အဲ့ဒါတစ်ကယ်ပဲလား။အဖေကငါ့ကိုလိမ်တာပေါ့။ဘာ့ကြောင့်လဲ တကယ်ပဲဘာ့ကြောင့်လဲ။ငါကသူ့သားလေ ဘာလို့လိမ်ရတာလဲ။သိပ်ရှက်ဖို့ကောင်းတာပဲ။ငါကတော့ငတုံးလိုမျိုးသွားတောင်းနေမိတယ်။
တွေးရင်းတွေးရင်းမျက်ရည်ဝဲလာမိသည်။
" ဒါပဲမှလား။ မင်းလည်းသိပြီဆိုတော့ငါထပ်မပြောတော့ဘူး။"
" ဟုတ် ဟုတ်ကဲ့ ။"
ပြောပြောဆိုဆိုနှင့်ထွက်သွားမည်အပြုအမိန့်ရှင်က
"သိပ်လည်းခံစားမနေနဲ့ပြီးတော့ အရမ်းအယုံမလွယ်နဲ့နားလည်လား။"
ယူဂျင်းကရီဝေသောမျက်ဝန်းတွေနဲ့ပြန်ကြည့်ကာ
"ဟုတ်ကဲ့ အရှင်..။"
"မင်းသုံးစရာပိုက်ဆံရောရှိသေးလား။"
"ဟို..ပိုက်ဆံက"
"ရော့ ၅သိန်းထပ်ယူထားလိုက်။လိုတာရှိရင်ပြောအားမနာနဲ့။"
ပြောပြောဆိုဆိုနှင့်ပိုက်ဆံအချို့ထုတ်ပေးသည်။
"ကျေးဇူးတင်ပါတယ်။"
ငွေတွေကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်းအခန်းပြင်ထွက်လာမိသည်။ရက်စက်လိုက်တာဖေဖေရယ်။သားကို
ရယ်စရာလူတစ်ယောက်ဖြစ်အောင်လုပ်ခဲ့တယ်။သားစိတ်ကုန်လာပြီ။
**************အချိန်ကားည၈နာရီကျော်ခဲ့ပြီ။ဘန်လည်းညစာစားပြီးဆိုဖာတွင်ထိုင်ကာအနားယူနေလိုက်သည်။တီဗီဖွင့်ထားပေမဲ့စိတ်အာရုံကယူဂျင်းထံတွင်သာ
" Ting Tong...."
လူခေါ်ဘဲလ်ကြောင့်တံခါးကိုလှမ်းကြည့်လိုက်မိသည်။မိမိတစ်ယောက်တည်းနေတဲ့ကွန်ဒိုမို့သူစိမ်းလာစရာအကြောင်းမရှိပါ။
" ဘယ်သူလဲ။ "
မေးမြန်းရင်းတံခါးကိုဖွင့်လိုက်သည်။တံခါးဝမှာရပ်နေသူကြောင့်အံ့သြသွားမိသည်။
" ဂျွန် ! အကိုကဒီကိုဘယ်လိုရောက်လာတာလဲ။"
ဂျွန်ကအခန်းထဲဝင်လာပြီးဟိုဒီကြည့်ကာ။
" အင်း သပ်သပ်ရပ်ရပ်နေတော့လည်းဝယ်ပေးရကျိုးနပ်သားပဲ။"
ဘန်ကခပ်ပြုံးပြုံးနှင့် "အကိုဘာသောက်မလဲ။"
"တော်ပြီ။ဒီအတိုင်းလာတာ။"
ပြောပြောဆိုဆိုနှင့်ခုံမှာဝင်ထိုင်ကြရင်း ဘန်က " အာ သန်ဘက်ခါကအမေနဲ့အဖေဆုံးတာ၅နှစ်ပြည့်ပါအကို။ ကျွန်တော်တို့.."
