ရှောင်ဖုံး နိုးလာပြီး သူမရောက်နေတဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့
OMG နန်းတွင်းထဲမှာဟ..
မကြာခင်မှာပဲ သူမရဲ့ ပေါက်စီလုံးလေးရောက်လာပြီး သူမကိုစိတ်ထဲကနေ စကားပြောပါတော့သည်။
[Host အချက်လေးတွေပေးပို့လိုက်ပါပြီ]
[Ok]
သူမပေါက်စီလေးပေးပို့တဲ့အချက်အလက်တွေကိုသေသေချာချာဖတ်လိုက်သည်။
သူမရောက်နေတဲ့ နေရာက ချင်တိုင်းပြည်ဖြစ်ပြီးတော့ သူမရောက်နေတဲ့ ခန္တာကိုယ်က ချင်တိုင်းပြည်ကမင်သမီးတစ်ပါးဖြစ်သည်။နာမည်က ချင်လော့ရှန်းတဲ့။ သူမကမကြာခင်မှာ မင်တိုင်းပြည်က နန်းတက်မင်းသားနှင့် လက်ထပ်ရတော့မည်
နန်းတက်မင်းသားနာမည်က မင်စစ်ရန် ဖြစ်ပြီးတော့ ဒီကမ္ဘာရဲ့ ဇာတ်လိုက်ဖြစ်သည်။ သူမကတော့ ဇာတ်လိုက်နှင်လက်ထက်ရပေမဲ့ ဇာတ်လိုက်မ မဟုတ်ပေ။ ဇာတ်လိုက်မက မင်တိုင်းပြည်က အမတ်ကြီးရဲ့ သမီး ကျောက်ချင်းယွီ ဖြစ်သည်။ မင်စစ်ရန်က နန်းတက်ပွဲမှာ သူချစ်ရတဲ့ ကျောက်ချင်းယွီ ကို မိဖုရားခေါင်ကြီး မြောက်ပြီးတော့ နန်းတက်ချင်ပေမဲ့ သူ့ရဲ့ အမေ (မယ်တော်ကြီး ) က ချင်လော့ရှန်းနဲ့သာ လက်ထက်စေပြီး နန်းတက်စေသည်။ ဇာတ်လိုက်ဆိုတဲ့ အရှိန်အ၀ါတွေကြောင့် ချင်လော့ရှန်းဟာ ဇာတ်လိုက်ကိုမြင်မြင်ချင်း ချစ်မိပါသတဲ့။ ဒါပေမဲ့ မင်စစ်ရန် ချစ်တာ ချင်လော့ရှန်းမှ မဟုတ်တာ ကျောက်ချင်းယွီ လေ။ မင်စစ်ရန်က နန်းတက်ပွဲမှာ ချင်လော့ရှန်းကို မိဖုရားခေါင်ကြီး မြောက်လိုက်ပြီး ကျောက်ချင်းယွီကို ဒုမိဖုရားမြောက်လိုက်သည်။ မင်္ဂလာ ဦးညမှာ ဇာတ်လိုက်က လော့ရှန်းဆီကိုမလာဘဲ ထုံးစံအတိုင်း ဇာတ်လိုက်မဆီကိုသွားလေသည်။ မင်စစ်ရန်ကတော့ ဇာတ်လိုက်မကလွဲပြီး ဘယ်သူ့ကိုမှ ကြည့်မရတဲ့ လူမျိုး။ဇာတ်လိုက်မကတော့ ကြာပန်းဖြူလေးလိုနေပေမဲ့ တစ်ကယ်တမ်းကြတော့ လက်ဖက်စိမ်းမ ဖြစ်နေသည်။ ဇာတ်လိုက်မက လော့ရှန်းရဲ့ မိဖုရားခေါင်ကြီးအဆောင်ကို မကြာခန လာလေ့ရှိပြီ မတော်တဆထိခိုက်မှုလေးတွေ ဖန်တီးသည်။ အဲ့လိုအချိန်မှာ ဇာတ်လိုက်ကရောက်လာပြီး လော့ရှန်းကို ဒေါသတကြီးပြောဆိုသည်။ အဲ့မှာ ဇာတ်လိုက်မက