Unicode 🍑Episode 23🍑

3.1K 180 0
                                    

        တဆစ်ဆစ်နဲ့အတွင်းပိုင်းကနာကျင်မှုနှင့်အတူနိုးထလာမိသည်။မျက်လုံးတွေဖွင့်လိုက်တော့ဖြူလွင်လွင်ချည်အင်္ကျီအပါးလေးဝတ်ထားတဲ့အမိန့်ရှင်ရဲ့ရင်ခွင်။မိမိကိုယ်တိုင်ကလည်းခပ်ပွပွချည်အင်္ကျီလေးကိုဝတ်ထားသည်။
         ယခုအနေအထားလေးကိုအလွန်သဘောကျသည်။အမိန့်ရှင်ရင်ခွင်ထဲမှာမြုပ်နေတဲ့မိမိကိုယ်ကိုလည်းကြိုက်သည်။
          မသိမသာလေးမော့ကြည့်လိုက်တော့အိပ်ပျော်နေဆဲအမိန့်ရှင်။ထူထဲပြီးယောင်္ကျားပီသတဲ့မျက်ခုံးတွေ၊ခပ်ကြိတ်ကြိတ်မျက်တောင်နက်တွေ။မထူမပါးနှုတ်ခမ်းတွေ။
          အရှင့်ရဲ့အရာတစ်ခုတိုင်းစီကိုကျွန်တော်နှစ်သက်ပါတယ်။အိစက်စက်ပါးလေးကိုလက်ချောင်းလေးနဲ့ထိတို့လိုက်တော့အမိန့်ရှင်ရဲ့မျက်လုံးလေးတစ်ဖက်ပွင့်လာပြီး
    "ကလေး ကိုယ့်မျက်နှာကိုအဲ့လောက်တောင်သဘောကျတာလား။"
    " အယ် ကျွန်တော့်ကြောင့်နိုးသွားတာလား ဟင်။"
   " မဟုတ်ပါဘူးကွာ။ကိုယ်နိုးနေတာကြာပြီကလေးနိုးသွားမှာဆိုးလို့။ "
    ယူဂျင်းကရင်ခွင်ထဲအတင်းတိုးဝင်လာရင်း
      " ချစ်လိုက်တာ။ကျွန်တော့်အဘိုးကြီးကစကားတက်သားပဲ။"
    " ဟာ အဘိုးကြီးတဲ့လားကွာ။ဘေဘီရယ်ရက်စက်လှချေလား။ "
     " အမှန်ပဲလေ ကျွန်တော့ထက်၁၀နှစ်တောင်ကြီးတာကို။"
     " ဟုတ်ပါပြီBabyစိတ်ချမ်းသာသလိုပြောပါဗျာ။ "
    " ဒါဆိုမေးမယ်။ဒီနေ့ဘာနေ့လဲ။"
     " အင်္ဂါထင်တယ် ဟုတ်လား။"  
     " ဟာ မခေါ်တော့ဘူးသွားတော့။အဘိုးကြီးသွားတော့။ "
     " အာ ကိုယ်မှမသိတာကွာပြောပြပါနော်။Babyရယ်ပြောပြလေ။ "
     " ပြီးရောသနားလို့နော်။ဒီနေ့က ကျွန်တော့်၁၈နှစ်ပြည့်မွေးနေ့လေ။ "
      " ဟာ တစ်ကယ်လား။ငါ့ကလေးလေးကအသက်ပြည့်သွားပြီပေါ့။ "
      " အင်း။ဒါ့ကြောင့်ဒီနေ့အလုပ်မသွားပါနဲ့နော် ကျွန်တော်နဲ့လျှောက်လည်ရအောင်လေ။နော် နော် နော် "
       နှုတ်ခမ်းလေးထော်ကာကလေးလေးလိုတောင်းဆိုနေတဲ့ယူဂျင်းကြောင့်အမိန့်ရှင်ရယ်လိုက်ပြီး
      ဆတ်ခနဲနှုတ်ခမ်းလေးကိုနမ်းလိုက်ရာ  " ဟာ ကျွန်တော်မျက်နှာမသစ်ရသေးဘူးလေ။ "   
      " ဘာဖြစ်လဲ ကိုယ့်ကလေးလေးပဲဟာကို။ " 
     " ကဲပြော အလုပ်မသွားဘဲဘာလုပ်ပေးရမလဲ။" 
       " ဈေးဝယ်ထွက်မယ် လျှောက်လည်မယ် ပြီးတော့ညစာကိုကျွန်တော်ချက်ကျွေးမယ်။ "
       " ဟား စားရချေသေးရဲ့ဗျာ။ " 
      " ဟာ အထင်သေးတယ်ပေါ့ ရတယ်လေ။ "
     " မဟုတ်ရပါဘူးကွာကိုယ်ကစတာပါ။ဒီနေ့တစ်နေ့လုံးဘေဘီ့အတွက်သီးသန့်ဗျာ။ "
     " ဟီး ဟီး ကျေနပ်ပါတယ်။ " 
