"သ.သခင်လေးရေ လုပ်ပါဦး ပြသနာတော့တက်ပြီ။"
စိတ်ညစ်နေသည့်ကြားကအိမ်ပြန်ရောက်ရောက်ခြင်းကြားလိုက်ရတဲ့စကား။
"ဘာဖြစ်နေကြတာလဲ။"
"ကျွန်.ကျွန်မတို့တွေကိစ္စလေးရှိလို့အပြင်သွားနေကြတုန်းအကိုလေးယူပျောက်သွားတယ်။"
"ဘာ ! ယူဂျင်းက..ဘယ်လိုဖြစ်တာလဲ။"
"ကျွန်မလည်းမသိ.."
"ကလင် ! ကလင် ! ကလင် !"
ကျယ်လောင်စွာမြည်လာတဲ့ဖုန်းကိုဆတ်ခနဲကောက်ကိုင်လိုက်သည်။
" ဘယ်သူလဲ ! "
"အိုးဟိုး အသံကြီးကလည်းကြောက်စရာကောင်းလိုက်တာ။စိတ်လျှော့ပါဦး။"
လှောင်သလိုလိုလေးနဲ့ခပ်ချွဲချွဲပြောလာတဲ့ဆယ်ရာ့အသံ။ဒေါသကငယ်ထိပ်ဆောင့်သွားသည်။
"ဘာကိစ္စလဲ။"
"ဒီလိုပါ။ကျွန်မဆီမှာကလေးတစ်ယောက်ရောက်နေတယ်။ချစ်စရာကောင်းလွန်းလို့သတ်တောင်မသတ်ရက်ဘူး ဟား ဟား။"
"ဘာ! ယူဂျင်းကမင်းဆီမှာလား။"
" ဟုတ်တယ်။ရှင်လူရွေးတော်တယ်နော် အချောလေးကိုအကြွေးနဲ့သိမ်းထားတာပဲ။"
" မင်းသူ့ကိုထိတာနဲ့သေပြီသာမှတ်ထား မဟုတ်သေးဘူး သေတာထက်ပိုဆိုးစေရမယ်။"
"အမလေးကြောက်စရာကောင်းလိုက်တာ။ဒါပေမဲ့ဘယ်လိုလုပ်မလဲရှင်မတွေ့ခင်သူသေသွားမယ်ထင်တယ်။"
" ဆယ်ရာ..! လိုချင်တာကဘာလဲ။"
"တစ်ချိန်ကမိသားစုဖြစ်ခဲ့ကြတော့အများကြီးမတောင်းဆိုပါဘူး။ရှင့်ပိုင်ဆိုင်မှုတစ်ဝက်လောက်ပဲလွှဲပေးပါ။"
"ကောင်းပြီ..။ယူဂျင်းကိုတော့မထိနဲ့။ "
"ဒါပေါ့ အကိုရယ် မထိပါဘူး။ဂရုစိုက်ပေးပါ့မယ်။"
ပြောချင်တာပြောပြီးဖုန်းချသွားတဲ့ဆယ်ရာ။
"ဟားကွာ...ရူးနေကြပြီလား ဘာတွေဖြစ်နေရတာလဲ ဟား...။"**********
"ဗွမ်း....။"
အေးစက်စက်ရေတွေနဲ့အပတ်ခံလိုက်ရတာကြောင့်လန့်နိုးသွားမိသည်။မသန့်ရှင်းတဲ့ကြမ်းပြင် ပြီးတော့စပ်ဖြဲဖြဲမျက်နှာနှင့်မိမိကိုရမ္မက်ဆန်ဆန်ကြည့်နေတဲ့လူထွားကြီး၁ယောက်။
"ဘယ်.ဘယ်သူလဲ။ကျွန်တော်ဘယ်ရောက်နေတာလဲ။"
ထိုအချိန်ဝင်လာတဲ့ဆယ်ရာ။
"အရမ်းလည်းမကြောက်ပါနဲ့ ခဏလောက်ငါတို့နဲ့အတူတူနေရုံပါပဲ။"
"အ.အမ ဆယ်ရာ ဘာလို့လဲ။ဘာလို့ဒီလိုလုပ်နေရတာလဲ။"
"ငါမရလိုက်တဲ့အရာတချို့ကိုပြန်ယူဖို့ပါ။အရမ်းလည်းစိတ်မပူပါနဲ့အမိန့်ရှင်သာမင်းကိုတစ်ကယ်ချစ်ရင်လာကယ်မှာပေါ့မဟုတ်ဘူးလား။"
မသိဘူး။သူကြောက်တာပဲသိတယ်။အေးစက်နေတဲ့ကြမ်းပြင်၊ အလုံခန်းတစ်ခုထဲမှာပိတ်ထားခဲ့ပြီးပြန်ထွက်သွားကြပြန်သည်။ညစ်ပေနေတဲ့သံကုတင်တစ်ခုကလွဲရင်ဘာမှမရှိတဲ့အခန်းငယ်။
အရမ်းအေးတယ်။စိတ်အထင်သူဖျားနေပြီထင်တယ်။အရမ်းလည်းအေးတာပဲ။ရာသီဥတုရော။အခန်းကြောင့်ရော။ကြောက်စိတ်ကြောင့်ပါ။ရေစိုနေတဲ့အဝတ်တွေ။
