Unicode🍑Episode 25🍑

2.7K 147 0
                                    

   ❗ဇတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူးယဉ်မျှသာဖြစ်သောကြောင့်လက်တွေ့နှင့်လွဲမှားမှုများရှိနိုင်ပါသည်❗
         အလုပ်မဝင်လိုက်တဲ့နေ့ကစရင်းဇယားတွေကိုထိုင်ကြည့်နေချိန် ရုတ်တရက် ဂျွန်ကပြေးဝင်လာသည်။
     " ဆရာပြသနာတက်ပါပြီ။ "
      အရင်းမရှိအဖျားမရှိစကားကြောင့် အမိန့်ရှင်ကြောင်သွားပြီး
      " ဘာဖြစ်လာတာလဲဂျွန်။"
      " ဒါရိုက်တာကင်မ်နဲ့တခြားသူတွေကရှယ်ယာတွေထုတ်ရောင်းနေပါတယ်။"
     " ဘာပြောတယ်။ဘယ်လိုဖြစ်ရတာလဲ။မနေ့ကထိပုံမှန်ရှိနေသေးတာကို။"
      "ကျွန်တော်လည်းမသိတော့ပါဘူး၊အဲ့ဒါအခုချက်ချင်းရှယ်ယာရှင်အစည်းအဝေးခေါ်ထားပါတယ်။"
     " ကောင်းပြီ။ငါသွားမယ်။"
      ဒေါသထောင်းခနဲထွက်သွားသလိုစိုးလည်းစိုးရိမ်လာသည်။ရောင်းတာကအကြောင်းမဟုတ်ဝယ်သူကတစ်ယောက်တည်းဆိုကုမ္ပဏီဥက္ကဌရာထူးကသူဆင်းရနိုင်သည်။
          မဖြစ်နိုင်လောက်ပါဘူးဘယ်သူကရှယ်ယာတွေအများကြီးကိုဝယ်နိုင်မှာလဲ။
        အစည်းအဝေးခန်းထဲဝင်လာတော့ဆူညံနေပြီးအကုန်ငြင်းခုန်နေကြသည်။
          " အမိန့်ရှင် ဒါကမှားနေတယ်လေ။မင်းနားလည်တယ်မှလား။ "
      မိမိကိုအမြဲကူညီပေးနေတဲ့ဒါရိုက်တာဆမ်း၊တစ်နည်းအားဖြင့်တိုနီ့အဖေ။
        "ကျွန်တော်သိတယ်ဦးလေး။ဒါရိုက်တာကင်မ်ဒီလိုမျိုးရုတ်တရက်ရောင်းတာကမဖြစ်သင့်ဘူးနော်။"
     ဟုကောင်းကောင်းမွန်မွန်ပြောလိုက်သော်လည်းကင်မ်ကမခန့်တဲ့မျက်နှာနဲ့
    " ကျုပ်ပိုင်တဲ့ဟာကျုပ်ရောင်းတာပဲ။ဘာကမဖြစ်သင့်တာလဲ။"
     "ဒါပေမဲ့ခင်ဗျားကအသိမပေးဘဲလုပ်တာလေ၊အလွဲသုံးစားလိုပဲ။"
     "ဒီကုမ္ပဏီမှာအမိန့်ရှင်မင်းရဲ့ရှယ်ယာက40%နှုန်းရှိနေတယ်။ဘာလဲကျန်တဲ့ဟာတွေအကုန်လုံးသူများဆီရောက်ရင်မင်းရာထူးပြုတ်မှာကြောက်လို့လား။"
    "ဝုန်း......"
