ရှောင်ဖုံးကတော့ ဇာတ်လိုက်ရဲ့ အေးစက်စက်နိုင်မှုကြီးကို စိတ်တွေပျက်နေသည်။
"မိဖုရား နန်းဆောင်အပြင်ဘက်ထွက်ချင်လား "
အိုးမိုး အိုးမိုး ဘယ်လိုမေးလိုက်တာလဲ ထွက်ချင်တာပေါ့ နန်းဆောင်အပြင်တင် မဟုတ်ဘူး ဖြစ်နိုင်ရင် နန်းတော်အပြင်ဘက်ကိုပါထွက်ချင်နေတာပါ ကျမက..
ရှောင်ဖုံးလည်း အားရ၀မ်းသာဖြင့်
" ထွက်ချင်ပါတယ် အရှင်"မင်စစ်ရန်ကတော့ အလိုလိုက်စွာဖြင့် ရှောင်ဖုံးရဲ့ ဆန္ဒမှန်သမျှုဖြည့်ဆည်းပေးတာပေါ့။
ဇာတ်လိုက်မ ကျောက်ချင်းယွီ ကတော့ သူမရဲ့ နန်းဆောင်မှာပဲ ပေါက်ကွဲပြီးရင်.ပေါက်ကွဲနေသည်။" ဒုန်း "..."ခွမ်း"....
ကျောက်ချင်းယွီ သူမဘေးမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဒေါသတကြီး ရိုက်ခွဲပစ်နေသည်။"ချင်လော့ရှန်း!!! ...အကျင့်မကောင်းတဲ့မိန်းမ.!!"
အိုး..အယ်မကြီးကပဲ ပြောရတယ်ရှိသေး..။ တစ်ကယ်အကျင့်မကောင်းတဲ့မိန်းမက အယ်မကြီးပါနော်။ မိဖုရားခေါင်ကြီးဖြစ်ချင်လို့ မင်စစ်ရန် အနားကို တမင်သက်သက် ချဉ်းကပ်ပြီး မြူစွယ်ခဲ့တာ အယ်မကြီးနော်။.စကားကိုကြည့်ပြော..။
အဲ့နောက်ပိုင်း မိဖုရားခေါင်ကြီးနဲ့ ဒုမိဖုရားရဲ့ ပြိုင်ဆိုင်မှုအား ပြင်းထန်လာသည်။
မင်စစ်ရန်ကတော့ ရှောင်ဖုံးကို ဖွင့်မပြောရုံတစ်မယ်လေးပဲ။ အစစ အရာရာဂရုစိုက်ပါတယ်။ပြီးတော့ ရှောင်ဖုံးကလည်း မယ်တော်ကြီးကို အပိုင်ပေါင်းထားတယ်လေ။ လောကမှာ ယောက္ခမနဲ့ ချွေးမ အပေးအယူတည့်ခြင်းကလည်း မင်္ဂလာ တစ်ပါးပဲလေ။ အဲ့တော့ အထိနာနေတာ ဇာတ်လိုက်မ ကျောက်ချင်းယွီ ဖြစ်နေသည်။
အရင်ဇာတ်ကြောင်းအတိုင်းဆိုရင် ဒီလိုအချိန်လောက်မှာ ချင်လော့ရှန်းက နန်းတော်မှာ အားလုံးရဲ့ အနှိမ်ခံနဲ့ ချဉ်ဖတ်ဖြစ်နေမှာ ။ ဒါပေမဲ့.အခုအချိန်မှာတော့ ချင်လော့ရှန်းက နန်းတော်တစ်ခုလုံးရဲ့ လေးစားစရာဖြစ်ပြီး.ဖူးဖူးမှုတ်ခံထားရသည်။ ဒါ့အပြင် အနောက်နန်းဆောင်အုပ်ချုပ်ခွင့်ကအခု ရှောင်ဖုံးရဲ့.လက်ထဲမှာဖြစ်နေသည်။ အရင်ဇာတ်ကြောင်းမှာတော့ အနောက်နန်းဆောင်အုပ်ချုပ်ခွင့်ကို ဒုမိဖုရားကျောက်ချင်းယွီဆီ ပေးထားသည်။ အဲ့တုန်းက.ကျောက်ချင်းယီ်ွက စကားလေးတစ်ခွန်းပြောရုံနဲ့တင် ကိုယ်လုပ်တော်တွေကို ဖယ်ရှားပစ်နိုင်သည်။
အခုကတော့ ရှောင်ဖုံးက အရင်လက်ဦးမှုနဲ့ အနောက်နန်းဆောင်အုပ်ချုပ်ခွင့်ကို သူမယူထားသည်။ ရှောင်ဖုံးရဲ့ အဓိကbackground ကြီးကတော့ မင်စစ်ရန်ဆိုတဲ့ ဇာတ်လိုက်ဖြစ်သည်။ ဇာတ်လိုက်ရဲ့ အရှိန်အ၀ါနဲ့ ပါဝါက နည်းတာမှမဟုတ်ဘဲ ရှင်ဘုရင်လေ။ ရှောင်ဖုံးကတော့ ကြီးမားတဲ့ ရွှေခြေသလုံးကြီးကို ဖက်တွယ်နိုင်လို့ သူမကိုယ်သူမ ဂုဏ်ယူနေသည်။ လိုချင်တဲ့ အရာရာကိုဖြည့်ဆည်းပေးတဲ့ sugar ယောကျာ်း ရထားတာနည်းလား..။မြတ်ပါတယ်လေ။ .......
.....တစ်ခုကလွဲလို့ပေါ့....
YOU ARE READING
Villain System
Fantasy"Host.. အခု villain systemထဲကိုရောက်နေတာပါ" "ကောင်းပြီလေ ငါအခုဘယ်ဘ၀ထဲကိုဝင်ရမှာလဲ" "Hostကိုဘာမှမရှင်းပြရသေးဘူးလေး" ရှောင်ဖုံးက၀ါရငိ့သမားလေသံနဲ့ "အိုက်ယား ပေါက်စီလေးရေ ဘာမှရှင်းပြစရာမလိုဘူး ငါလေးက system ficတွေကို ဖွတ်ဖွတ်ညက်...