်ကိုငါသိချင်တယ်။"
ဂျွန်ကစားပွဲပေါ်ကဓာတ်ပုံတစ်ပုံကိုယူကြည့်ပြီသက်ပြင်းလေးခိုးချရင်း
"သူ့ကိုကျွန်တော်သိတယ် ဆရာ။WinChawLarUniကပဲတတိယနှစ်ကျောင်းသားပါ။နာမည်က ဘန်။"
"ဟုတ်လား မင်းကဘယ်လိုသိတာလဲ။"
"အရင်ကသိခဲ့ဖူးတဲ့ညီလေးပါဘာဖြစ်လို့လဲဆရာ။"
"မရှိတော့ရင်ကောင်းမှာပဲ။ငါနဲ့ယူဂျင်းကြားကိုဝင်ရှုပ်မယ့်လူလို့ခံစားနေမိတယ်။"
"ဟုတ်ကဲ့ကျွန်တော်နားလည်ပါပြီ။"********
ပြောရဦးမယ် သာသာတို့Ukeလေးကလေမလှုပ်တလှုပ်နဲ့သိလား။သာသာလည်းအသည်းယာတယ်။သူမူနေရင် အမိန့်ရှင်ကိုသာသာစနိုက်ကျော်တော့မှာ😁😁
ဟုတ်ကဲ့uniနဲ့zawgyiကြားမှာသာသာလည်းကြောင်ခဲ့ရပါတယ်။ဖတ်မရတာရှိရင်cbလာပြောပါssရိုက်ပို့ပါ့မယ်နော်။Fb accကLavanderJoneပါ
أنت تقرأ
The Lord
عاطفيةUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း