Unicode 🍑Episode 18🍑

2.8K 183 0
                                    

    ပန်းနုရောင်ဆံပင်ရှည်နှင့်အတော့်ကိုချောမောသောထိုမိန်းကလေးနှင့်မျက်နှာချင်းဆိုင်ထိုင်ရင်း
    "ဒါနဲ့ဘယ်သူနဲ့တွေ့ချင်လို့လဲအမ"
   သူမကချက်ချင်းပဲမျက်နှာငယ်နှင့်ဖြစ်သွားပြီး
   "အမကအမိန့်ရှင်ရဲ့ညီမပါ။မင်းကိုအကူညီတောင်းချင်လို့။"
   "ဗျာ အမိန့်ရှင်ရဲ့ညီမ။သူ့မှာညီမရှိတာလား။"
   "ဟင် မင်းကိုမပြောပြဖူးဘူးလား။"
   "ဟုတ်ကဲ့ကျွန်တော်သူ့အကြောင်းသိပ်မသိပါဘူး။"
   "သြော် သူကအမတို့ကိုသိပ်သဘောမကျလောက်ဘူး။"
  "ဘာလို့လဲ ပြီးတော့စောစောကအကူအညီဆိုတာဘာကိုပြောတာလဲ။"
  "အမနဲ့သူကအဖေတူအမေကွဲပါ။သူကအမတို့သားအမိကိုသိပ်မကြိုက်ဘူးလေ"
     ပြောရင်းပြောရင်းမျက်ရည်လေးဝဲတဲတဲနှင့်ဖြစ်လာကာ
   "အခုလေ အမရဲ့မေမေကအရမ်းနေမကောင်းဖြစ်နေတယ်။ခွဲစိတ်မှရမှာဒါပေမဲ့ငွေက.."
    အသံကတိမ်ဝင်သွားသည်။ယူဂျင်းအတော်ကိုသနားသွားသည်။ထို့ကြောင့်ပြုံးပြပြီး
   "ကျွန်တော်နားလည်ပါပြီ။အမိန့်ရှင်ကိုကျွန်တော်ပြောပေးပါ့မယ်။"
   "အရမ်းစိတ်မပူပါနဲ့နော် အန်တီ့အတွက်အာဟာရရှိတာတွေဝယ်ဖို့ကျွန်တော့်လက်ထဲရှိသလောက်ပေးလိုက်ပါ့မယ်။"
   "ကျေးဇူးပါပဲမောင်လေးရယ် တကယ်ကျေးဇူးတင်ပါတယ်နော်"
    သူမကမျက်ရည်တွေပင်ကျလာသောကြောင့်ယူဂျင်းပါဝမ်းနည်းသွားမိသည်။သူ့မှာလည်းအမေမရှိခဲ့တော့။
   "ခနပဲစောင့်နော်ကျွန်တော်ပိုက်ဆံသွားယူဦးမယ်။"
"ကောင်းပါပြီကျေးဇူးပဲနော်။"
      ယူဂျင်းကအပေါ်ထပ်ပြေးတက်သွားကာမှသူမကမဲ့ပြုံးပြုံးလိုက်ပြီး
   "ငတုံးလေးပဲ။အညာလွယ်လိုက်တာ။အဲရစ် ရှင်ဘယ်လိုများသဘောကျပါလိမ့် ရှင်နဲ့ဆန့်ကျင်ဘက်ပဲ"
    ယူဂျင်းကငွေစက္ကူအချို့ကိုယူလာပြီးဆယ်ရာ့ဆီမသွားပဲထမင်းစားခန်းထဲဝင်လာသည်။ထို့နောက်အိမ်အကူအဒေါ်ကြီးအား
    "အဒေါ် ဧည့်ခန်းထဲကမိန်းကလေးကိုသိလား။"
     သူမကသဘောမကျဟန်ဖြင့်
   "သိပ်သိတာပေါ့။သူမကသခင်လေးညီမလေ။သခင်လေးကသူတို့သားအမိကိုသူဌေးကြီးသေကတည်းကမောင်းထုတ်ထားတာ။"
   "သြော် အဲ့လိုကိုး။ကျေးဇူးပဲနော်ဒါနဲ့သူမလာတာကိုပြန်မပြောပါနဲ့။"
   "ဘာလို့လဲ။သိသင့်တာ.."
   "မပြောပါနဲ့နော် ကျွန်တော်ပဲတောင်းပန်ပါတယ်။"
   "အင်းပါပြီးရောလေ။"
    ထို့နောက်ယူဂျင်းကဧည့်ခန်းထဲသို့ထွက်သွားသည်။ထိုင်နေတဲ့ဆယ်ရာ့အား လက်ထဲကငွေအချို့ကိုပေးပြီ
   "အမဒီပိုက်ဆံနဲ့ အားရှိနိုင်မယ့်အစားအစာနဲ့လိုအပ်တဲ့ဆေးဝါးတွေဝယ်လိုက်ပါ။"
   သူမကဝမ်းသာအားရပြုံးရင်း
   "ကျေးဇူးတင်လိုက်တာယူဂျင်းရယ်။"
  " ရပါတယ် ညကျမှကျွန်တော်ငွေထပ်တောင်းလိုက်ပါ့မယ်"