      ခုံကိုဒေါသတကြီးရိုက်ချပြီး 
" ဘာပြောလိုက်တယ်။ခပ်ရိုင်းရိုင်ပြောရရင်ဒီLucifer Groupကကျုပ်အဘိုးပိုင်တာ။"
      "ကုမ္ပဏီကိုဘယ်ရှယ်ယာရှင်မှမပါဘဲထူထောင်ထားတာ။ခင်ဗျားတို့သာကပ်ရပ်ပြီးအတင်းတောင်းဆိုခဲ့လို့ရှယ်ယာရဲ့60%နှုန်းကိုခွဲပေးခဲ့တာ"
      "ဒါတောင်အရှက်မရှိရောင်းရဲသေးတယ်။ကျွေးရကျိုးမနပ်တဲ့လူတွေ။"
      "မင်းဘာစကားပြောတာလဲ။"
     "ကျုပ်ပြောတာမှားလို့လားခေါင်းဆောင်ကနည်းနည်းလေးပေါ့လျော့လိုက်တာနဲ့ဖီဆန်ချင်နေတဲ့နောက်လိုက်ခွေးတွေလိုပဲ။"
"ဘာကွ  မင်းမိုက်ရိုင်းလှချေလား။"
"ကျုပ်ကိုရိုင်းအောင်လာမလုပ်နဲ့ လူအရေခြုံထားတဲ့လူတွေကိုလူလိုပြောလို့မရဘူး။"
"တောက်..ရိုင်းလိုက်တာ။"
"ကျုပ်ကိုလာမပြောနဲ့။ဘာလို့ကျန်တဲ့လူတွေကအပေါက်ပိတ်နေကြတာလဲခင်ဗျားတို့လည်းရောင်းကြမှာမှလား။"
"ပြောကြလေ။မသိချင်ယောင်ဆောင်မနေကြနဲ့။ကျုပ်အကုန်ကြားပြီးပြီ။"
"ကင်မ် ခင်ဗျားရဲ့သမီးကိုကာကွယ်ရေးအမတ်သားနဲ့စေ့စပ်ပေးဖို့ကျုပ်ကိုအကူအညီတောင်းခဲ့တုန်းကဒီလိုမဟုတ်ဘူးနော်။"
"ပြီးတော့ ခင်ဗျားရဲ့ဝင်ငွေခွန်ရှောင်တဲ့ကိစ္စတွေကျုပ်လုပ်ပေးခဲ့တာမှတ်မိတယ်။"
"ခင်ဗျားကတော်တော်လောဘကြီးတဲ့လူပဲ။ဒီအတိုင်းထားခဲ့ရမှာ။"
"သောက်ရေးမပါတာတွေလုပ်ခဲ့မိတာပဲ။"
"ပြောကြစမ်းပါဦးရှယ်ယာထုတ်ရောင်းမယ်လူတွေ။ဘာလဲ ကျုပ်ရဲ့Luciferကြီးကပျက်စီးနေလို့လား"
"မနက်ဖြန်သဘက်ခါပဲအရှုံးပေါ်ပြီးဒေဝါလီခံရတော့မှာမို့လို့လား"
        အမိန့်ရှင်ရဲ့ဒေါသသံတွေအောက်မှာတစ်ခန်းလုံးတိတ်ဆိတ်နေသည်။ဘယ်သူမှပြန်ပြောစရာမရှိကြ။အမိန့်ရှင်ကိုတော့ကြောက်ကြသည်။
        အမိန့်ရှင်ကလည်ချောင်းလေးပြန်ရှင်းကာနက်ခ်တိုင်ကိုခပ်လျော့လျော့ပြန်ပြင်ရင်း
    " ပြောစရာမရှိတော့ရင်ဒီကိစ္စကမရှိခဲ့ဘူးလို့ပဲသတ်မှတ်လိုက်တော့မယ်။"
     အာဏာပြည့်နေသောအသံနှင့်ပြောပြီးအခန်းထဲကထွက်သွားတော့သည်။
       ကင်မ်ကတော့မျက်နှာကြီးနီရဲလျှက်။
    " ဂျွန် ၊ကင်မ်ကိုစုံစမ်းလိုက်။"
"ဗျာ ဘာလို့လဲ။"
" အလကားသက်သက်တော့ရှယ်ယာကိုရောင်းမှာမဟုတ်ဘူး။သူကငတုံးမဟုတ်ဘူး။"
"နောက်မှာခိုင်းတဲ့လူရှိလိမ့်မယ်။"
"ဟုတ်ကဲ့ကျွန်တော်နားလည်ပါပြီ။"
    အမိန့်ရှင်လည်းရုံးခန်းထဲပြန်ဝင်လာပြီးSofaပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
"TingTong"
  ဖုန်းဆီဝင်လာတဲ့Messageတစ်ခု။သူရဲ့ကလေးငယ်ဆီကဖြစ်သည်။
📥 အရှင် အလုပ်တွေများနေလားကျွန်တော်နေ့လည်စာလာပို့ပေးမယ်လေ။အတူတူစားရအောင်။📥
