Unicode 🍑Episode 8🍑

3.3K 235 0
                                    

      ဖခင်ဖြစ်သူကိုအတင်းလက်ခံလာအောင်လုပ်ပြီးနောက်၊ယူဂျင်းတစ်ယောက်အမိန့်ရှင်အိမ်ရောက်လာတော့သည်။
     အိမ်ကြီးကခမ်းနားသလောက်လူကတော့ယူဂျင်းအပါအဝင်၅ယောက်သာရှိသည်။အမိန့်ရှင်၊လူယုံဖြစ်တဲ့ဂျွန်၊အိမ်အကူအဒေါ်ကြီး၊ခြံစောင့်ဦးလေးကြီးနဲ့ယူဂျင်း။
      ယူဂျင်းအတွက်အခန်းကိုရှယ်ပြင်ဆင်ပေးထားသည်။လိုလေသေးမရှိအောင်ဆောင်ရွက်ခိုင်းထားသည်။ကျေးဇူးတော့တင်ပေမဲ့ စိတ်ထဲမှာကမသန့်။
       အမိန့်ရှင်လိုစီးပွားရေးသမားတစ်ယောက်ကလိုတာရှိမှသာပေးတက်သူမဟုတ်လား။ငါ့ဆီကဘာလိုချင်နေတာလဲ။
     "အကိုလေး-ယူ..."
     "ဟုတ်ကဲ့အဒေါ်.ကျွန်တော်လာပြီ။"
      အခန်းပြင်မှအိမ်အကူအဒေါ်ကြီးရဲ့ခေါ်သံကြောင့်ယူဂျင်းအမြန်ထွက်လာမိသည်။
     "မနက်စာစားဖို့သခင်လေးခေါ်နေလို့ပါ။"
       ယူဂျင်းအံ့ဩသွားမိသည်။မနက်၈နာရီရှိနေပြီ။ခါတိုင်းဆိုအမိန့်ရှင်မရှိတော့၊ညဆိုလည်းပြန်လာတာက၉နာရီ၁၀နာရီ။
        ထိုအချိန်ကယူဂျင်းအ်ိပ်နေကြမို့သိပ်မတွေ့ဖြစ်ပါ။ထမင်းစားခန်းထဲရောက်တော့အမိန့်ရှင်ကသတင်းစာဖတ်ရင်း ကော်ဖီသောက်နေသည်။ဂျွန်လည်းရှိနေသည်။
     "မောနင်းပါ.အရှင်။"
     အမိန့်ရှင်ကဂရုမစိုက်ပေ။ထိုအခါဂျွန်က "အာ..မောနင်းယူဂျင်း။"
     "ဟုတ်ကဲ့။"  ဟုဆိုကာကော်ဖီသောက်မည်အပြု..
     "မသောက်နဲ့.."
      အမိန့်ရှင်ရဲ့အသံကြောင့်လက်တုန့်သွားသည်။အဒေါ်ကြီးအပါအဝင်ယူဂျင်းနှင့်ဂျွန်ပါမျက်လုံးအဝိုင်းသားလေးနှင့်ပြန်ကြည့်သည်။
       အမိန့်ရှင်ကဂရုမစိုက်ဟန်ဖြင့်.."ကော်ဖီကနှလုံးအတွက်မကောင်းဘူးဆိုတာမသိဘူးလား။"
  "အဒေါ်ကြီးသူ့ကိုနွားနို့ပေးလိုက်။"
     "အာ..ဟုတ်ကဲ့။"
  "ပြီးတော့ယူဂျင်း.သန်ဘက်ခါကျောင်းတက်ရမှာမှလား။"
   "ဟုတ်ကဲ့.."
   "ရော့..ဒီကဒ်နဲ့လိုတာတွေဝယ်လိုက်။ဂျွန်.မင်းလိုက်သွား။"
   "ပြီးရင်နေ့လည်၁၂နာရီမထိုးခင်ရုံးခန်းကိုအရောက်လာ။"
   "ဗျာ.ဟုတ်.ဟုတ်ကဲ့ဆရာ။"
   မှာစရာရှိတာတွေပြောပြီးနောက်ထွက်သွားတော့သည်။
   "အကိုဂျွန်.သူဒီနေ့ထူးဆန်းတယ်။ဘာဖြစ်ထားတာလဲ။"
    "အကိုဘယ်သိမလဲ၊ဆရာကစိတ်အမျိုးမျိုးနဲ့ခန့်မှန်းလို့မရဘူး။"