                  **********

      7:00PM
         အောက်ဖက်ကကားသံကြောင့်အမိန့်ရှင်ပြန်ရောက်လာမှန်းသိလိုက်သည်။Golden Mallကအကြောင်းကြောင့်စိတ်မကြည်သော်လည်းညနေကလာသွားတဲ့ဆယ်ရာကြောင့်အမိန့်ရှင်နှင့်ပြောရအုံးမည်။
           အပေါ်ထပ်တက်လာသောအမိန့်ရှင်ကြောင့်ယူဂျင်းအခန်းထဲကထွက်လာပြီး
         "အရှင်ကျွန်တော်ပြောစရာရှိလို့"
     ယူဂျင်းစကားကြောင့်အမိန့်ရှင်ကလှည့်ကြည့်ကာ
       "စာဖတ်ခန်းထဲကိုသွားနှင့်"
        " ဟုတ်ကဲ့"ဟုဆိုကာစာဖတ်ခန်းထဲဝင်သွားသည်။ခဏကြာတော့အမိန့်ရှင်ကအဝတ်လဲပြီးဝင်လာသည်။ဆိုဖာပေါ်မှာခြေထောက်ချိတ်ထိုင်ပြီး
   "ကဲ ပြော ဘာပြောမလို့လဲ"
   "ဟိုလေ ကျွန်တော့်အဖေကသူ့မိတ်ဆွေတွေနဲ့လုပ်ငန်းစပ်တူလုပ်ချင်လို့အဲ့ဒါငွေလေး.."
    "ဘယ်လောက်လဲ သိန်း၈၀၀လောက်လား ယူဂျင်း။"
    "ဟင် ဘယ်လိုသိတာလဲ။"
      အမိန့်ရှင်ကလှောင်သလိုနှင့်ဟက်
ခနဲရယ်လိုက်ပြီး
     "အဲ့ပမာဏကိုမင်းအဖေလာတောင်းပြီးပြီ။ပြီးတော့မင်းယုံလား စပ်တူလုပ်ငန်းဆိုတာကို"
     မျက်လုံးအဝိုင်းသားနှင့်ကလေးတစ်ယောက်လိုပြန်ကြည့်နေသောကြောင့်ဆူရမည်ကိုပင်အားနာသွားရသည်။
     "ယူဂျင်း မင်းအဖေကလောင်းကစားမှာယစ်မူးနေပြီ ဘယ်လိုမှမရပ်တန့်နိုင်တော့ဘူး။"
     "ဒီပိုက်ဆံကလည်းလုပ်ငန်းအတွက်မဟုတ်ဘူး။သူ့ရဲ့ကြွေးသစ်တွေအတွက်ပဲ။"
               အမိန်ရှင်ရဲ့အချက်ကျကျစ  ကားတွေကြောင့်ယူဂျင်းဆွံ့အသွားမိသည်

                🍑🍑🍑🍑🍑

     Updateမတင်တာကြာသွားလို့သာသာအများကြီးတောင်းပန်ပါတယ်။ပုံစံတူFicများရှိခဲ့ရင်လဲလေးစားစွာဖြင့်Crdပါတယ်။
   Love you all my readers.😘😘😘

The LordWhere stories live. Discover now