7:30
မနက်စောစောယူဂျင်းနိုးနေသည်။အမှန်တော့အိပ်မပျော်တာပါ။ညဦးပိုင်းကအကြောင်းကိုစဉ်းစားရင်းအိပ်မပျော်ခဲ့။ပုထုစဉ်လူသားတစ်ယောက်အနေနဲ့ဒီကိစွကိုသဘောကျပေမဲ့။
မိမိ၏ပထမဆုံးအကြိမ်ကိုဒီလိုဒေါသတွေနဲ့မစတင်ချင်။အိမ်အောက်ကကားစက်နှိုးသံကြောင့်အမြန်ဆင်းသွားမိသည်။အပေါက်ဝမှာဖိနပ်စီးနေတဲ့အမိန့်ရှင်ကိုမြင်တော့စကားပြောချင်ပေမဲ့
ညကစကားကြောင့်
"ထွက်သွား ငါ့မျက်စိရှေ့ထပ်ပေါ်မလာနဲ့။"
တော်ပါပြီမနက်စောစောသူ့ကိုစိတ်ညစ်စေမိဦးမယ်။ထွက်သွားတဲ့အမိန့်ရှင်ရဲ့နောက်ကျောကိုပဲကြည့်ရင်းပြန်ဝင်လာမိသည်At WinChawLarUniversity
"ယူဂျင်းဒီနေ့မှိုင်နေပါလား။"
ဘန်ရဲ့စကားကြောင့်ယူဂျင်းအတွေးပြတ်သွားပြီး
"ဗျာ Sorry အကို။ကျွန်တော်နည်းနည်း။"
"အကိုသိပါတယ်။အမိန့်ရှင်ကြောင့်မှလား။"
"ဟင်!ဘယ်လိုသိတာလဲ။"
"မင်းတို့အကြောင်းအကိုကြားပြီးပါပြီ။ဂျွန်ပြောတာ။"
"သြော်..." လေးပင်စွာပြောလိုက်တဲ့အသံကြောင့်။
"ယူဂျင်း အကိုတစ်ခုမေးမယ်။"
"ဟုတ်.မေးပါ။"
"တမျိုးမထင်နဲ့နော်။မင်း.အမိန့်ရှင်ကိုချစ်ရဲ့လား။"
"ဗျာ.."
ဖြေဖို့ဆွံ့အသွားမိသည်။သူကိုယ်တိုင်လည်းမသိပါ။အမိန့်ရှင်ရဲ့ပုံစံကိုသဘောတော့ကျပေမဲ့အဲ့ဒါကအချစ်လား။
"ထားပါ ဖြေရခက်ရင်လည်း။"
အချိန်အတန်ကြာတွေဝေနေပြီးမှ
"အကိုဘန် ကျွန်တော့်ကိုတခုလောက်ကူညီပါ။"
"ပြောလေယူဂျင်း။"
ပြောဖို့ပြင်လိုက်ပေမဲ့။
"အာ..ထားပါတော့။ဘာမှမဟုတ်တော့ပါဘူး။"
စိတ်မပါစွာပြုံးရင်းပြောလိုက်သောကြောင့်ဘန်ကလက်ကလေးကိုဆုပ်ကိုင်ရင်း
"အခက်အခဲရှိရင်ကိုယ့်ကိုပြောနော်ယူဂျင်း။"
ဘန်ရဲ့စကားကြောင့်ယူဂျင်းကမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အားကိုးတကြီးပြန်ကြည့်သည်။
(😒😒စနိုက်ကျော်တော့မယ့် ဘန် ငါကြည့်မရတော့ဘူး။)""
*******ယူဂျင်းအိမ်ပြန်ရောက်တော့ခြံထဲမှာစားသောက်နေကြတဲ့အမိန့်ရှင်နဲ့သူ့မိတ်ဆွေတွေ
"သြော်.တော်သေးတာပေါ့ဗျာ။ကျုပ်ကမလာတော့ဘူးထင်နေတာ"
"ဖြစ်စရာလား ရို့စ် ကမင်းနဲ့တွေ့ချင်နေလို့သူ့ပါခေါ်ခဲ့တယ်။"
