Unicode 🍑Episode 17🍑

3K 184 0
                                    

     "ဟင် ဖေဖေ။"
       ခြံရှေ့ကနေပြုံးပြပြီးလက်ဝေ့ရမ်းနေတဲ့ဖခင်ကြောင့်ပျော်သွားသည်။ချက်ချင်းပဲခြံရှေ့တံခါးကိုပြေးဖွင့်လိုက်သည်။
    "ဖေဖေ ဒီကိုဘယ်လိုရောက်လာတာလဲ။"
    "သြော် သားဆီကိုလာတာလေ။နေရောကောင်းရဲ့လား"
   "ဟုတ်ကဲ့။ဝင်လေ ဖေဖေ။"
    အိမ်ထဲသို့ဖိတ်ခေါ်လာပြီးဧည့်ခန်းထဲမှာဝင်ထိုင်လိုက်သည်။ဖခင်ဖြစအသူကပိတိဖြစ်စွာပြုံးရင်း
    "အေးအေးချမ်းချမ်းဖြစ်နေလို့တော်သေးတာပေါ့။"
    "ဟုတ်ကဲ့ အားလုံးကဂရုစိုက်ကြပါတယ်။"
    "အမိန့်ရှင်ရော သားကိုဂရုစိုက်ရဲ့လား သူက.."
   "ဂရုစိုက်ပါတယ် ဖေဖေရဲ့။ဖေဖေရောအဆင်ပြေရဲ့လား။"
   "ဖေဖေလား ဟင်း..ဒီလိုပါပဲ"   ခပ်မဲ့မဲ့ပြုံးရင်းဖြေလိုက်သောကြောင့်ယူဂျင်းက
   "ပိုက်ဆံရောရှိရဲ့လား။"
    ဆတ်ခနဲသားဖြစ်သူလက်ကိုကိုင်လိုက်ရင်း  "သား...ဖေဖေလေလုပ်ငန်းလေးလုပ်ချင်လို့။ကုမွဏီကလည်းဒေဝါလီခံလိုက်ရပြီဆိုတော့"
   "အလုပ်လေးရှိမှဖြစ်မယ်လေ။အဲ့ဒါသား ဖေဖေ့ကိုငွေလေးနည်းနည်းလောက်ချေးပါသိန်း၈၀၀လောက်ပါပဲ"
    "သြော် ဖေဖေရယ်။သားမှာတော့မရှိဘူးဒါပေမဲ့သားအမိန့်ရှင်ကိုပြောပြပေးမယ်။"
     "တကယ်လား ကျေးဇူးပါပဲကွာ။"
   "မလိုပါဘူးသားအဖချင်းပဲကို ဒါနဲ့ဘာလုပ်ငန်းလုပ်မှာလဲ။"
   "အာ..ဟို.ဟို သြော် သူငယ်ချင်းတွေနဲ့စပ်တူလုပ်မှာလေ။"
   "အင်းပါ။သားပြောလိုက်ပါ့မယ်။သိန်း၈၀၀ကသူ့အတွက်စာမဖွဲ့လောက်ပါဘူး။"
 
       ******

   "Hello အဲရစ် အားလား။"
   ချွဲပစ်ပစ်အသံနှင့်အတိုအပြတ်ဝတ်ကာဝင်လာသောရို့စ်။
   အမိန့်ရှင်ကဟန်ဆောင်ပြုံးရင်း
  "အာ..ထိုင်လေ။ကိုယ်အားပါတယ်။"
  "တော်သေးတာပေါ့။နေ့လည်စာအတူသွားစားရအောင်။ဘိုကင်လုပ်ပြီးနေပြီ။"
  "အင်း။ကောင်းပြီလေ။ဒါနဲ့Dora BeachကHotelကိုရှယ်ယာဝင်တာကဘယ်လိုဖြစ်တာလဲ။မင်းတို့ဘက်က"
  "ဟီး..ရို့စ်ပြောလိုက်တာ။ဖေဖေကလည်းစိတ်ဝင်စားတယ်ဆိုတာနဲ့အတော်ပဲဖြစ်သွားတယ်။"
  "သြော်..အဲ့လိုလား။"
  "သွားမယ်လေ။ရို့စ်ဗိုက်ဆာနေပြီ။ကိုနဲ့အတူစားမယ်ဆိုပြီးလာတာ။"
   "အင်း သွားမယ်။"
At Restaurant
   "အဲရစ်..သန်ဘက်ခါရို့စ်တို့
CristalGroupရဲ့ညစာစားပွဲရှိတယ်။ဖေဖေကလာခဲ့ပါဦးတဲ့"
   "ဟုတ်လား။ကိုယ်လာခဲ့ပါ့မယ်။"
   "အတူသွားမယ်လေ။ရို့စ်လာခေါ်မယ် ok။"
   "အင်း ကောင်းပြီလေ။"
   "စကားမစပ်အပြန်ကြGoldenMallကိုဝင်ရအောင်။ဝယ်ချင်တာလေးရှိလို့"
   "အင်း။"