" မင်းအဆင်ပြေသလိုပဲလုပ်လိုက်ပါ။"
ဂျွန်အတွက်တော့မိဘဆိုတာသူနဲ့မသက်ဆိုင်သလိုပင်။အသက်၁၂နှစ်ကတည်းကစီးပွားရေးတွေကျဆင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မိဘမဲ့ဂေဟာမှာစွန့်ပစ်ခဲ့ကြတယ်။အရမ်းမုန်းတယ်။ဒါပေမဲ့ကျေးဇူးလည်းတင်တယ်။သူတို့စွန့်ပစ်ခဲ့လို့လည်းပိုကောင်းတဲ့ဘဝကိုရခဲ့တာ။သူတို့စွန့်ပစ်ခဲ့လို့သာအမိန့်ရှင်အဘိုးနဲ့တွေ့ခွင့်ရပြီးဒီလိုနေနိုင်တာ။မှတ်မိသေးတာပေါ့။
🍂နွေဦးရာသီရဲ့လှပတဲ့နေ့ရက်တစ်ခု
"ဂျွန် အခုချိန်ကစပြီးဒါမင်းအိမ်ပဲ။"
စိမ်းသက်တဲ့မိဘမဲ့ဂေဟာမှာ၂နှစ်ကြာနေထိုင်ပြီးနောက်သူဌေးတစ်ယောက်ရဲ့မွေးစားမှုနှင့်အတူအိမ်ဆိုတာကိုရရှိခဲ့တယ်။ကျွန်တော့်အသက်၁၄နှစ်မှာပေါ့။
ကြီးကျယ်ခမ်းနားလွန်းတဲ့အိမ်ကြီးဟာကျွန်တော့်အတွက်တစ်ကယ်ကိုအံ့အားသင့်စရာပါပဲ။ခြံထဲကိုဝင်လာတော့မြက်ခင်းစိမ်းပေါ်မှာထိုင်ပြီးခွေးလေးတစ်ကောင်ကိုပွတ်သတ်နေတဲ့၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်။
" အဲရစ် မြေး "
" ဟင် အဘိုးပြန်လာပြီပဲ"
ချက်ချင်းပြုံးသွားပြီးထလာသည်။ဘေးမှာငြိမ်သက်နေတဲ့ကျွန်တော့်ကိုတွေ့တော့နွေးထွေးတဲ့အပြုံးနဲ့ " မင်းက ဂျွန်ဖြစ်မယ် ။ တွေ့ရတာဝမ်းသာပါတယ်။"
ချိုသာတဲ့စကားသံနှင့်အတူကမ်းလာတဲ့လက်တစ်စုံ။ကျွန်တော့်ဘဝမှာဒါကပထမဆုံးပါပဲ။လူစိမ်းတစ်ယောက်ဆီကရတဲ့နွေးထွေးမှု။
"ဟုတ် ဟုတ်ကဲ့။" ပြောရင်းလက်ဆွဲနှုတ်ဆက်လိုက်သည်။
" ရင်းရင်းနှီးနှီးနေနော် အကို့မှာလည်းညီမရှိတော့ မင်းကိုခင်ပါတယ်။"
" ဟုတ်ကဲ့ပါအကို။"
ကျွန်တော့ရှေ့ဆိုခင်စရာသိပ်ကောင်းတဲ့သူကအခြားသူတွေရှေ့မှာတော့အေးစက်လွန်းပါတယ်။ဥပမာသူ့ရဲ့မိထွေးနဲ့မယားပါသမီးရှေ့မှာပေါ့။ကျွန်တော်ဆုံးဖြတ်ခဲ့တယ် သူ့အတွက်ဘာမဆိုလုပ်ပေးမယ်။ကျွန်တော့စိတ်ဝိညာဉ်ကိုပေးပြီးအလုပ်အကျွေးပြုမယ်။
🍂🍂🍂🍂🍂🍂
" အကို အကိုဂျွန် "
အတွေးလွန်နေသောသူ့အားခပ်ကျယ်ကျယ်အော်ခေါ်လိုက်မှကြားလိုက်ရသည်။
" ဟင် သြော် ပြော ဘာလဲ "
" ဘာတွေတွေးနေတာလဲ။"
" ဒီလိုပါပဲ ဘာပြောမလို့လဲပြောလေ။"
" ဒီကိုလာတာအကြောင်းတစ်ခုတော့ရှိမယ်ထင်လို့ပါ။"
ဟုတ်သားပဲ အကြောင်းရှိတယ်လာရတဲ့။သတိပေးမလို့လာခဲ့တာ။
" ဘန် မင်းငါ့စကားကိုနားထောင်သင့်တယ်။ယူဂျင်းနဲ့မပတ်သတ်ဖို့ပြောထားတာကိုနားမလည်ဘူးလား "
