🕖 7:00 PM
Cristal Group ရဲ့ညစာစားပွဲကျင်းပနေတဲ့ Royal Hotel။
တစ်ဖွဲဖွဲရောက်လာတဲ့လူကြီးလူကောင်းတွေ။ကားတွေ။အတော့်ကိုစည်ကားနေပါတယ်။ကြည်နူးဖွယ်Symphonyလေးကလည်းပျံ့လွင့်လျှက်။
ခဲရောင်ကားအကောင်းစားကြောင့်လူတွေအကြည့်ကတောက်သွားသည်။ကားတံခါးပွင့်လာပြီးကော်ဇောနီပေါ်ရောက်လာတဲ့တောက်ပနေတဲ့ဒေါက်ဖိနပ်နဲ့ရှုးဖိနပ်ပိုင်ရှင်။
မြင်သူတိုင်းငေးရလောက်အောင်လိုက်ဖက်လွန်းပါတယ်။အမိန့်ရှင်နဲ့ရို့စ်တို့အတွဲ။အနက်ရောင်ပိုးဇာဂါဝန်လေးနဲ့လည်တိုင်ပေါ်ကစိန်ဆွဲကြိုးသေးသေးလေးနဲ့တစ်ကယ့်ကိုနတ်သမီးအလားပါပဲ။
အမိန့်ရှင်ကရော။ယောင်္ကျားပီသပြီးစူးရှတဲ့မျက်ဝန်းတွေ။မြင့်မားတဲ့အရပ်အမောင်း။မထူမပါးနှုတ်ခမ်းတွေနဲ့ရူးလောက်အောင်ကြည့်ကောင်းနေပါတယ်။
ပြီးပြည့်စုံတဲ့အပြုံးတွေနဲ့လူတိုင်းကိုပြုံးပြရင်းနှုတ်ဆတ်ကြရင်း......
" အဲရစ် မင်းလာပြီလား။ "
" မတွေ့တာကြာပြီနော် တိုနီ။ "
သူငယ်ချင်းဖြစ်သူနဲ့နှုတ်ဆက်ရင်းမိမိဆီရောက်လာတဲ့အခြားသူတွေကိုပါနှုတ်ဆတ်နေမိသည်။
" သြော် အဲရစ် မင်းသိပြီးပြီလား ဟိုအကြောင်းကို။ "
အခြားဝိုင်းကိုခနထွက်သွားတဲ့ရို့စ်ကိုကြည့်ရင်း
" ဘာအကြောင်းလဲပြောလေ "
" ဟိုတစ်ခေါက်ကGMမှာမင်းကလေးနဲ့အတူတွေ့တဲ့ကောင်လေးကဂျွန်ရဲ့ညီလေ။ "
" ဘာ....! "
" အားယား လန့်ထာကွာ။ "
" ငါမသိလိုက်ဘူး ဂျွန်မပြောဘူး။ "
" ထားပါတော့အခုပြီးသွားပြီပဲဟာကို။ ဂျွန်ကိုလည်းပြောမနေနဲ့တော့။ "
ရုတ်တရက်ရို့စ်ပြန်ရောက်လာပြီးအမိန့်ရှင်လက်ကိုတွဲကာ
" အဲရစ် လူတစ်ယောက်နဲ့မိတ်ဆတ်ပေးမလို့။ခွင့်ပြုဦးနော်တိုနီ "
" ရပါတယ်။" စကားပင်မဆုံးသေးထွက်သွားနှင့်ပြီ။
ဝဖိုင့်ဖိုင့်နှင့်တဏှာရူးပုံစံအဘိုးကြီးကိုပြကာမိတ်ဆတ်ပေးသည်။
" သူကတရုတ်ကသူဌေးကြီးလေ Han Phone လို့ခေါ်တယ်။ "
" သြော် တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က...."