      *********

  "ကလင် ကလင် ကလင်"
  "ဟယ်လို ။"
  "ယူဂျင်း အိမ်မှာပဲလား။"
  "ဟင် အကိုဘန်။ဟုတ်ကဲ့ကျွန်တော်အိမ်မှာပါ။ဘာဖြစ်လို့လဲ။"
  "Golden Mallကိုသွားမလို့လိုက်ဦးမလား။"
  ယူဂျင်းတွေဝေသွားသည်။အမိန့်ရှင်သိရင်သဘောကျမှာမဟုတ်။သို့ရာတွင်ဘန်ကမိမိကိုအမြဲကူညီပြီးဂရုစိုက်ပေးသူမဟုတ်လား။
   "ဟယ်လို ယူဂျင်း မင်းလိုက်မှာလား။ကိုယ်လာခေါ်မယ်လေ။"
   "အာ..ကျွန်တော်မလိုက်တော့.."
   "ဘာလို့လဲလိုက်ခဲ့ပါကွာ။ကိုယ်တစ်ယောက်ထည်းပျင်းလို့ပါ။နော် ယူဂျင်း"
   "ဟုတ်ကဲ့ ကောင်းပြီလေ။ကျွန်တော်လိုက်ခဲ့ပါ့မယ်။"
     အားနာသော်လည်းလိုက်ရဦးမည်။ဘာမှတော့မဖြစ်လောက်ပါဘူး။တခါတလေပဲကို။
     ရေမိုးချိုးပြင်ဆင်ပြီးတော့ ဘန်ရောက်လာသည်။သူ့ရဲ့ကားနဲ့ပဲGoldenMallကိုရောက်လာကြသည်။
     "ယူဂျင်း မင်းလိုချင်တာရှိလည်းပြောနော် ကိုယ်ဝယ်ပေးမယ်။အားမနာနဲ့။"
   "ဟုတ်ကဲ့ ရပါတယ်အကိုဘန်။"
   "အာ..ဒီဆိုင်ပဲ။ဒီဆိုင်ကဒီဇိုင်းတွေကမိုက်တယ်သိလား။ကိုယ်ကြည့်လိုက်ဦးမယ်။"
   "ဟုတ် အေးဆေးကြည့်နော်။ကျွန်တော်ရှေ့မှာပဲစောင့်နေမယ်။"
At That Time
   "အာ...အဲရစ်၊ရို့စ်ဝယ်တာများသွားလား ဟင်။"
    "မင်းလိုချင်တာတွေပဲမှလား။"
   "ဟီး   ဒီလောက်များမယ်မထင်မိဘူး။"
     အတင်းကပ်လာပြီးမိမိလက်မောင်းကိုဆွဲထားသော်လည်းအခြေအနေအချို့ကြောင့်ဖြုတ်မရပေ။သည်းခံ အဲရစ် သည်းခံ။
    နေနဲ့လရွှေနဲ့မြလိုလိုက်ဖက်နေသောထိုစုံတွဲကို
     အပေါ်စီးကနေထင်ထင်ရှားရှားမြင်တွေ့ခဲ့သူ ယူဂျင်းရင်မှာတော့
    "ယူဂျင်း ဘာတွေငေးနေတာလဲ"
   "ဟင် အကိုဘန် သြော် ပြီးပြီလား။"
   "အင်း တစ်ခုခုသွားစားကြမလား။"
   "ဟင့်အင်းကျွန်တော်အိမ်ပြန်ချင်တယ်။"
   "ဟမ် သြော် အင်း ကောင်းပြီလေ ပြန်ကြရအောင်။"
    ကားပါကင်ဘက်ထွက်သွားသောအမိန့်ရှင်တို့ကိုကြည့်ရင်းညစ်ကျယ်ကျယ်အပြုံးပြုံးလိုက်တဲ့ဘန်။
    
       ********

    "အကိုလေး ဧည့်သည်။"
    "ဘယ်သူများလဲ။"
     ရောက်ရောက်ချင်းအဒေါ်ကြီးစကားကြောင့်ဧည့်ခန်းထဲရောက်လာမိသည်။ဆိုဖာပေါ်မှာအခန့်သားထိုင်နေသောမိန်းမချောလေးတစ်ယောက်။
   "အမကဘယ်သူများလဲ။"
   "ဟင်း ကိုယ်က ဆယ်ရာပါ။ယူဂျင်းဆိုတာမင်းလား။"
   "ဟုတ်ကဲ့။"

       🍑🍑🍑🍑

      နေမကောင်းပေမဲ့အားနာလွန်းလို့upပေးလိုက်ပါတယ်နော်။voteလေးတွေနဲ့အားပေးcomလေးတွေကြောင့်သာသာအမြန်ပြန်ကောင်းလာမှာပါနော်။စောင့်နေပေးလို့ကျေးဇူးပါဒါဒါလေးတွေရေ။😘😘

The LordWhere stories live. Discover now