ဘန်တစ်ယောက်စိတ်ပျက်ပျက်နဲ့ကားပါကင်ဘက်ထွက်လာတော့ကားတစ်စီးနဲ့ရောက်လာတဲ့ဂျွန်။
အေးစက်စက်အသံနှင့် " ဘန် ကားပေါ်တက်ငါပြောစရာရှိတယ်။ "
" အင်း။ " တစ်ချက်မငြင်းဘဲကားပေါ်တက်လာမိသည်။ထို့နောက်မောင်းထွက်လာသည်။အစပိုင်းမှာတော့ဘာမှမပြောသေးဘဲ
" မင်းတော်တော်ဖြစ်နေလား။ "
" ဘာကိုလဲ ယူဂျင်းကြောင့်လား။ "
" ဆိုပါတော့။ကျွန်တော်ပြောပြီးနေပြီလေ။သူ့ကိုစိတ်ဝင်စားတယ်လို့။ "
တရွေ့ရွေ့နဲ့မြို့ပြင်ရောက်လာတဲ့ကားပေါ်မှာအတန်ကြာစကားများနေမိရာမှလူပြတ်သောနေရာအရောက်တွင်ဂျွန်ကကားကိုရပ်လိုက်သည်။
" တော်ပြီ ငါမင်းနဲ့ပြောစရာမရှိတော့ဘူး မင်းဆင်းတော့။ " ဘန်လည်းခပ်ချေချေပင်ကားပေါ်ကဆင်းလိုက်သည်။ထို့နောက်ဂျွန်က
" စကားနဲ့သတိပေးတာတွေပြီးဆုံးသွားပြီ ဘန်။ " ဟုဆိုကာကားမောင်းထွက်လာသည်။
ဘန်ကလည်းခနဲ့တဲ့တဲ့နှင့် ဘာလုပ်နိုင်မှာမို့လို့လဲဆိုသောအကြည့်နှင့်ကျောခိုင်းပြီးလျှောက်လာသည်။
သို့ရာတွင်ဂျွန်ရဲ့ကားကချက်ချင်းပြန်လှည့်လာပြီး ! ဟင် ! မထင်မှတ်ထားတဲ့လုပ်ရပ်ကြောင့်.....
ဝုန်း....တိတ်ဆိတ်နေတဲ့လမ်းမပေါ်မှာကားတိုက်သံကပဲ့တင်သွားသည်။လွင့်ထွက်သွားတဲ့ဘန်နဲ့ ကားလက်ကိုင်ကိုခေါင်းနဲ့ဆောင့်မိသွားတဲ့ဂျွန်။
ဟုတ်ပါတယ်။ဂျွန်ကသူ့ညီအရင်းကိုအမိန့်ရှင်အတွက်နဲ့သူကိုယ်တိုင်ကားနဲ့တိုက်ခဲ့တာပါ။
ဒါပေမဲ့မျက်ရည်ကျမနေဘူး။ခပ်အေးအေးပင်ကားထဲကထွက်လာကာ သွေးတွေဖြင့်လဲကျနေသောဘန်အနားရောက်သွားပြီး
" ငါပြောခဲ့သားပဲ။ ဟား အရူးကောင်ဒီလိုဖြစ်ရတာမင်းအပြစ်နဲ့မင်းပဲ။ "
" မင်းကိုဒီလိုလုပ်ရတဲ့နာကျင်မှုကအမိန့်ရှင်ရဲ့စိတ်ပျက်တယ်ဆိုတဲ့စကားလောက်ငါ့ကိုမနာကျင်စေဘူး။"
ဘန်ကတော့အသက်ကိုပြင်းပြင်းရှုရင်းအံကြိတ်ကာကြည့်နေတော့သည်။သူသိပ်ကိုအံ့သြသွားမှန်းသိသာလွန်းသည်။
ဂျွန်ကဖုန်းခေါ်လိုက်ပြီး
" ဟယ်လို ဆေးရုံကလား ဒီမှာလူတစ်ယောက်ကားတိုက်ခံရလို့ပါ။"
