စိတ်မချဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လင်းဖန်ရှ
တို့ အသားယူခံလိုက်ရတာပဲ။ကျန်းစစ်ရှန့်က သူမကို ကိုယ်တိုင်ကိုယ်ကျ အိမ်လိုက်ပို့သည်။
ဖြစ်ချင်တော့ လင်းမာမားက အိမ် မှာရှိနေပြန်ရော။လင်းဖန်ရှ အိမ်ရှေ့ရောက်နေပြီ ကျန်းစစ်ရှန့်က အခွက်ပြောင်နေတုန်း။
" အိမ်ထဲ မခေါ်တော့ဘူးလား "
[ ၀မ်းသာစရာ သတင်းက အိမ်ထဲမှာ လင်းမားမားရှိနေတယ် host ]
[ အေး..ကောင်းရော...ငါက သူ့အိမ်ထဲ ခေါ်ရဦးမှာလား ]
[ host မားမား ပဲ မေးလိုက်ပါတော့ ]
[ ဟမ်...]
လင်းဖန်ရှ က ကျန်းစစ်ရှန်းကို ဘာမှမပြောရသေးဘူး လင်းမားမားက အိမ်တော်ထဲက ထွက်လာသည်။
" အားရှ.."
" မားမား "
လင်းဖန်ရှ ကတော့ အလျင်အမြန်ပဲ သူ့မားမားနား ပြေးကပ်လိုက်သည်။ မျက်ခုံးကတော့ ခပ်လှုပ်လှုပ် ရယ်...ကျန်းစစ်ရှန့်က ဘာတွေမွှေ ဦးမလဲ မသိဘူး..
" ဘယ်လိုဖြစ်တာလဲ မားမား စိတ်ပူနေတာ..အိမ်ကို
ဒရိုင်ဘာ တစ်ယောက်တည်း ပြန် ရောက်လာတယ်..ဘာဖြစ်တာလဲ "" သမီးလည်း မသိဘူး..မားမား...ဒီက
ကျန်းသခင်လေး ၀င်ကယ်လို့ ...မဟုတ်ရင်...ဘာဖြစ်မလဲ သမီးလည်း မသိဘူး "ပိုပိုလိုလို လေးထည့်ပြောမှ ..မဟုတ်ရင် မားမား က ထင်ချင်ရာ ထင်ပစ်လိမ့်မယ် ။
ဘေးက ကျန်းစစ်ရှန့်ကျတော့ သူ့ကောင်းကြောင်းလေး ထည့်ပြောပေးတော့ မျက်နှာကြီးက ပြုံးလို့။လင်းဖန်ရှ အသာအယာလေး ပဲ သက်ပြင်းချလိုက်တယ်...။ ငါ့ယောက်ျားက ငါ့လောက်နီးနီး စောက်ခွက်ပြောင်တာကို ...ငါမေ့နေတယ်..။
" အဲ့လိုလား...ကျေးဇူးပါ သားရေ.."
ကျန်းစစ်ရှန့်ကတော့ ပြုံးပြုံးကြီးနဲ့..
" မလိုပါဘူး..အန်တီ..အားရှကို စောင့်ရှောက်ဖို့ က သားတာဝန်ပါ ..."
ESTÁS LEYENDO
Villain System
Fantasía"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...