     " ဒါဆိုကိုယ်ထနှင့်ပြီနော် ဂျွန်ကိုပြောရဦးမယ်လေ။ "
     " အင်း ။ "
        ထို့နောက်အမိန့်ရှင်ကအရင်ထွက်လာသည်။အောက်ထပ်ဆင်းလာတော့ဂျွန်နှင့်တည့်တည့်တိုးသည်။ဂျွန်ကတော့မျက်နှာလေးငုံ့လျှက် " မော မောနင်းပါ ဆရာ။"
      နဖူးထောင့်ကသွေးစလေးတွေကြောင့်ဆတ်ခနဲဆံပင်ကိုသပ်လိုက်ကာ
    " ဂျွန် မင်း မျက်နှာကဘာဖြစ်တာလဲ။ "  
     " Ah ရေချိုးခန်းထဲချော်လဲတာပါ။ " 
      " ဆေးမထည့်ဘူးလား။လာ ငါထည့်ပေးမယ်။ " 
            အမိန့်ရှင်ရဲ့စကားတိုင်းကိုဂျွန်မလွန်ဆန်နိုင်ပါ။အနောက်ကလိုက်သွားပြီးဆေးထည့်ပေးတာကိုငြိမ်သက်စွာခံယူနေမိသည်။ ရုတ်တရက်အမိန့်ရှင်က 
     " ဂျွန် မနေ့ညကကိစွSorryပါကွာ။ငါစိတ်လောသွားတယ်။ " 
     " ရပါတယ်ဆရာကျွန်တော်နားလည်ပါတယ်။ "
     ဆရာရယ်ကျွန်တော့်ကိုအဲ့လောက်အထိဂရုမစိုက်ပါနဲ့။ကျွန်တော်အရမ်းနာကျင်ရလို့ပါ။ဆရာ့ရဲ့ဂရုစိုက်မှုတွေကကျွန်တော့်အတွက်တော့ဓားသွားပေါ်ကပျားရည်ပါပဲ။
          ချိုမြိန်သလောက်ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။
     " ဂျွန် ဒီလိုကျတော့လည်းငယ်ငယ်ကအချိန်ကိုပြန်သတိရမိတယ်။ "
   " ဟင် ဘာကိုလဲ ဆရာ။ "
    " မေ့သွားတယ်ပေါ့။မင်းက။ အထက်တန်းတက်တုန်းကမင်းကလေအနေအေးလွန်းလို့ခနခနအနိုင်ကျင့်ခံရတယ် ငါပဲပြန်လုပ်ပေးရတယ်။ "
    " ဒဏ်ရာဗလပွနဲ့ငါ့ဆီငိုငိုပြီးရောက်လာတာလေ မှတ်မိတယ်။ "
    " ဆရာရယ် အဲ့ဒါတွေကို...."
   " ဟား ဟား ဟား ရှက်တယ်ပေါ့။ ဟား ဟား ဟား "  
      " သြော် ဒါနဲ့ဒီနေ့ငါအလုပ်မသွားတော့ဘူး။မင်းပဲငါ့အစားသွားတော့။ "
      " ဟုတ်ကဲ့ ဆရာ။ကျွန်တော်ပြင်ဆင်လိုက်ဦးမယ် ။ " 
    " အင်း။ "      
   ဂျွန်လည်းထွက်သွားရောတိုနီ့ထံမှဖုန်းဝင်လာသည်။" ဟေ့ကောင် မင်းကတော့ကံကောင်းချက်ကွာ " 
     " ဘာလဲကွ ဘလိုင်းကြီး " 
      " အခု ဘန်ဆေးရုံရောက်နေတယ်။ယာဉ်တိုက်မှုဖြစ်လို့လေ။အောက်ပိုင်းသေသွားတယ်။ "
     " ဘာ ဘယ်လိုဖြစ်တာလဲ။ "
     " သေချာတော့မသိဘူးဒါပေမဲ့တိုက်သွားတဲ့လူကိုတော့သိတယ်။ "
    " ဘယ်သူလဲ။ "
   " မင်းသိရင်အံ့သြသွားမယ်။တိုက်သွားတဲ့လူက ဂျွန် ပဲ။ "
   " What!!!!! ဂျွန်တဲ့လား။ဒါပေမဲ့သူ့ညီလေ   "
    " ငါသိပါတယ် OMG ဂျွန်ကကြောက်စရာဘဲ လူကြည့်တော့သဘောကောင်းတဲ့ရုပ်လေးနဲ့။ "
     တစ်ဘက်ကပြောနေတဲ့စကားတွေကိုမကြားနိုင်တော့ပါ။ဂျွန်ကငါ့အတွက်နဲ့သူ့ညီအရင်းကိုတောင်ဒီလိုလုပ်ရက်တယ်ပေါ့။ငါသူ့ကိုအထင်လွဲမိသွားတယ်။
     " Sorry ဂျွန် Sorry။ကိုယ်အရမ်းမှားသွားတယ်။ "

