ကျိုးဝေ့ရှင်း အကြောင်းလေး ပြောမယ်နော်။
သူက မုရွှယ်ရွှယ်ကို ဘာလို့ အရင် အပိုင်းမှာ ကူညီပေးလဲဆိုတော့လေ သူက ကျောင်းသားဥက္ကဋ္ဌ မလို့ပါ။ သူ့အနေနဲ့ အနိုင်ကျင့်တာတွေ ဘာတွေ ကျော်သွားလို့မရဘူးလေ။
အရမ်းကြီး တွေးမနေကြပါနဲ့လို့။
_________________________________________________ကျန်းစစ်ရှန့်က လာတွေ့ဆိုလို့ လင်းဖန်ရှ မယ် အိမ်ရှေ့သွားတွေ့ရသေးတယ်။ လင်းဖန်ရှ စဉ်းစားနေတာက ကျန်းစစ်ရှန့်က သူ့ ဖုန်းနံပါတ်နဲ့ သူ့အိမ်လိပ်စာ ဘယ်လိုသိတာလဲဆိုတာပဲ ။ ဒုဇာတ်လိုက်ဆိုပေမဲ့ အရှိန်အ၀ါက မသေးတော့လဲ ...
" ဘာလာလုပ်တာလဲ "
" အကြွေးပြန်လာယူတာလေ "
" ဘာ အကြွေးလဲ ငါ နင့်ဆီက ပိုက်ဆံချေးမထားဘူးလေ "
" ကိုယ် မင်းကို ကာကွယ်ပေးရင်းနဲ့ ဒဏ်ရာရသွားတယ်လေ
အဲ့တော့ မင်းကိုယ်တိုင် ကိုယ့်ကို
ဆေးထည့်ပေးသင့်တာပေါ့ "ဘာမှလည်း မဆိုင်ဘူးဟယ်....
" ကိုယ့်ကို အိမ်ထဲ မခေါ်ချင်ဘူးလား "
အမေနဲ့တွေ့ရင် ဒိုးခ ဟေ့
လင်းဖန်ရှ လည်း နောက်ဆုံးတော့ အင်တင်တင်နဲ့ပဲ
ကျန်းစစ်ရှန့်ကို အိမ်ထဲ ခေါ်လိုက်ရတယ် ။ နောက်ပြသာနာ နောက်ရှင်းပဲ..။" ဘယ်သူလဲ သမီး သူငယ်ချင်းလား "
အိမ်ထဲဝင်ဝင်ချင်း လင်းဖန်ရှအမေက တန်းမေးတာပဲ။
" ဟုတ် အန်တီ သူငယ်ချင်းပါ..ကျွန်တော် နာမည်
ကျန်းစစ်ရှန့်ပါ "" အာ...ကျန်းအိမ်တော်ကလား...."
" ဟုတ် အန်တီ "
" အခု အားရှ ဆီကို ဘာကိစ္စ ရှိလို့လဲ "
" သူ ဒီနေ့ ကျောင်းမလာလို့ သမီး ဆီက စာလာကူးတာ
မားမား "ကျန်းစစ်ရှန့်ဖြေရင် ဗရုတ်သုတ်ခ အဖြေတွေထွက်လာမှာဆိုးလို့ လင်းဖန်ရှက ကြားထဲက ၀င်ဖြေလိုက်ရသည်။
ဒါတောင် ဟိုကောင်ရဲ့ မျက်ခွက်က ပြီတီတီ။
မေ့နေတာ ..ငါ့ယောက်ျား က ငါ့လောက်နီးပါး စောက်ခွက်ပြောင်တယ်ဆိုတာကို ...
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...