"ရုပ်ရှင်ရုံမရောက်တာတောင်အတော်ကြာပြီ။ "
ကားပေါ်ကဆင်းဆင်းခြင်းယူဂျင်းကဝမ်းသာစွာဆိုသည်။ခပ်လှမ်းလှမ်းကPopCornဆိုင်ကိုလှမ်းကြည့်ကာ
" ကျွန်တော်ပေါက်ပေါက်နဲ့အအေးဝယ်ထားလိုက်မယ်။အရှင်ကလက်မှတ်သွားဝယ်။ "
" Okလေ။Babyကဘာကားကြည့်မှာလဲ။ "
" IT Horror ကားလေ။ကျွန်တော်သွားပြီ။ "
ဟုဆိုကာပေါက်ပေါက်ဆိုင်ဘက်ထွက်သွားတော့သည်။မျက်လုံးအဝိုင်းသားနှင့်ကျန်ခဲ့သူကအမိန့်ရှင်သာ။
သရဲကားကြည့်မှာတဲ့လားBabyရယ်၊ဟာသကားတို့Dramaတို့မကြည့်ဘဲနဲ့Horrorတဲ့လား။ငါနော်😰
ချက်ချင်းပဲယူဂျင်းအနောက်ပြေးလိုက်ကာ
" Baby တခြားကားကြည့်ပါလားကွာ။သရဲကားကပျင်းစရာကြီးလေ။"
" ဟာ မကြည့်ဘူး။ITပဲကြည့်မှာ မြန်မြန်သွားဝယ်လက်မှတ်ကုန်သွားဦးမယ်။ "
" မဟုတ်ဘူးလေကွာ Baby ကသရဲကားမကြည့်ပါနဲ့လား ကိုယ်တခြားကားဝယ်လိုက်မယ်နော်။ "
" ဟာ မရဘူး။တော်ပြီ ပေါက်ပေါက်နဲ့အအေးပဲသွားဝယ်တော့ကျွန်တော်လက်မှတ်သွားဝယ်မယ်"
" Baby နေ.."
စကားပင်မဆုံးသေးဖြူဖြူသေးသေးအကောင်ပေါက်လေးကလှစ်ခနဲပျောက်သွားသည်။အမိန့်ရှင်လည်းစိတ်ပျက်ပျက်နှင့်မှာထားတဲ့အအေးနဲ့ပေါက်ပေါက်တွေကိုယူရင်းယူဂျင်းအနောက်လိုက်လာသည်။
" ဟင်း လက်မှတ်လေးဝယ်တာကိုဖြစ်ပျက်နေတယ်။"
" မဟုတ်ပါဘူး ကိုယ်က..."
" တော်ပြီဝင်မယ်။ "
ရုံထဲဝင်လာရင်းအမိန့်ရှင်ကမေးလာသည်။
" Baby ဒီကားထဲကသရဲကဘယ်လိုပုံစံလဲ "
" ဘာလို့လဲ ဇတ်လမ်းကကောင်းပါတယ်။ "
" သိချင်လို့ပါ။"
" လူရွှင်တော်လေ ။ကလေးတွေကိုစားတဲ့လူရွှင်တော်။ "
".....😶"
ဆွံအသွားတဲ့အမိန့်ရှင် ။အမှန်တိုင်းပြောရရင်သူသရဲကိုအသေကြောက်သည်။အထူးသဖြင့်ဂျိုကာပုံစံလူရွှင်တော်သရဲတွေကိုပေါ့။
ဘယ်တက်နိုင်မလဲချစ်လှစွာသောကိုယ့်Babyလေးကကြည့်ချင်တယ်ဆိုလာတော့။အဲရစ် အဲရစ် ချစ်ရင်သည်းခံ ပြီးတော့အဲ့လောက်လည်းကြောက်ဖို့မကောင်းလောက်ပါဘူး။လူတွေရိုက်တဲ့ကားပဲကို ဟင်း ဟင်း😏။ကြောက်စရာလား။
ဒီလိုနှင့် IT သရဲကားကိုစတင်ကြည့်ရှုကြတော့သည်။ကံကောင်းချင်တော့နေရာကအလယ်တည့်တည့်နေရာကောင်းသာ။
အေးအေးဆေးဆေးကြည့်နေကြရာမှ ဇတ်လိုက်ရဲ့ညီလေး ဂျော်ဂျီရဲ့လက်ကိုကိုက်ဖြတ်တဲ့အခန်းလည်းရောက်ရော
" အား....... "
တခြားခုံကမိန်းကလေးတွေထက်ဦးအောင်အလန့်တကြားထအော်လိုက်တဲ့အမိန့်ရှင်။ယူဂျင်းကမျက်လုံးအဝိုင်းသားနှင့်
" ဟာ အ အရှင်ဘယ်လိုဖြစ်လို့ "
အမိန့်ရှင်ကချက်ချင်းအိနြေ္ဒပြန်ဆယ်ပြီး " Ah S.sorry Baby ကိုယ်နည်းနည်းလန့်သွားတာရုတ် ရုတ်တရက်ဆိုတော့ "
အမိန့်ရှင်ရဲ့ဖြစ်ပျက်နေတဲ့ပုံကိုကြည့်ပြီးယူဂျင်းရယ်ချင်စိတ်ကိုထိန်းထားမိသည်။
တကားလုံးသူပဲထအော်သူဘဲလန့်ဖျန့်သူပဲကြောက် နေသောအမိန့်ရှင် ။ ယောင်္ကျားပီသတဲ့ခန့်ချောကြီးတစ်ယောက်ကသရဲကားကြည့်ပြီးလန့်နေတာတွေ့တော့တခြားသူတွေကသူ့ကိုကြည့်ပြီးပြုံးကိုကြသည်။
ယူဂျင်းကတော့အမိန့်ရှင်ကိုတစ်ခါမှမမြင်ဖူးတဲ့ပုံစံနဲ့တွေ့ရတာကြောင့် အံ့သြနေတာတော့အမှန်ပင်။
" အရမ်းချစ်ပါတယ် အရှင်။"
**********
YOU ARE READING
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း