               ***********

      "အရှင် ခရုစားလား။ "
      " ဟမ် ခရု။ "   
         အသားငါးဘက်တန်းမှာရွေးနေတဲ့ယူဂျင်းအမေးကြောင့်ကြောင်သွားပြီး
    " အင်း ကိုယ်စားပါတယ်။"
    " တော်ပြီမဝယ်ဘူး ကျွန်တော်မချက်တက်လို့ ဟီး😁"
     " ကလေးသဘောပါပဲဗျာ။"
    " Ok ဒါဆိုရင်ပုစွန်ဝယ်မယ်။ပြီးတော့ဟိုဘက်ကိုသွားရအောင် ကျွန်တော်တို့ကိတ်မုန့်ဖုတ်စားရအောင်။ "
    " ဟ ကိုယ့်ကလေးကမတက်တာမရှိဘူးနော်။"
    " အဲ့တော့မကောင်းဘူးလားပြော။ "
      "ကောင်းပါတယ် ဗျာ ကောင်းပါတယ် "
   " ဒီလိုမှပေါ့ လာ သွားမယ်။ "
        တစ်ချိန်လုံးယူဂျင်းအနောက်ကလှည်းတွန်းကာလိုက်ပေးနေရသည်။Mallတစ်ခုလုံးကိုချောင်းပေါက်အောင်လှည့်ပြီးသကာလအမိန့်ရှင်ခြေထောက်တွေလဲညောင်းနေပြီ။
           မည်သို့ပင်ဆိုစေကာမူထိုကလေးရဲ့အပြုံးတွေကြောင့်အမောပြေရပါသည်။

               🍑🍑🍑🍑🍑

         အခုကစပြီးသာသာလေမဆွိတက်ဆွိတက်နဲ့ဆွိပါမယ်။သည်းခံဖတ်ပေးကြပါ။တစ်ကယ်ဆိုဆွိတဲ့အရသာဘာမှန်းသာသာသိကိုမသိတာပါ🤧အများကြီuးpပေးချင်လို့မနက်၂နာရီအထိစာရေးခဲ့ပါတယ် ပါဝါတွေလည်းတိုးနေပါပြီနော်။😁com fb voteတွေရရင်သေပျော်တယ်။😘😘😘

The LordOnde histórias criam vida. Descubra agora