ကြာပန်းဖြူလေးအသွင်နဲ့ လော့ရှန်းဘက်က ကာပြောပေးသည်။ဇာတ်လိုက်မအဲ့လိုပြောလေ ဇာတ်လိုက်က လော့ရှန်းကို အထင်လွဲလေပဲ။ဇာတ်လိုက်က အစကတည်းက လော့ရှန်းကိုအမြင်မကြည်ပေ။ လော့ရှန်းကြောင့် ကျေက်ချင်းယွီကို မိဖုရားခေါင်ကြီး မမြောက်လိုက်ရတာလေ။အဲ့တော့ ဘယ်လိုလုပ်ကြည့်ရပါ့မလဲ။ လော့ရှန်းက မင်စစ်ရန်ကို ချစ်တယ်။ ဒါပေမဲ့ သူမအချစ်က ပေးဆပ်ရတာနဲ့တင် လုံလောက်တယ်ဆိုတဲ့ တစ်ဖက်သက် အချစ်မျိုး။ ဘယ်လိုမျိုးက ဇာတ်လိုက်မက သူမကို အကောက်ကြံပါစေ ဘာမှမပြောဘဲနေခဲ့သည်။
တစ်ကယ်တမ်း အနောက်နန်းဆောင်က သတင်းတွေက မိဖုရားခေါင်ကြီးက ဘုရင်ကြီးနှစ်သက်တော်မူတဲ့ ဒုမိဖုရားကိုမနာလို၍ ဒုမိဖုရားကို အနိုင်ကျင့်သည်ဟူ၍သာ။နောက်ဆုံးမှာတော့ လော့ရှန်းက ဇာတ်လိုက်မကို တစ်ကယ် အနိုင်ကျင့်လေတော့သည်။ ဘာမှမလုပ်ရသေးဘဲအပြောခံရတာထက် တစ်ကယ်လုပ်ပြီးမှ အပြောခံရတာက တော်သေးတယ်။အဲ့လိုအချိန်တွေမှာ ဇာတ်လိုက်က ဇာတ်လိုက်မကို ပိုဂရုစိုက်တာပေါ့။ လော့ရှန်းလိုချင်တာ ဇာတ်လိုက်ဆီက အချစ်မဟုတ်ရင်တောင် အသိအမှတ်ပြုမှုနဲ့ နွေးထွေးမှု လေးတွေသာ။ဒါပေမဲ့ ဇာတ်လိုက်က အဲဒါတွေအကုန်လုံးကို ဇာတ်လိုက်မကိုသာ ပေးခဲ့သည်။ အဲတော့လည်း လော့ရှန်လည်း ဇာတ်လိုက်မကို လုပ်ကြံတော့သည်။ဒါပေမဲ့
ဒုက္ခရောက်ခါနီးတိုင်း ကပ်လွတ်တာ ဇာတ်လိုက်မတွေလေ။
ကျောက်ချင်းယွီလည်းအဲ့လိုပဲပေါ့။ ဇာတ်လိုက်က သူ့ချစ်မိဖုရားလုပ်ကြံတဲ့ သူကိုရှာတော့ မိဖုရားခေါင်ကြီး ဖြစ်နေလေသည်။အဲဒါနဲ့ ဇာတ်လိုက်က လော့ရှန်းကို အဆိပ်သောက်ပြီး သေခိုင်းသည်။ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကတော့ ပျော်ရွှင်စွာနဲ့ နှစ်ပေါင်းများစွာ နေထိုင်သွားကြသည် ။
ဒီကမ္ဘာမှာ လူတွေက မိဖုရားခေါင်ကြီးရဲ့ ယုတ်မာမှုတွေကိုပဲမြင်တယ် ဇာတ်လိုက်မရဲ့ ယုတ်မာတာတွေကိုမမြင်ကြဘူး။နေ့တိုင်းမျဖုရားခေါင်ကြီးအဆောင်ကိုလာပြီး မခံချင်အောင်လာလာပြောတာတွေ ကိုတော့ ဘယ်သူမှမသိကြဘူး။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...