"မင်းသမီးလေး..မင်းသမီးလေး..ထပါတော့ မင်တိုင်းပြည်ကိုရောက်ပါပြီ"
အပျိုတော်လေးရဲ့အသံကြောင့် ရှောင်ဖုံးမထချင်ပဲထလိုက်ရသည်။
'နင်တို့ကလည်း ငါလေးအိပ်လိုက်တာ ခဏလေးပါ ဘယ်လိုလုပ် မင်တိုင်းပြည်ကို မြန်မြန်ရောက်သွားတာတုန်း'
လုပ်သေးတာသူအိပ်တာ ခဏလေးတဲ့ ယုံနေမယ် သိလား
ဝါးးး
ရှောင်ဖုံး တစ်ချက်သမ်းပြီး ဝေါယာဉ်ပေါ်ကနေဆင်းလိုက်သည်။ အပြင်ရောက်တော့ သူမကို ထွက်ကြိုတဲ့ လူတစ်ယောက်ကြောင့် အိပ်ချင်စိတ်တွေတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။'ဟမ်..ဇာတ်လိုက်ကောင်က ဘာလာလုပ်တာလဲ??အရင်ဇာတ်ကြောင်းထဲမှာ ချင်လော့ရှန်းကို စောက်ဖတ်မလုပ်တဲ့ ကောင်က အခုမှ ဘာလာလုပ်တာလဲ??'
ဟုတ်ပါတယ်။ဇာတ်လိုက်က ရှောင်ဖုံးကို ခရီးဦးကြိုဆိုခြင်းပင်။
"ချင်မင်းသမီးရောက်လာပြီလား??"
ဇာတ်လိုက်ရဲ့ အသံကြောင့် ရှောင်ဖုံး ဇာတ်လိုက်ကို မှတ်ချက်တွေပေးနေသည်။
'အမရ်..ဒီဇာတ်လိုက် ဘယ်ဆိုးလို့လဲ..ငါ့သမက်ဖြစ်မယ့်ရုပ်လေး (seme)..သမက်လေးရယ် မားက semeတွေဆိုရင်ချေတတ်တယ်ကွဲ့'
"ရောက်နေလို့ ရှင့် ရှေ့မှာ ရပ်နေတာပေါ့ မမြင်ဘူးလား??"
ရှောင်ဖုံး ဘုဆတ်ဆတ်နဲ့ ပြန်ဖြေလိုက်သည်။
ပုံမှန်ဆိုရင် ရှောင်ဖုံး ဒီလိုပြောလိုက်လို့ ဇာတ်လိုက်ကစိတ်ဆိုးရမှာလေ။ အခုဟာက ဇာတ်လိုက်က စိတ်မဆိုးတဲ့အပြင် မျက်ခွက်က စပ်ဖြီးဖြီးနဲ့။"မယ်တော်ကြီးဆီကိုသွားရအောင်"
'ဟဲ့ ငါလေးအခုမှရောက်တာလေ အေးအေးဆေးဆေးလေး နားခွင့်ပေးပါဦးဟ'
ရှောင်ဖုံးလည်းမငြင်းကောင်းတာနဲ့ ဇာတ်လိုက်နဲ့အတူ မယ်တော်ကြီဆီကို သွားလိုက်သည်။
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...