" နိင်က အမိန့်ရှင်မဟုတ်လား။ဝေါ်ကြားဖူးတယ်ဝေ့။တွေ့ရတာဝမ်းသာတယ်ဝေ။ "
" အာ ဟုတ်ကဲ့။ "
နှုတ်ဆတ်နေပေမဲ့သူ့ဘေးကကောင်လေးကိုအာရုံရောက်နေမိသည်။မချေပြုံးပြုံးပြပြီးခနဲ့တဲ့တဲ့လုပ်နေသောထိုတစ်ယောက်မျက်နှာကိုရင်းနှီးနေတာတော့အမှန်ပါ။
" ညီ့ ကိုရင်းနှီးနေသလိုပဲ။တွေ့ဖူးကြလား။ "
ထိုကောင်လေးကပြုံးရင်းမသိမသာလေးအနားကပ်ကာ
" ကျနော့်ကိုမမှတ်မိဘူးလား။ကွန်တိန်နာထဲထည့်ပေးခဲ့လိုကျေးဇူးတောင်တင်တယ်။"
အမိန့်ရှင် မျက်နှာပျက်သွားပြီး
" ဝီလျှံ... "
" မှတ်မိသားပဲညာဏ်ကောင်းလိုက်တာ။ဒါနဲ့ယူဂျင်းကဘယ်လိုဖြစ်တာလဲ။ "
" ဟမ်....ဘာကိုဆိုလိုတာလဲ။ "
" ဟိုမှာလေ သူပွဲတက်လာသားပဲ။အတွဲပဲလွဲနေတာ။ "
ဝီလျှံမေးငေါ့ပြရာကိုကြည့်လိုက်တော့ဒေါသတွေကငယ်ထိပ်ဆောင့်တက်သွားသည်။ဘန်နဲ့အတူခန်းမထဲဝင်လာတဲ့ယူဂျင်း။သူ့ရှေ့မှာတောင်မပြုံးဖူးတဲ့အပြုံးတွေနဲ့ပြုံးပြနေသူ။
" တောက်...!! "
ဒေါသတကြီးတောက်ခေါက်ရင်းစိုက်ကြည့်နေမိတော့ ယူဂျင်းကမြင်သွားဟန်တူသည်။ချက်ချင်းမျက်နှာတစ်ခုလုံးရဲတက်လာတော့သည်။
ဖြစ်ပုံမှာ........
ညနေ၄နာရီခန့်က ယူဂျင်းထံဖုန်းဝင်လာသည်။ဘန်ဖြစ်သည်။Cristal Groupရဲ့Dinnerကိုအတူတူတက်ရအောင်ပြောလာသည်။မိမိလည်းပျင်းနေတာနဲ့လက်ခံလိုက်မိသည်။ပြီးတော့ဒီနေ့အမိန့်ရှင်အိမ်ပြန်နောက်ကျမည်ကိုကြားထားတာကြောင့်လည်းပါသည်။
သို့ရာတွင်ဒီလိုတွေ့လာမယ်မထင်ခဲ့ပါ။ဒါပေမဲ့ဘာဖြစ်လဲ။သူလည်းမိန်းကလေးတစ်ယောက်နဲ့တက်လာသေးတာပဲ။ငါကအားနာနေစရာလား။
ဟုတ်ပါတယ်လေ။သူ့ကိုလူကြီးလူကောင်းတစ်ယောက်ကငါ့လိုလူကိုတွဲပြီးတက်ပါ့မလား။သူ့အရှက်အကွဲခံပြီး။
အမိန့်ရှင်ကချက်ချင်းပဲခန်းမထဲကထွက်သွားတော့သည်။ဒေါသခြေလှမ်းတွေနဲ့ဦးတည်သွားတာကကားပါကင်ရှိရာသို့။
" ဆရာ အစောကြီးပြန်တော့.."
