" နင်ကလည်း ပြန်စဉ်းစားပါဦးဟယ် ...နင်နဲ့ ငါနဲ့က အခုမှ ခင်တာလေ နင်က ငါ့ကို ထားသွားတော့မလိုလား ..ငါနဲ့ တစ်ကျောင်းလုံးနဲ့ မတည့်တာ နင်သိရဲ့သားနဲ့.."" ငါလည်း..မသိတော့ဘူး "
" ငါ့ကို ပြော နင် ဘယ်သူ့ကြောင့် ကျောင်း ပြောင်းမှာလဲ
ကျိုးဝေ့ရှင်း ကြောင့်လား... "" ...."
" ကြည့် ဟုတ်တယ်မလား...သူ့ကြောင့်မလား..."
" အဲ့လို မဟုတ်ပါဘူး..ငါ့ဘာသာငါ ကျောင်း ပြောင်းချင်လို့ "
လင်းဖန်ရှနဲ့ ပိုင်မော့ရှင်း စကားတစ်ပြောပြောနဲ့
ကျောင်းခန်းထဲ ၀င်လာတော့ လင်းဖန်ရှ ခုံပေါ်မှာ
ပန်းစည်းနဲ့ ချောကလက်တွေရောက်နေသည်။What...what...
ဘာတွေလဲ...." ၀ါး...ငါတို့ အားရှတောင် စွံသွားပြီလား.."
လင်းဖန်ရှကတော့ အခုထိ သူ့ခုံပေါ်က ဟာတွေကြည့်ပြီး ကြောင်နေတုန်း ...
အခန်းထဲမှာ ရှိတဲ့လူတွေကို ကြည့်လိုက်တော့
လည်း..သူတို့က မသိသလို နေနေကြသည်။
လင်းဖန်ရှ ပန်းစည်းနဲ့ ချောကလက်ကို ဖင်ပြန် ခေါင်းပြန်ကြည့်တယ်။ ပေးတဲ့သူက အနည်းဆုံး ကဒ်လေးထည့်ပြီး
ဘယ်သူဘယ်ဝါ ဒါမှမဟုတ် romance စာကြောင်းလေးတွေ ရေးသွားလေ ။ အခုဟာက ဘာမှမပါဘူး။ အဲ့တော့
ဘယ်သူပေးမှန်းကို မသိတော့ဘူး..။[ အဟွန်း အဟွန်း...ဒီက system အလုံးလေး
(ပေါက်စီလုံးလေး )ကို မေးလို့ရတယ်နော်...point တော့ ပေးရမယ်..][ မေးစရာလားဟယ်..ဘယ်သူပေးမှန်း အသိသာကြီး ]
[သူ မဟုတ်ရင်ကော ..ဘယ်လိုလုပ်မလဲ ]
[ စောက်ဂရုမစိုက်ဘူး...ငါ နင့်ကို လုံးဝ point ပေးပြီး
မေးမှာမဟုတ်ဘူး...]တော်ပြီ....ဒီလို host နဲ့ စကားမပြောချင်တော့ဘူး...
သိတယ်မလား...ပေးတဲ့သူကို...ဒါပေမဲ့လည်း ဟုတ်ချင်မှ ဟုတ်မယ်ပေါ့..
ŞİMDİ OKUDUĞUN
Villain System
Fantastik"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...