"မင်းလား..ရာရာစစငါပိုင်တဲ့လူကိုထိရဲတယ်ပေါ့။"
ဒေါသတကြီးကြိမ်းမောင်းသံနှင့်အတူအမိန့်ရှင်တစ်ယောက်ဝီလျံအားစိတ်ကြိုက်ကန်နေမိသည်။
အချိန်အတော်ကြာနေပြီဆိုတာသိသည်။သို့သော်ဒေါသမပြေသေးပေ။ ဝီလျံကလည်းသွေးတွေရွဲနေပြီး..အသက်ပင်မနည်းရှုနေရသည်။
"ဂျွန်.ဒီကောင့်လက်ကိုဖြေလိုက်။ "
ချက်ချင်းပင်လက်ပြန်တုပ်ထားတဲ့ကြိုးကိုဖြေလိုက်သည်။အမိန့်ရှင်ကဝီလျံရဲ့ညာလက်ကိုခြေထောက်နဲ့နင်းခြေပြီး...
"ဒီလက်တွေလား..၊ရာရာစစငါနမ်းရှိုက်မယ့်ပါးပြင်ကိုနာကျင်အောင်လုပ်ရဲတာ။"
သွေးတွေထွက်တဲ့အထိနင်းခြေပြီးသဘောကျနေမိသည်။
အားရကျေနပ်ပြီဆိုကာမှ..
"ဂျွန်ဒီကောင့်ကိုကွန်တိန်နာထဲထည့်လိုက်တော့။"
ဝီလျံလန့်သွားပြီးချက်ချင်းဒူးထောက်ကာ...
"အမိန့်ရှင်..ကျွန်တော်တောင်းပန်ပါတယ်။အဲ့ဒီ့ကလေးကအမိန့်ရှင်ဟာမှန်းမသိလို့ပါ။"
"နောက်နောင်ဆင်ခြင်ပါ့မယ်။ကွန်တိန်နာထဲတော့မထည့်လိုက်ပါနဲ့"
"ဟား..လာနောက်နေတာလား။"
ဆတ်ခနဲကော်လံစကိုဆောင့်ဆွဲပြီး...
"ယူဂျင်းကိုနာကျင်အောင်လုပ်တဲ့လူမှန်သမျှသေတာထက်ပိုဆိုးစေရမယ်။"
"ဂျွန်..ဒီကောင့်ကိုခေါ်သွားတော့..."
ဘေးနားရှိလူအချို့ကဂျွန်ရဲ့အချက်ပြမှုနောက်မှာအမိန့်ရှင်ဘေးကနေဝီလျံအားဆွဲခေါ်သွားတော့သည်။
" အမိန့်ရှင်..တောင်းပန်ပါတယ်။ဒီလိုမလုပ်ပါနဲ့..တောင်း.."
