Unicode ❤️Extra❤️

5.7K 267 9
                                    

သာသာတာဝန်ကျေတယ်နော်     " ဒယ်ဒီ ရေ..ဖေဖေ ရေ.."
" စတီဗင် ဖြေးဖြေးသွားလေကွာ။ချော်လဲမယ်။ "
" ဦးလေးဂျွန်သာချော်လဲမှာ။ ဒယ်ဒီ..."
     ကားပေါ်မှဆင်းဆင်းခြင်းအိမ်ပေါ်ပြေးတက်သွားတဲ့ ၁၂နှစ်အရွယ်ကလေး။
  " အိုးဟိုး သားရေ ပြန်ရောက်ပြီလား။ "
" ဒယ်ဒီ ဒီနေ့ကျောင်းမှာဘာဖြစ်ခဲ့တယ်ထင်လဲ။ "
" ပြောပါဦး ဘာဖြစ်ခဲ့လို့လဲ ။"
   အမိန့်ရှင်ကသားဖြစ်သူကိုပေါင်ပေါ်တင်ကာဆိုဖာပေါ်ထိုင်ရင်းမေးလိုက်သည်။
" ရန်လာစတဲ့ကောင်တွေကိုပိတ်ထိုးပစ်ခဲ့တယ်။ "
" ဟာ ! ကြမ်းလှချည်လား။ ဘာပဲဖြစ်ဖြစ်သားတော်တယ်။ "
" ဘယ်လို..!! စတီဗင် မင်းဘာလုပ်ခဲ့တယ်။ငါ့ကိုပြန်ပြောစမ်း "
   မျက်နှာကြီးနီရဲကာထမင်းစားခန်းထဲမှယောင်းမကိုင်လျှက်ထွက်လာတဲ့ယူဂျင်း။
" ဖေဖေ သားကိုရန်လာစလို့ပါ။ဒီအတိုင်း "
အမိန့်ရှင်နဲ့ဂျွန်အပေါ်ဆိုးသလောက်ယူဂျင်းကိုတော့အသေကြောက်တဲ့စတီဗင်ခများ မျက်နှာငယ်လေးနှင့်အမိန့်ရှင်ကိုစစ်ကူတောင်းရှာသည်။
ဒါပေမဲ့အမိန့်ရှင်ကမသိဟန်ဆောင်နေသည်။သူလည်းယူဂျင်းကိုကြောက်သည်ကိုး။
  ဂျွန်ကိုလှမ်းကြည့်တော့လည်းတစ်အိမ်လုံးကိုလျှောက်ကြည့်ကာမသိကျိုးကျွန်ပြုနေသည်။
" စစ်ကူရှာမနေနဲ့ စတီဗင် မင်းပြန်တောင်းပန်ရမယ်။ဘယ့်နှယ့်ကွာ ထစ်ခနဲဆိုလက်ပါတယ်။ "
" ကျောင်းတက်ကတည်းက အမြဲရန်ဖြစ်တယ်။ပြောမရဆိုမရလေးဖြစ်နေပြီ။ "
" ဟုတ်ပကွာ စကားလေးလည်းနားထောင်ဦးမှပေါ့။ "
    ယူဂျင်းစကားကိုသံယောင်လိုက်ပြီးစတီဗင့်ကိုဆူလိုက်သော်လည်း
  " ကလေးကိုပြောမနေနဲ့ အဘိုးကြီးလည်းအတူတူပဲ။မြှောက်ပေးနေတာလေ။ "
" ဟုတ်တယ် ဖေဖေ ။သားကမဆိုးပါဘူး ဒါပေမဲ့ဒယ်ဒီကရန်စရင်ပြန်လုပ်ဆိုလို့ပါ။"
     စကားတက်လိုက်တဲ့ဟာလေး ချက်ချင်းကိုမာယာပေါင်းများစွာနဲ့မျက်ရည်လေးလဲ့လဲ့နဲ့ ယူဂျင်းကိုလာဖတ်သည်။
" သားမှားပါတယ်နော် ဖေဖေ။ "
" ဖေဖေသိပါတယ်သားရယ်။ သွား ရေသွားချိုးတော့။"
" ဟုတ် ဖေဖေ။ "
   အမလေးမျက်နှာကိုပြုံးဖြီးနေတာပဲ။အမိန့်ရှင်ကိုတောင်လျှာထုတ်ပြသွားသေးတယ်။ချက်ချင်းကိုအပြစ်ကင်းသွားရှာပြီ။အမိန့်ရှင်လည်းမသိသလိုလေးထမည်အပြု
" ဒါကဘယ်လဲ "
" ဩော် ကိုယ်လည်းရေချိုးတော့မယ်လေ "
" ဟင်းဟင်းနော် မပြောသေးဘူးကြည့်နေတယ်နော် အဘိုးကြီး "
" ကိုယ်ဘာလုပ်လို့လဲ Babyကလည်း"
" ဘာကိုBaby လဲ လာချွဲမနေနဲ့။ယောင်းမစာမိမယ်။"
"Baby ကလည်းစိတ်ချည်းပဲ။ "
   ယူဂျင်းကနဂါးမျက်စောင်းနှင့်ထမင်းစားခန်းထဲပြန်ဝင်သွားသည်။
   " အမလေးနော် နဂါးသာဆိုရင် ဆရာပြာကျပြီ။ "
" ဟုတ်ပကွာ။ ငါ့နှယ် နှလုံးရောဂါရမယ်။ "
" ကြောက်တက်လိုက်တာ ကြောက်တက်နေတာ ဒီအခြေအနေကိုတစ်ယောက်တည်းမြင်ရတာနှမြောတယ်🤧"
" မင်းကတော့ နော် မြန်မြန် အိမ်ထောင်ပြုမှပဲ ဒါမှကိုယ်ချင်းစာတက်မှာ။"
" Neverever ဆရာ။ဘယ်တော့မှမပြုဘူး ကြောက်တယ်။"
         ဧည့်ခန်းထဲမှာရယ်သံလေးတွေပျံ့လွင့်လျှက်။ထမင်းစားခန်းထဲကမွှေးပျံ့တဲ့အစားအစာနံ့တွေ။ပြီးတော့ရေချိုးခန်းထဲက ကလေးတစ်ယောက်ရဲ့ကီးမညီတဲ့သီချင်းသံ။
             ❤Extra End❤
        အိုးဟိုး Extraတိုတာသိတယ်။ဒါပေမဲ့Family Lifeလေးတော့သိလိုက်ရတယ်ဟုတ်။စကားမစပ်ဒီFic ကလေ ဖတ်ရှုသူက5Kကျော်ပေမဲ့Voteက1Kပဲရှိတယ်၊သာသာတော်တော်ညံ့ဖျင်းကြောင်းသိရပါပြီ🤧🤧😭။
       

The LordWhere stories live. Discover now