" ခွပ်....." ဂျွန်ရဲ့စကားပင်မဆုံးသေးအမိန့်ရှင်ရဲ့လက်သီးကကျရောက်လာသည်။လဲကျသွားတဲ့ဂျွန်တစ်ယောက်အံ့အားသင့်စွာမော့ကြည့်ရင်း။
" ဘာဖြစ်လို့လဲ ဆရာ။ "
" ဘာဖြစ်လို့လဲဟုတ်လား။ဘာလဲအဲ့ကောင်ကမင်းညီဖြစ်နေလို့မထိရက်မတို့ရက်ဖြစ်နေတာလား။ဟမ် "
"ဗျာ.... "
" ရာရာစစယူဂျင်းကိုတွဲပြီးပွဲတက်လာရဲတယ်။ ပြောစမ်းမင်းကငါ့ကိုဖီဆန်ချင်နေတာလား။ "
" အခုမှတွေ့တဲ့ညီအတွက်နဲ့ငါ့ကိုဖီဆန်ချင်နေတာလား။ "
ရင်ထဲဆို့တက်သွားသည်။ဖြစ်စရာလား ဆရာရယ်။ကျွန်တော့်ကိုအထင်သေးလိုက်တာလား။ကျွန်တော်တစ်ခါမှအဲ့လိုလုပ်ဖို့မစဉ်းစားခဲ့ပါဘူးဗျာ။
" တောင်းပန်ပါတယ် ကျွန်တော်ပေါ့ရော့သွားခဲ့တယ်။ "
" တော်ပြီး ငါမင်းကိုစိတ်ပျက်တယ်။ " ဘယ်လိုပြောလိုက်တယ် စိတ်ပျက်တယ်တဲ့လား။အဲ့လိုပြောမဲ့အစားသတ်သွားလိုက်တာကမှအဆင်ပြေပါဦးမယ်။
စကားအကုန်ပြောပြီးကားမောင်းထွက်သွားသောအမ်ိန့်ရှင်ကိုရီဝေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေရင်း
" အဲ့ဒီ့စကားမှားကြောင်းကျွန်တော်သက်သေပြပါ့မယ် ဆရာ။ "
ချက်ချင်းပဲတစ်စုံတစ်ယောက်ထံဖုန်းခေါ်လိုက်သည်။
" Bob ငါ့ကိုမှောင်ခိုကားတစ်စီးစီစဉ်ပေး အခုလာယူမယ်။ "
At Hotel
" ဟေ့ မင်းကယူဂျင်းမှလား။"
ရေခဲရေတွေကိုတစ်ခွက်ပြီးတစ်ခွက်သောက်နေသောယူဂျင်းအနားရောက်လာတဲ့လူတစ်ယောက်။😁(တိုနီ ပါနော်)
" ကျွန်တော့်ကိုသိလို့လား။ "
" အမိန့်ရှင်နဲ့လက်ထပ်မယ့်သူမဟုတ်လားသူပြောပြဖူးတယ်။ "
မဲ့ပြုံးလေးပြုံးလိုက်မိသည်။သြော် ပြောပြထားတဲ့လူရှိသေးတာပဲ။
" အိမ်မပြန်သေးဘူးလား။ "
" ကျွန်တော်နဲ့လာတဲ့လူရှိ.."
ရုတ်တရက်Messagesဝင်လာသည်။
📥 sorry ယူဂျင်း အလုပ်လေးတွေပေါ်လာလို့ကိုယ်အရင်ပြန်နှင့်ပြီ။📥
ဘန်ထံမှဝင်လာခြင်းသာဖြစ်သည်။ ဟူး ဘယ်တက်နိုင်မလဲTaxiနဲ့ပြန်ရုံပဲပေါ့။
" ကျွန်တော်ပြန်တော့မယ်။ခွင့်ပြုပါဦးအကို။"
" ကောင်းသောညပါကွာ။ "
ယူဂျင်းလည်းစိတ်ပျက်ပျက်နှင့်ပြန်သွားကာမှတိုနီကမဲ့ပြုံးပြုံကာသန့်စင်ခန်းထဲဝင်လာမိသည်။သန့်စင်ခန်းထဲမှာတော့ ဘန်ကိုချုပ်ထားတဲ့လူအချို့။
" ခွေးကောင်လေး ရာရာစစအမိန့်ရှင်လူကိုထိချင်တယ်။တော်ရုံသတ္တိတော့မဟုတ်ဘူးနော်။"
" အဲ့ကောင်ကိုလွှတ်ပေးလိုက်တော့။ "🍑🍑🍑🍑🍑
ကဲကဲ ...voteတွေတောင်းခံတယ်နော်။comမှာဝေဖန်ပေးပါ။upမမှန်တဲ့သာသာစုတ်ကိုချောင်းမရိုက်ပါနဲ့😅Reading Listလှလှလေးတွေထဲထည့်ပေးတော့ပျော်တာပေါ့နော်😍
ပျင်းနေမှာစိုးလို့နောက်အပိုင်းမှာမှောင်ပေးပါ့မယ်။စကားမစပ်သာသာလေဂျွန်ကိုသိပ်သနားတာပဲ
သိလား။🤧🤧

YOU ARE READING
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း