စီးကရက်ကိုမာန်ပါပါသောက်ရင်းအငွေ့တွေကိုလေထဲမှုတ်ထုက်လိုက်သည်။
လေထဲပျံလွင့်သွားအငွေ့တွေကိုကြည့်ရင်းသဘောကျနေမိသည်။******
အမိန့်ရှင်...စီးပွားရေးလောကမှာမသိသူမရှိ။အသက်ငယ်ပေမဲ့ဥာဏ်နီဥာဏ်နက်များပြီးထက်မြတ်လွန်းသည်။ပိုင်ဆိုင်မှုတွေကလည်းများပြားလွန်းသည်။ဖခင်းသေသွားပေမဲ့ မိခင်နှင့်အဖေတူအမေကွဲညီမတစ်ယောက်ရှိသည်။သို့သော်အတူမနေပါ။
သဘောကောင်းရင်ကောင်းတက်သလောက်ရက်စက်တဲ့နေရာမှာလည်းဘယ်သူမှလိုက်မမှီပါ။ဘယ်သူမှလည်းသူနဲ့ပြသနာမတက်ရဲကြ။
အမိန့်ရှင်ရဲ့ဦးလေး၂ယောက်စလုံးကအကောင်ကြီးကြီးအမြှီးရှည်ရှည်တွေချည်းသာ။
အမိန့်ရှင်ဘေးကဂျွန်ဆိုသူကတော့။ငယ်ငယ်ကတည်းကမွေးစား
ထားတဲ့သူ။သစ္စာစောင့်သိပြီးထက်မြတ်လွန်းတဲ့သူပါ။မကြာသေးခင်ကမှကွဲကွာနေတဲ့ညီလေးနဲ့ပြန်တွေ့ခဲ့တဲ့သူပေါ့။*******
နေရောင်ခြည်နုနုလေးဖြာကျနေတဲ့အခန်းလေးကိုကြည့်ရင်းယူဂျင်းငိုင်နေမိသည်။
ငါသာအမိန့်ရှင်ကိုယူလိုက်ရင်အားလုံးအဆင်ပြေသွားမှာပဲ။ဖေဖေ့အကြွေးတွေလည်းကြေမယ်။အရင်လိုလည်းပြန်နေနိုင်မယ်။အားလုံးကအေးချမ်းသွားမှာ။
ဟုတ်တယ်။ငါပဲအနစ်နာခံလိုက်ရင်အားလုံးပြီးပြီ။ဖေဖေလည်းမနေ့ကလိုပြသနာထပ်တက်တော့မှာမဟုတ်ဘူး။
စဉ်းစားနေတုန်းပဲ။ဂျွန်ကဝင်လာသည်။
"အကို.ဂျွန်၊ကျွန်တော်အမိန့်ရှင်နဲ့တွေ့ချင်တယ်။"
ရုတ်တရက်မို့ဂျွန်ကြောင်သွားသည်။ယူဂျင်းကမျက်လုံးအဝိုင်းသားနှင့်တောင်းဆိုနေသောကြောင့်..။
"ဩော်.အင်း။အကိုလိုက်ပို့ပေးမယ်။"
ယူဂျင်းအိမ်မက်တောင်မမက်ခဲ့ဖူးပါ။မိမိဘဝကသိတောင်မသိတဲ့ယောင်္ကျားတစ်ယောက်လက်ထဲမှာပေးဆပ်ရမယ်ဆိုတာကို။ပြီးတော့မိမိက၁၈တောင်မပြည့်သေးဘူးလေ။********
ခမ်းနားလှသောအမိန့်ရှင်ရဲ့ရုံးခန်းထဲမှာယူဂျင်းထိုင်နေသည်။တစ်ခန်းလုံးကိုတအံ့တဩနှင့်လိုက်ကြည့်နေမိသည်။တစ်ခန်းလုံးအနက်ရောင်သာကြီးစိုးထားသည်။
ထိုချိန်တံခါးပွင့်လာပြီးအမိန့်ရှင်ဝင်လာသည်။အမြဲခန့်ညားနေတာပဲနော်...။အခုလည်းခဲရောင်အနောက်တိုင်းဝတ်စုံနဲ့။
အရင်လိုပဲမှင်သေတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီး
"ဘာကိစ္စလဲ၊တွေ့ချင်ရတာက။"
ယူဂျင်းပြောရခက်သွားသည်။ဘာလဲသူကမမှတ်မိတာလား။ငါပဲအကြားမှားတာလား။
(ယူဂျင်းရေနင်မူနေရင်အမိန့်ရှင်ကိုငါဆွဲစားလိုက်မှာနော်🤨)
********Followလုပ်သွားတဲ့မမကျေးဇူးစင်္ကြဝဠာပါနော်😍😍ဆက်ရေးဖို့အားတွေရလိုက်သလိုပဲ။commentလေးတွေနဲ့ဝေဖန်ပေးကြပါနော်။😍😍😍

YOU ARE READING
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း