       *******

    "ဟင်..အကို။"
      အင်္ကျီဝယ်နေသောယူဂျင်းတို့နှစ်ယောက်နောက်မှခေါ်သံကြောင့်လှည့်ကြည့်လိုက်မိသည်။ခပ်ချောချောကောင်လေးတစ်ယောက်..
     "ဘန်.မင်းကဒီကိုဘယ်လိုရောက်နေတာလဲ။"
     "ကျောင်းဖွင့်တော့မှာဆိုတော့လိုတာလေးတွေလာဝယ်တာပါ။ဒါနဲ့သူက..."
     ပြောရင်းဆိုရင်းယူဂျင်းကိုမေးလာသည်။
    "ဒါက.ယူဂျင်း ။ယူဂျင်းသူကအကို့ရဲ့ညီ.ဘန်လို့ခေါ်တယ်။"
    "ဟုတ်.တွေ့ရတာဝမ်းသာပါတယ်။"
    "အကိုကWinChawLarတက္ကသိုလ်ကပါ။တတိယနှစ်တက်တော့မှာမင်းကရော."
   "ကျွန်တော်လည်းWinChawLarပဲ။first yearပါ။အဖော်ရတာပေါ့။"
      ယူဂျင်းကသာအားရဝမ်းသာပြောနေတာ ဂျွန်ကတော့ခပ်အေးအေးနှင့်ပင်ရပ်နေသည်။ညီကိုတွေ့ရလို့ဝမ်းသာပုံလည်းမရ။ခနအကြာမှဝင်ပြောတဲ့စကားကလည်း..
      "ဘန်.မင်းအလုပ်ရှိသေးတယ်မှလား။သွားတော့လေ။"
       "အင်းပါ.အကို။သွားပြီနော်၂ယောက်လုံး။"
       အပြန်လမ်းမှာယူဂျင်းမေးချင်စိတ်ကိုထိန်းမရတော့။ထို့ကြောင့်မေးချလိုက်တော့သည်။
    "အကိုဂျွန်.ကျွန်တော်မေးချင်လို့ရမလား။"
   "အင်း.မေးလေ။"
   ချိုချိုသာသာပင်။သူညီနဲ့တုန်းကတော့အေးစက်စက်နဲ့။
   "ဘန်ကညီအရင်းလား။
   "အင်း.လေဘာလို့လဲယူဂျင်း"
    "ဒါပေမဲ့အကိုဂျွန်ဆက်ဆံတာက"
    "အေးစက်စက်ဖြစ်နေလို့လား"  ရုတ်တရက်ဖြတ်မေးလာသောကြောင့်..
     "အင်း..။စည်းကျော်သလိုမဖြစ်ပါဘူးနော်။"
     "ဟား...ရပါတယ်။မိသားစုဖြစ်လာတော့မှာပဲကို။"
     "အမှန်တော့အကိုကအသက်၁၂နှစ်ကတည်းကစွန့်ပစ်ခံခဲ့ရတာ။ဒါကိုဆရာ့ရဲ့အဘိုးကမွေးစားပြီးစောင့်ရှောက်ပေးခဲ့တာ။"
    (ဆရာဆိုတာ အမိန့်ရှင်ကိုဆိုလိုတာပါ။ရှုပ်မှာစိုးလို့😁)
     "ဆရာက.အကို့အတွက်အကိုအရင်းလိုပဲ။မိသားစုအစစ်ထက်ပိုခင်တွယ်တယ်။"
      ဩော်..ဒါ့ကြောင့်ညီအရင်းကိုစိမ်းနေတာကိုး။အမိန့်ရှင်အကြောင်းမေးချင်သော်လည်း။ထားပါသိပြီးဘာလုပ်ရမှာလဲ။
     "ဆရာ့အကြောင်းရောသိချင်သေးလား။"
     "ဒီ.ဒီလိုပါပဲ။ပြောပြချင်ပြောပြပါ။"   သိချင်ပေမဲ့မူနေလိုက်သည်။ဂျွန်ကရိပ်မိသည်။ထို့ကြောင့်....။
      "ဆရာကလေ.သနားဖို့ကောင်းတယ်။"
      
        *******

      အရေးအသားညံ့သောသာသာ့ကိုသည်းခံပေးကြပါနော်။ရေးချင်သော်လည်းသိပ်မတက်သေးလို့ပါ။ဖတ်တဲ့သူလေးတွေကိုလည်းသိပ်ချစ်ပါတယ်။သာသာကလေဖတ်တဲ့လူ၁ယောက်ပဲရှိတောင်သူ့အတွက်ရေးနေမှာပါ☺☺။
  

The LordWhere stories live. Discover now