**********
" ဟူး... " အိမ်ပြန်ရောက်တော့ယူဂျင်းသက်ပြင်းချမိသည်။ဘယ်လိုစကားတွေနဲ့တိုက်ခိုက်ဦးမယ်ဆိုတာကိုမသိနိုင်ပါ။ဧည့်ခန်းထဲကိုခေါင်းဘေးငုံ့ကာဝင်လာတော့ဆိုဖာမှာထိုင်နေတဲ့အမိန့်ရှင်က
" ယူဂျင်း မင်းကဘာသဘောလဲ ငါ့ကိုရွဲ့နေတာလား ဟမ်...! "
ဒေါသသံကြီးနဲ့အော်လိုက်သောကြောင့်ယူဂျင်းတုန်တက်သွားသည်။
" အဲ့လိုမဟုတ်ပါဘူး။ " ပြန်ပြောတဲ့အသံကနည်းနည်းမာနေသောကြောင့်အမိန့်ရှင်ပိုဒေါသထွက်သွားတာတော့အမှန်ပင်။သူပဲအမှားလုပ်ထားပြီးမှန်နေတဲ့လူလိုမျိုးလာလုပ်နေတယ်။
" ဟား...မင်းအဲ့လောက်ထိအဲ့ဒီ့ကောင်ကိုကြိုက်နေရင်လည်း ငါ့မျက်နှာကိုတော့ထောက်သင့်တယ်။ "
ယူဂျင်းအံ့သြပြီးဒေါသပါထွက်သွားသည်။ဘယ်လိုတောင်ပြောလိုက်တယ် ငါ့ကိုဘယ်လိုလူထင်နေတာလဲ။
" အဲ့ဒါတော့များသွားပြီ။ကျွန်တော်ကလူတကာနဲ့နေနေတာမဟုတ်ဘူး ခင်ဗျားနားလည်။ "
" ပြီးတော့ခင်များကျတော့ရော မိန်းမတစ်ယောက်နဲ့ပွဲတက်နေသေးတာပဲကျွန်တော်ပဲမှားတာလား။ "
" တောက်...!မဆိုင်တာလာမပြောနဲ့"
" အမှန်တရားပဲလေ ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာပဲ။ဟုတ်ပါတယ် ခင်ဗျားပဲမှန်တာပါ။ "
" ကိုယ့်နေရာကိုယ်မသိလိုက်တာဘဲ။ကျွန်တော်ကခင်ဗျားရဲ့sexဖျော်ဖြေမှုအတွက်လူတစ်ယောက်ထက်မှမပိုတာ။ "
" ယူဂျင်း မင်း...."
" မှားသွားလို့လား။ခင်များလိုလူကြီးလူကောင်းတစ်ယောက်ကမိန်းမတစ်ယောက်နဲ့ပဲပွဲတက်မှာပေါ့။ "
" ကျွန်တော့်ကိုထုတ်ပြပြီးတော့ဘယ်မျက်နှာအပျက်ခံပါ့မလဲ။ "
" မင်းပါးစပ်ကိုပိတ်ထားစမ်း။ "
" ကျွန်တော်လည်းလူသားပဲ ဂရုစိုက်မှုလိုအပ်တယ်။ အဲ့ဒီ့အတွက်ဂရုစိုက်တဲ့လူကိုသဘောကျမိတာမှာလား။"
" ခင်ဗျားလိုသလိုကျွန်တော့်ကိုယ်ကိုအသုံးချနေတာပဲ မတင်းတိမ်နိုင်ဘူးလား။ "
တဖြည်းဖြည်းနဲ့အသံတွေကပိုကျယ်လာသည်။အော်ဟစ်ပြီးဒေါသတွေလွှမ်းလာသည်။
" မင်းပါးစပ်ကိုပိတ်ထားလို့ပြောနေတယ်။ "
" ဘာလဲအမှန်တရားတွေဖြစ်နေလို့လား။"
ထိုစကားနောက်မှာပြောလာတဲ့တစ်ခွန်းကြောင့်အမိန့်ရှင်ဆွံ့အသွားမိသည်။
" ခင်ဗျားကျွန်တော့်ကိုချစ်ခဲ့ဖူးလို့လား။ "