အရှင်ကျွန်တော့ကိုမြန်မြန်လာကယ်ပေးပါ။ကျွန်တော်ကြောက်တယ်။ကျေးဇူးပြုပြီးပစ်မထားပါနဲ့ ကျွန်တော့်မှာအရှင်ကလွဲပြီးဘယ်သူမှမရှိဘူး။ဟုတ်ပါတယ်အမိန့်ရှင်ကလွဲပြီးဘယ်သူမှမရှိတော့ဘူး။
" အခြေအနေဘယ်လိုလဲဆယ်ရာ။"
"ဘယ်လိုဖြစ်မလဲဧကြာက်နေမှာပေါ့။အနားမှာသွားနေပေးမလို့လား။"
"အချိန်မကျသေးဘူး။နောက်မှ...။"
"ဒါနဲ့ ဘန်.နင်မို့လို့ယူဂျင်းကိုသဘောကျတယ်။မလောက်လေးမလောက်စားနဲ့ အမိန့်ရှင်ရောပဲ။"
"နင့်ကိုပြောတော့ရောသိမှာကျနေတာပဲ။"**********
အပြင်မှာသည်းသည်းထန်ထန်ရွာနေတဲ့မိုးတွေကအမိန့်ရှင်ရဲ့ရင်ထဲကပူလောင်မှုတွေလောက်မပြင်းထန်ပါ။
စာဖတ်ခန်းထဲမှာအရက်သောက်နေရုံမှလွဲ၍ဘာမှမတက်နိုင်။လုံးဝကိုစိတိတွေပျက်နေပြီ။ထိုအချိန်
" ဆရာ..တိုနီရောက်လာတယ်။"
"ဟင် အေး ဝင်ခိုင်းလိုက်။"
ဂျွန်နှင့်အတူဝင်လာတဲ့တိုနီ။သူလည်းအားလုံးကိုကြားပြီလောက်ပြီထင်သည်။အမိန့်ရှင်ရှေ့မှာဝင်ထိုင်ပြီး
" ဒီအတိုင်းထိုင်နေလို့မရဘူးလေကွာ။မင်းဒီလောက်ပျော့ညံ့တဲ့လူမှမဟုတ်တာ။"
"ဒါဆို ဘာလုပ်ရမှာလဲ။ယူဂျင်း ငါသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး။အဲ့လိုပဲပိုင်ဆိုင်မှုတွေကိုလည်းဆယ်ရာ့လက်ထဲမပေးနိုင်ဘူး။"
"ပိုဆိုးတာက ငွေမဲကိစ္စတွေ။ငါဘာဆက်လုပ်ရမလဲ တိုနီမင်းကရဲမဟုတ်လား ငါသာငွေတွေကိုသန့်စင်လိုက်ရင်ထောင်ဘယ်လောက်ကျနိုင်လဲ။"
" ဘာပြောတယ် မင်းဘာတွေစဉ်းစားနေတာလဲ။အရူးလား ထောင်ချောက်ဆိုတာမသိဘူးလား။"
"သိတယ် ဒါပေမဲ့ဘာတက်နိုင်မှာလဲ။"
" ငွေတွေကိစ္စကိုမင်းဦးလေးနဲ့ပြောပြီးငါရှင်းလိုက်မယ်။မင်းကယူဂျင်းကိုရှာဖို့သာလုပ်။"
"ဟုတ်တယ် ဆရာ ။ကျွန်တော်လည်းကူညီပေးပါ့မယ်။"
"ဒါနဲ့ လူကြီးမင်းHanPhoneကဘာလို့မင်းကို..."
"HanPhoneနဲ့ရန်ငြိုးမရှိဘူး။သူ့ဘေးကဝီလျှံကြောင့်ပဲ။ယူဂျင်းအဖေရဲ့အကြွေးတွေကိစ္စနဲ့ပတ်သတ်ပြီးဝီလျှံနဲ့ပြသနာဖြစ်ဖူးတယ်။"
" ဩော် နားလည်ပြီ။ဒါဆို ဂျွန် မင်းက ဘန်ကိုစုံစမ်းသူလည်းပါနိုင်တယ်။"
"ကောင်းပါပြီ။ဒီတစ်ခေါက်ကတော့ကျွန်တော်လည်းသည်းမခံတော့ဘူး။"
"ဒါဆိုလည်းစကြတာပေါ့။"🍑🍑🍑🍑🍑
🤪🤪ဘာတွေရေးနေတာလဲမသိဘူး။သာသာကြောင်နေသယ်။😜🤪😵
![](https://img.wattpad.com/cover/221708533-288-k929140.jpg)
VOCÊ ESTÁ LENDO
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း