Ep - 29 [U]

4.3K 407 20
                                    

အခန်း (၂၉)

“ မုန်းလို့ ရလား ”

“ ဟင့်အင်း။ မရဘူး ”

နှုတ်ခမ်းထောင့်ဖျားတွေ ကွေးညွှတ်လို့ ကျူးက ခပ်ယဲ့ယဲ့ ပြုံးတယ်။ ရင်ထဲမှာ ဘယ်ချိနိုင်ပါ့မလဲ။ အကြည့်တွေက မြင်ကွင်းတစ်ခုမှာ ထိုးကပ် ဆိုက်ထားမြဲ။ ခြေချော်ပြီး လဲမလို ဖြစ်သွားတဲ့ ကလေးငယ်ကို စိုးရိမ် ပူပန်ခြင်းတွေနဲ့ ထွေးယှက်နေတဲ့ လက်တစ်စုံ။

အနာတရ ဖြစ်သွားသေးလား ဗျာပါဒတွေနဲ့ ပူပန်ရှာတယ်။ စက္ခုနှစ်ကွင်း၊ လက်နှစ်ဖက်နဲ့ အတည်ပြု စစ်ဆေးရင်းက ' သား ' ရယ်လို့ ထွက်ပေါ်လာနေတဲ့ တဖွဖွ ရေရွတ်သံတွေ။  ကျူးအတွက်တော့ ချော်ရည်ပူလို ဖြစ်နေမလား။

ကိုယ် မဖန်ခဲ့တဲ့ ကြမ္မာကလည်း ကိုယ့်အတွက် နာစရာ ဖြစ်လာနိုင်တာပဲ။ ဒီလိုပါပဲ။
ကံတရားက တစ်ခါတလေတော့ ဆဲချင်စရာ ကောင်းတာထက် ပိုနေတတ်တယ်။

ဘယ်လောက်ပဲ ကောင်းအောင်နေဖို့ ကြိုးစားပါစေ။ ဖိနှိပ်ထားတဲ့ ကံတရားရဲ့ အောက်မှာ လည်စင်း ပေးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိနေနိုင်တာပဲ။

“ ဘာလို့ မရလဲ ”

“ တခြားသူတွေက သူ့ကို မုန်းတယ်ဆိုရင်တောင် ကျူးကတော့ မဖြစ်ဘူး။ သူ့ဘက်က ရပ်တည်ပြီး မကာကွယ်ပေးချင်ရင်တောင် .. မေတ္တာထားပြီး မချစ်ပေးနိုင်ရင်တောင် မုန်းတော့ မမုန်းပါနဲ့။ ဒီကလေးက ကျူးရဲ့ သွေးလေ။ ကျူးရဲ့ ညီလေး။ ဒီတော့ ကျူးက အစ်ကိုဆိုတဲ့ နေရာကို ယူချင်ချင် မယူချင်ချင် ရနေမှာပဲ ”

“ အစ်ကိုဖြစ်သွားတာနဲ့ ကျူးမှာ မုန်းပိုင်ခွင့် မရှိတော့ဘူးလား ”

“ ဒီမေးခွန်းရဲ့ အဖြေကို ကျူး သိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး မလိမ်ညာချင်ပါနဲ့။ ကျူးပဲ ပင်ပန်းရလိမ့်မယ် ”

“ ဟင့်အင်း။ ကိုကို မှားနေတာ။ ကျူး သူ့ကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး။ ကျူး သူ့ရဲ့ အစ်ကိုလည်း မလုပ်ဘူး ”

“ ကိုယ် မမှားပါဘူး။ ကျူး တစ်ချိန်ချိန်ကျရင် ရှင်းလင်းသွားမှာပါ။ ခုတော့ ထားပါလေ။ တီသဲ ကိုယ်တို့ကို တွေ့သွားပြီဆိုတော့ ရှောင်ထွက်လို့ မကောင်းဘူး။ သွားနှုတ်ဆက်ရအောင်နော် ”

Private AreaWhere stories live. Discover now