" ပြောလေ ချစ်ခဲ့လို့လား။ဒါမှမဟုတ်ကျွန်တော်ပဲတစ်ယောက်တည်းချစ်နေမိတာလား။ "
ယူဂျင်းကသူ့ကိုငါမချစ်ဘူးလို့ထင်နေတာလား။ဟိုအရင်ညကစကားတွေကိုမမှတ်မိတာလား။ဘာ့ကြောင့်လဲ။
မျက်ရည်ဝိုင်းနေတဲ့မျက်ဝန်လေးတွေကြောင့်အမိန့်ရှင်စိတ်ကိုလျော့ချလိုက်သည်။ငါသူ့အပေါ်ဆက်ဆံတာအရမ်းကြမ်းတမ်းသွားတယ်။အမြဲဒေါသထွက်နေမိတယ်။ဒါကလည်း....။
" ကိုယ်တောင်းပန်ပါတယ်ကွာ "
မမျော်လင့်ထားသောစကားကြောင့်ယူဂျင်းကြောင်သွားသည်။
တောက်ခနဲကျသွားတဲ့မျက်ရည်စက်တွေ။ " ကိုယ်တောင်းပန်ပါတယ်။အခုတလောမင်းကိုပစ်ထားမိတာကိုကိုယ်သိပါတယ်။ "
" ပြီးတော့ဒီလိုတွေပြောနေတာကလည်းမင်းကိုချစ်လို့ပါ။ "
ပြောပြောဆိုဆိုနှင့်ယူဂျင်းကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်မိသည်။ငြိမ်သက်စွာဖြင့်မျက်ရည်တွေကျနေသူနှစ်ယောက်။
" ပြောရက်လိုက်တာကွာ။မင်းကကိုယ့်အတွက်sexဖျော်ဖြေမှုတစ်ခုတဲ့လား။ "
" မင်းကိုချစ်လွန်းလို့ဘယ်သူနဲ့မှမပတ်သတ်စေချင်တာကိုမင်းကအထင်လွဲနေခဲ့တယ်။ "
" အဲ့ဒီ့အထင်လွဲမှုကနှစ်ယောက်စလုံးကိုနာကျင်စေတာပဲ။ကိုယ်တန်ဖိုးထားတာတွေကိုဆုံးရှုံးရမှာအရမ်းကြောက်တယ်။ "
" အထူးသဖြင့် မင်းလေးကို။"
ငိုနေတာလား အရှင်ရယ်။အမိန့်ရှင်ရဲ့မျက်ရည်တွေကယူဂျင်းရဲ့ပုခုံးပေါ်မှာရွဲနစ်ရင်း
အမိန့်ရှင်ကိုတင်းကြပ်စွာပြန်ဖတ်ရင်း " ကျွန်တော်လည်းတောင်းပန်ပါတယ်။"
အမ်ိန့်ရှင်ကဘာစကားမှပြန်မပြောနိုင်ဘဲယူဂျင်းကိုသာဖတ်ပြီးအသံတိတ်ငိုနေခဲ့တယ်။
အစကတော့သွေးရိုးသားရိုးဖတ်ထားတာပါ။ဒါပေမဲ့မကြာခင်မှာပဲယူဂျင်းရဲ့လည်ပင်းသားလေးတွေကိုနမ်းရှိုက်လာတဲ့အမိန့်ရှင်။ယူဂျင်းမငြင်းဆန်ဘဲငြိမ်နေလိုက်သည်။🍑🍑🍑🍑🍑
😁😁နောက်အပိုင်းမှာတစ်ကယ်မှောင်မယ်နော်။စကားမစပ်သာသာကလေအခုမှရေးတဲ့သူပါနော် ။အားနည်းချက်တွေလည်းများပြီးFollowersနည်းတာကသာသာပေါက်စမှန်းသိသာပါတယ်။ဒီလိုသာသာပေါက်စကိုအားပေးcomရေးပေးတဲ့ဒါဒါတွေကအသက်ပါပဲနော်😘😘😘
VOCÊ ESTÁ LENDO
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း