နောက်ဆုံးမှာတော့ ရှောင်ဖုံး မုန့်လုပ်ခွင့်ကို မင်စစ်ရန်ဆီကနေ ခက်ခက်ခဲခဲရရှိခဲ့သည်။ ရှောင်ဖုံး မုန့်လုပ်နေစဉ်တစ်လျှောက်လုံးမှာလည်း မင်စစ်ရန်က စောင့်ကြည့်နေခဲ့သည်။တစ်နည်းအားဖြင့်တော့ မျက်မြင်သက်သေ ထားရှိတာပေါ့ ။ ဇာတ်လိုက်မ ကျောက်ချင်းယွီ ရဲ့ အကြံကိုလည်း ကြောက်စရာမလိုတော့ဘူးလေ။ ဘုရင်တစ်ယောက်လုံး သူမအနောက်မှာရှိနေတဲ့ဟာကို..။ ရှောင်ဖုံးကတော့မှတ်ချက်တစ်ခုပဲ ချလိုက်သည်။
သူမ ခြေသလုံးရွေးတာ တော်တော် တော်တာပဲပေါ့။ရှောင်ဖုံးက သူမရဲ့ မုန့်ထဲမှာ systemဆီက အကြွေးနဲ့ဝယ်ထားတဲ့ အဆိပ်ဖြေဆေး ထည့်ထားသည်။ မင်စစ်ရန်အမြင်မှာတော့ ဆေးဖက်ဝင်အပင်တစ်မျိုးမျိုးထည့်သည်ပေါ့။
ဇာတ်လိုက်မရဲ့ အဆိပ်က တော်တော်ကြာမှအာနိသင်ပြပြီးတစ်ခါတည်းနဲ့ အသက်တန်းထွက်နိုင်သည်။
( ယွခမကို အရမ်းချစ်တာ😂😂)နောက်တစ်နေ့ မင်စစ်ရန်နဲ့ ရှောင်ဖုံး မယ်တော်ကြီးကို ဂါရ၀သွားပြုတော့ ဇာတ်လိုက်မရယ် ကိုယ်လုပ်တော်တစ်ချို့ရယ် ပါ လာပြီးမယ်တော်ကြီးကို ဂါရ၀ပြုကြသည်။
ဇာတ်လိုက်မကတော်တော်လေး ပြင်ဆင်ထားတာပဲ
ရှောင်ဖုံးကတော့ လာမယ့်ပြဇာတ်အတွက်တော်တော်လေးကို စိတ်တွေခုန်နေသည်။
" မယ်တော်ကြီးကို ဂါရ၀ပြုပါတယ် "
မယ်တော်ကြီးက ရှောင်ဖုံးကိုပဲ ကြည့်ရတဲ့သူဆိုတော့ ကျန်တဲ့သူတွေကို သိပ်ဂရုစိုက်မနေ။ မာနကြီးပြီး ခက်ထန်သော ယောက္ခမလို အပီအပြင် ထိုင်နေသည်။
" ထိုင်ကြ..ဘာကိစ္စရှိလို့လာကြတာလဲ??"
ရှောင်ဖုံးတောင် ယွခမကြီးရဲ့ အေးစက်နေတဲ့ အသံကြီးကြောင့် ကြက်သီးတောင်ထနေသည်။
အဲ့ခါမှလည်း ကျောက်ချင်းယွီနဲ့ ကိုယ်လုပ်တော် တွေလည်း သူတို့ပါလာသမျှ လက်ဆောင်တွေ မယ်တော်ကြီးကို ဆက်သကြသည်။
မယ်တော်ကြီးကို မုန့်ဆက်သတာဆိုလို့ ကျောက်ချင်းယွီရယ် ရှောင်ဖုံးရယ် ကိုယ်လုပ်တော်စုရယ် သုံးယောက်သာဖြစ်သည်။
ကျောက်ချင်းယီ်ွက သူမရဲ့ မုန့်ကို အရင်စားစေသည်။ ကိုယ်လုပ်တော်စုရဲ့ မုန့်ကတော့ ဒုတိယပေါ့။ ရှောင်ဖုံးကတော့ နောက်ဆုံးပေါ့။ ရှောင်ဖုံး ကျောက်ချင်းယွီကို မသိမသာအကဲခတ်နေသည်။ ကျောက်ချင်းယွီကတော့ ကျေနပ်နေတဲ့ အပြုံးကြီးကို မဖုံးနိုင်မဖိနိုင်။
နောက်ဆုံးမယ်တော်ကြီး ရှောင်ဖုံးရဲ့ မုန့်ကိုစားပြီး ခဏအကြာမှာတော့ သွေးတစ်ပွက်အန်လိုက်သည်။
ဇာတ်လိုက်မရဲ့ နဂိုအဆိပ်ကြောင့်ဆိုရင်တော့ မယ်တော်ကြီးက ချက်ချင်းတန်းသေမှာဖြစ်ပေမဲ့ ရှောင်ဖုံးရဲ့ အဆိပ်ဖြေဆေးနဲ့ တွေ့တဲ့အခါမှာတော့ reaction ဖြစ်ပြီး မယ်တော်ကြီး သွေးသာအန်လိုက်သည်။
မယ်တော်ကြီး သွေးအန်လိုက်တော့ အကုန်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...