လွန်ခဲ့သော၁၂နှစ်ခန့်က...
အမိန့်ရှင်အသက်၁၆နှစ်အရွယ်၊(အမိန့်ရှင်၏အမည်အရင်းမှာ အဲရစ်ဖြစ်သည်။)
"အဆင့်.၂။အဲရစ်မင်းငါ့ကိုလာနောက်နေတာလား။"
ဖခင်ဖြစ်သူ၏ဒေါသသံကြောင့်ပုခုံးလေးတွန့်သွားသည်။အဆင့်၂ကအဲ့လောက်မဆိုးပါဘူး။ဒါပေမဲ့ဖခင်၏ဒေါသကတော့...။ငါတော့ဒီညသေပြီ။
"$သုံးမကျတဲ့ကောင်။ဒီလောက်ညံ့နေရင်မင်းအိမ်ပေါ်ကဆင်း။ခွေးလောက်တောင်အသုံးမကျဘူး။"
ခေါင်းသာငုံ့ထားသည်။ပြောချင်သလောက်ပြောပါ။ဒါပေမဲ့ဂေါက်တံတော့ရှိမနေပါနဲ့။
"ခွမ်...။" လက်ထဲကဝီစကီခွက်ကိုအဲရစ်ဘေးကနံရံသိုပစ်ပေါက်လိုက်သည်။
"အဲရစ်..အခုမှကြောက်ပြမနေနဲ့။မင်းငါ့သားမှဟုတ်ရဲ့လား။"
"ဘာလို့ဒီလောက်တောင်ညံ့ဖျင်းရတာလဲ။ကျောင်းသားခေါင်းဆောင်ရွေးတော့လည်းပြုတ်လို့ငါငွေနဲ့လိုက်ရတယ်။"
မူးနေ၍လားမသိပိုပိုပြီးဒေါသထွက်လာသည်။
"ငါ့သိက္ခာကိုချနေတာပဲ။မင်းတနေ့တနေ့ဒီပန်းချီတွေပဲလုပ်နေတာမှလား။"
"$ရေးမပါတာတွေ။"
ပြောပြောဆိုဆိုနှင့်အခန်းထဲကပန်းချီတွေကိုဆွဲဖြဲရင်းဖျက်ဆီးနေတော့သည်။အဲရစ်ဘာမြှပန်မပြောရဲ..ဒါပေမဲ့ ပန်းချီတစ်ခုအရောက်မှာတော့။
"ဖေဖေ.ဒါလေးတော့.."
စကားပင်မဆုံးသေးအပြုံးတစ်ခုထင်ဟပ်နေတဲ့ပန်းချီလေးပျက်စီးခဲ့ရသည်။အဲရစ်ဒေါသတွေငယ်ထိပ်ထိတက်လာတော့သည်။ဒါလေးက.မေမေ့ရဲ့တစ်ခုတည်းသောရုပ်ပုံ။
"ဖေဖေတရားလွန်လာပြီ။"
"ဘာ.ဘာပြောလိုက်တာ။တရားလွန်တယ်ဟုတ်လား။"
"ဒီခွေးကောင်ကတော့.."
ဒေါသတကြီးနဲ့အပြင်ထွက်သွားတော့သည်။အဲရစ်ကတော့မျက်ရည်တွေကိုသုတ်ရင်းတစစီဖြစ်နေတဲ့ပန်းချီလေးကိုပြန်စုစည်းနေမိသည်။
ရုတ်တရက်ကျောပြင်ပေါ်ကျရောက်လာတဲ့ဂေါက်တံ
"အား....." ။အသည်းခိုက်အောင်နာကျင်ရပါတယ်။ပိုနာကျင်ရတာကအဖေအရင်းကလူမဆန်စွာရိုက်နှက်နေသောကြောင့်။
ဖေဖေရယ်ဘာလို့အဲ့ဒီ့လောက်တောင်ရက်စက်ရတာလဲ။သားသိပါတယ်။သားကမေမေ့ရဲ့သားဖြစ်နေလို့သိပ်မုန်းနေတာမှလား။
ဒါပေမဲ့ဒါသားရွေချယ်ထားတာမဟုတ်ဘူးလေ။ဘာလို့သားဘက်ကိုလှည့်မကြည့်ရတာလဲ။ဘာ့ကြောင့်လဲ။
နာကျင်ရတယ်။မကြာခဏအရိုက်ခံနေရတာတောင်အသားမကျသေးဘူး။မျက်ရည်တွေကမကုန်ဘူးဖေဖေ။ဒီအချိန်မှာသေသွားဖို့မျော်လင့်တယ်။
ဒါပေမဲ့.ဟိုသားအမိ။ဆယ်ရာတို့လက်ထဲကိုသားပိုင်တာတွေမရောက်စေရဘူး။ဖေဖေမုန်းတဲ့သားကပဲဖေဖေပိုင်တာတွေအကုန်သိမ်းပိုက်မှာ။
အချိန်တွေကြာသွားပြီ။တံခါးပိတ်သံကြားလိုက်တယ်။ခန္ဓာကိုယ်ကမလှုပ်နိုင်တော့ပါ။အသက်ရှုရတာတောင်အရမ်းမောတယ်။ဘာပဲဖြစ်ဖြစ်၁ညတော့ပြီးသွားပြီ။
တော်တယ်။အဲရစ်၊မင်းတောင့်ခံနိုင်ခဲ့တယ်။ဒါပေမဲ့သိပ်ဝမ်းနည်းတယ်။ငါ့ဘက်မှာဘာလို့ဘယ်သူမှမရှိ..
"သခင်လေး..။"
မဟုတ်သေးဘူးဂျွန်ရှိတယ်။အခန်းထဲသို့စိုးရိမ်ကြီးစွာဝင်လာတဲ့ဂျွန်။အဲရစ်အနားရောက်တော့..
"သခင်လေး.ကျွန်တော်ရှိတယ်။ကျွန်တော်ဆေးရုံခေါ်သွားမယ်။"
ပြောပြောဆိုဆိုနှင့်ကျောပိုးလိုက်သည်။အသည်းခိုက်အောင်နာပေမဲ့တောင့်ခံထားသည်။ဂျွန်သာ မီတာ၅၀၀လောက်ကဆေးရုံကိုကျောပိုးပြီးလိုက်မပို့ခဲ့ရင် အမိန့်ရှင်ဆိုတာ....*******
ဒီအပိုင်းလေးကအမိန့်ရှင်ရဲ့အတိတ်ပါ။ဒါပေမဲ့ယူဂျင်းမသိပါဘူးနော်။သိရင်ဘာဖြစ်မလဲသာသာလည်းမသိဘူး😁😁SEဖြစ်သွားမလားမသိဘူး စတာ
ကြောင်နေသောသာသာ။
အရေးအသားတွေပိုညံ့လာပါတယ်။
YOU ARE READING
The Lord
RomanceUni + Zawgyi ဖခင်ရဲ့လောင်းကစားအကြွေးတွေကြောင့်အကြွေးရှင်သိမ်းတာခံလိုက်ရတဲ့ကောင်လေးတစ်ယောက်အကြောင်း