Unicode🍑Episode 28🍑

2.8K 125 0
                                    

     "ဆုံးဖြတ်တာမှန်တယ် ကင်မ်။"
"ဟင်း အဲ့လိုပဲဖြစ်ပါစေ။အမှန်ဆိုကျုပ်ကမရောင်းခြင်ဘူးဗျ။Lucifer ကအလားအလာရှိတယ်။"
"လူဆိုတာပိုကောင်းတဲ့အရာကိုပဲမျှော်လင့်ကြတာလေ။ပြီတော့မင်းကိုပေးလိုက်တဲ့Hotelကလည်းထိပ်တန်းပါပဲ။"
"ဟုတ်ပါတယ် ဒါပေမဲ့လူကြီးမင်းHan ဒီကိစ္စကိုသာအမိန့်ရှင်သိ.."
"စိတ်မပူနဲ့ အခုဆိုရင်ကျုပ်လက်ထဲမှာLuciferရဲ့ရှယ်ယာက ၃၀%ရှိနေပြီ။"
"ဟင် မြန်လိုက်တာ ဒါနဲ့ ဘာလို့ဒီလောက်တောင်ဝယ်နေရတာလဲ။"
"မင်းပြောသလိုပဲ အလားအလာရှိတဲ့Lucifer Groupကိုလိုချင်လို့ပေါ့။"
       ကင်မ်အံ့ဩသွားရသည်။
"ရှယ်ယာတွေဝယ်ဖို့ပိုက်ဆံတွေတော်တော်စုဆောင်းခဲ့ရမှာပဲ။"
"ဟင်း ဟင်း ဒီလိုပါပဲ။ဒါနဲ့ အမိန့်ရှင်ရဲ့ဦးလေးတွေကရာထူးကြီးတွေဆို။"
"Ah ဟုတ်ပါတယ်။ဦးလေးအကြီးကပြည်ထဲရေးဝန်ကြီးပါ။ဦးလေးအငယ်ကတော့ရဲမှူးချုပ်ထင်တယ်။"
"ဟုတ်လား။"
              **********

        "ဆရာ..."
    အလောတကြီးနဲ့ပြေးဝင်လာတဲ့ဂျွန်ကြောင့်အမိန့်ရှင်ကြောင်သွားပြီး
   "ဘာဖြစ်တာလဲ ပြောလေ။"
"Dora Beach ကHotelကိုရှယ်ယာဝင်ထားတဲ့ မူးယစ်မှောင်ခိုကငွေမဲတွေ...အဲ့ဒါတွေက..."
"မင်း.မင်းဘာတွေပြောနေတာလဲရှင်းရှင်းပြောစမ်း။"
"Dora Beachက Hotelကိုရှယ်ယာဝင်ထားတဲ့Cristal Groupကငွေတွေက တရုတ်သူဌေးကြီးHan Phoneနဲ့စပ်တူမှောင်ခိုလုပ်ထားတဲ့ငွေတွေ။"
"ဘာ...!"
"မှောင်ခိုလုပ်ထားတဲ့ငွေမည်းတွေကိုကျွန်တော်တို့ဆီရှယ်ယာဝင်ထား တာ။"
"ဟာ..မ.မဖြစ်နိုင်ဘူး။"
     အမိန့်ရှင်လုံးဝကိုဆွံ့အသွားသည်။Cristal Group ရဲ့သူဌေးကတရုတ်သူဌေးHanPhoneနဲ့မှောင်ခိုလုပ်တယ်။အဲ့ဒီ့ကငွေတွေနဲ့အမိန့်ရှင်ရဲ့လုပ်ငန်းကိုရှယ်ယာအဖြစ်ဝင်လာတယ်။ဒါဆိုရင်သူ့ရဲ့လုပ်ငန်းကမသန့်ရှင်းတော့ဘူးပေါ့။
      သွားပါပြီ။မိမိဘဝမှာတစ်ခါမှဥပဒေနဲ့အကြီးအကျယ်ငြိစွန်းမယ့်ကိစ္စမျိုးကိုမလုပ်ခဲ့ဖူးပါ။အခုတော့။
  "ချက်ချင်းCristal ဘက်ကိုအကြောင်းကြား ဒီကိစ္စကိုချက်ချင်းဖြေရှင်းရမယ်။"
"ဟုတ်ကဲ့ ။ ပြီးတော့ ရှယ်.ရှယ်ယာကိစ္စက.."
"ထပ်ပြီးဘာဖြစ်ရပြန်ပြီလဲ။"
"ကင်မ်.ဒါရိုက်တာကင်မ်က ရှယ်ယာတွေထုတ်ရောင်းလိုက်ပြီ။အဲ့ဒါကလည်းတခြားသူမဟုတ်ဘူး သူဌေးကြီးHanPhoneကိုပဲ"
"ဘာ.!တောက်.!ဘယ်လောက်တောင်လဲ။"
"ရှယ်ယာရဲ့၃၀%ပါ။"
"တောက်.ဒီအဘိုးကြီးကတော့ငါ့ကိုရန်လာစနေတာပဲ။ ဟားကွာ..!"
"အခုဘယ်လိုဆက်လုပ်မလဲ ဆရာ။"
"ရှယ်ယာကိစ္စကိုခဏထားလိုက်ဦး Cristal ဘက်နဲ့ငါတွေ့ချင်တယ်။"
"ဟုတ်ကဲ့ ဆရာ။"

The LordWhere stories live. Discover now