"ဟား.ရို့စ်တောင်မတွေ့တာကြာလို့ပိုလှလာတယ်နော်။"
"ဟာ.အဲရစ်နင်တကယ်ပြောတာလား။"
"ဟားဟားဟား လိမ်စရာလား"
မိမိနှင့်ဆိုမျက်နှာသေဖြစ်နေတက်သောအမိန့်ရှင်ကအခုတော့ပျော်နေလိုက်တာ
ဘေးကမိန်းမကလည်းလက်နဲ့တို့လိုက်ရိုက်လိုက်တချက်တချက်
ပုခုံးနဲ့ထိလိုက်နဲ့ ယူဂျင်းကြည့်မရတော့။
မျက်နှာကြီးဆူပုပ်လျှက်အိမ်ထဲဆောင့်အောင့်ပြီးဝင်လာမိသည်။ဒါကိုမမြင်ချင်ယောင်ဆောင်ထားတဲ့အမိန့်ရှင်။
"အဘိုးကြီး ငါ့ကိုလာရွဲ့နေတယ်။ရတယ်လေငါကလည်းပြန်ရွဲ့ရတာပေါ့"
ဟိုကိစွလည်းပြီးနေပြီဆိုတော့ငါလုပ်ချင်ရာလုပ်လို့ရပြီ
(သိတယ်မှလားဟိုဟာလေ🤭🤭)
ချက်ချင်းပဲအမိန့်ရှင်ရဲ့စာဖတ်ခန်းထဲဝင်လာသည်။မနေ့ကဒီထဲမှာအရက်ပုလင်းတွေကိုတွေ့ခဲ့သည်။
နံရံပေါ်ကပုလင်းတွေထဲကတွေ့ရာအရက်ပုလင်းကိုဆွဲပြီးမော့ချလိုက်သည်။
"အား...ခါးလိုက်တာ။"
လည်ချောင်းထဲသို့ပူပြီးခါးသီးစွာစီးဆင်းသွားတဲ့အရက်ဆိုတဲ့အရာ။ဒါပေမဲ့လည်းရွဲ့ချင်စိတ်ကြောင့် ထပ်သောက်လိုက်ပြန်သည်။
"သခင်လေး သခင်လေး။"
တကြော်ကြော်ခ်ါရင်းအနားရောက်လာသောအိမ်အကူအဒေါ်ကြီးကြောင့်အမိန့်ရှင်က
"ဘာဖြစ်လာတာလဲ။"
"အ.အကိုလေးယူစာဖတ်ခန်းထဲမှာ.."
"ဘာ..."
စကားပင်ဆုံးအောင်နားမထောင်အိမ်ထဲပြေးဝင်သွားတော့သည်။အပေါ်ထပ်ရောက်တော့စာဖတ်ခန်းထဲမှာလဲကျနေတဲ့ယူဂျင်း။
ဆတ်ခနဲပွေ့ဖတ်လိုက်တော့ထောင်းခနဲထလာတဲ့အရက်နံ့။
"ဟာ ဒီဟာလေးကတော့။"
ဘေးမှာလဲအရက်ပုလင်းကကျနေသည်။မူးပြီလဲနေသည်ကိုး။ဆတ်ခနဲချီပြီးထလိုက်တော့
"အမိန့်ရှင်အဘိုးကြီးငါ့ကိုဂရုမစိုက်ဘူး။"
ထိုစကားကြောင့်ကြောင်သွားမိသည်။
"ဒီဟာလေးကတော့ ဟ ငါ့အသက်၃၀တောင်မပြည့်သေးဘူး"
ယူဂျင်းကတော့အမိန့်ရှင်ရဲ့လည်ပင်းကိုသိုင်းဖတ်ကာရင်ခွင်ထဲတိုးဝင်လာသည်။အမိန့်ရှင်လည်းသူ့အခန်းထဲပြန်ပို့ပြီးခုတင်ပေါ်ချလိုက်သည်။******
နောက်တပိုင်းက🚨🚨မီးနီနော်😁😁ဖတ်ရတာအခက်အခဲရှိရင်ဖြစ်ဖြစ်ဖတ်မရတဲ့အပိုင်းရှိရင်ဖြစ်ဖြစ်Cbလာပြောပါနော်။Fb accကLavanderJoneပါနော်။အားပေးလို့ကျေးဇူးပါ။
YOU ARE READING
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း