Ep - 2 [U]

10.5K 925 14
                                    

အခန်း (၂)

" ယွင်း ဘာလို့ ! "

လမ်းထဲ ၀င်ဝင်ချင်း  မြင်လိုက်ရတဲ့ ပုံရိပ်က ကျူး။ စကိတ်ဘုတ်ကိုင်ပြီး လျှောက်နေတဲ့ ဟန်က ခြေထောက်နာနေတာကို သိသာစေတယ်။ ဘရိတ်ဖမ်းအုပ်ပြီး ရပ်လိုက်မိပေမဲ့ စာအုပ်ယူဖို့ အတူပါလာတဲ့ စိမ့်ကိုတော့ ပြန်မဖြေနိုင်ခဲ့။  ကျူးဆီသာ ဦးတည်ထားတဲ့ စိတ်နဲ့ ခြေလှမ်းတွေက ပုံမှန်ထက် ပိုကျဲပြန်တယ်။

စိတ်မှာ ကယောက်ကယက်နဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲတော့ မြောက်တက်လာတဲ့ လက်တစ်ဖက်က ကျစ်ကျစ်ဆုပ်လို့။ ပွဲ တော်တော်များများ နွှဲခဲ့ကြောင်းကို ယဉ်ပါးနေတဲ့ လက်ရည်က အမှတ်တမဲ့ အနေအထားမှာတောင် ပုံစံမပျက် ပြတယ်။

ဆိုးလိုက်တာ ကျူးရယ်လို့လည်း မပြောချင်။
ကိုယ်မှန်း သိသွားတာနဲ့ တပ်ပြန်ခေါက်သွားတဲ့ လက်ပိုင်ရှင်လေးကို ဘယ်တုန်းကမှလည်း မငြိုငြင်ရက်ခဲ့။

မှိန်ဖျော့ဖျော့ အပြုံးပါးလေးနဲ့ ကိုယ့်ကို ငေးစိုက်ရင်း ကားပေါ်မှာ ကျစ်ရစ်ခဲ့သူ စိမ့်ဆီ ရောက်သွားတဲ့ မျက်ဝန်းတစ်စုံ။ မှင်သေသေ ရုပ်လေး အသက်ဝင်ချိန်မှာပဲ လက်စ ဖျောက်ခံလိုက်ရတဲ့ အပြုံးယဲ့ယဲ့။ ဘာရယ်မဟုတ် ကိုယ့်မှာ နှမြောလိုက်ရတာ တနင့်တပိုး။

'' ကိုကို့ သူငယ်ချင်းလား ''

'' ခြေထောက် နာနေတယ်မလား  ''

လက်ဖဝါးစောင်းမှာပါ နီရဲနေတဲ့ ခြစ်ရာတွေ။ ရဲတွတ်နေတဲ့ ခြေချင်းဝတ်တစ်ဖက်ကြောင့် မသက်မသာ ဖြစ်လာတဲ့ စိတ်ကလည်း နင့်နင့်ကဲကဲ။

'' ကိုယ်နဲ့  ပြန်လိုက်ခဲ့ ''

အတူ ပြန်ဖို့ ခေါ်တော့ ခေါင်းခါတယ်။ ဆုပ်ကိုင်ထားတဲ့ လက်ကို ပယ်ချပစ်တယ်။ အကြည့်တစ်ချက်က ကားဆီ ခပ်လျှမ်းလျှမ်း ဝေ့တယ်။

'' ကျူးဘာသာ ပြန်နိုင်တယ်။ ဘာမှမဖြစ်ဘူး ''

ကိုယ့်ကို ကျောခိုင်းလို့ ရှေ့ဆက်လျှောက်သွားတဲ့ ကျူး။ ငြင်းလာပြီဆို သေအောင် ရိုက်လည်း အသားပဲ အနာခံပစ်မယ်ဆိုတဲ့ ညာဉ်လေးနဲ့ ကျူးကို ဆက်ခေါ်လည်း ရမှာ မဟုတ်။

Private AreaWhere stories live. Discover now