📥Ok Baby ကိုယ်စောင့်နေမယ်။📥
     Message Replyပြန်ပြီSofaကိုခေါင်းမှီကာမှိန်းနေလိုက်သည်။ထိုအချိန်
     " ဒေါက်   ဒေါက်  ဒေါက်"
" ဝင်ခဲ့ "
     အတွင်းရေးမှူးမလေးဝင်လာခြင်းဖြစ်သည်။သူမက
" ဆရာ လူကြီးမင်း HanPhoneကတွေ့ခွင့်တောင်းနေပါတယ်။"
"Han Phone "
   ကြားဖူးသလိုဖြစ်နေသောနာမည်ကြောင့်စဉ်းစားသွားသည်။ဩော် ဟိုတစ်ခေါက်ကCristal Group ရဲ့Dinnerမှာရို့စ်မိတ်ဆက်ပေးခဲ့တဲ့တရုတ်ကသူဌေးပင်။
  "ငါ့ကိုဘာလို့တွေ့ချင်တာပါလိမ့်။လွှတ်လိုက်လေ။"
     "ဟုတ်ကဲ့ ဆရာ။"
    Suitကိုသေချာပြန်ပြင်ရင်းဝင်လာသူကိုနှုတ်ဆတ်လိုက်သည်။
    " လူကြီးမင်းHan ထပ်တွေ့ကြပြန်ပြီနော်။"
" Ni Hao ဝေါ်ကနိင်မှတ်မိပါ့မလားစိုးရိမ်နေတာ။"
    နီစပ်စပ်မျက်နှာကြီးနဲ့တဟဲဟဲရယ်ရင်းဝင်လာသည်။အမိန့်ရှင်လည်းအလိုက်သင့်လေးပြုံးလိုက်မိသည်။သို့ရာတွင်နောက်မှဝင်လာသော ဝီလျှံကြောင့်မျက်နှာပျက်သွားမိသည်။
   " ဒါနဲ့ဘာကိစ္စရှိလို့လဲ။"
" ပြသနာလေးတွေတက်နေတယ်ကြားလို့ပါ။"ဟုဆိုရင်းခုံမှာဝင်ထိုင်သည်။
"ဘာကိုဆိုလိုတာလဲ။"
"ဝေါ်ကမင်းရဲ့Luciferမှာရှယ်ယာဝင်ဖို့စဉ်းစားနေတာလေ"
"ဩော်ကောင်းပါတယ်။Dora BeachမှာHotelဆောက်ဖို့ရှိတယ်လူကြီးမင်းHanစိတ်ဝင်စားရင်တော့..."
"မဟုတ်ဘူး Luciferကိုပဲစိတ်ဝင်စားတာ။"
အမိန့်ရှင်မျက်နှာပျက်သွားသည်။ဆိုလိုတဲ့အဓိပ္ပါယ်ကိုမျက်နှာထားမှတဆင့်အကဲခတ်မိသည်။ဘေးနားမှာထိုင်နေတဲ့ဝီလျှံရဲ့မကျေမနပ်မျက်နှာကြောင့်အခြေအနေကိုနားလည်သွားတာတော့အမှန်ပင်။
"Ahစိတ်မကောင်းစရာဘဲ ။ဒီလိုဆိုရင်တော့စိတ်ဝင်စားတာမှားသွားပြီပဲ။"
"မစ္စတာကင်မ်ဆီကနေရှယ်ယာဝယ်မလို့စီစဉ်သေးတယ်။ဒါပေမဲ့ပြသနာလေးတွေရှိနေတဲ့ပုံပဲ။"
"ဩော် ဟုတ်လား။🙂"
   ထိုချိန်ရုတ်တရက်ဝင်လာသောသူကြောင့်အားလုံးအကြည့်ကရောက်သွားသည်။နေ့လည်စာထမင်းဘူးနှင့်ရောက်လာသောယူဂျင်း။
Han Phoneကချက်ချင်းထရပ်ပြီး
"Oh မင်းလေးကယူဂျင်းဖြစ်မယ် "
         ယူဂျင်းကြောင်သွားသော်လည်းအမိန့်ရှင်၏မိတ်ဆွေဖြစ်မည်ထင်ကာ
"ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်။"
       အမိန့်ရှင်ကတော့မကျေချမ်းသောမျက်နှထားဖြင့်။

           🍑🍑🍑🍑🍑
   ဒီupမမှန်တဲ့သာသာစုတ်ကိုခွင့်မလွှတ်ကြပါနဲ့🤧🤧သာသာအစာအိမ်ပြန်ယောင်နေလို့ပါအများကြီးပြန်တင်ပေးပါ့မယ် နောက်တစ်ပိုင်းကမှောင်ပါမယ်🌚🌚

The LordWhere stories live. Discover now