ကျောင်းတွေလည်းတက်နေရပြီ။၁ပတ်ရှိနေပြီ။ယူဂျင်းအမိန့်ရှင်နဲ့သိပ်မတွေ့ဖြစ်ပါ။ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့။
"ယူဂျင်း.ကိုယ်ဒီမှာ။"
ဘန်ရဲ့ခေါ်သံကြောင့်လှည့်ကြည့်လိုက်မိသည်။အပြာနုရောင်ရှပ်အင်္ကျိနှင့်အတော့်ကိုကြည့်ကောင်းနေသည်ကတော့အမှန်ပင်။
"ယူဂျင်း ဘာတွေဒီလောက်ငေးနေတာလဲ။"
ပြောပြောဆိုဆိုနှင့်ယူဂျင်းရဲ့ဆံပင်ပျော့ပျော့လေးတွေကိုပွတ်သတ်လိုက်သည်။
"ဟမ်..."
"မထိုင်တော့ဘူးလား။လမ်းလယ်ခေါင်ကြီးမှာ"
"သြော် ဟုတ်ကဲ့။"
ပြောပြောဆိုဆိုနှင့်နေ့လည်စာနှင့်အတူခုံမှာဝင်ထိုင်လိုက်သည်။
"ဒါနဲ့ညီက အမိန့်ရှင်နဲ့ဘယ်လိုပတ်သတ်တာလဲ။"
ယူဂျင်းဖြေရခက်သွားသည်။အကြွေးနဲ့အသိမ်းခံထားရတာလို့ပြောရမှာလား။ရှက်ဖို့ကောင်းလိုက်တာ။
"ယူဂျင်း "
"ဗျာ အာ..ဟုတ်ကဲ့"
"ဟမ် ဘာတွေဟုတ်ကဲ့လဲ"
"ဘာမှမဟုတ်တော့ဘူး။"
"ဒါနဲ့ အကိုဒီနေ့သူငယ်ချင်း၁ယောက်ရဲ့Barကိုသွားမလို့လိုက်မလား"
"Bar..ကျေးဇူးပါကျွန်တော်မလိုက်တော့ဘူး။"
"ဘာလို့လဲ ပျော်စရာကောင်းပါတယ်။"
ယူဂျင်းပြုံးပဲပြုံးလိုက်သည်။တကယ်တော့နောက်လဆိုယူဂျင်း၁၈ပြည့်ပြီ။လက်ထပ်ရတော့မယ်။စိတ်တွေလေနေမိသည်။
လက်ထပ်ပြီဆိုကတည်းကဟိုကိစွကပါလာတော့မှာလေ။🤭🤭
အဲ့လိုလုပ်လို့မဖြစ်ဘူး။မဟုတ်ရင်ငါ...********
ယူဂျင်းညစာစားပြီးစာခနကြည့်ကာအိပ်မည်အပြု...
အောက်ပိုင်းကနွေးကနည်းခံစားလိုက်ရသည်။မျက်လုံးပြူးသွားမိသည်။ အာ....သေပြီ။
မဖြစ်ပါနဲ့...စိတ်ထဲကကြုံးဝါးပြီးအိမ်သာထဲပြေးဝင်သွားမိသည်။ဒါပေမဲ့ ထင်သည့်အတိုင်းပင်ညဝတ်ဘောင်းဘီကစွန်းနေပြီ။
"ဟာ..ငါနော်သေချင်တာပဲဘာလို့အခုချိန်မှဖြစ်နေရတာလဲ။"
"ငါတညလုံးဘယ်လိုအိပ်ရမှာလဲ"
မတက်နိုင်အရှက်တွေခဝါချကာဘောင်းဘီလဲပြီးအပြင်ထွက်လာတော့သည်။အောက်ထပ်ဆင်းလာတော့အိမ်အကူအဒေါ်ကြီးကလွဲပြီးဘယ်သူမှမရှိတော့ပါ။
တော်သေးတာပေါ့
"အဒေါ် "
"သြော်အကိုလေးယူ ပြောလေဘာလိုချင်လို့လဲ "
ယူဂျင်းပြောရခက်နေသည်။ယောင်္ကျားလေးတစ်ယောက်ကဘယ်လိုပြောထွက်မလဲဒါပေမဲ့လည်းမတက်နိုင်မဟုတ်ရင်အရှက်ကွဲတော့မှာ
"ဟို ဟိုလေ ကျွန်တော်"
"ပြောပါ အကိုလေး"
အာ ငါစိတ်ညစ်တယ်။ဘယ်လိုပြောပြရမှာလဲ
"အဒေါ်ကျွန်တော်လေ"
နား နားကပ်ကာတိုးတိုးလေးပြောလိုက်တော့....
"ဘယ် ဘယ်လို။"
အလန့်တကြားနှင့်ထအော်သောကြောင့်ယူဂျင်းရှက်စိတ်တွေငယ်ထိပ်ဆောင့်တက်လာတော့သည်။
**********Upပေးတယ်နော် နည်းပေမဲ့ စိတ်ဆိုးနဲ့😁😁😁ယူဂျင်းဘာတွေဖြစ်နေလဲ သာသာလဲသိဘူး😁😁ညကျထပ်upပေးမာပါ
KAMU SEDANG MEMBACA
The Lord
RomansaUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း