" ဒါတောင်မင်းကGMကိုသွားလိုက်သေးတယ် အမိန့်ရှင်နားထဲပြန်ရောက်ရင်မင်းပိုဆိုးမယ်။"
" ဟာ ငါ့အကိုကလည်း ကြောက်တက်ပါရောလား။ယူဂျင်းကချစ်ဖို့ကောင်းတာကို။"
" ကျွန်တော်ကဘယ်လိုမခင်ဘဲနေနိုင်မလဲ။ဒါမှမဟုတ်လေးနက်တဲ့ခံစားချက်များရှိနေတာလားပဲ"
အပြောင်အပျက်လိုလုပ်ကာစနေသောဘန်ကြောင့်ဒေါသထွက်လာကာ
" စနောက်မနေနဲ့ယူဂျင်းကအမိန့်ရှင်ရဲ့လူ။မင်းဝေးဝေးနေလိုက်တော့ "
" နောက်ဆုံးပြောခြင်းပါနောက်တစ်ခါဆိုတာစကားနဲ့မဟုတ်တော့ဘူး။"
" ဘာလဲ အကိုဆိုလိုချင်တာက"
" အေး မင်းထင်သလိုပဲ။ဘာလို့မလုပ်နိုင်ရမှာလဲ ဘန် ။"
ချက်ချင်းလေစိမ်းတွေတိုက်လာသည်။အေးစက်စက်အကြည့်တွေနဲ့သူတို့နှစ်ယောက်ကြားမှာတိတ်ဆိတ်နေပြီးခနအကြာတွင်
" ငါပြန်ပြီ ဘန် ။"
ထရပ်လိုက်ပြီးပြန်ရန်ပြင်သော်လည်းဘန်ရဲ့စကားကြောင့်
" ကျွန်တော်ယူဂျင်းကိုရအောင်ယူမှာ။"**********
" သူဌေးကြီး...။"
ချွဲပစ်သောခေါ်သံနှင့်အတူရုံးခန်းထဲဝင်လာသောကောင်ချောလေးတစ်ယောက်။စားပွဲပေါ်တွင်စာရွက်တွေကိုလက်မှတ်ထိုးနေသောအသက်၅၀ကျော်သူဌေးကြီးမျက်နှာကဝင်းကနဲဖြစ်သွားကာ
" ကလေးလေး ဘယ်လိုဖြစ်လို့ဒီအထိလိုက်လာရတာလဲ။ "
" မဟုတ်ပါဘူး သူဌေးကြီးကအလုပ်ပဲဂရုစိုက်နေတော့မေ့နေတယ်ထင်ပြီးရောက်လာတာ။"
ပြောပြောဆိုဆိုနှင့်ပေါင်ပေါ်လာထိုင်သည်။ရင်ဘတ်တွေကိုလက်နဲ့ပွတ်သတ်ရင်း
" သူဌေးကြီးကကျွန်တော့်ကိုမချစ်တော့ဘူးလား ဟင်။"
" ဟာ ဘယ်လိုပြောလိုက်တာလဲချစ်တာမှတုန်နေတာပါကွာ။"
" ဟုတ်လို့လား မယုံပါဘူး"
" ဟာ ကဲပြော ဘယ်လိုသက်သေပြရမလဲ။"
" ဟီး...Cristal Groupရဲ့ညစာစားပွဲကမနက်ဖြန်နော်။ကျွန်တော်လည်းလိုက်ချင်တယ်။"
" ဟင် ဟုတ်လား။ကလေးကဘာလို့လိုက်ချင်ရတာလဲ။"
"ဟာ ဘာလဲ မခေါ်ချင်တဲ့သဘောလား ရတယ်လေ။မချစ်တော့လည်းနေပေါ့။ "
" အာ မဟုတ်ပါဘူး လိုက်ပါ လိုက်ပါ။ဒီကကလေးလေးဝီလျှံစိတ်တိုင်းကျပါဗျာ"
" အာ့ကြောင့်ချစ်တာ။ "🍑🍑🍑🍑🍑
တာဒါ......ဗီလိန်တွေများလာပါပြီနော်ဝီလျှံကိုမှတ်မိကြလား။မမှတ်မိရင်အပိုင်း(၅)မှာပြန်ကြည့်ပါ😁
ဒါဒါအချို့ကအရှည်ကြီးရေးပေးပါဆိုလို့ပိစိလေးပိုရေးပေးထားတယ်သိလား။😊နောက်အပိုင်းတွေကိုဒီ့ထက်ပိုရေးပေးမှာပါ။upမမှန်တဲ့သာသာစုတ်ကိုခွင့်လွှတ်ကြပါ🙏🙏
Love you all my readers😘😘😘
YOU ARE READING
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း